* တစ်ချို့အမျိုးသမီးတွေက
 ရုပ်လှဖို့အတွက်
 အလှပြင်နေချိန်မှာ...
 
 တစ်ချို့အမျိုးသမီးတွေက
 စိတ်လှဖို့အတွက်
 စာဖတ်နေတယ်.....
 
 * တစ်ချို့အမျိုးသမီးတွေက
 ယောက်ျားတွေရဲ့အကြည့်ခံပြီး
 အလှပြနေချိန်မှာ...
 
 တစ်ချို့အမျိုးသမီးတွေက
 ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး
 အလုပ်လုပ်ပြနေတယ်......
 
 * တစ်ချို့အမျိုးသမီးတွေက
 မဖော်ပြသင့်တဲ့အရာကို
 မိုက်မဲစွာ လှစ်ဟပြနေချိန်မှာ...
 
 တစ်ချို့အမျိုးသမီးတွေက
 ဖော်ပြသင့်တဲ့ပညာကို
 သတ္တိရှိစွာ ဖွင့်ဟပြနေတယ်......
 
 * တစ်ချို့အမျိုးသမီးတွေက
 မိဘကို
 မီးလိုအပူပေးပေမယ့်...
 
 တစ်ချို့အမျိုးသမီးတွေက
 မိဘကို
 ထီးလိုအရိပ်မိုးပေးနေတယ်.....
 
 * တစ်ချို့အမျိုးသမီးတွေက
 လောကီစည်းစိမ်ဥစ္စာတွေသာ
 စုဆောင်းတတ်ကြပေမယ့်...
 
 တစ်ချို့အမျိုးသမီးတွေက
 လောကီ၊လောကုတ္တရာနှစ်ဖြာသော
 စည်းစိမ်ဥစ္စာတို့ကို
 ပါးနပ်လိမ္မာစွာ စုဆောင်းတတ်ကြတယ်.....
 
 * ဤသို့အားဖြင့်.....
 တစ်ချို့သောမိန်းမတို့သည်
 အသက်ကြီးလာသည်နှင့်အမျှ
 စိတ်ဆင်းရဲမှုသည်လည်း
 ကြီးမားလာခဲ့ကြပြီး......
 
 တစ်ချို့သောမိန်းမများကား
 အသက်ကြီးလာသည်နှင့်အမျှ
 စိတ်ချမ်းသာမှုသည်
 ကြီးမားလာခဲ့ကြတော့သည်.....
 
 Credit -ဦးတိုးအောင်
No comments:
Post a Comment