Sunday, November 16, 2014

သင့်ရဲ့ကနဦးဖောက်သည်များရရှိစေရန်နည်းလမ်း(၅)သွယ်

ကနဦး အကြံဥာဏ်နဲ့ ကနဦးကုမ္ပဏီတစ်ခုတို့ရဲ့ ခြားနားချက်ကို သင်သိပါသလား။

ငွေတစ်ပြားတစ်ချပ်မှ မရှာဖွေရသေးခင်မှာ လုပ်ငန်းရင်းနှီးငွေ ဒေါ်လာသန်းပေါင်းများစွာဖြင့် မ,တည်ပြီး သန်းများစွာ သုံးစွဲသူများဖြင့် တစ်ရာခိုင်နှုန်းခန့်ရှိ နာမည်ကြီးတဲ့ ကနဦးကုမ္ပဏီများ အကြောင်းကို ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ $500,000 သို့မဟုတ် ထိုထက်နည်းပါးသော ရင်းနှီးမြှပ်နှံမှုဖြင့် မ,တည်သော ခက်ခဲသော အခြေအနေတစ်ခုအပေါ် မှီတည်ပြီး လုပ်ငန်းတည်မြဲနေစေဖို့ ၀င်ငွေများစွာ ရရှိစေရန် တွက်ချက်ရသော ၉၉% ရှိ ကုမ္ပဏီ တည်ထောင်သူများအကြောင်းကို ကျွန်တော်ပြောမှာပါ။

တစ်နေ့တာရဲ့အရေးအကြီးဆုံးမိနစ်(၂၀)

တစ်နေ့တာရဲ့အရေးအကြီးဆုံး အချိန်အခိုက်အတန့်လေးတွေက ဘာတွေလဲ။ စီမံကိန်း ချမှတ်ဖို့ မိနစ်(၂၀)။

စီမံကိန်းကို မင်းစဉ်းစားနေတာလား။ စိတ်ပျက်စရာပဲ။

တချို့လူတွေအတွက်တော့ ဒီစကားလုံးဟာ စိုးရိမ်ထိတ်လန့်စရာစကားလုံးတစ်လုံး ဖြစ်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ စီးပွားရေးလုပ်ငန်းစီမံကိန်းတစ်ခု ရေးသားခြင်း သို့မဟုတ် နှစ်စဉ်ရည်မှန်းချက်တွေကို ချမှတ်ဖို့အကြောင်း ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ သင့်ရဲ့တစ်နေ့တာကို ဦးစားပေးသတ်မှတ်ပြီး စနစ်တကျ စီစဉ်ဆောင်ရွက်ရမယ့် မိနစ်(၂၀)ကို ရည်ညွှန်းတဲ့အကြောင်း ရိုးရိုးရှင်းရှင်းလေး ကျွန်တော်ပြောမှာပါ။

Wednesday, November 12, 2014

ဗုဒ္ဓဝါဒီတွေရဲ့ ဆုတောင်း

လျှောက်ထားပါရစေ ဆရာတော်အရှင်မြတ်ဘုရား
ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင်ထာဝရဘုရား (ဂေါ့ဒ်)မရှိဟုဆို
ပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျှင် တောင်းသည့်ဆုကို မည်
သူက ပြည့်အောင်လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ်တိုင်ကရော တပည့် သာဝကများအား ဆုတော်ကိုပေးခဲ့ဖူးပါသလား။ ကိုယ်လုပ်တဲ့ကုသိုလ် က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ်လိုပါသလား ဘု ရား၊ ဆုတောင်းတာနဲ့ပတ်သက်ပြီး ထေရဝါဒဗုဒ္ဓဘာသာက မည်သို့လက်ခံ ထားသည်ကို သိလိုပါသည်။

(သက်လျာ)

“နှုတ်ခမ်းနီဖြင့် သက္ကရာဇ်ဖြိုခြင်း”

ဒီနေ့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံကြမယ်တဲ့။ ချိုသဲတို့၊ မိစုတို့၊ ဝါဝါတို့ အလည်လာကြလို့။ သူတို့သုံးယောက်က သွားနိုင် လာနိုင်တုန်း ရောက်ဖူးတယ် ရှိအောင်ဆိုပြီး ဒီနိုင်ငံကို လာလည်ကြတာ။ မော်လေးနဲ့ ပန်းနု ဒီမှာရှိနေလို့လည်း ပါတာပေါ့။ မော်လေးကတော့ ဒီကိုရောက်နေတာ ၁၀နှစ်လောက်ရှိပြီ။ ကြာပြီ။ ဒါပေမယ့် မော်လေး ဒီရောက်ကာစ အချိန်တုန်းက ပန်းနုတစ်ယောက် ဒီနိုင်ငံရဲ့ အပြာကဒ်လေး ပူပူနွေးနွေးရထားလို့ မြောက်ကြွမြောက်ကြွလေး ဖြစ်နေချိန်ပေါ့။ ဒီတော့ ပန်းနုက မော်လေးထက် ဒီနိုင်ငံပါး ပိုဝခဲ့သူဆိုလို့ရတယ်။

ကျောင်းပြီးကြတာဖြင့် နှစ်ပေါင်း၂၀ကျော်ပြီ။ ကျောင်းတုန်းက တတွဲတွဲ တွဲခဲ့ကြပေမယ့် ကျောင်းပြီးကတည်းက ဒီငါးယောက် ဆုံဖြစ်ဖို့ဆိုတာ သိပ်မလွယ်ခဲ့ဘူး။ သိပ်လည်း မတွေ့ဖြစ်ခဲ့ကြဘူး။ နောက်ဆုံးအကြိမ် တွေ့ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ထင်တာပဲ။

Tuesday, November 11, 2014

ဟိုးတုန်းက သူ ငယ် ချင်း

ကျွန်တော်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝ အစက တစ်ခြားကျောင်းသားတွေနဲ့ မခြားခဲ့ပါဘူး။ ကျောင်းသူလှလှလေးတွေ အမြဲရှိတတ်တဲ့ ကျောင်းကင်တင်းန်ရယ်၊ ၂နှစ်ကြာခွဲခွါနေတဲ့ သူငယ်ချင်းတွေနဲ့ ပြောမကုန်တဲ့ စကားတွေရယ်က ပထမနှစ် တက္ကသိုလ်ကျောင်းသား ကျွန်တော့်စိတ်ကို ပိုလန်းဆန်း တက်ကြွစေခဲ့ပါတယ်။ နှစ်ချီကြာ တိတ်ဆိတ်ခဲ့တဲ့ စာသင်ခန်းက အခုတော့ ကျောင်းသူကျောင်းသားတွေရဲ့ ရယ်မောသံနဲ့ သက်ဝင်လှုပ်ရှားလာခဲ့တယ်။

ပထမနှစ်ကျောင်းသားပီပီ ကျွန်တော်တို့ရဲ့အချိန်က စာသင်ခန်းမှာထက် ကင်တင်းန်မှာ ပိုများခဲ့တယ်။ တစ်ခြားမေဂျာက သူငယ်ချင်းအသစ်တွေနဲ့ ပိုခင်မင်ရင်းနှီးအောင် အဆောင်မှာ ဝိုင်းဖွဲ့တာလဲ ခဏခဏပါပဲ။ တက္ကသိုလ်ကျောင်းသားဘဝကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ကြီး ဖြတ်သန်းဖို့ ကျွန်တော်စိတ်ကူးခဲ့တယ်။

အနိုင်ယူနည်း(၄) မျိုး

၁။ အမျက်ဒေါသ ကြီးသောသူကို မိမိက အမျက်မထား မေတ္တာပွါးသဖြင့် အနိုင်ယူပါ။

၂။ မိမိအပေါ် မကောင်းသောသူကို (ကောက်ကျစ် ယုတ်မာသောသူကို မိမိက စိတ်ကောင်းနှလုံးကောင်း ထားခြင်းဖြင့် (အမှန်တရား လက်ကိုင် ထားခြင်းဖြင့်) အနိုင်ယူပါ။

၃။ ကပ်စေးနဲသော သူကို (မိမိဥစ္စာပစ္စည်း အပေါ်၌ ၀န်တိုနှမြော စေးနဲသောသူကို) မိမိက ကျွေးမွေးလှူဒါန်း ပေးကမ်းစွန့်ကြဲခြင်းဖြင့် အနိုင်ယူပါ။

၎။ မိမိအပေါ် လိမ်လည်လှည့်ဖြား မုသားစကားပြောတတ်သော သူကို မိမိက အမှန်တရား သစ္စာစကား ပြောကြားခြင်း- ဖွင့်ဟပြောဆိုခြင်းဖြင့် အနိုင်ယူပါ။

Credit - Dhamma Words

သားချစ်အတွက် ပေးစာ

သားချစ် (Seth)

သားအသက် အခုမှ(၃)နှစ်ပဲရှိသေးတော့ သားစာမဖတ်တတ်သေးဘူး။ ဒီစာထဲမှာ သားကိုဖေဖေပြောပြချင်တဲ့ အကြောင်းအရာတွေကို သားပိုလို့နားလည်သေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်သားရင်ဆိုင်ကြုံတွေ့လာရမယ့်ဘဝနဲ့ ဖေဖေရဲ့ဘဝအခြေအနေ၊ ဖေဖေသင်ယူခဲ့တာတွေ ဒါတွေကို ဖေဖေအချိန်ယူပြီး တွေးတောခဲ့တယ်။ သားရင်ဆိုင်ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖခင်တစ်ဦးဖြစ်တဲ့ ဖေဖေ့မှာတာဝန်ရှိတယ်လို့ ဖေဖေထင်တယ်။

စာထဲကအကြောင်းအရာကို ဒီကနေ့ သားနားလည်သေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန် သားကြီးပြင်းလာတဲ့အခါ ဖေဖေမျှဝေခဲ့တဲ့ အကြောင်းအရာတွေထဲကနေ အသိပညာနဲ့ တန်ဖိုးတချို့ကို သားရှာတွေ့နိုင်မယ်လို့ ဖေဖေမျှော်လင့်ပါတယ် သား။

ရင်းနှီးငွေကြီးကြီးမားမားမရှိဘဲ အနည်းငယ်မျှဖြင့် သင်၏စီးပွားရေးလုပ်ငန်းအား စတင်ရန် မဖြစ်မနေ ဆောင်ရွက်ရမည့်အချက်(၈)ချက်

စီးပွားရေးစွမ်းဆောင်ရှင်များသည် တစ်ခါတစ်ရံတွင် အံ့အားသင့်လောက်စရာ စီးပွားရေး အကြံဥာဏ်ကောင်းများ ရတတ်ပါလိမ့်မည်။ သို့သော် ငွေအရင်းအနှီး မရှိခြင်းကြောင့် ၎င်းအကြံဥာဏ်ကောင်းများအား ရပ်ဆိုင်းထားကြပါသည်။ ၎င်းအကြံဥာဏ်ကောင်းများအား နောက်ကွယ်တွင် ထောက်ပံ့ပေးမည့် အဓိကကျသော ငွေကြေးမရှိလျှင် ဆောင်ရွက်ရန် အလှမ်းဝေးလိမ့်မည်ဟု ယူဆကြပါသည်။

အစပျိုးလုပ်ငန်းအသစ်တစ်ခုသည် အရင်းအနှီးများစွာဖြင့် စွန့်စားလုပ်ကိုင်ခြင်းမှ ဒေါ်လာ သန်းပေါင်းများစွာ နေ့စဉ်နေ့တိုင်း လက်ခံရရှိနေသည်ဟု ထင်မြင်ပုံပေါ်ပါသည်။ သို့သော် ဒေါ်လာသန်းများစွာဖြင့် ဟုန်းဟုန်းတောက် လုပ်ကိုင်ဆောင်ရွက်ခဲ့သော အချို့သော ကနဦးလုပ်ငန်း ကျရှုံးမှုများသည် အဖျားရှုးသွားခဲ့ပြီး ၎င်းတို့၏ အခွင့်အလမ်း တံခါးပေါက်များ ထာဝရ ပိတ်သွားခဲ့သည့် အကြောင်းကို သင် မကြားဖူးပါ။

ခံစားချက်

လေပြည်က သစ်ရွက်ကို ပိုးပန်းနေပါတယ်။ သစ်ရွက်နဲ့အတူ အပြင်လောကရဲ့ရောင်စုံအလှတွေသွားကြည့်မယ်လို့ ကတိပေးနေပါတယ်။
လေပြည်နဲ့အတူသွားဖို့ သစ်ရွက်လေးတွေဝေနေခဲ့လို့ သစ်ပင်ကိုအကြံဉာဏ်ပေးဖို့ သစ်ရွက်တောင်းဆိုခဲ့တယ်။

"နင်သာ ခွဲထွက်မသွားရင် ငါလည်း နင့်ကိုစွန့်လွှတ်မှာမဟုတ်ဘူး" လို့ သစ်ပင်ကဆိုတယ်။

ဒီလိုနဲ့တစ်နေ့မှာ လေပြည်ရဲ့ခေါင်းမာတင်းခံမှုက သစ်ရွက်လေးရဲ့ရင်ကို လှုပ်ခတ်နိုင်ခဲ့တယ်။ လေပြည်နဲ့အတူမျောလွင့်ဖို့ သစ်ရွက်လေး ဆုံးဖြတ်လိုက်တယ်။ ခွဲခွာမယ့်အခိုက်အတန့်မှာ သစ်ရွက်က သစ်ပင်ကိုမေးတယ်။

ကျေးဇူး

ခရီးသွားတစ်ဦးဟာ ချောင်းကမ်းစပ်ဘေးမှာ ချောင်းကိုဖြတ်ဖို့အခက်ကြုံနေတဲ့ အဘွားအိုတစ်ဦးကို တွေ့လိုက်တယ်။ သူကလည်း ခရီးပမ်းနေပြီးဖြစ်ပေမယ့်
အင်အားအစွမ်းကုန်သုံးပြီး ချောင်းဖြတ်ဖို့ အဘွားအိုကို ကူညီပေးလိုက်ပါတယ်။ ချောင်းဖြတ်ပြီးတဲ့နောက် အဘွားအိုဟာ စကားတစ်ခွန်းတောင်မပြောဘဲ ခပ်သုတ်သုတ်ထွက်ခွာသွားခဲ့ပါတယ်။

ခရီးသွားဟာ အဘွားအိုကို အစွမ်းကုန်ကူညီခဲ့ပေမယ့် "ကျေးဇူး"ဆိုတဲ့စကားတစ်ခွန်းတောင် မရခဲ့တဲ့အတွက် ကူညီခဲ့မိတာကို သူဝမ်းနည်းနောင်တရမိပါတယ်။

Monday, November 10, 2014

ကိုယ်ကျင့်ရနံ့သင်းတဲ့ ရုပ်အဆင်း

လူတစ်ယောက်ဟာ ပင်ကိုရုပ်အဆင်း
ဘယ်လောက်ပင်ချောချော ကိုယ်ကျင့်
ဆရားမကောင်းဘူးရင် လုံးဝကျက်သရေ မရှိဘူး။

ပင်ကိုရုပ်မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင်
ကျက်သရေ ရှိပါတယ်။
လူတစ်ယောက်ရဲ့ဂုဏ်သတင်ပျံ့မွှေးမှုကို
ရေရှည်တည်တံအောင်
ထိန်းထားနိုင်တာ ကိုယ်ကျင့်တရားရနံ့တစ်ခုပဲရှိတယ်။

ကိုယ်ကျင့်တရား ခိုင်မာနေသမျှ
ဂုဏ်သိက္ခာအားလုံး ခိုင်မှာနေဦးမှာပါ။
ကိုယ်ကျင့်တရားပျက်စီးသွားရင်တော့ရှိသမျှ
ဂုဏ်အားလုံးပျက်စီးသွားပါလေရော။

(အရှင်ဆန္ဒာဓိက)

ရှာရှာဖွေဖွေ မသိသေးတဲ့အရာတွေ

၁) ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်… ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်

၂) အကယ်လို့ တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်….

၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်… သင့်ဘဝတစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်…

ကိလေသာ

သံသရာဝဋ်ထဲ
မကျွတ်ဘဲနေနေ
ဇွတ်ဆွဲလို့ တပေပေငယ်

သေပစေခင်ရဲ့
နိဗ္ဗာန်မြို့ အမြိုက်ခွင်ကို
မလိုက်ချင် ရုန်းကန်လို့ဖဲ့ ။

နှစ်ယောက်ထဲ စံပါ့မယ်
ကံနှစ်ဖြာ နယ်လှည့်
သံသရာ အကျယ်ချဲ့ပါလို့
တလယ်လယ့် မောင်မယ်
ဂင်္ဂါဝါ ဆူဆူဆုံး စေတော့
တူတူပုန်း ပုန်းဖို့သာရွယ် ။

တေဘုမ္မ ဝဋ်နန်းလယ်မှာ
ကျွတ်တမ်းကွယ် စာမလိတ်ချင်ဘု
အဝါဇိတ် မှိုင်းမှောင့်ညစ်ပေ
ရိုင်းခေါင့်ဖြစ်စေ
နောက်ချန်၍ အပိုနေမယ်
နှစ်ကိုယ်ရေ ပျော်စမ်းချင်လို့လေး ။ ။

(ဦးပုည)

အောင်မြင်ကျော်ကြားခဲ့သူများ၏ အဖိုးတန်အဆိုအမိန့် များ

အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်
ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။
ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။

သူတော်စင် ၀ိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ်
လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။

“လူ့ဘ ဝ၏ အောင်မြင် တိုးတက် ခြင်း သို့သွား ရာ လှေခါး (၃၀)”

၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ

လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင်းပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။

လောကမှာ

အခက်အခဲအားလုံး နဲ့ အပူသောက
အမုန်းမီးတောက်တွေအားလုံးကို အနိုင်ယူနိုင်တဲ့
အစွမ်းအထက်ဆုံး လက်နက် သင့်ဆီမှာရှိပါတယ် ။

အဲ့ဒါကတော့ မေတ္တာတရား ပါပဲ

ညီမလေးအတွက် သို့မဟုတ် ၂၄ နှစ်ပြည့်ညီမလေးအတွက်


(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။
အသက်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။

Tuesday, November 4, 2014

"Guantanamera "

၁။

ကျွန်တော့် သူငယ်ချင်းတွေက အမျိုးသမီးလေးတွေ ကိုယ်စီကိုယ်စီရဲ့ ဆွဲခေါ်ရာနောက်ကို ရယ်မော လိုက်ပါရင်း လှေကားအတိုင်း အပေါ်ထပ် တက်သွားကြပြီ။ သူတို့ကို မော့ကြည့်လိုက်တော့ သူတို့ထဲက တစ်ယောက်က ကျွန်တော့်ကို ငုံ့အကြည်နဲ့ ဆုံတယ်။ အဲဒီကောင်က နဂိုကတည်းက ပြောင်ချော်ချော်ဆိုတော့ လက်ခလယ်ထောင်ပြပြီး မထိတထိ စသွားတယ်။

တော်တော်လည်း အပျော်အပါးမက်တဲ့ ကောင်တွေ။

လေပူတစ်ချက်ကို ဖူးခနဲ မှုတ်ထုတ်လိုက်ပြီး ကျွန်တော့်အကြည့်တွေကို တေးဂီတစင်ပေါ် ပို့လိုက်တယ်။

အဲဒီမှာတင် စင်ပေါ်မှာ စောစောက တွေ့လိုက်တဲ့ အပြာရောင်လေး မဟုတ်ဘဲ အနီရောင်လေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အနီရောင်လေးက မိုက်ကရိုဖုန်းရှေ့မှာ ရပ်နေပြီး ငြိမ့်ညောင်းစွာ ထွက်ပေါ်နေတဲ့ တေးသံစဉ်လေးနဲ့အတူ ယိမ်းနွဲ့နေတယ်။

“သောနုတ္ထိုမျက်ရည်”

၁။

“ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်”

ခပ်လှမ်းလှမ်းကနေ ပျံ့လွင့်လာတဲ့ သီချင်းသံက တိုးတိုးလေးပါပဲ။ ဒါပေမယ့် ရင်ထဲမှာ သိပ်ပြီး ကျယ်လောင်နေတယ်။

နေ့စေ့လစေ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဇနီးသည်ကတော့ ခပ်စောစောကတည်း အိပ်ရာဝင်သွားခဲ့ပြီ။ သားလေးကလည်း သူ့အမေ့ဘေးမှာ ရသလောက်လေး ကပ်ပြီး ခွေခွေလေး အိပ်နေရှာတယ်။ ပျဉ်ချပ်တွေကြားကနေ တိုးဝင်လာတဲ့ လရောင်အောက်မှာ အေးအေးချမ်းချမ်း အိပ်ပျော်နေရှာတဲ့ သူတို့လေးတွေကို ကြည့်ငေးရင်း ရင်ထဲမှာ မောသထက် မောလို့လာတယ်။

ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ လမင်းကြီးက ပူလောင်နေတဲ့ ရင်ကို မအေးမြစေနိုင်တော့ပါဘူး။

Work hard & Work smart

တစ်ခါက ဂျပန်ရှိ အလှကုန်ဆိုင်ကုမ္ပဏီတစ်ခုတွင်ဖြစ်သည်။ ကုမ္ပဏီထုတ် မျက်နှာသစ်ဆပ်ပြာတွင် တချို့ဘူးမှာ ဆပ်ပြာမပါဘဲ အခွံချည်းသာပါကြောင်း ဝယ်ယူသုံးစွဲသူများကတိုင်တန်းကြသည်။ ကုမ္ပဏီရှိတာဝန်ခံများက ပစ္စည်းထုပ်ပိုးသည့်နေရာတွင် တစ်ခုခုလွှဲချော်နေပြီဖြစ်ကြောင်း သတိထားမိကြသည်။ သို့နှင့် အင်ဂျင်နီယာများက စည်းဝေးတိုင်ပင်ကြပြီးနောက် x-rayဖြင့်ဖောက်ထွင်းမြင်နိုင်သောစက်ကို ဝယ်ယူအသုံးပြုကြသည်။ ထုပ်ပိုးစက်မှထွက်လာသောဘူးများကို တစ်ခုချင်းစီ x-ray စက်ကိုအရင်ဖြတ်စေပြီး အခွံချည်း မဖြစ်အောင် သေချာစစ်ဆေးမှုပြုခဲ့ကြသည်။ တူညီသောအဖြစ်အပျက်က မတူသောကုမ္ပဏီတစ်ခုတွင် ဖြစ်ပွားခဲ့သည်။ သို့သော် ၄င်းကုမ္ပဏီ၏ဖြေရှင်းပုံမှာ ဈေးကြီးပေးဝယ်ရသော x-ray စက်အစား ဈေးပေါပေါနှင့်ရသော ပန်ကာစက်ကြီးများကို ဝယ်ယူအသုံးပြုခဲ့သည်။ ဆပ်ပြာခွက်များကို ပန်ကာဖြင့်မှုတ်စေပြီး လေနှင့်အတူလွှင့်ထွက်သွားသောဘူးခွံများမှာ ဆပ်ပြာ မပါသောကြောင့်ဖြစ်သည်။ လွယ်ကူပြီး ဈေးနူန်းချိုသာသောနည်းဖြစ်သည်။
------

ကမ္ဘာကျော်တို့ပြောတဲ့အချစ်အကြောင်း

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အ
တွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်
ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။
............Socrates

မလုပ်မနေရ (ပီမိုးနင်း)

လူသည် အံ့ဖွယ်သောသတ္တ၀ါဖြစ်၏။ ဤလောကကြီး၌ လုပ်ကိုင်၍ထားသော
ကြီးကျယ်သောလူ၏လက်ရာ၊ လူ၏အလုပ်ကို ကြည့်ရှု့ခြင်းဖြင့် လူ၏တန်ဖိုးသတ္တိသည်
အဘယ်မျှလောက် ကြီးကျယ်သည်ကို သိသာလေသည်။
လူသတ္တ၀ါသည် မြေကိုလျိုး၍မိုးကိုပျံ၏။ 



{ အမျိုးသမီးအမျိုးအစားနှစ်မျိုး }

* တစ်ချို့အမျိုးသမီးတွေက
ရုပ်လှဖို့အတွက်
အလှပြင်နေချိန်မှာ...

တစ်ချို့အမျိုးသမီးတွေက
စိတ်လှဖို့အတွက်
စာဖတ်နေတယ်.....

မေမေတစ်ယောက်တည်းပဲ

မူကြို
ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက "အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။ ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်"

အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို စိတ်ဒုက္ခအပေးဆုံး... ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။

"ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့ မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့"

အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။

Monday, November 3, 2014

သဲနဲ့တူတဲ့အချစ်

သားအမိ နှစ်ယောက် ပင်လယ်ကမ်းခြေ တစ်နေရာမှာ အတူတူရှိနေကြတယ်။ သမီးဖြစ်သူက လက်ထပ်ခါနီး သတို့သမီးလေးပေါ့။ သမီးက မေမေ့ကို အခုလို မေးလိုက်တယ်။

“မေမေ..သမီးလက်ထပ်ပြီးရင် ချစ်ခြင်းမေထ္ထာကို ပိုင်နိုင်အောင် သမီးလက်ထဲ ဘယ်လိုဆုတ်ကိုင် သင့်သလဲ..ဟင် ..မေမေ ” လို့ မေးတယ်။

သမီးရဲ့ မေခွန်းကိုကြားတော့ မေမေက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သဲသောင်ခုံပေါ်က သဲမှုန်တွေကို လက်ဝါးတစ်ဖက်နဲ့ ထိုးကော်ယူလိုက်ပြီး လက်ခုပ်ထဲက သဲတွေကို သမီးဖြစ်သူရဲ့ မျက်နှာရှေ့မှာ ပြလိုက်တယ်။ သဲတွေက လက်ခုပ်ထဲမှာ အပြည့်အမောက်။ တစ်မှုန်သော်မှ လက်ကြားထဲက ယိုထွက်ကျသွားတာ၊ ဖိတ်စင်ကျသွားတာ မရှိဘူး။

*** တန်ဖိုးရှိသူ ဖြစ်ချင်လျှင် ***

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။
ဒါပေမယ့် တခြားသူကို အထင်မသေးမိပါစေနဲ့ ။

ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။
ဒါပေမယ့် တခြားသူကို မပုပ်ခတ်မိပါစေနဲ့ ။

ကိုယ့်ရဲ့ ဘ၀အတွက် ကိုယ်ကိုတိုင်ကြိုးစားကြည့်ပါ။
ဒါပေမယ့် တခြားသူရဲ့ ဘ၀ကို နင်းတက်မသွားမိပါစေနဲ့ ။

ကိုယ်မှန်တယ်လို့ထင်တိုင်းလည်း တခြားသူတွေကိုမှားနေတယ်လို့ မထင်လိုက်မိပါစေနဲ့ ။
ကိုယ်လည်း အမြဲမမှန်နိုင်သလို၊ တခြားသူတွေလည်း အမြဲတမ်းမှားမနေပါဘူး။

သင်တို့ရဲ့ချစ်ခရီးလမ်း ပြီးဆုံးသွားပြီဆိုတာ သေချာစေတဲ့ အချက် (၇) ချက်

မေသော်

တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ မရှိကြတော့ဘူး။ ပြသနာတွေခဏခဏတက်တယ်။ အနိုင်အရှုံးကိုသာ စဉ်းစားလာတတ်ပြီ။ သည်းခံစိတ်လည်း မရှိတော့ဘူးဆိုရင် ဒါဟာ နှစ်ဦးသားကြားက သံယောဇဉ် ပြတ်တောက်တော့မယ့် လက္ခဏာပေါ့။ ဒီ့ထက်ပိုတိကျတဲ့ အခြေအနေတစ်ချို့ကိုလည်း ပြောပြပေးချင်ပါတယ်။

၁။တစ်ဦးနဲ့တစ်ဦး ချစ်တဲ့အကြောင်းတွေ မပြောဖြစ်ကြတော့ဘူး။

ချစ်စခင်စကြင်နာစကလို ချစ်တဲ့အကြောင်းတွေ နေ့စဉ်နေ့တိုင်း တတွတ်တွတ် ပြောဖို့နေနေသာသာ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါတောင် နင့်ကိုအရမ်းချစ်တယ်ဆိုတဲ့ စကားမျိုး နှစ်ဦးကြားမပြောဖြစ်တော့ဘူးဆိုရင် သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ လမ်းဆုံးရောက်ခါနီးနေပါပြီ။

ကောင်မလေးတွေ မသိကြတဲ့ ကောင်လေးတွေအကြောင်း

(1) Guys may be flirting around all day, but before they go to sleep,
they always think about the girl they truly care about.
ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက်
တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့
စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……

(2) Guys are more emotional then you think. If they loved you once,
it’ll take them a lot longer then you think to let go in their head,
and it hurts every second that they try.

အားပေးစကားလေး တစ်ခွန်း

တစ်ခါက တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ် လူနှစ်ယောက် ဝင်လာတယ်.။ သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ.။ ဒါကြောင့် ဘယ်သူတွေမှန်းလည်း မသိ.။ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စား မနေကြပါ.။
သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည် ဆိုတာ သာမာန် ထမင်းစားပြီးသူတွေ ထိုင်တတ်တဲ့ အချိန်မဟုတ်.။ ဒီအချိန်မှာ လူငယ်တွေကသာ သူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ.။ ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့ နံပါတ်တစ် ၊ ထိပ်တန်းဆိုင် ။ ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာ ဒီဆိုင်မှာ ဖွင့်ထားတာက အဲဒီအချိန်မှာ နာမည်ကြီး လူငယ် အကြိုက်ဆုံး သီချင်းခွေ ၊ လူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန် ။
ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့ လူတစ်ယောက်က ကောင်တာကို ထသွားပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်.။

ဘ၀နဲ့အဆွေ သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ

၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ်
နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ
တကယ့်ပျော်ရွှင်မှုကိုကိုယ်ကရနို
င်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ
နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ
အမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်

အကြင်နာအင်အား

အိန္ဒိယနိုင်ငံမြောက်ဘက်ဒေသမှာ ကယ်ရီမားလို့ခေါ်တဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာကမြေဟာ ကျတ်တီးမြေဖြစ်တာကြောင့် ဘာမှစိုက်ပျိုးမဖြစ်ထွန်းခဲ့ဘူး။ ရွာသားတွေဟာ ဆင်းရဲလွန်းလို့ နပ်မှန်အောင် မနည်းကြိုးစားရတယ်။ ရွာနဲ့မနီးမဝေးတစ်နေရာမှာ လမ်းမကြီးတစ်ခုရှိပြီး အဲဒီလမ်းမကြီးမှာ ကားတွေဟာ မကြာခဏဆိုသလို ပျက်နေခဲ့တယ်။

သားသမီးကိုဖျက်ဆီးလိုက်သောဖခင်တွေထဲမှာ သင်ပါဝင်နေပါသလား

၁။ အိမ်ထောင်ရေး ဖောက်ပြန်တတ်သောဖခင်

ဖခင်ကအိမ်ထောင်ရေး ဖောက်ပြန်တော့ မိခင်နဲ့ခဏခဏပြဿနာတက်တယ်။ အိမ်မှာနေ့တိုင်းဆိုသလို တိုက်ပွဲဖြစ်နေတော့ ဘယ်သူ့မှသားသမီးကို မကြည့်အားဘူး။ သားသမီးတွေရဲ့စိတ်ကို အရမ်း ထိခိုက် စေပါတယ်။ ကိုယ့်အဖေကိုကြည့်ပြီး အိမ်ထောင်ပြုမဲ့အရွယ်ရောက်နေတဲ့ မိန်းခလေးတစ်ယောက် အိမ်ထောင်ရေးအကြောင်းလုံးဝမစဉ်းစားရဲတာ ကိုတွေ့ဖူးတယ်။

Thursday, October 30, 2014

လူနှစ်မျိုး

လူနှစ်မျိုးကို ကျွန်တော်လေးစားတယ်
»»» ငယ်ရွယ်ချိန်တုန်းက ယောက်ျားကို အဖော်ပြုပြီး . . .
ဘဝကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဖြတ်ကျော်တဲ့ မိန်းမနဲ့
ချမ်းသားကြွယ်ဝလာချိန်မှာ မိန်းမကို အဖော်ပြုပြီး
နေ့ရက်ကောင်းတွေကို ဖြတ်ကျော်တဲ့ ယောက်ျားဖြစ်တယ် ။

‼‼‼ လူနှစ်မျိုးကို ကျွန်တော်ဝေးဝေးရှောင်တယ် ‼‼‼
»»» ခွင်ကောင်းပြီဆို လက်ဝင်ပါတတ်တဲ့လူနဲ့ . . .
အခက်အခဲနဲ့ ကြုံပြီဆို ရှောင်ပုန်းတတ်တဲ့လူဖြစ်တယ် ။

မိမိရဲ့ ညီငယ်/ညီမငယ်တွေအတွက် စံနာမူနာကောင်းဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ

မောင်နှမထဲတွင် အငယ်ဖြစ်ရတာ ပျော်ဖို့ကောင်းနိုင်ပေမဲ့ ကိုယ်ကအကြီးဆိုရင်တော့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတွေကို ကိုယ့်ထက်ငယ်တဲ့ မောင်၊ ညီ ၊ ညီမတွေရဲ့စိတ်ထဲ နှလုံးပိုက်စွဲမြဲစေဖို့ တာဝန်ဝတ္တရားနဲ့ သူတို့အတွက် အတုယူနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ တာဝန်ကလည်းရှိသေးရဲ့။ ဘေးနားမှာ ညီငယ်ညီမငယ်တစ်ယောက်ယောက်ရှိနေတယ်ဆိုရင် တစ်စုံတစ်ဦးရဲ့ အပြောအဆို၊ အပြုအမူတွေကို သေချာဂရုစိုက် နားထောင်လေ့ရှိတယ်။ ကလေးငယ်က မမေ့မလျော့ မှတ်သားသင်ယူပြီး ချက်ချင်းဆိုသလို သူတို့အတွက် အတုယူစရာဖြစ်တဲ့ အစ်ကိုကြီး၊ အမကြီးတွေဆီကနေ စိတ်နေစိတ်ထားများကို သင်ယူလေ့ရှိပါတယ်။

ဗိုလ်ချုပ်ပြောခဲ့သမျှ တသသ

ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။(သြဂုတ်လ ၁၉၄၅)

လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက်ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင်
ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့
ခြေမှုန့်လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ )

ထူးထူးခြားခြားအတွေးစာစုများ

1.
ဘုရားသခင်.. ကျေးဇူးပြုပြီး ၂၄ နာရီ = ၁ ရက် နဲ့ loop ပတ်ထားတဲ့
program ကို ပြန်ပြင်ပေးပါ။ တစ်ရက်ကို ၂၄ နာရီနဲ့ ဘယ်လိုမှ
လောက်အောင်သုံးဖို့ မဖြစ်နိုင်ပါဘူး။

2.
လက်ဆိုသည်မှာ တစ်ဖက်ချင်း သီးခြားဆိုလျှင် တစ်ဖက်က နောက်တစ်ဖက်ကို
ဆေးကြောပေးဖို့သာ တတ်နိုင်သည်။ နှစ်ဖက်ပေါင်းမိသည့်အခါ မျက်နှာပါ
သစ်လို့ရသည်။

ဘ၀အတွက် အရေးကြီးဆုံးရက်နှစ်ရက်

တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီရက်တွေက "ပထမဆုံးရက်"နဲ့ "နောက်ဆုံးရက်"ဖြစ်တယ်။

"တကယ်လို့ ဒီနေ့ဟာ ငါ့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိ

ရင် ဒီနေ့မှာ ငါဘာတွေလုပ်မလဲ?"

Steve Paul Jobsက ဒီမေးခွန်းတွေဟာ သူ သူမနက်
မှန်ကြည့်တိုင်း မေးနေကျမေးခွန်းဖြစ်တယ်လို့ဆိုတယ်

⌂⌂⌂ ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…⌂⌂⌂

☆ ၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
☆ ၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
☆ ၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
☆ ၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
☆ ၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
☆ ၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
☆ ၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
☆ ၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
☆ ၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
☆ ၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။

ဘာသာရေးဆိုင်ရာ ဝေါဟာရများ

1.Religion ဘာသာတရား

2.belief ယုံကြည်မူ

3.worship ကိုးကွယ်ဆည်းကပ်သည်

4.freedom of worship လွတ်လပ်စွာကိုးကွယ်ခွင့်

5.refuge ခိုကိုးခြင်း၊ခိုကိုးရာ

လူတွေ့အင်တာဗျူး ဖြေတဲ့အခါ ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေကို ဆင်မြန်းသွားသင့်သလဲ

မေသော်

အလုပ်အတွက် လူတွေ့အင်တာဗျူးဖြေတော့မယ်ဆိုရင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်စဉ်းစားထားရမယ့်အရာတွေထဲမှာ ကိုယ့်ကိုကြည့်လိုက်တာနဲ့ တန်းပြီးအမှတ်ပေးချင်စိတ်ပေါ်သွားစေမယ့် ဖက်ရှင်ပိုင်းကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ သင့်ရွေးချယ်ဝတ်ဆင်လာတဲ့ ဖက်ရှင်က သင်ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာ ပြသနိုင်တာမို့ လူတွေ့အင်တာဗျုးဖြေဆိုတော့မယ်ဆိုရင် ဘယ်လိုဒီဇိုင်းတွေက ခေတ်လည်းမှီ၊ အဆင့်အတန်းလည်းရှိ တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

Wednesday, October 29, 2014

ဘ၀မြေသြဇာ

တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု
ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက် မသန်မစွမ်း
ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ ပေါက်နေသောကြောင့်ဖြစ်သည်။
သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး ဆော့ကစားခြင်း မရှိဘဲ တဦးတည်း
ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ
နေတတ်သူဖြစ်သည်။

အောင်မြင်သူနဲ့ကျရှုံးသူရဲ့ ကွဲပြားချက်


(၁) အောင်မြင်သူက ကိုယ့်ကိုယ်
အရင်ပြောင်းလဲဖို့သိတယ်။
ကျရှုံးသူက လောကကြီးကိုပဲ
ပြောင်းလဲချင်ခဲ့တယ်။

(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။
ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

မနှစ်သက်လည်း မြင်အောင်ကြည့်တတ်ပါစေ

အတိုင်အတောထူတာ ကလေးတွေရဲ့သဘာဝဖြစ်တယ်။ သုံးတန်းကျောင်းသားလေး မောင်ဝေယံက "ပြဿနာကျောင်းသား" လို့ မကြာခဏ အတိုင်ခံရသူဖြစ်တယ်။ ကလေးတွေတိုင်တိုင်း မောင်ဝေယံက ခြံစည်းရိုးပေါ်တက်လို့၊ တခြားလူကို ခြေထိုးလဲလို့၊ ကျောင်းသူလေးတွေကို စလို့၊ စကပ်လိုက်လှန်လို့.... ဆိုတာပဲဖြစ်တယ်။

တကယ်လည်း မောင်ဝေယံရဲ့ မတင့်တယ်တဲ့အပြုအမူတချို့က ကျောင်းသားတွေကို စိတ်ဆိုးစေရုံမက အုပ်ထိန်းသူတွေလည်း ကျွန်မကိုအမြဲလာတိုင်တတ်တယ်။ တိုင်ခံရလည်း မောင်ဝေယံရဲ့အပြုအမူက ကောင်းမသွားတဲ့အပြင် ပိုပိုဆိုးလာခဲ့တယ်။ ကျောင်းရှေ့ချောင်းထဲကဖားတွေကို လည်ဖြတ်လိုက်တဲ့အထိ မောင်ဝေယံဆိုးလာခဲ့တယ်။

Tuesday, October 28, 2014

သင်သိထားသင့်သော ကျရှုံးမှုများအကြောင်း


၁။ ဘဝအိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်အောင် တားဆီးနေတဲ့အရာက အခြားမဟုတ်ဘူး။ ကျရှုံးမှာကြောက်တဲ့စိတ်သာဖြစ်တယ်။
(There is only one thing that makes a dream impossible to achieve: the fear of failure.
- Paulo Coelho)

၂။ မနေ့က သင်ကျရှုံးခဲ့ရင် ဒီနေ့ပြန်ထပါ။
(If you fell down yesterday, stand up today.”
- H.G. Wells)

မိန်းကလေးများအတွက် ဘ၀ ဒဿန

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးမရှိလို့ ရွေးစရာမရှိလို့ စိတ်ညစ်စရာမလိုပါ။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ အထည်တွေနဲ့ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တေဲ့ အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ကျန်တာသင်နဲ့သင့်တော်တဲ့အထည်ချည်းသာဖြစ်ပါတယ်

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

လူတော်တွေရဲ့ လက်ကိုင်အမူအကျင့် ၁၀ မျိုး

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊
ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

*** မိန်းမဂုဏ်ရည် ***

ရှေးခေတ်ကျောက်စာများတွင် “ ယောက်ယာ၊ မိမ ” ဟူ၍ တွေ့ ရပြီး ယောက်ယာ ကို ယောက်ျား ဟု ခေါ်ဆို၍၊ မိမ ကို မိန်းမ ဟု ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ပေါရာဏကျမ်းဆရာတို့ က နူးညံ့သိမ်ေ မွ့  စွာ သွားလာခြင်း၊ စားသောက်ခြင်း၊ နေထိုင်ခြင်း ဆိုသည့် အမူ အရာတို့ ကို မြင်တွေ့ ရတဲ့အ တွက် မိန်းမောနိုင်သည်ဖြစ်၍ “ မိန်း ” ဟုခေါ်ဆိုပြီး၊ လင်သား စသည့်အဆွေအမျိုးတို့ ကို စောင် မ ကြည့်ရှုတတ်သည့်အတွက် “ မ ” ဟု ခေါ်ဆိုပါတယ်။ ထို မိန်း နှင့် မ ကို ပေါင်း၍ မိန်းမ ဟူ၍ ခေါ်ဆိုညွှန်ပြကောက်ယူခဲ့ပါတယ်။

Sunday, October 26, 2014

“ နေ့စဉ်ပွားပါ ဤငါးဖြာ ”

အဘိဏှသုတ် ပါဠိတော် မြန်မာပြန်-
~~~~~~~~~~~~~~~~~~~~~~~~
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။
ကတမာနိ ပဉ္စ-
၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ
အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊
ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊
တဿ ဒါယာဒေါ ဘ၀ိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။


ကုလားအုတ်နဲ့ ဝံပုလွေ

အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုတ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။

ကုလားအုတ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကုလားအုတ်မှာ ပရိယာယ်တစ်မျိုးရှိတယ်။ ကုလားအုတ်ရဲ့ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာဖြစ်တယ်။

ကုလားအုတ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်လိုတယ်။ ကုလားအုတ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတယ်။ ကုလားအုတ်က ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက်အော်ပြီး သုတ်ခြေတင်ပြေးတော့တယ်။

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။
အုပ်စုတစ်စုက ဘဲတွေဟာ ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဘဲတွေဟာ ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

အိမ်ထောင်ရေးသာယာဖို့ ဆောင်ရန်ရှောင်ရန် အချက်များ

ခင်ပွန်းသည် တွေက ဇနီးသည်ရဲ့ တချို့အကျင့်၊ တချို့လုပ်ရပ် တွေကို မကြိုက်တဲ့ အချက်တွေကတော့ -

၁) ခင်ပွန်းအိမ်ပြန်လာတာတွေ့ပါလျက် အိမ်နီးချင်းနဲ့ စကားအပြောမပျက် နေတတ်တာမျိုး။
၂) ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုမစိုက်တတ်တာ။
၃) ခင်ပွန်းဘက်က ဆွေမျိုးသားချင်းတွေကို မလေးစားတာ။
၎) ခင်ပွန်းသည်ရဲ့ အားနည်းချက်ကို သရော်လှောင်ပြောင်တာ။
၅) ခင်ပွန်းသည်ရဲ့ ဆန္ဒကို မသိယောင်ဆောင် နေတတ်တာ။


Friday, October 24, 2014

ကမ္ဘာကျော် အရှုံးသမားများ

၁) မိုက်ကယ်ဂျော်ဒန် (Michael Jordan)
ကမ္ဘာကျော် ဘတ်စကတ်ဘောကစားသမားကြီးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ သူ့ရဲ့ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကနေ အပယ်ခံရပြီးတဲ့နောက်မှာ အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ငိုကြွေးခဲ့ရဖူးပါတယ်...

၂) စတိဗ်ဂျော့ (Steve Jobs)
ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ စတိဗ်ဂျော့ဟာ အသက် ၃၀ အရွယ်မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ သူ့ကိုဖယ်ရှားခံလိုက်ရတဲ့အတွက် ဝမ်းနည်းအားငယ်ပြီး ယူကျုံးမရခံစားခဲ့ရဖူးပါတယ်...

Thursday, October 23, 2014

သိပ္ပံခေတ်ကိုစိန်ခေါ်နေသော အဖြေရှာ၍မရသော အရာများ

လူသားတို့ သင်ယူလေ့လာနေသည့် သိပ္ပံပညာရပ်သည် သဘာဝတရား၏ လျှို့ဝှက်ချက် မေးခွန်းများကို အဖြေရှာနေသည့် အားထုတ်မှုများဟု ယူဆနိုင်မည် ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင် ထင်ထင်ရှားရှား ဖြစ်တည်နေသော်လည်း သိပ္ပံပညာရှင်များ ဖြေရှင်းပြ၍ မရနိုင်သည့် သဘာဝ လျှို့ဝှက်ချက် အများအပြားလည်း ရှိနေဆဲဖြစ်သည်။ ယင်းတို့အနက်မှ အထင်ရှားဆုံး အခြေအနေ (၁၀)ခုကို Daily Mail သတင်းစာက ကောက်နုတ် ဖော်ပြခဲ့သည်။

ကိုယ်တိုင်ကျင့်ကြံပြီးမှ လက်ခံပါ (သို့မဟုတ်)ကာလာမသုတ်အနှစ်ချုပ်"

တဘက်သတ် မျက်စိမှိတ်ယုံကြည်ရခြင်း မရှိသည့် ဘာသာကို လက်ညှိုးထိုးပြပါဆိုပါလျှင် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်တော့သည်။ မြတ်ဗုဒ္ဓဟောကြားသော တရားများဖြစ်သည်ဟု အခြားသူများက ပြောယုံမျှဖြင့် မယုံကြည်ကြနှင့်ဦးဟူ၍ပြောကြားခဲ့ရာတွင် စကားကြီးဆယ်ခွန်းကိုလည်း (ကာလာမ) အမျိုးသားတို့အား မှားကြားခဲ့ပါသည်။ အို…ကာလာမတို့.....။

၁။ တဆင့်စကား( Mere Hear Say) ကြားရုံမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အမှန်မယူကြနှင့်။

၂။ ဘိုးဘေးစဉ်လာဆင်းသက်လာသော မိရိုးဖလာ အယူဝါဒ (Mere Tradition) ဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။

၃။ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလ (Mere Rumor) ဖြင့်လည်း အမှန်မယူကြနှင့်။

အမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ"

အမတ်ကြီး အနန္တသူရိယ ဟာ မင်းပြစ်မင်းဒဏ်သင့်လို့ သေဘေးဆိုက်ရောက်နေချိန်တွင်ရေးသားထားသော လင်္ကာတစ်ပုဒ်ဖြစ်ပါတယ် ။
အမတ်ကြီးဟာ ဒီဘ၀မှာ အရှင်မင်းမြတ်ကကြင်နာသနားသဖြင့် သေဒဏ်က လွတ်မြောက်စေလျှင်ပင် လောကဓမ္မအရ သေခြင်းတရားဟာ
ရှောင်လွှဲမရနိုင်ပါကြောင်းနှင့် နောက်ဘ၀များတွင် အခွင့်အရေးရလျှင်တောင် မိမိ၏ကျေးဇူးရှင် မင်းကြီးကို ရန်လိုသောစိတ်ထားဖြင့်မတုန်
ပြန်ပါကြောင့် မိမိပေါ်တွင်ပြုခဲ့သော အပြစ်များကိုလဲ ခွင့်လွတ်နားလည်ပေးမည် ဟုရေးသားထားသည်။လင်္ကာတွင် အမတ်ကြီး၏လေးစား
ဖွယ်စိတ်ထား ကိုကြည်ညိုဖွယ်တွေ့ မြင်ရပါလိမ့်မယ်။

အမျိုးသားနှင့် အမျိုးသမီးအကြား စိတ်အခြေအနေ ကွာခြားချက်များ

(၁) အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။ အမျိုးသမီး အများစုက အမျိုးသားအများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ်ထားပြီးသား အရာတစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။
(၂) အိုင်ကျူစစ်ဆေးနည်း ခံယူထားတဲ့သူတွေကို လေ့လာမှုတစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိတတ်ကြပါတယ်။

ဘယ်လိုရေမွှေးရနံ့မျိုးက ကိုယ့်အတွက် အကောင်းဆုံးဖြစ်လိမ့်မလဲ

မေသော်

လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုကအရေးကြီးဆုံးပါ။ ဒါ့အပြင် ကိုယ့်ဆီက သင်းပျံ့တဲ့ရနံ့တစ်ခုခု ဒါမှမဟုတ်လဲ လှည့်ကြည့်စရာမလိုပဲ ရနံ့လေးတစ်ခုရလိုက်တာနဲ့ ကိုယ်ဆိုတာ သိသွားစေမယ့် ရေမွှေးရနံ့မျိုးကလည်း သင့်ကို ယုံကြည်မှုတစ်ခု တိုးစေတာပါပဲ။ ဒါပေမယ့် ကိုယ်ရွေးချယ်မယ့် ရေမွှေးရနံ့ကတော့ ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာ ဖော်ပြပေးနိုင်တာမို့ သတိထားရွေးချယ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဈေးကွက်ထဲက ရေမွှေးတွေက များလွန်းတာမို့ ဘယ်လိုရေမွှေးမျိုး ရွေးချယ်ဆွတ်ရမလဲဆိုတာ ခေါင်းစားနေသူတွေအတွက် ရွေးချယ်ပုံ ရွေးချယ်နည်းလေး ပြောပြပေးချင်ပါတယ်။

ခရီးသွားတော့မယ်ဆိုရင် ရှောင်ရန်၊ ဆောင်ရန်များ

အထူးသဖြင့် ခရီးဝေးသွားတော့ မယ်ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ မိမိအနေနဲ့ ခဏခဏ ခရီမသွားတဲ့ သူဆိုရင်တော့ ပိုမိုပြီးတော့ ဂရုစိုက် သင့်ပါတယ်။

(၁) သံပုရာသီးဆောင်ပါ
သံပုရာသီးဟာ အမူးအမော ပြေစေရုံသာမကဘဲ တစ်ခြားသော ဘေးအန္တရာယ် အတွက်လည်း ကောင်းမွန်စေပါတယ်။ ဥပမာ - ကားစီးလို့ မူးတာ အန်တာ ဖြစ်တာနဲ့ သံပုရာသီးကို ချက်ချင်းပဲ ရှုရှိုက်လိုက်ပါ။ နောက်တစ်နည်း သံပုရာသီးဖြင့် နဖူးစတဲ့ နေရာတွေကို ပွတ်နိုင်ပါတယ်။

(၂) အလွယ်တကူ စားလို့ရမယ့် မုန့်တစ်ခုခုဆောင်ထားပါ
မိမိက အစားအစာတိုင်းကို မကြိုက်တတ်ဘူး ဒါမှမဟုတ် အစားရှောင်တတ်တဲ့ သူတွေရင် ခရီးဆောင် အိတ်ထဲမှ ပေါင်မုန့်ကဲ့သို့ အလွယ်တကူ စားနိုင်မယ့် အစားအစာတွေကို သယ်သွားဖို့ မမေ့ပါနဲ့။

အားလုံးအတွက် ဓမ္မဆုံးမလမ်းညွှန်ချက်

၁) လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် -
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-
ဘယ်မှာ “အနတ္တ“ ရှိမည်နည်း ။ ။

၂) ပြောတိုင်းမရ ဒေါမထနှင့် -
ကိုယ်ပြောတိုင်းသာ ရနေပါက-
ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။

မွေခံထိုက်စေ သားသမီးတွေ

လူ့ဘဝဇာတ်ခုံကြီးမှာ လူတိုင်းလူတိုင်းဟာ သားသမီးဇာတ်ဆောင်ဘဝကို ဖြတ်သန်းခဲ့ဘူးကြပါတယ်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဟာ မြန်မာဗုဒ္ဓဘာသာ တရားဥပဒေ (မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ) နဲ့ သက်ဆိုင်တယ်။ ဥပဒေမှာပါတဲ့ သားသမီးများရဲ့ အခွင့်အရေးနဲ့ တာဝန်ပြဋ္ဌာန်းချက်ကို တင်ပြပါမယ်။
သားသမီးအမျိုးမျိုး
ကင်းဝန်မင်းကြီး ဦးကောင်းရေးတဲ့ ဓမ္မသတ်နဲ့ မနုကျယ်ဓမ္မသတ်တို့မှာ မိဘအမွေ ဆက်ခံထိုက်တဲ့ သားသမီး (၆) မျိုး၊ အမွေမခံထိုက်တဲ့ သားသမီး (၆)မျိုး ဖော်ပြထားတယ်။

Wednesday, October 22, 2014

ရွှေတိဂုံမှ အံ့ဖွယ်ကိုးပါး (သို့မဟုတ်)ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ

ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင့်နှင့်သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ်စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီနှင့် တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဖဂေါဏ စသော ပုဂ္ဂိုလ်အကျော်အမော်များ တည်ထားကိုးကွယ်ခဲ့သည့် ဘုရားများစွာ ရှိနေပေသည်။

ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ထူးခြားသော အံ့ဖွယ် ၉-ဌနသို့ လှည့်ပြီး ပူဇော်အားထုတ်လေ့ရှိကြသည်။ ထိုထူးခြားသောအံ့ဖွယ် ၉-ဌာနကို မန်လည်ဆရာတော် ဘုရားကြီးနှင့်တကွ ထင်ရှားကျော်ကြားသော ဆရာတော်များလည်း လှည့်လည်ရှိခိုးပူဇော်လေ့ရှိတက်ကြလေသည်။

ကျေးဇူးကြီးလှ မိ နှင့် ဖ

အ ဖေ့ထံမှ အ မွေရသည်
ဘဝအားမာန် သတ္တိစံနင့်
ဖြောင့် မှန်စိတ်ထား နလုံးသား #

အ မေ့ ထံမှ အ မွေရသည်
လှပ မွှေးကြိုင် အခိုင် ခိုင် တည့်
ပွင့် နိင် လေစွမ်း မေတ္တာပန်း #

ငရမကန်း

ပုဂံတွင် ငရမန်ကန်းသည် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်း နန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကို သိသဖြင့် အောက်အရပ်မှ မွန်များကို စုစည်း ပုန်ကန်ခဲ့သည်။ ငရမန်ကန်းသည် မွန်လူမျိုး ဖြစ်ပြီး စောလူးမင်းနှင့် ငယ်သူငယ်ချင်း ဖြစ်သည်။ စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည် ဟုလည်းဆိုသည်။ မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။ တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင် မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်း ထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက
“ငရမန်ကန်း..သင်ယောကျာင်္းကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ”
ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။

Tuesday, October 21, 2014

လမ်းမတော် ဖိုးတုတ်နှင့် သူ၏ ကိုယ်ရေး ရာဇဝင် (ဖြစ်ရပ်မှန်) (စ/ဆုံး)

လွန်ခဲ့တဲ့ နှစ်အနည်းငယ် မြန်မာ့ ရုပ်ရှင်လောက မှာ ထွက်ပေါ် ခဲ့တဲ့ လူမိုက် တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက် အတော်များခဲ့ ပါတယ်..။

ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါ က ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ရိုက်ကူး ထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူး ပါတယ်။

ဒါပေမယ့် ကျွန်တော် ဒီဇာတ်လမ်းခွေ ကို ကြည့်ပြီးတဲ့ အခါမှာတော့ လမ်းမတော် ဖိုးတေ ဇာတ်လမ်း ဟာ သမိုင်း အချက်အလက် အရ လမ်းမတော်ဖိုးတုတ် ဇာတ်လမ်းအစစ် အမှန် လုံးဝ မဟုတ်ဘူး သိလိုက် ရပါ တယ်..။

အလှဘုရင်မ ကလီယိုပါထရား

ကလီယိုပါထရားသည် (Cleopatra) ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ်ဘုရင်မဖြစ်သည်။
ထူးခြားစွာလှပသော အဆင်းအင်္ဂါပြည့်စုံသည့်ဘုရင်မဖြစ်သဖြင့်ထိုခေတ်ကအထူးချွန်ဆုံးဘုရင်
နှစ်ပါးအား သူ၏ ရူပါရုံကျော့ကွင်းသို့ သက်ဆင်းစေ၍ သူစေသမျှကို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကလီယိုပါထရားကို နိုင်းမြစ် ဒေသမြွေဟောက်မ-ဟူ၍ ခေါ်ကြလေသည်။

Monday, October 20, 2014

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။

၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

ရှာရှာဖွေဖွေ သင်သိစေ

(၁) ပိုလာဝက်ဝံလေးတွေအားလုံးဟာ ဘယ်သန်တွေ ဖြစ်ပါတယ်။

(၂) အင်္ဂလိပ်လူမျိုးတစ်စုဟာ သြစတြေးလျနိုင်ငံသို့ အခြေစိုက်ရန် ရောက်လာပါတယ်။ သူတို့တွေဟာ ခပ်မြင့်မြင့်နဲ့ အဝေးကိုခုန်နိုင်တဲ့ ထူးဆန်းတဲ့ အကောင်ဟာ သူတို့အရှေ့ကနေဖြတ်ပြေးသွားတာကို သတိထားမိပါတယ်။ အဲ့ဒါနဲ့ ဒါဘာအကောင်လို့ခေါ်လဲဆိုတာကို ဒေသခံ လူတွေကို လက်ဟန်ခြေဟန်နဲ့ သင်္ကေတ ပြပြီး မေးဖို့ကြိုးစားတယ်လေ။ ဒေသခံ လူတွေက “Kan Ghu Ru” လို့ပြန်ဖြေပါတယ်။ အဲ့ဒါနဲ့ အင်္ဂလိပ်လူမျိုးတွေဟာ (သားပိုက်ကောင်) ကို “kangaroo” ဆိုပြီး အင်္ဂလိပ်စကားလုံးအဖြစ် မွေးစားလိုက်ပါတယ်။ အမှန်က ဒေသခံလူတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “we don’t understand you - မင်းတို့ပြောတာ နားမလည်ဘူး” လို့ပြောတာပါတဲ့။

♫ ရှာရှာဖွေဖွေ ဂီတအကြောင်းအရာအထွေထွေ♫

၁။ဂီတခံစားမှုကို ပုံဖော်နိုင်စွမ်းအရှိဆုံးနှင့် ဂီတလောကကို တုန်လှုပ်စေခဲ့သည့် သီချင်းမှာ ၁၉၅၂ နှစ်တွင် တေးရေးဆရာ ဂျွန်ကေ့ခ်ျပြုလုပ်ခဲ့သည့် လေးမိနစ်နှင့် ၃၃စက္ကန့်
ကြာသောမည်သည့်အသံမျှမပါသော(တိတ်ဆိတ်သံသက်သက်) သီချင်းတစ်ပုဒ်ဖြစ်သည်။

၂။ မိုနာကို(Monaco)နိုင်ငံ၏ အမျိုးသားသံစုံတီးဝိုင်းသည် ယင်းနိုင်ငံ၏စစ်တပ်ထက် လူအင်အား ကြီးမား သည်။


Thursday, October 16, 2014

တိုင်းတစ်ပါးက မေမေ့သားသို့

သားရေ ..
မနေ့ က သားကို အမေက သားလေး ဒီလ ငွေလှမ်းပို့ ပြီးပြီလား လို့  ဖုန်းဆက် မေးလိုက် တော့ ..သားက အမေတို့ ကလည်းဗျာ ..ကျနော် ပို့တဲ့အချိန် ရောက် မှာပေါ့ ..အမေတို့ ကလည်း ပီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာဘဲ .. ကျနော် နိုင်ငံခြား မှာ အမြဲ အလုပ်အဆင်ပြေနေတယ်မထင်နဲ့ နဲနဲ ပါးပါးလဲ စုကြဦး ..ချွေတာသုံး ကြဦး ဗျာ …ဆိုပြီး ဒေါသတကြီး နဲ့  ပြောပြီး ဖုန်းချ သွားတော့ ..အမေ လေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ နင့် ပြီးဖုန်းဆိုင်ကနေ အိမ်ပြန် လမ်းတလျောက် စိတ်တွေ မကောင်းခဲ့ဘူး။ လမ်းလျှောက် နေတာတောင် လမ်းနဲ့ ခြေထောက် ထိတယ် လို့  မထင်တော့ပါဘူး သားလေးရယ် …

ရှေးမြန်မာ့တပ်မတော်

စစ်နှင့်ဆိုင်သော ရှေးအစဉ်အဆက် မြန်မာစာပေများ တွင် 'စစ်အင်္ဂါလေးပါး'ကို အခြေတည်၍ အမြဲဆိုလေ့ရှိသည်။ စစ်အင်္ဂါလေးပါးဟူသော်ကား 'ဆင်လည်းတစ်ပါး၊ မြင်းလည်း တစ်ပါး၊ ရထားလည်း တစ်ပါး၊ ခြေသည်လည်း တစ်ပါး' ဖြစ် သည်။ ထို စစ်အင်္ဂါလေးပါးကိုပင် 'သေနင်္ဂ'ဟူ၍လည်း ခေါ် သေးသည်။ သို့ရာတွင် ထို စစ်အင်္ဂါလေးပါးမှာ ပါဠိကျမ်းများ၊ သက္ကတကျမ်းများကို မှီး၍ ဆိုခြင်းမျှသာ ဖြစ်သည်။ ထို စစ်အင်္ဂါလေးပါးအနက် 'ရထား'မှာ ရှေးနှစ်ပေါင်း ၃ဝဝဝ ခန့်ကဖြစ်သော မဟာဘာရတ ကျမ်းကြီးတွင် ဘာရတညီနောင် စစ်ထိုးခန်း စသည်တို့၌ ပါရှိသော်လည်း မြန်မာ့သမိုင်း တစ်လျှောက်၌ 'ရထားတပ်'ဟူ၍ မရှိခဲ့။ တဖန် ပါဠိကျမ်း များ၊ သက္ကတကျမ်းများ၌ 'လှေသင်္ဘောတပ်'(ရေတပ်) ပါရှိစမြဲ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်ဖွဲ့ပုံ၊ စစ်ချီပုံ၊ ခံမြို့တည်ပုံ စသည်တို့၌ မြန်မာစစ်ကျမ်းများက ပါဠိကျမ်းများ၊ သက္ကတ ကျမ်းများကို မှီး၍ ဆိုကြသော်လည်း ရေမြေဒေသ ခေတ် ကာလအလျှောက် လက်တွေ့ မြန်မာနည်းများကို တီထွင် ကျင့်သုံးခဲ့ကြကြောင်းဖြင့် သိရသည်။

"ဓုတင်တစ်ဆယ့်သုံးပါး(ဓုတင်အကြောင်းသိကောင်းစရာ)"

တစ်ချို့တော်တော်များများက ဓူတင်ဟုခေါ်ဝေါ်တတ်ကြတယ်။ဓူတင် မဟုတ်ပါဘူး ဓုတင်ပါ။ဓုတင်္ဂဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ဓုတင်္ဂ = ဓုတင်
ဓုတင်ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်ဖျတ်စီးတတ်သော အကျင့်ကို ဓုတင်လို့ခေါ်တာပါ။ထိုကဲ့သို့ ကိလေသာ တို့ကို တဒင်္ဂ အားဖြင့် စွန့်ပယ်နေခြင်းကို ဓုတင်ဆောင်သည်ဟုခေါ်ပါတယ်။

တန်ဖိုးထား မြတ်နိုးပါ

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။
နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
“အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ”
“မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”
“ဘာကျေးဇူးများလဲ”

Wednesday, October 15, 2014

မကြောက်ပါနဲ့

ရန်သူတွေကို မ ကြောက်ပါနဲ့သူတို့တွေဟာ
သင့် ကို အလွန်ဆုံး သေစေ ရုံပါဘဲ
မိတ်ဆွေတွေကို မ ကြောက်ပါ နဲ့
သူတို့ တွေဟာ သင့် ကို အလွန်ဆုံး
သစ္စာ ဖောက် ရုံပါဘဲ
ထိုင် ကြည့် ရပ် ကြည့်နေတဲ့ ကြားလူတွေကို သာ ကြောက်ပါ
ဘာလို့လဲဆို တော့  သူတို့တွေဟာ
လူသတ်သမားတွေနဲ့ သစ္စာ ဖောက်
တွေကို ကမ္ဘာ မြေ ပေါ် မှာ လုံခြုံစွာ
သွားလာ စေပြီး ကျူးလွန် ခွင့်ပေးလို့ ပါဘဲ

Fear not your enemies:for they can only kill you 'Fear not your friends 'for they can only betray you .Fear only the indifferent 'who
permit the killers and betrayers to
walk safely on earth :

Edward Yashinsky

"ဘဝ"

ဘဝဆိုတာ လှေနဲ့တူတယ်
တချို့ က စက် လှေ ပဲ့ကိုင် ထားရုံဘဲ
တချို့က ရွက် လှေ ရွက်လွင့် သွားရုံဘဲ
တချို့က တက် လှေ အားစိုက် လှော်မှ
ရွေ့တယ်
ဘယ် လှေ အမျိုးအစားဘဲ ဖြစ်ဖြစ်
ပေါက် နေ တဲ့လှေက ခရီးမ ရောက် သလို
နစ်မြုပ် လွယ် တယ်
ဒီလိုပါဘဲ
အားနည်းချက် တွေ များနေတဲ့လူ ဟာလည်း
မတိုးတက်နိင် သလို ကျရှုံးလွယ် တယ်
ဘဝ မှာမိမိ ကိုယ် ကို အမှန် တိုင်း မြင် ပါ #
အမှန် အတိုင်း မိမိကိုယ်ကို ဝေဖန် ပါ
မိမိလို အပ် ချက် တွေကို ပြုပြင် ပါ #

Credit-မြဝဏိုး စံ (ပေါင်းတည်)

အနာဂါတ်အတွက် လိုက်နာမှတ်သား အချက်များ

သင့်အနာဂါတ်ကို ကိုယ်တိုင် ပုံဖော်လိုလျှင်- (၁) သင်ဟာ အောင်မြင်ဖို့မွေးဖွားလာသူတစ်ဦးလို့ မှတ်ယူရပါမယ်။
(၂) သင့်ကို မုဆိုးဘ၀ကနေ သားကောင်ပြန်ဖြစ်သွားစေတာ သင့်ရဲ့ကြောက်စိတ်ပါပဲ။
(၃) သင့်ရဲ့ဘ၀ဆိုတာ သင့်ရွေးချယ်မှုတွေကနေ တန်ပြန်သက်ရောက်နေတဲ့ မှန်တစ်ချပ်ပါပဲ။
(၄) သင့်ရဲ့ ကိုယ်ပိုင်စင်္ကြာဝဠာကို အုပ်စိုးနိုင်တဲ့ အစွမ်း သင့်မှာရှိပါတယ်။
(၅) ပြီးတော့ သင့်ရဲ့ အတွေးအခေါ်တွေက သင့်ရဲ့ကံတရားကို ပဲ့ပြင်နိုင်စွမ်းရှိပါတယ်။

ရှာရှာဖွေဖွေ မသိသေးတဲ့အရာတွေ

၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်... ၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...
၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...
၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...
၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...

ဂျပန် ကျောင်းစာအုပ်ထဲက ဂုဏ်သိက္ခာမဲ့ လူသားတစ်ဦး

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသုံးဖတ်စာအုပ်တွေမှာ
ပြဌာန်းခြင်းခံရတဲ့ အများဆုံး လူသားတွေကတော့ ရှေးခေတ်က စစ်သူရဲကောင်းတွေ၊ ပညာရှိတွေ၊ စွန့်စားရှာဖွေသူတွေ၊ နိုင်ငံရေးသုခမိန်တွေ၊ တိုင်းပြည် တည်ဆောက်သူတွေ အကြောင်းကိုသာ အလေးထား ပြဌာန်းထားတာကို တွေ့ခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ ကျောင်းသုံးစာအုပ်ထဲမှာတော့ ဂျပန်နိုင်ငံနဲ့ ဂျပန် လူမျိုးတွေအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ လူတဦးအကြောင်း ပြဌာန်းခဲ့ပါတယ်။ သူကတော့ ဂျပန် ပို့ဆောင်ရေး ၀န်ကြီးဌာနက အရာရှိလေး ဟိုဆိုနို ဖြစ်ပါတယ်။

Tuesday, October 14, 2014

“Wall Streetက ဖိနပ်တိုက်သမား”

နယူးယောက်မြို့ Wall Streetရဲ့ လူစည်ကားရာအရပ်မှာရှိတဲ့ Blackstone Group က အမေရိကန်နိုင်ငံရဲ့အကြီးဆုံး ရင်းနှီးမြှုပ်နှံစီမံအုပ်ချုပ်ရေးကုမ္ပဏီကြီးဖြစ်တယ်။ အဲဒီနေရာမှာ ကမ္ဘာ့ထိပ်တန်းအကျော်အမော်ဝန်ထမ်းတွေရှိသလို ဖိနပ်တိုက်သမားလို “ယောင်ပေပေ”လူတွေလည်းရှိတယ်။


စိတ်ညစ်နေရင် (သို့မဟုတ်)ဒေါသထွက်နေရင် ဒါတွေလုပ်ပါ

၁) သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပါ... သင်ကိုယ်တိုင် ပြောင်းလဲနိုင်တယ် ပြီးတော့ ပြောင်းလဲချင်စိတ်လဲရှိတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါ...

၂) သင့်အပေါ် မကောင်းတဲ့သူတွေ သင့်စိတ်ညစ်အောင်လုပ်နေတဲ့သူတွေကို လက်လွှတ်လိုက်ပါ... သူတို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လိုလူတွေလဲဆိုတာ သင်သိပြီးသားပဲ...

၃) သင်အကြိုက်ဆုံး မြူးမြူးကြွကြွတေးသီချင်းတွေ ဖွင့်ပြီး ပေါက်ကွဲပစ်လိုက်ပါ... ရင်ကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါ... တေးသွားနဲ့ အလိုက်သင့်ကခုန်လိုက်ပါ....

၎) ပြေးပါ... ခပ်ဝေးဝေးကို ပြေးပါ... သင့်စိတ်ထဲ သက်တောင့်သက်သာရှိလာတဲ့ အထိပြေးပါ... နောက်ဆုံးမှာ စိတ်ခံစားချက်တွေ အရေးမပါတော့တဲ့အထိ သင်မောပန်းလာပါလိမ့်မယ်...

၅) သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်ပါ... သူတို့ရဲ့ အသံတွေကို ကြားရတဲ့အခါ သင်နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်....

ရှာရှာဖွေဖွေ ဦးနှောက်ရဲ့ ထူးခြား ၁၂ ထွေ

၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။

၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။

၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။

၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။

၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချ နေရပြီး ၁၀ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ် ဆိုတဲ့ အယူက မမှန်ပါဘူးတဲ့။

Monday, October 13, 2014

ဘယ်လိုကောင်လေးမျိုးတွေကို ကောင်မလေးတွေ ကြွေကြသလဲ

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြဘူးဆိုပေမယ့် များသောအားဖြင့် ဘယ်လိုယောင်္ကျားလေးမျိုးက အထာကျတယ်၊ ကြည့်လိုက်တာနဲ့ စိတ်ထဲ တန်းရောက်သွားစေတဲ့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးပုံစံမျိုးလေးတွေကတော့ တူညီနေတတ်တာ တွေ့ရပါတယ်။ အဲ့ဒီလို မိန်းကလေးတွေ သဘောကျတဲ့ ယောင်္ကျားပုံစံတွေကတော့

၁။ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ပြင်ဆင်မထားဘဲ အဆင်ပြေပြေ နေထိုင်တတ်သူ။ ခေါင်းအစ၊ ခြေအဆုံး မိန်းကလေးထက် ပိုမိုပြင်ဆင်ထားမျိုးတဲ့ ဘဲမျိုးဆိုရင်တော့ ဘယ်ကောင်မလေးက ကြွေတော့မှာလဲ။

၂။စကားပြောတဲ့အခါ ဖြေးဖြေးနဲ့ ခပ်မှန်မှန်ပြောတတ်တဲ့ ယောင်္ကျားမျိုးကိုလည်း ကောင်မလေးတွေ သဘောကျကြပါတယ်။

သမီးလေးဖတ်ဖို့  (ကောင်းသန့်)

1.လူတွေဟာ အချစ်နဲ့မကင်းနိုင်ကြဘူး။ သိတတ်တဲ့အရွယ်ကစပြီး သေဆုံးသွားတဲ့အချိန်အထိ မိဘဆွေမျိုး၊ သူငယ်ချင်းမိတ်ဆွေ၊ ဆရာသမား၊လူမျိုး၊ဘာသာ၊သာသနာ၊အလုပ်တာဝန် စသဖြင့် အမျိုးမျိုး ချစ်ခဲ့ကြတယ်။ ဒါပေမယ့် အမျိုးအစားပြန်ခွဲတော့ နှစ်မျိုးပဲရှိပါတယ်။ ကိုယ့်အတ္တကို ချစ်ခြင်းနဲ့သူတစ်ပါးကို ချစ်ခြင်းပါပဲ။ဘယ်လိုချစ်ချစ်ပေါ့ သမီးရယ်။ အချစ်ကြောင့်တော့ သူ(သို့မဟုတ်) ကိုယ်(သို့မဟုတ်) သူရောကိုယ်ရော ထိခိုက်နစ်နာပျက်စီးသွားရတာမျိုးမဖြစ်ပါစေနဲ့။

2.သစ်ပင်ကြီးလေလေ၊ လေတိုက်ခံရလေလေ။ ရည်မှန်းချက်ကြီးလေလေ၊ကံကြမ္မာရဲ့တိုက်ခတ်မှုကို ခံရလေလေပဲသမီး ရည်မှန်းချက်ကြီးကြီးထားတဲ့ သူဟာ ဒီအချက်ကို သေသေချာချာသိထားရမယ်။

အရေးပေါ် အခြေအနေအတွက် နည်းလမ်းကောင်းများ

သွားရင်းလာရင်း အ၀တ်အစား၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အခါ ဒီနည်းလေးတွေက အရေးပါ

မေသော်
 

 တစ်ခါတစ်လေ သွားရင်းလာရင်းနဲ့ ကိုယ်ဝတ်ဆင်လာတဲ့ အင်္ကျံ၊ ဖိနပ်၊ ဘရာ စတာတွေက အဆင်မပြေဖြစ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

လောကရဲ့သဘာဝတရား

(၁) နေ့ရက်တစ်ရက်တိုင်းမှာ သင့်အတွက်ရွေးချယ်စရာ (၂) ခုရှိတယ်။ လက်ရှိရောက်နေတဲ့နေ့ရက်ကို အကျိုးရှိရှိနဲ့ ဖြတ်သန်းမလား? အချည်းနှီး ကုန်ဆုံးစေမလား? ဆိုတဲ့ရွေးချယ်စရာတွေပါပဲ။ သင်ရောက်ရှိနေတဲ့ နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် အသုံးချပါ။
(၂) သင့်ဘဝထဲကို ဝင်လာတဲ့သူတချို့ဟာ သင်မျှော်လင့်ထားတဲ့အချိန်ထက် ပို၍စောစီးစွာပဲ သင့်ဘဝထဲကနေ ပြန်လည်ထွက်ခွာသွားကြတယ်။ သူတို့အနေနဲ့ သင့်အနားမှာ တစ်သက်လုံးနေနေခြင်းဖြင့် မပေးနိုင်တဲ့ သင်ခန်းစာတချို့ကို ဒီလိုစောစောစီးစီး ထွက်ခွာသွားလိုက်ခြင်းဖြင့် အပြည့်အဝပေးခဲ့ကြတယ်။

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ မတော်တဆ တီထွင်မှုများ

မတော်တဆတွေ့ရှိချက်ကနေ တီထွင်မှုများဖြစ်စေပြီး လူသားအကျိုးပြုစေခဲ့တာအချို့ကို ဖော်ပြပေးလိုက်ပါတယ်

စတိန်းလက်စ်စတီး (Stainless Steel)

သင့်ရဲ့ အိမ်မှာ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အစားအသောက်တွေ တည်ခင်းဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေဟာ စတိန်းလက်စ်စတီးနဲ့ လုပ်ထားတာ တွေ့ရပါလိမ့်မယ်။
အဲဒီ စတိန်းလက်စ် စတီးတွေကို မူလအစ ၂၀ ရာစုတုန်းက ဇွန်း၊ ခက်ရင်းတွေ အတွက် ရည်ရွယ် တီထွင် ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀ ရာစုထဲမှာ လက်နက် ထုတ်လုပ်တဲ့ သူတွေကနေ အင်္ဂလိပ်လူမျိုး သတ္တုဗေဒပညာရှင် ဟာရီဘယ်ရာရီ (Harry Brealy) ကို သံချေး၊ အညစ်အကြေး မတက်တဲ့ သေနတ်ပြောင်း တီထွင်ဖို့ ငှားရမ်းခဲ့ပါတယ်။

Sunday, October 12, 2014

ဘုရားအလောင်းတော် ပါရမီဖြည့်စဉ် ဖြစ်တော်စဉ်များ

နုမှာငါးရာ ရင့်မှာတစ်ကျိပ်

ဘုရားရှင်၏ ဘ၀ဖြစ်စဉ်များကို ဇာတကပါဠိတော် အဋ္ဌကထာများတွင် ပါရှိသည်။ ဇာတ်ဝတ္ထုပေါင်း ၅၄၇ ရှိသည်။ ထိုဇာတ်တော်များသည် ပါရမီဖြည့်စဉ်က ဘ၀များသာ ဖြစ်သည်၊ ပါရမီ မဖြည့်မီ ဘ၀များကိုကား အရေအတွက် ပြထားသည်ကို မကြားဖူး။ ယခုပြဆိုသည့် ၅၄၇ ဘ၀ထဲတွင် ပါရမီရင့်ချိန် ဘုရားဖြစ်ခါနီး ဆယ် (၁၀) ဘ၀လဲ ပါသည်။ ဒါကိုပဲ ‘‘ရင့်မှာ တစ်ကျိပ်’’ ဟုခေါ်သည်။ ကျန်သောဘ၀ ၅၃၇ (၅၄၇-၁၀=
၅၃၇) ဘ၀များကား ဘုရားဖြစ်ဖို့ ဝေးနေသေးရာကား ပါရမီနုသေးသည်ဟု ဆိုသည်၊ ဒါကိုပဲ မှတ်လွယ်အောင် ‘‘နုမှာ ငါးရာ’’ ဟု ဆိုထားသည်။ ဘုရားလောင်း တိရစ္ဆာန်ဘ၀များသည်လည်း နုသော ပါရမီရှိစဉ်ကပင်ဖြစ်သည်။

ဘုရားအလောင်း၏ ပါရမီခန်းဝယ် တိရစ္ဆာန်ဘ၀၌ ထင်ရှားသော ဇာတ်တော်၏ ၀တ္ထုပေါင်း၁၃၆-ပါးကို ရှေးပညာရှိများ စပ်ဆိုထားခဲ့သော ဤဘုရားရှိခိုးလင်္ကာဖြင့် သိရာ၏၊

ဂျပန်နိုင်ငံ၏မျိုးချစ်စိတ်ပျိုးထောင်ပုံ (မောင်စိန်ဝင်း (ပုတီးကုန်း))

ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံပါ။
ဒီလိုမျိုးချစ်စိတ်လူတိုင်းမှာဖြစ်လာအောင် ကျုပ်တို့နိင်ငံလို ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေပဲချိတ်ဆွဲခဲ့တာမဟုတ်ဘူး။ ဂျပန်မှာချယ်ရီပန်းတွေပွင့်တဲ့အချိန် ပန်းကြည့်ပွဲလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ ဒီလိုပဲသစ်တောကြည့်ပွဲ မြစ်ကြည့်ပွဲ ဖူဂျီတောင်ကြည့်ပွဲတွေလုပ်တယ်။

ဆရာဆရာမတွေကတပည့်တွေကိုခေါ်သွားတယ်။ မိဘတွေကခလေးတွေကိုခေါ်သွားတယ်။ ဟိုရောက်ရင် ခလေးတွေကိုပေးဆော့တယ်။ မုန့်တွေကြွေးတယ်။ ခလေးတွေအရမ်းပျော်တာပေါ့။
ပြီးတော့မှဆရာမတွေကမေးတယ်။ သားတို့သမီးတို့ပျော်ကြလားပေါ့။ ခလေး
တွေကပျော်တာတယ်ပေါ့။ ဒီတော့ဆရာတွေကထပ်မေးတယ်။ ဒီပန်းပင်တွေ ဒီသစ်တောတွေ ဒီမြစ်ကြီးတွေ ဒီဖူဂျီတောင်ကြီးတွေ မရှိတော့ရင် ကလေးတို့ပျော်ပါ့မလားပေါ့။ ဒီဟာတွေအမြဲရှိနေစေချင်လားပေါ့။
ကလေးသဘာဝအမြဲရှိနေစေချင်တယ်ပဲဖြေကြတာပေါ့။ ဒီတော့ဆရာတွေကထပ်
မေးတယ်။ မင်းတို့အမြဲရှိနေစေချင်တာတွေကို တစ်ခြားနိုင်ငံက တစ်ခြားလူမျိုးတွေ လာပြီးလုယူမယ်။ ဝယ်ယူမယ်ဆိုရင်ရောလို့မေးတော့ ကလေးတွေက မပေးဘူး ရိုက်ထုတ်မယ် မောင်းထုတ်မယ်။ ဒါမျိုးဖြေကြမှာပဲလေ။

ယောက္ခမအကြိုက် စကား (၆) ခွန်း

လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာကပိုများတတ်ပါတယ်။အဓိက လူတွေမှာလိုအပ်တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာ ထက် ပြေလည်ကြတာက ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

နောင်ပွင့်တော်မူမည် အရိမေတ္တေယျမြတ်စွာဘုရား ဖြစ်တော်စဉ်

တကယ်လို့ စာဖတ်သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်
စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ်

ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ
အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း...
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ဆရာတော်ဦးဗုဓ်နှင့် ဦးပေါ်ဦး

ကုန်းဘောင် ဘကြီးတော် ဘုရားလက်ထက်၌ ဆရာတော် ဦးဗုဓ်သည် နှုတ်နည်းသည်။ သမာဓိအရာ၌ လက်ဖျားခါရ၏။ ကျောင်းဒါယကာ မင်းနှင့် မိဖရားကိုပင် စကားအပိုမပြော။ အချိန်ရှိသရွေ့ သူစာသူ ကြည့်နေတတ်၏။ အထူးသဖြင့် မည်သူ့ကိုမျှ စတင်၍ နှုတ်ဆက်ခြင်း၊ မေးမြန်းခြင်း အလေ့မရှိ။ တစ်နေ့ ဦးပေါ်ဦးသည် ထိုအကြောင်းကိုကြားသဖြင့်
" ...ကျုပ်ကိုယ်တိုင် သွားပြီး စကားလျှောက်ထားမယ်..ကြည့်နေ ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင် စကားပြန်ပြောမှာဗျ" ဟူ၍ ပြောဆိုပြီး ဆရာတော်ဦးဗုဓ် သီတင်းသုံးရာ ကျောင်းသို့ သွားပါလေတော့၏။
ဆရာတော်အပါးသို့ ရောက်လေသော် ပြောစရာမရှိ ပြောစရာစကားကိုရှာရင်း အနီးအပါးရှိ ရေကန်ကြီးကို မြင်လိုက်ရကာ...

ကလေးတွေ အမှားပြုလုပ်ပြီးတဲ့နောက်မှာ

Jack Canfield က အမေရိကန်နာမည်ရ ကလေးစိတ်ရောဂါပညာရှင်ဖြစ်တယ်။ တစ်ခါက ကလေးတွေကို ပညာပေးရေးအကြောင်းဆွေးနွေးတော့ ပုံပြင်၃ပုဒ်ကို သူပြောပြသွားခဲ့ပါတယ်။

ပထမပုံပြင်က သူ့သမီးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးပါ။ တစ်ခါက သူတို့ဇနီးမောင်နှံနဲ့သမီးတို့ အပြင်မှာ အစာထွက်စားကြပါတယ်။ အစာစားနေချိန်အတွင်းမှာ အသက် ၇နှစ်အရွယ်သူ့သမီးက ဖန်ခွက်အပြည့်ထည့်ထားတဲ့ အချိုရည်ကို မှောက်လိုက်မိပါတယ်။ မှောက်သွားတဲ့အချိုရည်ကို သမီးက ကိုယ်တိုင်သုတ်ပြီး သူတို့ကို အခုလိုပြောပါတယ်။

ဆင်းတုရှိခိုးတာ အကျိုးရှိ မရှိ?.(ဒေါက်တာမင်းတင်မွန်)

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား..ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

တစ်နေ့တစ်မိနစ်ပွေ့ဖက်ပါ

မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက်မွေးခဲ့ပေမယ့် တစ်သားမွေးတစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ်အချိုးအစားကို အပျိုလေးတစ်ယောက်လို သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ,မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။

ဘ၀အရသာ

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောအုပ်တစ်ခုထဲက ဖြတ်လျှောက်လာတုန်း ကံဆိုးချင်တော့ ရုတ်တရက် အစာရေစာ ငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့ တိုးမိပါတယ်။ ကျားကြီးက ဟိန်းဟောက်လိုက်ပြီး သူ့နောက်ကို တဟုန်ထိုး လိုက်ပါတော့တယ်။ သူလဲ အစွမ်းကုန်ပြေး၊ ကျားကြီးကလဲ အနောက်က ထပ်ချပ်မခွာလိုက်နဲ့ နောက်ဆုံး ပြေးစရာ မြေမရှိတော့ပဲ တောင်ကမ်းပါး အစပ်ထိ ရောက်လာတော့တယ်။ ဒါနဲ့ သူ စဉ်းစားလိုက်မိတယ်။

“ ဒီကျားရဲ့ ဖမ်းစားတာကို အရှင်လတ်လတ် ခံရမယ့်အစား ချောက်ထဲ ခုန်ချတာမှ ကံကောင်းရင် ငါ အသက်ရှင်နိုင်သေးတယ် ” ဆိုတွေးပြီး တောင်ကမ်းပါးကနေ လွှားခနဲ ခုန်ချလိုက်တော့တယ်။

Friday, October 10, 2014

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ဖို့ဆိုရင်

(၁)မနှိုင်းနဲ့ "သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။
(၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

“ပြဒါးမဲ့”

၁။

မိဆိုးရေ.. မထင်မှတ်ထားတဲ့ အချိန်၊ မမျှော်လင့်ထားတဲ့ အရပ်မှာ နင့်ကို ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတော့ ငါလေ သိပ်ပြီးတော့ အံ့သြ ပျော်ရွှင်သွားမိတယ်။ နင် စဉ်းစားကြည့်လေ။ ငါ့မှာ နင့်ကို လွမ်းလွန်လွန်းလို့ တွေ့ရလို တွေ့ရငြား နင် သွားတတ်တဲ့ ကော်ဖီဆိုင်လေး၊ နောက်ပြီးတော့ စာကြည့်တိုက်လေး၊ ကျန်သေးတယ်.. နင် သွားနေကျ ပန်းခြံကြီးထဲက နင်ထိုင်နေကျ နေရာလေးတွေမှာ ရှာခဲ့မိတယ်။ စောင့်ဆိုင်းခဲ့ဖူးတယ်။ မျှော်ခဲ့ဖူးတယ်။ တစ်ရက်၊ တစ်ပတ်၊ တစ်လ ကနေ သုံး၊လေး၊ငါးလ မနေ့ကအထိဆို ခြောက်လနဲ့မှ ခုနှစ်ရက်ပေါ့။ မတွေ့ခဲ့ရပါဘူးဟာ။ နင့်ရဲ့ အရိပ်အယောင်လေးကိုတောင် ငါ့မှာ မမြင်ခဲ့ရပါဘူး။ နေနိုင်သူကြီး နင်က ငါ့ကိုတင် မဟုတ်ဘဲ၊ နင်နှစ်သက်ခဲ့ဖူးတဲ့ အရာတွေ အကုန်လုံးကို မေ့ပစ်လိုက်တဲ့ အတိုင်းပါပဲ။

ရှေးမြန်မာမင်းများ လက်ထက်တော်က တောင်တော် ရွှေပုပ္ပားအကြောင်း

ပုဂံခေတ်က ပုပ္ပားတောင်

နိဒါန်း
ဘူမိဗေဒပညာရှင်တို့အဆိုအရ ပုပ္ပားတောင်သည် လွန်ခဲ့သောအနှစ် (၁၅) သန်းလောက်က ပေါ်ထွန်းလာကြောင်း သိရှိရပါသည် (Dr. Nyi Nyi, “Burma One Million Years Ago”, The Working People’s Daily, March 15, 1964 Sunday Supplement)။ မြန်မာရာဇဝင်ဆရာတို့ကလည်း ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးပါသည်။

ရာဇဝင်ဆရာကြီး ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ်၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ်ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြ ထားခဲ့သည် (ကုလား၊ မဟာရာဇဝင်တော်ကြီး၊ ပ၊ ၁၉၆ဝ၊ ၁ဝ၉)။

Thursday, October 9, 2014

ကကုသန် (ကကုသန္ဓ)ဘုရား

ကကုသန်ဘုရား သည် ကမ္မကိလေသတရား၊ ဒီပင်္ကရာဘုရား၊ ဂေါတမဘုရား၊ ကဿပဘုရား စသည့် ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။ ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပုဏ္ဏေးမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကိုက္ကို့ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။

ပြည့်တန်ဆာ အမျိုးသမီးထက် စိတ်ဓာတ်ပိုဆိုးနေကြပြီလား….

မကြာသေးမီက SKY NET Myanmar movies ရုပ်သံလိုင်းမှာ မွန်းတည့်ချိန်တွင် နေ၀င်သည်ဆိုတဲ့ ဇာတ်ကားတစ်ကားကို ကြည့်ဖြစ်ခဲ့တယ်။ မင်းသားက ကျော်ဟိန်း။ မင်းသမီးက ချိုပြုံး။ ဇာတ်ကတော့ ဘာနာသလဲ မမေးနဲ့ ။ ဇာတ်လမ်းစကတည်းက ကျော်ဟိန်းက ခါးပိုက်နှိုက်၊ ချိုပြုံးက ပြည့်တန်ဆာအမျိုးသမီး။ ဒီထက်ပိုပြီးတော့လည်း ဇာတ်က ဆက်နာစရာ မရှိတော့ဘူးလေ။ ဒီလောက် နာနေတဲ့ ဇာတ်လမ်းတစ်ခုမှာ ဘာတွေများ အတွေးအမြင်ပေးချင်လို့ပါလဲလို့ တွေးမိတာကြောင့် ဒီဇာတ်ကားကို လေ့လာရင်း ဆက်ကြည့်ဖြစ်ခဲ့တယ်။ ကျော်ဟိန်းနဲ့ ချိုပြုံးတို့ဟာ ပြေးရလွှားရတဲ့ ဘ၀လမ်းမှာ တွေ့ဆုံကြုံကြိုက်ခဲ့ကြတယ်။ တစ်ဦးဘ၀ကို တစ်ဦးက အပြန်အလှန် စာနာနားလည်မှုတွေ ရှိခဲ့ကြတယ်။ ဘ၀ရဲ့ အနိမ့်ကျဆုံးလို့ ပြောလို့ရတဲ့ ဘ၀တွေမှာ ဖြတ်သန်းခဲ့ရတဲ့၊ ဖြတ်သန်းနေရဆဲ၊ ဆက်ပြီး ဖြတ်သန်းသွားရတော့မယ့် သူတို့ရဲ့ ရင်ထဲမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်တည်ဖူးခဲ့တဲ့ ချစ်မေတ္တာပန်းကလေးတွေ ပွင့်လန်းလာခဲ့ကြပါတယ်။ ဒါကလည်း ဆန်းတော့ မဆန်းပါဘူး။ လူရယ်လို့ ဖြစ်လာပြီဆိုမှတော့ ဘယ်လောက်ပဲ ဘ၀ရပ်တည်မှု နိမ့်ကျနေပါစေ ၊ချစ်တတ်တဲ့ နှလုံးသားကလေးတွေတော့ ကိုယ်စီကိုယ်ငှ ပါလာကြတာကြောင့်ပါပဲ။

Wednesday, October 8, 2014

မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ့်ချသူ (သို့မဟုတ်) အရှင်သာရိပုတ္တရာ

သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာတွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တရားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ် ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှပါတယ်။

အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ၀င်္ကန္တပုဏ္ဏား ကြီးနဲ့ ရူပသာရီပုဏ္ဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။

ဆူး နှင့် ဖက် (ဂျူး)

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။

ဘုရားရေ.. အဲဒါဘာတွေလဲ

နှာခေါင်းပိုက်ထဲက ရလာသည့် အရည်စေးပျစ်ပျစ်များသည် ညိုညစ်ညစ် အရောင်ရှိကာ ဆိုးဆိုးဝါးဝါး နံစော် လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့် အနံ့နှင့် မစင်နံ့စော်လှသည်။ ထိုအနံ့သည် ပုပ်ဟောင်သည့်အနံ့နှင့် မစင်နံ့ရောထား သည့် အနံ့ဖြစ်သည်။ ဘာကြောင့်လဲ၊ လူနာ၏ အစာအိမ်မှာ သည်မစင်နံ့ရှိသည့် အညစ်အကြေး ရည်တွေဟာ ဘာကြောင့်ရှိနေရတာလဲ။ နှာခေါင်းပိုက်ဟူသည် အစာအိမ်ထဲမှတစ်ပါး အခြား မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းဆီမှ ရောက်နိုင်ခြေမရှိတာ အထင်အရှားပဲ။ သို့ပါလျက် ရလာသည့် အညစ်အကြေးက အစာအိမ်ထဲက အညစ်အကြေးနံ့ဖြစ်နေသည်။

ထူးကဲဟင်းလျားတို့၏ နောက်ကွယ်မှ လျှို့ ဝှက်ချက်များ

ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းများအသုံးပြုကြပေသည်

၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။

*** မင်္ဂလာဆောင်ကြရာဝယ်... ***

ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလားမြောက်သောအခါတွင် အိမ်ထောင်ပြုကြသည် မှာ လောကဓမ္မတာတစ်ခုပါ။

လက်ထပ်ခြင်းသည် လူမှုရေး (သို့မဟုတ်)တရားဥပဒေအရ လူပုဂ္ဂိုလ်(၂) ဦး ပေါင်းစပ်ခြင်းဖြစ်ပြီး၊ ထိုေ ပါင်းစပ်မှုကို ထိမ်းမြားခြင်းဟုခေါ်ဆိုကာ မင်္ဂ လာဧည့်ခံပွဲ ကျင်းပ၍ လူအများ၏ အသိအမှတ်ပြုခံယြူ ခင်ြး ဖစ်ပါ သည်။ မင်္ဂ လာဦးညမှစ၍ လူမှုရေးနယ်ပယ်တွင် အိမ်ထောင်သည်အဖြစ် အဆင့်တိုးမြှင့်ခံ ရပြီး၊ ဘ၀သစ်တစ်ခုကို နှစ်ယောက်အတူ စတင်လျှောက်လှမ်းခြင်းဖြစ်ပါ သည်။

နှစ်ကျိပ်ရှစ်ဆူသောဘုရားရှင်များ

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

Tuesday, October 7, 2014

သင် ဘယ်လိုလူ လုပ်မှာလဲ

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

Monday, October 6, 2014

သူတို့၏ တွေ့ရှိချက်များအကြောင်း တစေ့တစောင်း

အာခီမီးဒီး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ ကျော်က သိပ္ပံပညာရှင် အာခီမီးဒီးဟာ တစ်နေ့တော့ ရေချိုး ဇလုံထဲမှာ သူ့တစ်ကိုယ်လုံးဝင်ပြီး ရေချိုးတဲ့အခါ ရေချိုးဇလုံထဲက ရေတွေ လျှံကျသွားတာကို တွေ့လိုက်
ရပါတယ်။ အဲဒီလျှံကျသွားတဲ့ ရေတွေကနေ သူသိချင်နေတဲ့ အဖြေတစ်ခုကို ဖော်ထုတ် ရရှိသွားပါတယ်။ အဲဒီအဖြေကတော့ ဆီးရပ်ကျူးဘုရင်က သူ့ရဲ့သရဖူရွှေစစ်၊ မစစ် သိချင်တဲ့အတွက် အာခီမီးဒီးကို မေးထားတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။ ရေထဲကို နှစ်လိုက်လို့ လျှံကျသွားတဲ့ ရေရဲ့အလေးချိန်နဲ့ ရေထဲနှစ်လိုက်တဲ့ အရာဝတ္ထု အလေးချိန်ဟာ တူညီ နေကြောင်းကို အာခီမီးဒီးက သိလေတော့ ဘုရင့်သရဖူကို ရေထဲနှစ်လို့ လျှံထွက်လာတဲ့ရေရဲ့ အလေးချိန်နဲ့ အဖြေထုတ် ခဲ့တာပါပဲ။ ရွှေကပိုလေးလို့ ရေတွေကိုပို၍ ဖယ်ထုတ် နိုင်တာဖြစ်ပြီး ကြေးကပေါ့တော့ ရေအနည်း ငယ်သာ ဖယ်ထုတ်နိုင်တယ်။ ဒီတော့ သရဖူရွှေစစ်၊ မစစ် သိနိုင်တာပေါ့။ အဲဒီအချိန်ကစပြီး အာခီမီးဒီး နိယာမ ပေါ်ပေါက်လာခဲ့တယ်။

“မင်းကျင့်တရား ဆယ်ပါး”

၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။ (ဒါန)

၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။ (သီလ)

၃။ တိုင်းသူပြည်သားများ၏ ဘ၀နေထိုင်ချောင်လည်ရေးအတွက်
မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။ (ပရိစာဂ)

၎။ ဖြောင့်မတ် မှန်ကန်ပြီး တည်ကြည်စွာဆုံးဖြတ်တတ်သည့် အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။ (အဇ္ဖ၀ံ)

၅။စိတ်ထားသိမ်မွေ့နူးညံ့ပြီး ကြင်နာသနားတတ်ခြင်း။(မဒ္ဒ၀ံ)

“စွန်းလွန်းဆရာတော်ကြီး ဖြေကြားသော ၀န်ကြီးချုပ် ဦးနု မေးခွန်း များ”

တချိန်က သာသနာမှာ ရဟန္တာတစ်ဆူဟုကျော်ကြားတော်မူသော ထွန်ထောင် ဆရာတော် ( လူ့ဘ၀တုံးက ထွန်ကိုထောင် နွားတွေကို ဘေးမဲ့ပေးပြီး ရဟန်းဘောင် ၀င်ရောက်ခဲ့လို့ ) စွန်းလွန်းဂူ ဆရာတော် ဦးက၀ိ ကို နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က ဖူးမျှော်ရင်း မေး+ဖြေ ခဲ့တဲ့စကားဆိုတာကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ထုတ်ဝေခဲ့သည့်ဤ စာအုပ်လေးကို ပြန်လည်ဖတ်ရှုရသည့်အခါ ပညာရှင်နှစ်ဦး၏အဘိဓမ္မာဆိုင်ရာအမေးအဖြေတွေကိုဓမ္မမိတ်ဆွေများ လေ့လာ စေချင်ပါသဖြင့်တင်ပြအပ်ပါသည်။

မေး။ ။ လူတို့ပြည်တွင် သစ်လေးပင်၊ သေစေလို ရေအေးလောင်း ၊ ရှင်စေလို ရေနွေးလောင်း၊ ဟူသောအမေးကို ဖြေကြားတော်မူပါဘုရား၊

အထင်မသေးနဲ့

တစ်ခါတော့ အ၀တ်လျှော်သူမိသားစုတစ်စုဆီကို အဖိုးကြီးတစ်ယောက်ရောက်လာခဲ့တယ်။အဲဒီအဖိုးကြီးဟာ အဲဒီအ၀တ်လျှော်တဲ့ မိသားစုဆီက ၀ဲပျောက်ဆေးကို တွေ့သွားတယ်။သူအရမ်းစိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ သူဟာ အဲဒီ ဆေးနည်းကို ရွှေပြား ၁၀၀ ပေးပြီး ၀ယ်လိုက်တယ်။

အ၀တ်လျှော်တဲ့ မိသားစုက အရမ်းကို ပျော်သွားတယ်။သူတို့ တစ်သက်လုံး အ၀တ်လျှော်လာတာ တစ်ခါမှ ရွှေ၁၀၀ မရဖူးဘူး။ အခုတော့ ဒီဆေးနည်းလေးက ရွှေရတယ်ဆိုတော့ ငါတို့ဌေးတာပဲ။

ကောင်းဖို့အတွက်ဖြစ်လာတာပါ

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအမတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။

ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ" လို့မေးလိုက်တိုင်း
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သတဲ့။

လှေးနှင့် တူကြသူများ

လူအများက "ငါတို့ မတီထွင်၊ မဆန်းသစ်နိုင်ဘူး" လို့ အမြဲဆိုညည်းကြတယ်။ တကယ်တော့ သူတို့မှာ တီထွင်ဆန်းသစ်နိုင်တဲ့အရည်အချင်းတွေ မရှိလို့ မဟုတ်ဘူး။ အဲဒီ တီထွင်ဆန်းသစ်တာကို မပြောခင် ဉာဏ်စမ်းလေးတစ်ခု အရင် စမ်းသပ်ကြည့်ရအောင်...

ဉာဏ်စမ်းက "မီးခြစ်ဆံ ၆ချောင်းနဲ့ တြိဂံ ၄ခုရအောင် စီပါ။ မီးခြစ်ဆံကို မချိုးရ"

Thursday, October 2, 2014

ဂျက်ကီချန်းရဲ့ပြောတဲ့ဘ၀အကြောင်း

ကျွန်တော်က နာမည်မရှိတဲ့ကလေးသရုပ်ဆောင်ဘဝက စခဲ့ရတာပါ။ ကျွန်တော် အသက်(၆)နှစ်အရွယ်မှာ ကျွန်တော့်ဖေဖေက ပြဇာတ်ရုံမှာ ကျွန်တော်ကို"ရောင်း"ခဲ့သလားတောင် ထင်ရပါတယ်။ အဲဒီကစပြီး ပြဇာတ်တွေကို ကျွန်တော်စသင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အရမ်းပင်ပန်းခဲ့တယ်။ စားဖို့ရှိရင်၊ အိပ်ရရင်ပဲ ကျွန်တော်အရမ်းကျေနပ်ခဲ့တယ်။

ကျွန်တော်ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ "Butterfly Lovers"ကို ရိုက်တုန်းက အဲဒီဇာတ်မှာ ကျွန်တော်လူသေကောင်အဖြစ် သရုပ်ဆောင်ရတယ်။ ပထမဆုံးအကြိမ် သရုပ်ဆောင်တော့ ဒါရိုက်တာက ကျွန်တော့်ကိုဒေါသတကြီး ဆဲတယ်။ "မလှုပ်နဲ့.. မင်း သေနေပြီ။ မင်းဗိုက်က ဘာလို့လှုပ်နေသေးလဲ" တဲ့။ အဲဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်တာတောင် ကျွန်တော်ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ဘူး။ အဲဒီနောက် ကျွန်တော်အသေးစိတ်ဂရုစိုက်ခဲ့တယ်။ ဘယ်အချိန်မှာ အသက်ရှုရမယ်။ ဘယ်အချိန်မှာ အသက်အောင့်မယ်။ ဘယ်အချိန်မှာ ကင်မရာက လူသေကောင်ဖက်လှည့်မယ်။ ဘယ်လိုသေရမယ်။ အဲဒီလိုနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ်... နောက်ဆုံးမှာ ကျွန်တော်အကောင်းဆုံး "သေ"နိုင်ခဲ့ပါတယ်။

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

(က) အပါယ်လေးပါး

အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။

“နွေးထွေးကြင်နာ”တဲ့ ကော်ဖီတစ်ခွက်

Green Mountain Coffeeကို Starbucks လောက် လူသိမများကြဘူး။ အရင်တုန်းကတော့ သူဟာ ကုမ္ပဏီသေးလေးတစ်ခုပေါ့။ အခုချိန်မှာတော့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်နေတာဟာ အဲဒီကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ Robert Stillerက ကော်ဖီတစ်ခွက်တိုင်းကို ၁ဒေါ်လာတိုးယူခဲ့လို့ဖြစ်တယ်။

ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်… တစ်ခါက Stillerဟာ
တောင်အမေရိကန်တိုက်မှာရှိတဲ့ ကော်ဖီစိုက်ခင်းတွေဆီ သွားရောက်ကြည့်ရှုခဲ့တယ်။ အဲဒီက အလုပ်သမားတွေဟာ ဆင်းရဲပင်ပန်းလွန်းပြီး လုပ်အားခ နည်းနည်းလေးပဲရတာကို သတိပြုမိခဲ့တယ်။ လူတိုင်းရဲ့ တစ်ရက်လုပ်အားခက ဒေါ်လာ ၅တောင်မရှိပါဘူး။

Wednesday, October 1, 2014

သင့် ကျန်းမာရေးအတွက် တရားထိုင်ကြည့်ပါ

တရားထိုင်တယ်ဆိုတာ စိတ်အတွက်သာမက ရုပ်အတွက်ပါ အထောက်အကူပြုပြန်ပါသေးတယ်
လွယ်လွယ်ပြောရရင်တော့ ရှုပ်ထွေးပျံ့လွင့်နေတဲ့ စိတ်အာရုံကို ငြိမ်သက်အေးချမ်း သွားအောင် အာရုံတစ်ခုတည်းမှာ စုစည်းလိုက်တာပါ၊ တရားထိုင်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရှေ့တိုင်း တွေးခေါ်ပညာရှင်တွေဟာ နှစ်ထောင်ပေါင်းများစွာ ကတည်းက သိရှိပြီးပါပြီ၊ အခုအချိန်မှာ အနောက်တိုင်း အတွေးအခေါ်ပညာရှင်တွေကလည်း တရားထိုင်ခြင်းအကြောင်း လက်တွေ့သုတေသနပြုလေ့လာ ယုံကြည်လာပြီဖြစ်ပါတယ်။

ဒု-သ-န-သော အကြောင်း

ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်းကတော့
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ရုပ်လွှာအပြင်အဆင်နဲ့ လုပ်နိုင်စွမ်း

၁၉၉၅ခုနှစ်ဆောင်းရာသီ… တကယ်လို့ ကျွန်မအလုပ်ရှာမရခဲ့ရင် စိတ်ပျက်လက်ပျက်နဲ့ ပြည်တော်ပြန်ဖို့က ကျွန်မအတွက် တစ်ခုတည်းသော ရွေးချယ်ရာလမ်းဖြစ်ခဲ့မှာပါ။

ကျွန်မ နောက်ထပ်တစ်ခါ ပယ်ချခံလိုက်ရပြန်ပါပြီ။ အင်တာဗျူးသူရဲ့ မျက်နှာအမူအရာကိုကြည့်ပြီး ကျွန်မအရမ်းပေါက်ကွဲချင်ခဲ့မိတယ်။ ကျွန်မရဲ့အပြင်အဆင်သွင်ပြင်က ကျွန်မရဲ့ပညာအရည်အချင်းနဲ့ မအပ်စပ်ဘူးဆိုပြီး ကျွန်မကို သူဆက်မမေးမြန်းခဲ့တော့ပါဘူး။ ကျွန်မရဲ့အပြင်အဆင်ကို ကျွန်မခေါင်းငုံ့ပြီးကြည့်လိုက်ပါတယ်။ ကျွန်မရဲ့ဝတ်စားဆင်ယင်မှုကြောင့်ဖြစ်တယ်ဆိုတာ သိသာသွားပါတယ်။ ကျွန်မကို သူအထင်သေးသွားပါတယ်။ ကျွန်မရဲ့လုပ်နိုင်စွမ်းနဲ့ သူ့ရဲ့အထင်သေးမှုကို ချေဖျက်နိုင်တယ်လို့ ကျွန်မအာမခံရဲပါတယ်။ ဒါပေမယ့် ကျွန်မရဲ့လုပ်နိုင်စွမ်းကိုပြသဖို့ ကျွန်မအခွင့်အရေးမရခဲ့ပါဘူး။

လိုက်နာမှတ်သားဆုံးမစကားများ

၁။ အနန္တငါးပါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာမိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။
၃။ မိဦးဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ကိုယ့်ထက်ကြီးသူ၊ ပြောဆိုမှု၊ နင်ငါဟူ၍ မပြောနဲ့။
၅။သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလဲ ယဉ်စေကွဲ့။
၇။ဘရမ်းပတာ၊ သူ့ထက်ငါ၊ လူယက်ခါကွဲ့ မစားနဲ့။ (မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့)
၈။ထမင်းစားရာ၊ အစားစာ၊ များစွာစကား မပြောနဲ့။
၉။ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့ ဖိတ်စေနဲ့။
၁၀။စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။


"ငါတို့ လမ်းခွဲကြရအောင်"

ကောင်မလေးက စိတ်ကိုတင်းပြီးပြောတယ်။

"ဘာဖြစ်လို့လဲ" ကောင်လေးက နားမလည်စွာနဲ့မေးတယ်။

"ပင်ပန်းပြီ.. မောပြီဆိုမှတော့ အကြောင်းပြချက် မလိုတော့ဘူးထင်တယ်"

ကောင်မလေးစကားကို ကောင်လေးက ဘာမှပြန်မပြောဘဲနေတယ်။

"မသွားပါနဲ့.. ခွဲမသွားနဲ့လို့တောင် ရင်ဖွင့်ပြီး မတားမြစ်တတ်တဲ့ချစ်သူက ငါ့အတွက် ဘာအပျော်တွေများ သယ်ဆောင်ပေးနိုင်ဦးမလဲ" ကောင်မလေးရဲ့စိတ်
အေးစက်လာသလို ခံစားမိတယ်။ တအောင့်ကြာမှ ကောင်လေးစကားစတယ်။

Tuesday, September 30, 2014

ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ

မြန်မာလူမျိုးများဆင်ယင်ကျင်းပလေ့ရှိတဲ့
ဆယ့်နှစ်လရာသီပွဲတော်များနှင့် ပန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်

တန်ခူးလ ။ ။ သင်္ကြန်ပွဲတော်။
ရာသီပန်း ။ ။ ကံကော်ပန်း။ ပိတောက်ပန်း။

ကဆုန်လ ။ ။ ညောင်ရေသွန်းပွဲတော်။
ရာသီပန်း ။ ။ စကားဝါပန်း။

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် (အရှင်ဆန္ဒာဓိက)

"အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုကြပါတော့။ လွယ်ပါတယ်၊ ဘာမှမခက် ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန် လှန်လိုက် ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်" ဖြစ်သွားတောပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။
"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ ကုသိုလ်ကံနှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။ "ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။

လိမ်ညာတတ်တဲ့ မိဘ

ခင်ဗျားရဲ့ ကလေးဟာ လိမ်ညာနေပြီဆိုရင် ခင်ဗျားကို ကြောက်နေတဲ့အတွက်ကြောင့် ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျားကို အတုခိုးနေတာ ဖြစ်မယ်။ လိမ်ညာတတ်တဲ့ မိဘတွေမှာ လိမ်ညာတတ်တဲ့ ကလေးတွေပဲ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေဆီက ဖြောင့်မတ်မှန်ကန်မှုကို ရချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ကလေးကို မလိမ်ညာမိဖို့ လိုအပ်ပါတယ်။သည်စကားဟာ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ချည်း သက်ဆိုင်တဲ့ စကားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့အားလုံး ရံဖန်ရံခါဆိုသလို လိမ်ညာပြောနေကြတာကိုး။
ကျွန်တော်တို့ဟာ လူတဖက်သား စိတ်ထိခိုက်သွားမှာ စိုးတဲ့အတွက် တခါတရံ လိမ်ပြောရတတ်ပါတယ်။
လှည့်ပတ်ပြောရတတ်ပါတယ်။

English Idioms

1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.

အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.

ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။

3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။

Call a spade a spade if you want to be honest.

ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။

Monday, September 29, 2014

ဘယ်လိုပဲဖြစ်စေ (မာသာထရီဆာ)


လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)


လှချင်တဲ့ သမီးကလေးများသို့
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်ကြည့်မိတယ်။
ကြည်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီလို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရာပေါ်မှာလည်းပါရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျိုးစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ ကပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြနေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ၊ အထက်ကလည်း
ရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာလောက်ကာပြီးတော့လှုပ်ရှားကပြရတာကလည်း ပြောဝံ့စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာတဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ဆွေက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီမရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝတ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုး
တစ်ယောက်တလေတောင်ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့ လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေ ဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်များကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်းအမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အများသားကိုး။
မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာကလည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့ ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊နမ်းဖန်များတော့ ပြယ်သတဲ့
အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။

စီးပွားရေး လုပ်ငန်းရှင် စာရေးဆရာစားဖိုမှူးကြီး Mr. Alain Ducasse အကြောင်း

*** ပြင်သစ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ အဆင့်မြင့်စားသောက်ဆိုင်ကြီးများစွာပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းရှင် စာရေးဆရာစားဖိုမှူးကြီး Mr. Alain Ducasse အကြောင်း။
စားဖိုမှူးဆိုသည်မှာ ***

ရှေးရာနှစ်ပေါင်းများစွာကတည်းက၊ မီးဖိုချောင်ထဲမှာ ဟင်းလျာ နှင့် ဟင်းချက်ပြုတ်သူဆိုတာ အမြဲ ဒွန်တွဲလျှက် ရှိနေကြတာပါ။ ချက်ပြုတ်သူ၏ ဟင်းချက်လက်ရာ နှင့် သူ့ ရဲ့ စားသုံးသူပရိတ်သတ်၏ တုံ့ ပြန်မှုဟာတိုက်ရိုက် အချိုး ကျသည့်အလျှောက် ဒီလက်ရာကတော့မဆိုးပါဘူး…. ဒီလက္ရာကေ တာ့ေ ကာင်းတယ်… ဒီလက်ရာကတော့အံမခန်းဘဲ… စသည် ဖြင့် ပရိတ်သတ်လက်ခံမှုပေါ်မူ တည် ကာ၊ “စားဖိုမှူး” ရယ်လို့ အသိအမှတ်ပြုခံခဲ့ရတာပါ။ ဒါကြောင့်လဲ သူ့ ခေတ်သူ့ ခါအလိုက်၊ တိုင်းပြ ည် အသီးသီးမှာ အကောင်းဆုံး/အတော်ဆုံးဆိုသောစားဖိုမှူးတွေ အသီးသီးပေါ်ထွက်လျှက်ရှိကြပြီး၊ သူ တို့ ရဲ့ အချက် အပြုတ်စွမ်းရည်နှင့် ဟင်းချက်လက်ရာများကို အင်တာနက်/ရုပ်မြင်သံကြား/စာအုပ် ထု တ်ေ ၀ခြင်းတို့ ဖြင့် မျှဝေကြခြင်းကြောင့် ကမ္ဘာ့အနောက်ခြမ်းမှ ဟင်းလျာမီနူးများကို၊ ကမ္ဘာ့အရှေ့ ခြမ်း မှာလည်း အလွယ်တကူ ချက်ပြုတ်စားသောက်နေကြခြင်း ဖြစ်ပါ တယ်။ ယနေ့ ကမ္ဘာနှင့်အ၀ှမ်းကျွမ်း ကျင်လိမ္မာသော ကျား/မစာဖိုမှူးပေါင်းမြောက်များစွာပေါ်ထွက်လျှက်ရှိကြပြီး၊ ကမ္ဘာ့အကောင်း ဆုံးစာဖို မှူးစာရင်းဝင် ပြင်သစ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ မစ္စတာအယ်လိန်းဒက္ကစီ (Mr.Alain Ducasse) နှ င့် မိတ် ဆက်ပေး လိုပါတယ်။ ၁၆နှစ်သားဘ၀ကတည်းက ချက်ပြုတ်လာခဲ့တဲ့ ၀ါရင့်စားဖိုမှူးကြီးအေ ကြာင်း၊ ဘ၀တစေ့တစောင်းကို လေ့လာကြည့် လိုက်ကြရအောင်…။


တရားမျှတစွာရန်ဖြစ်နည်း

လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာတာနဲ့ ပေါင်းသင်းဆက်ဆံစရာ လူအသိုင်းအ၀ိုင်းဆိုတာရှိလာပါပြီ..ဥပမာ- ကလေးဘ၀ မိဘ မောင်နှမ ဆွေမျိုးညာတိ
ဆယ်ကျော်သက် သူငယ်ချင်း
အရွယ်ရောက်ပြီးမှ သေဆုံးချိန်အထိ လုပ်ဖော်ကိုင်ဖက် ၊အိမ်ထောင်ဘက် နှစ်ဖက်ဆွေမျိုးများ

ဒိလို လူ့အသိုင်းအ၀ိုင်းဆိုတာ ရှိလာတာနဲ့ အမျှ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေခြင်းမပြေခြင်းဆိုတာ ရှိလာပါပြီ
အဆင်မပြေတဲ့ ဆက်ဆံရေးဖြစ်လာတဲ့ အခါ ခိုက်ရန်ဒေါသနဲ့ ပြောဆိုတာ ငြင်းခုံတာ ..တနည်းရန်ဖြစ်တယ်ဆိုတာရှိလာပါပြိ
ရန်ဖြစ်တယ်ဆိုထဲက ရှိရင်းစွဲပြသနာက တစတစကြိးထွားလာပြီး နောက်ပိုင်းတော့ ဆက်ဆံရေးပြိုကွဲခြင်းဆိုတာဖြစ်လာပါတော့တယ်
ရန်ဖြစ်ခြင်းအမျိုးမျိုး ကို မြင်ဖူးကြမှာပါ..တချို့ ရန်ဖြစ်ခြင်းတွေက တခါထဲ ရှိရင်းစွဲဆက်ဆံရေးတွေကို ရပ်ဆိုင်းသွားစေပါတယ်..ဒီလိုရန်ပွဲမျိုးကို လူတိုင်းကြုံဖူးကြပါတယ်
တချို့ရန်ဖြစ်ခြင်းတွေက ပြသနာကို အေးသွားစေတတ်တာကိုလဲတွေ့ဖူးမှာပါ.ဥပမာ- လွတ်တော်အစည်းအဝေးတွေမှာ အမတ်တွေငြင်းခုံကြတယ် ရန်ဖြစ်ကြတယ်.အစည်းအဝေးပြိးတဲ့ အခါ သင့်မြတ်စွာနေနိုင်ကြတယ်
ကဲ ..ရန်ပွဲခြင်း အတူတူ ရလဒ်တွေ က ဘာကြောင့်ကွာသ လဲ ..ဆိုရင် တဖက်သတ် အနိုင်ပိုင်းရန်ဖြစ်ခြင်းနဲ့တရားမျှတစွာ ရန်ဖြစ်တတ်ခြင်း ဆိုတာ ကွာသွားလို့ပါ..

လိုက်နာမှတ်သား ကျင့်ဝတ်များ

လင်ကျင့်ဝတ်(၅)ပါး

၁။ နှိမ့်ချ၍ မဆက်ဆံချင်း ၊ မထီမဲ့မြင် မပြုချင်း ။

၂။ စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း ။

၃။ မယားအငယ် အနှောင်းမထားခြင်း ။

၎။ အ၀တ်တန်ဆာ ဆင်ပေးချင်း ။

၅။ မြတ်နိုးကြင်နာမှုရှိခြင်း ။

{ဆောင်ပုဒ်}

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ၀တ်စား ဆင်ယင် ၊ မြတ်နိုးကြင် ၊

ငါးအင် လင်ကျင့်ရာ။

......................................................................................

ရှင်မဟာသီလဝံသ ဆုံးမစာ

၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

ဖိုးသူတော်ဦးနု စကားပုံ

မြန်ဇမ္ဗူပေါ်၊ ဉာဏ်ယူမျှော်သည်၊ သူတော်ကျွန်ုပ်၊ နား၏တန်ဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊ အာလုပ်ချိုမြ၊ စကားပုံသရုပ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ပြခဲ့မည်။

၁။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

၂။ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်အမှုန် ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွါးတတ်သည်။ ၀င်တိုင်းသိပ်၍ မျိုက အန္တရာယ်များတတ်သည်။

မှတ်သားဖွယ်ရာ စကားစုလေးများ

၁။လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။

ထို့ကြောင့်ပျံသန်းခွင့်.........ပေးလိုက်ပါ။

၂။သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

၃။အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့
ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

၎။အောင်မြင်ချင်တဲ့သူဖြစ်ချင်ရင် အရှုံးတွေကို ပျော်ပျော်ရွှင်ရွှင်လက်ခံရဲရတယ်။

၅။ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။

Sunday, September 28, 2014

သင့်ဘ၀အောင်မြင်ဖို့ အချက် 4 ချက်

စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ကြီးပွားတိုးတက်ရေး ဟောပြောသူ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဘရိုင်ယန်ထရေစီက သင့်ဘ၀အောင်မြင်ဖို့ အချက် 4 ချက် ပေးထားတယ်။ အဲဒီ အချက် လေးတွေဟာ အလွန်ရိုးစင်းပြီး ချက်ချင်းလိုက်နာ ကျင့်သုံးချင်စရာ ကောင်းလောက်အောင်ကို လွယ်ကူပါတယ်။
ဒါလေးတွေကတော့..
၁။ တန်ဖိုးရှိလှသောအချိန်များ
သင်မနက်အိပ်ယာထခါစ တစ်နာရီခန့်အချိန်ယူပြီး စာအုပ်စာပေ ဖတ်ရှု့လေ့လာပါ။ သင်ရဲ့ စိတ်ဓာတ်ခွန်အား၊ ၀ိညာဉ်ခွန်အား၊ စီးပွားရေးရာအမြင်များကို တိုးတက်ပွားများ လာစေပါလိမ့်မယ်။ သင် မနက်တစ်နာရီခန့် အချိန်ယူပြီး စာဖတ်မည်ဆိုက တစ်ပါတ်ကို တစ်အုပ်ခန့်ပြီးပါလိမ့်မယ်။ တစ်နှစ်ဆိုလျှင် အုပ်ငါးဆယ် ခန့်ပြီးစီးမည်ဖြစ်ပြီး ပါရဂူဘွဲ့ရတစ်ဦး ဖတ်မှတ်ခဲ့သော စာအုပ်အရည်အတွက်နှင့် တူညီသွားပါလိမ့်မည်။

Invention Time Line

၁၂၅၀ မှန်ဘီလူး ရောဂျာဘေဂွန် (အင်္ဂလန်)

၁၄၄၇ စာပုံနှိပ်စက် ဂျိုးဟန်းဂူး တင်းဘော့ဂ် (ဂျာမနီ)

၁၅၉၀ မှန်ဘီလူးနှစ်ထပ်-မိုက်ခရိုစကုပ် ဇာက်ချားရီးယာစ်ဂျန်ဆင်း (နယ်သာလန်)

၁၆၀၈ အဝေးကြည့်မှန်ပြောင်း ဟန်းစ်လစ်ပါရှေး (နယ်သာလန်)

၁၇၁၄ ပြဒါးသုံးသာမိုမီတာ ဂေဘရီယယ်ဒီဖာရင်ဟိုက် (ဂျာမနီ)

သတ္တ၀ါတို့၏ သက်တမ်း

(၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်ဘုံသားများသည် သက်တမ်းမမြဲကြပါ။ မိမိတို့၏ကံများသာလျှင် သက်တမ်း အတိုင်းအတာ ဖြစ်ကြ၏။

(၂) ဇမ္ဗူဒီပါတောင်ကျွန်း လူတို့တွင်လည်း သက်တမ်းမမြဲကြပါ။ အသေင်္ချယျတမ်းမှသည် ၁၀-နှစ်တမ်း၊ ၁၀-နှစ်တမ်းမှသည် အသင်္ချေယျတမ်းဟူ၍ ဆုတ်ချည် တက်ချည်ရှိ၏။

`ရှေ့ခုနှစ်ရာ၊ နောက်ငါးရာ၊ မြောက်မှာတစ်ထောင်မြဲ´ဟူသော စကားအရ အရှေ့ကျွန်းသားတို့တွင် သက်တမ်း ၇၀၀-နှစ်၊ အနောက်ကျွန်းသားတို့တွင် သက်တမ်း ၅၀၀-နှစ်၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း ၁၀၀၀-နှစ်ဟူ၍ တည်မြဲကြပါသည်။

ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ

ချောင်းငယ်လေးတစ်ခုက အတားအဆီး၊ အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ ပင်လယ်ထဲစီးဝင်နိုင်ခဲ့တယ်။

မျိုးစေ့လေးတစ်စေ့က အမှောင်ထုအထပ်ထပ်ကို ဖြတ်ကျော်ပြီးမှ အလင်းရဲ့ဆေးကြောခွင့်ကိုရခဲ့တယ်။

လူတစ်ယောက်ဟာလည်း အမြဲမပြတ်ကြိုးစားအားထုတ်မှ လှပကောင်းမွန်တဲ့ဘဝသံစဉ်ကို တီးခတ်နိုင်မှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ငါးမျိုး

ယနေ့ခေတ်မှာဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ ဘုရားစကားနဲ့ ဆန့်ကျင်ဘက်တွေချည်းလုပ်နေကြတာများလာပါပြီ။ ဒီလို အခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုးကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......

(၁)။ ကုလ ဗုဒ္ဓဘာသာ

(၂)။ လာဘ ဗုဒ္ဓဘာသာ

(၃)။ ဘယ ဗုဒ္ဓဘာသာ

(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ

(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

အချစ်ဆုံးကို နားလည်ပါ

ခင်ပွန်း

တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့တူတတ်တယ်။
ရုံးဝတ်စုံကိုချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွှတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့သူ့ခန္ဓာအောက်က အသည်းနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
------

အပါယ်ကျတတ်သော အလှူ ၁၀-ပါး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

Friday, September 26, 2014

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့် စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။
သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို ကုသခဲ့ပါတယ်။
ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှု များစွာကို မရပ်မနား ခံယူခဲ့ပါတယ်။ ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

Thursday, September 25, 2014

တန်ဖိုးဆိုတာ

တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။

အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။

ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။

နွားနို့ ထဲက ဖားလေးနှစ်ကောင်…

တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။