Tuesday, September 30, 2014

ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ

မြန်မာလူမျိုးများဆင်ယင်ကျင်းပလေ့ရှိတဲ့
ဆယ့်နှစ်လရာသီပွဲတော်များနှင့် ပန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်

တန်ခူးလ ။ ။ သင်္ကြန်ပွဲတော်။
ရာသီပန်း ။ ။ ကံကော်ပန်း။ ပိတောက်ပန်း။

ကဆုန်လ ။ ။ ညောင်ရေသွန်းပွဲတော်။
ရာသီပန်း ။ ။ စကားဝါပန်း။

အကောင်းကံချစ်မှ အချစ်ကံကောင်းမယ် (အရှင်ဆန္ဒာဓိက)

"အချစ်ကံကောင်းနည်း" ကိုသိချင်တယ်ဆိုကြပါတော့။ လွယ်ပါတယ်၊ ဘာမှမခက် ပါဘူး။ အချစ်ကံကောင်းချင်ရင် "အချစ်ကံကောင်း" ဆိုတဲ့စကားလုံးကို ရှေ့ နောက် ပြောင်းပြန် လှန်လိုက် ရုံပါပဲ။ "အချစ်ကံကောင်း" ကို ပြောင်းပြန်လှန်လိုက်တော့ "အကောင်းကံချစ်" ဖြစ်သွားတောပေါ့။ အကောင်းကံချစ်ရင် အချစ်ကံကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။
"အကောင်းကံ" ဆိုတာ ကုသိုလ်ကံကိုပြောတာပါ။ "ကုသိုလ်ကံ" ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ အလုပ်တွေ လုပ်တဲ့ကုသိုလ်ကံရယ်၊ မကောင်းတဲ့အလုပ်တွေရှောင်တဲ့ ကုသိုလ်ကံရယ်လို့ နှစ်မျိုးရှိပြန် ပါတယ်။ ကုသိုလ်အလုပ်လုပ်တဲ့ ကုသိုလ်ကံနဲ့ အကုသိုလ်အလုပ်ရှောင်တဲ့ ကုသိုလ်ကံ ဆိုပါတော့။
ကောင်းတဲ့ကုသိုလ်အလုပ်တွေကတော့ တစ်ဖက်က အများကြီးလုပ်နေပါရဲ့ ၊ ဒါပေမယ့် တစ်ဖက်ကလည်း မကောင်းတဲ့ အကုသိုလ်အလုပ်တွေ နည်းနည်းပါးပါး လုပ်မိနေတယ်ဆိုရင် ကိုယ့်ရဲ့ ကုသိုလ်ကံဟာ ပြည့်စုံတဲ့ ကုသိုလ်ကံ မဟုတ်တော့ပါဘူး။ ကုသိုလ်ကံ မပြည့်စုံရင် အကျိုးပေးလည်း မပြည့်စုံတော့ပါဘူး။ ဒါကြောင့် အကျိုးပေးဟာကွက်မရှိ ပြည့်စုံချင်ရင် ကောင်းတာလုပ်တဲ့ ကုသိုလ်ကံရော၊ မကောင်းတာရှောင်တဲ့ ကုသိုလ်ကံရော၊ ကုသိုလ်ကံနှစ်မျိုးလုံး ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
"အကောင်းကံ" ဆိုတဲ့ စကားလုံးနဲ့ပဲ ကိုင်ပြီးပြောတာ ပိုကောင်းပါတယ်။ "ကုသိုလ်ပြုအကောင်းကံ" ရယ်၊ "အကုသိုလ်ရှောင်အကောင်းကံ" ရယ်၊ အဲဒီအကောင်းကံ နှစ်မျိုးကို ချစ်ရင်၊ အဲဒီအကောင်းကံ နှစ်မျိုးနဲ့ ပြည့်စုံအောင် ကြိုးစားရင်၊ အဲဒီအကောင်းကံနှစ်မျိုး ပြည့်စုံနေရင် အချစ်ကံ သေချာပေါက် ကောင်းပါတယ်။

လိမ်ညာတတ်တဲ့ မိဘ

ခင်ဗျားရဲ့ ကလေးဟာ လိမ်ညာနေပြီဆိုရင် ခင်ဗျားကို ကြောက်နေတဲ့အတွက်ကြောင့် ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျားကို အတုခိုးနေတာ ဖြစ်မယ်။ လိမ်ညာတတ်တဲ့ မိဘတွေမှာ လိမ်ညာတတ်တဲ့ ကလေးတွေပဲ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေဆီက ဖြောင့်မတ်မှန်ကန်မှုကို ရချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ကလေးကို မလိမ်ညာမိဖို့ လိုအပ်ပါတယ်။သည်စကားဟာ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ချည်း သက်ဆိုင်တဲ့ စကားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့အားလုံး ရံဖန်ရံခါဆိုသလို လိမ်ညာပြောနေကြတာကိုး။
ကျွန်တော်တို့ဟာ လူတဖက်သား စိတ်ထိခိုက်သွားမှာ စိုးတဲ့အတွက် တခါတရံ လိမ်ပြောရတတ်ပါတယ်။
လှည့်ပတ်ပြောရတတ်ပါတယ်။

English Idioms

1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.

အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.

ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။

3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။

Call a spade a spade if you want to be honest.

ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။

Monday, September 29, 2014

ဘယ်လိုပဲဖြစ်စေ (မာသာထရီဆာ)


လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)


လှချင်တဲ့ သမီးကလေးများသို့
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်ကြည့်မိတယ်။
ကြည်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီလို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရာပေါ်မှာလည်းပါရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျိုးစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ ကပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြနေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ၊ အထက်ကလည်း
ရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာလောက်ကာပြီးတော့လှုပ်ရှားကပြရတာကလည်း ပြောဝံ့စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာတဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ဆွေက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီမရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝတ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုး
တစ်ယောက်တလေတောင်ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့ လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေ ဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်များကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်းအမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အများသားကိုး။
မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာကလည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့ ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊နမ်းဖန်များတော့ ပြယ်သတဲ့
အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။

စီးပွားရေး လုပ်ငန်းရှင် စာရေးဆရာစားဖိုမှူးကြီး Mr. Alain Ducasse အကြောင်း

*** ပြင်သစ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ အဆင့်မြင့်စားသောက်ဆိုင်ကြီးများစွာပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းရှင် စာရေးဆရာစားဖိုမှူးကြီး Mr. Alain Ducasse အကြောင်း။
စားဖိုမှူးဆိုသည်မှာ ***

ရှေးရာနှစ်ပေါင်းများစွာကတည်းက၊ မီးဖိုချောင်ထဲမှာ ဟင်းလျာ နှင့် ဟင်းချက်ပြုတ်သူဆိုတာ အမြဲ ဒွန်တွဲလျှက် ရှိနေကြတာပါ။ ချက်ပြုတ်သူ၏ ဟင်းချက်လက်ရာ နှင့် သူ့ ရဲ့ စားသုံးသူပရိတ်သတ်၏ တုံ့ ပြန်မှုဟာတိုက်ရိုက် အချိုး ကျသည့်အလျှောက် ဒီလက်ရာကတော့မဆိုးပါဘူး…. ဒီလက္ရာကေ တာ့ေ ကာင်းတယ်… ဒီလက်ရာကတော့အံမခန်းဘဲ… စသည် ဖြင့် ပရိတ်သတ်လက်ခံမှုပေါ်မူ တည် ကာ၊ “စားဖိုမှူး” ရယ်လို့ အသိအမှတ်ပြုခံခဲ့ရတာပါ။ ဒါကြောင့်လဲ သူ့ ခေတ်သူ့ ခါအလိုက်၊ တိုင်းပြ ည် အသီးသီးမှာ အကောင်းဆုံး/အတော်ဆုံးဆိုသောစားဖိုမှူးတွေ အသီးသီးပေါ်ထွက်လျှက်ရှိကြပြီး၊ သူ တို့ ရဲ့ အချက် အပြုတ်စွမ်းရည်နှင့် ဟင်းချက်လက်ရာများကို အင်တာနက်/ရုပ်မြင်သံကြား/စာအုပ် ထု တ်ေ ၀ခြင်းတို့ ဖြင့် မျှဝေကြခြင်းကြောင့် ကမ္ဘာ့အနောက်ခြမ်းမှ ဟင်းလျာမီနူးများကို၊ ကမ္ဘာ့အရှေ့ ခြမ်း မှာလည်း အလွယ်တကူ ချက်ပြုတ်စားသောက်နေကြခြင်း ဖြစ်ပါ တယ်။ ယနေ့ ကမ္ဘာနှင့်အ၀ှမ်းကျွမ်း ကျင်လိမ္မာသော ကျား/မစာဖိုမှူးပေါင်းမြောက်များစွာပေါ်ထွက်လျှက်ရှိကြပြီး၊ ကမ္ဘာ့အကောင်း ဆုံးစာဖို မှူးစာရင်းဝင် ပြင်သစ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ မစ္စတာအယ်လိန်းဒက္ကစီ (Mr.Alain Ducasse) နှ င့် မိတ် ဆက်ပေး လိုပါတယ်။ ၁၆နှစ်သားဘ၀ကတည်းက ချက်ပြုတ်လာခဲ့တဲ့ ၀ါရင့်စားဖိုမှူးကြီးအေ ကြာင်း၊ ဘ၀တစေ့တစောင်းကို လေ့လာကြည့် လိုက်ကြရအောင်…။


တရားမျှတစွာရန်ဖြစ်နည်း

လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာတာနဲ့ ပေါင်းသင်းဆက်ဆံစရာ လူအသိုင်းအ၀ိုင်းဆိုတာရှိလာပါပြီ..ဥပမာ- ကလေးဘ၀ မိဘ မောင်နှမ ဆွေမျိုးညာတိ
ဆယ်ကျော်သက် သူငယ်ချင်း
အရွယ်ရောက်ပြီးမှ သေဆုံးချိန်အထိ လုပ်ဖော်ကိုင်ဖက် ၊အိမ်ထောင်ဘက် နှစ်ဖက်ဆွေမျိုးများ

ဒိလို လူ့အသိုင်းအ၀ိုင်းဆိုတာ ရှိလာတာနဲ့ အမျှ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေခြင်းမပြေခြင်းဆိုတာ ရှိလာပါပြီ
အဆင်မပြေတဲ့ ဆက်ဆံရေးဖြစ်လာတဲ့ အခါ ခိုက်ရန်ဒေါသနဲ့ ပြောဆိုတာ ငြင်းခုံတာ ..တနည်းရန်ဖြစ်တယ်ဆိုတာရှိလာပါပြိ
ရန်ဖြစ်တယ်ဆိုထဲက ရှိရင်းစွဲပြသနာက တစတစကြိးထွားလာပြီး နောက်ပိုင်းတော့ ဆက်ဆံရေးပြိုကွဲခြင်းဆိုတာဖြစ်လာပါတော့တယ်
ရန်ဖြစ်ခြင်းအမျိုးမျိုး ကို မြင်ဖူးကြမှာပါ..တချို့ ရန်ဖြစ်ခြင်းတွေက တခါထဲ ရှိရင်းစွဲဆက်ဆံရေးတွေကို ရပ်ဆိုင်းသွားစေပါတယ်..ဒီလိုရန်ပွဲမျိုးကို လူတိုင်းကြုံဖူးကြပါတယ်
တချို့ရန်ဖြစ်ခြင်းတွေက ပြသနာကို အေးသွားစေတတ်တာကိုလဲတွေ့ဖူးမှာပါ.ဥပမာ- လွတ်တော်အစည်းအဝေးတွေမှာ အမတ်တွေငြင်းခုံကြတယ် ရန်ဖြစ်ကြတယ်.အစည်းအဝေးပြိးတဲ့ အခါ သင့်မြတ်စွာနေနိုင်ကြတယ်
ကဲ ..ရန်ပွဲခြင်း အတူတူ ရလဒ်တွေ က ဘာကြောင့်ကွာသ လဲ ..ဆိုရင် တဖက်သတ် အနိုင်ပိုင်းရန်ဖြစ်ခြင်းနဲ့တရားမျှတစွာ ရန်ဖြစ်တတ်ခြင်း ဆိုတာ ကွာသွားလို့ပါ..

လိုက်နာမှတ်သား ကျင့်ဝတ်များ

လင်ကျင့်ဝတ်(၅)ပါး

၁။ နှိမ့်ချ၍ မဆက်ဆံချင်း ၊ မထီမဲ့မြင် မပြုချင်း ။

၂။ စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း ။

၃။ မယားအငယ် အနှောင်းမထားခြင်း ။

၎။ အ၀တ်တန်ဆာ ဆင်ပေးချင်း ။

၅။ မြတ်နိုးကြင်နာမှုရှိခြင်း ။

{ဆောင်ပုဒ်}

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ၀တ်စား ဆင်ယင် ၊ မြတ်နိုးကြင် ၊

ငါးအင် လင်ကျင့်ရာ။

......................................................................................

ရှင်မဟာသီလဝံသ ဆုံးမစာ

၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

ဖိုးသူတော်ဦးနု စကားပုံ

မြန်ဇမ္ဗူပေါ်၊ ဉာဏ်ယူမျှော်သည်၊ သူတော်ကျွန်ုပ်၊ နား၏တန်ဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊ အာလုပ်ချိုမြ၊ စကားပုံသရုပ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ပြခဲ့မည်။

၁။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

၂။ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်အမှုန် ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွါးတတ်သည်။ ၀င်တိုင်းသိပ်၍ မျိုက အန္တရာယ်များတတ်သည်။

မှတ်သားဖွယ်ရာ စကားစုလေးများ

၁။လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။

ထို့ကြောင့်ပျံသန်းခွင့်.........ပေးလိုက်ပါ။

၂။သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

၃။အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့
ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

၎။အောင်မြင်ချင်တဲ့သူဖြစ်ချင်ရင် အရှုံးတွေကို ပျော်ပျော်ရွှင်ရွှင်လက်ခံရဲရတယ်။

၅။ဆုံးဖြတ်ချက်ဆိုရင် ဖြေးဖြေးချ။ လုပ်စရာရှိရင် မြန်မြန်လုပ်။

Sunday, September 28, 2014

သင့်ဘ၀အောင်မြင်ဖို့ အချက် 4 ချက်

စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ကြီးပွားတိုးတက်ရေး ဟောပြောသူ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဘရိုင်ယန်ထရေစီက သင့်ဘ၀အောင်မြင်ဖို့ အချက် 4 ချက် ပေးထားတယ်။ အဲဒီ အချက် လေးတွေဟာ အလွန်ရိုးစင်းပြီး ချက်ချင်းလိုက်နာ ကျင့်သုံးချင်စရာ ကောင်းလောက်အောင်ကို လွယ်ကူပါတယ်။
ဒါလေးတွေကတော့..
၁။ တန်ဖိုးရှိလှသောအချိန်များ
သင်မနက်အိပ်ယာထခါစ တစ်နာရီခန့်အချိန်ယူပြီး စာအုပ်စာပေ ဖတ်ရှု့လေ့လာပါ။ သင်ရဲ့ စိတ်ဓာတ်ခွန်အား၊ ၀ိညာဉ်ခွန်အား၊ စီးပွားရေးရာအမြင်များကို တိုးတက်ပွားများ လာစေပါလိမ့်မယ်။ သင် မနက်တစ်နာရီခန့် အချိန်ယူပြီး စာဖတ်မည်ဆိုက တစ်ပါတ်ကို တစ်အုပ်ခန့်ပြီးပါလိမ့်မယ်။ တစ်နှစ်ဆိုလျှင် အုပ်ငါးဆယ် ခန့်ပြီးစီးမည်ဖြစ်ပြီး ပါရဂူဘွဲ့ရတစ်ဦး ဖတ်မှတ်ခဲ့သော စာအုပ်အရည်အတွက်နှင့် တူညီသွားပါလိမ့်မည်။

Invention Time Line

၁၂၅၀ မှန်ဘီလူး ရောဂျာဘေဂွန် (အင်္ဂလန်)

၁၄၄၇ စာပုံနှိပ်စက် ဂျိုးဟန်းဂူး တင်းဘော့ဂ် (ဂျာမနီ)

၁၅၉၀ မှန်ဘီလူးနှစ်ထပ်-မိုက်ခရိုစကုပ် ဇာက်ချားရီးယာစ်ဂျန်ဆင်း (နယ်သာလန်)

၁၆၀၈ အဝေးကြည့်မှန်ပြောင်း ဟန်းစ်လစ်ပါရှေး (နယ်သာလန်)

၁၇၁၄ ပြဒါးသုံးသာမိုမီတာ ဂေဘရီယယ်ဒီဖာရင်ဟိုက် (ဂျာမနီ)

သတ္တ၀ါတို့၏ သက်တမ်း

(၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်ဘုံသားများသည် သက်တမ်းမမြဲကြပါ။ မိမိတို့၏ကံများသာလျှင် သက်တမ်း အတိုင်းအတာ ဖြစ်ကြ၏။

(၂) ဇမ္ဗူဒီပါတောင်ကျွန်း လူတို့တွင်လည်း သက်တမ်းမမြဲကြပါ။ အသေင်္ချယျတမ်းမှသည် ၁၀-နှစ်တမ်း၊ ၁၀-နှစ်တမ်းမှသည် အသင်္ချေယျတမ်းဟူ၍ ဆုတ်ချည် တက်ချည်ရှိ၏။

`ရှေ့ခုနှစ်ရာ၊ နောက်ငါးရာ၊ မြောက်မှာတစ်ထောင်မြဲ´ဟူသော စကားအရ အရှေ့ကျွန်းသားတို့တွင် သက်တမ်း ၇၀၀-နှစ်၊ အနောက်ကျွန်းသားတို့တွင် သက်တမ်း ၅၀၀-နှစ်၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း ၁၀၀၀-နှစ်ဟူ၍ တည်မြဲကြပါသည်။

ကြီးပြင်းခြင်းဆိုတဲ့ အတောင်ပံ

ချောင်းငယ်လေးတစ်ခုက အတားအဆီး၊ အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီးမှ ပင်လယ်ထဲစီးဝင်နိုင်ခဲ့တယ်။

မျိုးစေ့လေးတစ်စေ့က အမှောင်ထုအထပ်ထပ်ကို ဖြတ်ကျော်ပြီးမှ အလင်းရဲ့ဆေးကြောခွင့်ကိုရခဲ့တယ်။

လူတစ်ယောက်ဟာလည်း အမြဲမပြတ်ကြိုးစားအားထုတ်မှ လှပကောင်းမွန်တဲ့ဘဝသံစဉ်ကို တီးခတ်နိုင်မှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ငါးမျိုး

ယနေ့ခေတ်မှာဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ ဘုရားစကားနဲ့ ဆန့်ကျင်ဘက်တွေချည်းလုပ်နေကြတာများလာပါပြီ။ ဒီလို အခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုးကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့......

(၁)။ ကုလ ဗုဒ္ဓဘာသာ

(၂)။ လာဘ ဗုဒ္ဓဘာသာ

(၃)။ ဘယ ဗုဒ္ဓဘာသာ

(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ

(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

အချစ်ဆုံးကို နားလည်ပါ

ခင်ပွန်း

တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့တူတတ်တယ်။
ရုံးဝတ်စုံကိုချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ်သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွှတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့သူ့ခန္ဓာအောက်က အသည်းနှလုံးတစ်စုံဟာ ကိုယ့်ဆီက ခွင့်လွှတ်နားလည်မှုနည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
------

အပါယ်ကျတတ်သော အလှူ ၁၀-ပါး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ၀ိသဒါန - အဆိပ်အလှူ။
၈။ သင်္ခလိကဒါန - လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ၀က် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ - ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။တို့ဖြစ်ပါတယ်။

Friday, September 26, 2014

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့် စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။
သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို ကုသခဲ့ပါတယ်။
ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှု များစွာကို မရပ်မနား ခံယူခဲ့ပါတယ်။ ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

Thursday, September 25, 2014

တန်ဖိုးဆိုတာ

တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံး ကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။

အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့။

ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။

နွားနို့ ထဲက ဖားလေးနှစ်ကောင်…

တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။

သေမင်းတမန် ရထားလမ်း – Death Railway

၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင် ၍ ဂျပန် တပ်မတော် က ဖောက်လုပ် ခဲ့သော ယိုးဒယား – မြန်မာ မီးရထား လမ်း ကြီးသည် လူသား များ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှား ခဲ့သည်။ မီးရထား လမ်း ဖောက်လုပ် ရာ တွင် မြန်မာ တိုင်းရင်း သား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်း အမှတ်ပွဲ ကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။
သံဖြူဇရပ် မှ ဘန်ပေါင်သို့

သေမင်း တမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူ ဇရပ် မြို့မှ စတင် ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် – စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ်သည်။ မိုင် ၂၅၀ ကျော် ရှည်လျား ပြီး လမ်း ခုလပ် ကွေး မြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက် ခဲ့သည်။ တံတား ဆောက်လုပ် ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီး ထားသော မဟာမိတ် တပ်သား အများ အပြား လည်း ပါဝင် ခဲ့သည်။

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား

လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။

အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။

ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။

ဗုဒ္ဓက ရှိတယ် ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။

အတွေးတွေကို သတိထား

သင်.အတွေးတွေကို သတိထား။ သူတို.က စကားလုံးတွေ ဖြစ်လာသည်။ သင်.စကားလုံးတွေကို သတိ ထား။သူတို.က လှုပ်ရှားမှုတွေဖြစ်လာသည်။ သင်.လှုပ်ရှားမှုတွေကို သတိထား။ သူတို.ကအလေ.အထ တွေဖြစ်လာသည်။ သင်.အလေ.အထတွေကို သတိထား။ သူတို.ကစရိုက်ဖြစ်လာသည်။ သင်.စရိုက်ကို သတိထား။ သူတို.ကသင်.ကံကြမ္မာ ဖြစ်လာလိမ့်သည်။

(ဖရင်.အောက်လော)

Wednesday, September 24, 2014

“ Martha Stewart (ခေါ်) အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်စာဖိုမှူး ”

*** လူလတ်တန်းစားမိသားစုဘ၀ မှ ဘ၀စုံဖြတ်သန်းကာ ထိပ်ဆုံးသို့ ရောက်ရှိလာသော “ Martha Stewart (ခေါ်) အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်စာဖိုမှူး ” တစ်ယောက် အကြောင်း ***

(ကိုယ်ရေးအထ္ထုပ္ပတ္တိ)
Martha Stewart (မာသာစတီးဝါ့) ကို ၁၉၄၁ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ တွင် အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နံမည် Martha Helen Kostyra ဖြစ်ပြီး၊ ပိုလန်နွယ်ဝင် ဖခင် Edward Kostyra နှင့် မိခင် Martha Kostyra တို့ ရဲ့  မွေးချင်း ၆ ဦးအနက်၊ ဒုတိယမြောက် သမီးဖြစ် ပါတယ်။ လူလတ်တန်းစားမိသားစုဖြစ်သော သူမ၏ ဖခင်ဟာ ဥယျာဉ်စိုက်ပျိုးရေးကျွမ်းကျင် သူဖြစ်ပြီး၊ မိခင်ဖြစ်သူမှာလဲ အိမ်မှုကိစ္စဗာရီရများအပြင်၊ ကလေးအ၀တ်အစား ချုပ်လုပ်ခြင်းဖြင့် အပိုဝင်ငွေရှာ စုဆောင်းရပါတယ်။ မိဘနှစ်ပါးဟာ မအားလပ်တဲ့ကြားကပင်၊ မာသာ တို့ မောင်နှမ တစ်စု ကို အလုပ်ကြိုးစားလုပ်ဖို့  နှင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်မှုအတွက် အချိန်ရရင်ရသလို အမြဲသွန်သင်ဆုံးမလေ့ရှိပါတယ်တဲ့။ သူမရဲ့ အမေကတော့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာ ကွယ်လွန် ခဲ့ပါပြီ။
သူမ ၁၀ နှစ်အရွယ်မှာ အိမ်နီးချင်း ကလေးများကိုအချိန်ပိုင်းထိန်းကျောင်းသော အလုပ်ဖြင့် အပိုဝင်ေ ငွရှာခဲ့ပါတယ်တဲ့။ မာသာ ရဲ့ ဖခင် ဟာ အလုပ်လောဘကြီးသူဖြစ်သည့်အလျောက်၊ သူတို့ ခြံဟာ အ ကျယ်ကြီးမို့ ၊ ပန်းမာလ်ပင်များ၊ သစ်သီးဝလံ ပင်များ၊ ဘယ်ရီသီးပင်များတို့ ကို စုံလင်စွာစိုက်ပျိုးထားပါ တယ်။ သူမအားလပ်ချိန်များတွင် ဖခင်နဲ့ အတူ အိမ်ရဲ့ ပန်းဥယျာဉ်ခြံကြီး ထဲမှာ စိုက်ပျိုးနည်းပညာများကို ၀ိုင်းကူလုပ်ရင်း သင်ယူလေ့ရှိပါတယ်တဲ့။ သမီးကြီးဖြစ်သူ မာသာ ဟာ မိခင်ထံမှ အချက်အပြုတ်၊ အချုပ်အလုပ် တို့ ကို သင်ယူခဲ့ရပြီး၊ မိခင် နှင့်အတူ ၀ိုင်းကူညီ ချက်ပြုတ်ပေးရလို့ သူမအလယ် တန်းေ ကျာင်း သူဘ၀ အရွယ် ကတည်းကပင် တော်တော်လေး ဟင်းချက်တတ်နေပါပြီ။ ခရစ်စမတ်ပွဲတော် များ တွင် သူမတို့ သားအမိပြုလုပ်တဲ့ ကွတ်ကီးစ်ဟာ ပြောစမှတ်ဖြစ်အောင် အလွန်အရသာရှိပါတယ် တဲ့။ မာသာ တို့ မောင်နှမတစ်စု ဟာ နယူးယော့ခ်ရှိ အဘိုးအဘွားများထံမှာ နွေရာသီကျောင်းပိတ် ရက်များကို ပျော်ရွှင်စွာကုန်ဆုံးလေ့ရှိပါတယ်။ ဘိုးဘွား များကလဲ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များ စည်သွပ်ဗူး လုပ်နည်းကို သင်ကြားပေးပါတယ်တဲ့ ။ ဒါ့အပြင် သူမရဲ့ အိမ်နီးချင်းမိတ်ဆွေ မုန့်  လုပ်ေ သာ စားဖိုမှူးကလည်း pie မုန့် နှင့် ကိတ်မုန့် ဖုတ်နည်း ပညာတို့ ကို သင်ပေးခဲ့တယ်လို့  ဆို ပါတယ်။ အမိအဖ နှစ်ဖက်ဆွေမျိုးများဖြင့် မိသားစုအသိုက်အမြုံ ကြီးမားလို့ ၊ သူမတို့ အိမ်မှာ မိတ်ဆွေ အပေါင်း အသင်းဧည့်သည်များဖြင့် အမြဲကျွက်ကျွက်ညံ နေတတ်သလို၊ ဧည့်သည်များကို အချက် အပြုတ်/ မုန့်ဖုတ်ခြင်း စသည်ဖြင့် ဧည့်ခံလေ့ ရှိကြပါတယ်။ ယခုလို အမိ၊အဖ၊ဘိုးဘွားများ ထံမှ အမှတ်မထင် သင်ယူခဲ့တဲ့ နည်းပညာစုံများ ဟာ သူမဘ၀ရဲ့  အောင်မြင်မှုပန်းတိုင်အစ လို့ ဆိုရမှာေ ပါ့ရှင်။

ဂဏန်းတစ်ကောင်ကြောင့် ရှင်သန်ခဲ့သောငါးများ

ဂျပန်တွေက ငါးအစိမ်းစားရတာကိုနှစ်သက်တဲ့ လူမျိုးဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဆိုက်ဘေးရီးယားကနေ ရေနက်ငါးအများအပြား ဂျပန်နိုင်ငံကို တင်သွင်းခဲ့ကြပါတယ်။ ဒါပေမယ့် ငါးတွေဟာ လေယာဉ်ခန်းရဲ့ လှုပ်ခါမှုဒဏ်ကို မခံနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် လေယာဉ်နဲ့တင်ပို့ချိန်မှာ လေယာဉ်မူးဒဏ်ကြောင့် ငါးတွေဟာ ၄ဝ%လောက် သေဆုံးကုန်ကြလို့ နစ်နာဆုံးရှုံးမှုတွေများခဲ့တယ်။

နောက်ပိုင်းမှာ ငါးထည့်ထားတဲ့သေတ္တာထဲ ဂဏန်းထည့်ပါလို့ တစ်စုံတစ်ယောက်က အကြံပြုခဲ့ပါတယ်။ ဒါဟာမဖြစ်နိုင်ဘူး... ဂဏန်းဆိုတာ ငါးရဲ့ရန်သူ၊ ဒါဟာ ငါးတွေကို တမင်သေအောင်ဖန်တီးနေတာလို့ တချို့ကဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ငါးတွေသေမယ့်အတူတူ စမ်းကြည့်မယ်ဆိုပြီး ငါးသေတ္တာထဲ ဂဏန်းကိုထည့်လိုက်တာ ငါးတွေရဲ့သေနှုန်းဟာ ၅%လောက်ပဲရှိတော့တာကို တွေ့ခဲ့ရပါတယ်။

ကျိုက်ထီးရိုးစေတီတော် သမိုင်း

စေတီတော် တည်ထားပုံ

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ဆယ် ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။ စစ်ကဲကြီး ဦးရွှေနော် ရေးသားသော မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်အရ ဖော်ပြပေးပါမည်။

ကျော်ကြားလိုသူ၏ အရည်အချင်း(၄၆)မျိုး

အရည်အချင်း (၄၆)မျိုးဟာ ကျော်ကြားချင်သူတွေ အတွက် ရှိအောင်လုပ်ယူရမယ့် အရည်အချင်းများ ဖြစ်တယ်။
၁။ သေချာတိကျခြင်း
၂။ လိုက်လျောညီထွေကျင့်ခြင်း
၃။ စွန့်စားစိတ်ရှိခြင်း
၎။ နှစ်သက်ဖွယ်ဖြစ်ခြင်း
၅။ တိုးတက်ချင်စိတ်ရှိခြင်း
၆။ အကောင်းအမြတ်ကို သိမြင်ခြင်း
၇။ သတိရှိခြင်း
၈။ ကြည်လင်ရွှင်ပျခြင်း
၉။ သန့်ပြန့်စင်ကြယ်ခြင်း
၁၀။ စွဲညမြဲစူးစိုက်ခြင်း

မြန်မာတို့၏ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

Tuesday, September 23, 2014

ဆိတ်ဆိတ် နေ ကြလွန်းလို့

" ကမ္ဘာ ကြီးဟာ ဝေဒနာတွေ အတော်လေး ခံစားနေရ ရှာ တယ်
လူဆိုးတွေရဲ့ အကြမ်းဖက် မှုကြောင့် တော့ မဟုတ်
လူကောင်းတွေ က ဆိတ်ဆိတ် နေ ကြလွန်းလို့ ... "

The World suffer a lot
Not because of the Violence of the Bad people
But because of the Silence of the Good people .
< Napoleone Bonaparte >

လူမှု ပတ်ဝန်းကျင် တစ်ခုလုံး တစ်နေ့ တစ်ခြား တိုးတက်အောင်မြင် လာ အောင် ကျွန်တော်တို့ ဘာ တွေ လုပ်ဖို့ လိုသလဲ ?

၁ စာ မ တတ်တဲ့ လူတွေ စာ တတ်လာ အောင်
ကူညီ တွန်းအား ပေးကြဖို့လိုတယ် ...

၂ စာ တတ်တဲ့ လူတွေ လည်း စာဖတ်လာ အောင်
ကူညီ တွန်းအား ပေးကြဖို့လိုတယ် ...

၃ စာ ဖတ်သူတွေလည်း
ကိုယ်တိုင် တွေးခေါ် ဆင်ခြင် တတ်လာအောင်
ကူညီ တွန်းအား ပေးကြဖို့လိုတယ် ...

၎ တွေးခေါ် ဆင်ခြင်တတ်ပြီဆိုသူတွေလည်း
လက်တွေ့ လုပ်ဆောင်ကြဖို့ လိုတယ် ...

၅ လက်တွေ့လုပ်ဆောင်ကြသူတွေလည်း ရေရှည် တောင့်ခံနိုင်ပြီး
အောင်မြင်ကြဖို့လိုတယ် ..

၆ တကယ် အောင်မြင်ပြီး သူ တွေကလည်း
သူတို့ ဘယ်လိုအောင်မြင်အောင် လုပ်လာနိုင်ခဲ့သလဲ ဆိုတာကို
အများကို ဝေငှ ပေးဖို့ လိုတယ် ...

၇ အောင်မြင်ချင်သူတိုင်း လည်း
သူတို့ ဝေငှပေးတာတွေကို နားလည် နည်းယူပြီး
သူတို့ လို အောင်မြင်အောင် လုပ် နိုင် ဖို့
လူတိုင်း စာ တတ် အောင် / စာ ဖတ် လာအောင်
ကျွန်တော် တို့ တွန်းအားပေးဖို့လိုပါတယ် ...

ငုံ့မကြည့်နဲ့

ဟို........ရှေးခေတ်
ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ ခေတ်က. . . . တနေ့မှာ. . . . . ပင်လယ်ထဲမှာ သင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။ဒီအချိန်မှာ သင်္ဘော ကပတိန်က သင်္ဘောသား လူငယ်လေးတဦးကို  ရွက်မတိုင်ကြီးပေါ်တက်ပြီး (ရွက်တိုင်ကိုခုတ်ဖြတ်မှ ဖြစ်တော့မယ်)လို့ပြောတော့ လူငယ်လေးဟာ ရွက်တိုင်ကြီးပေါ်ကို ချက်ချင်းတက်သွားပြီး၇ွက်တိုင်ကို ဖြတ်ပါတယ်။လေက သိပ်ထန်လို့နေပေမဲ့ သင်္ဘေား လူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီးပေါ်ကိုတက်သွား ပြီးရွက်ကြိုးတွေကိုဖြုတ်လိုက် ပါတယ်။ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံ့ကြည့်လိုက်တော့.............

ခြားနားချက်

အမျိုသားတယောက်က သူ့စားပွဲပေါ်မှာမိသားစုဓာတ်ပုံတင်ထားရင်သူဟာ အရာရာကိုအလေးအနက်ထားသူဖြစ်တယ်လို့ ယူဆတယ်
အဲဒါဟာအမျိုးသမီး တယောက်ဆိုရင်တော့သူမအတွက်မိသားစုဟာ အလုပ်ထက်အရေးကြီးတယ်လို့ ယူဆတယ်တဲ့

အမျိုးသားတယောက် ရဲ့စာ:ပွဲဟာစာရွက်စာတမ်းတွေနဲ့ပြန့်ကျဲနေရင် သူဟာအလုပ်ကြိုးစားသူတယောက်
အမျိုးသမီးတယောက်ဆိုရင်တော့သူမဟာ တော်တော်ကိုသပ်သပ်ရပ်ရပ်မရှိသူတယောက်ပါပဲ

သူတို့ပြောတဲ့ သူတို့ အယူအဆများ

၁) When you are in doubt whether an action is good or bad, abstain from it.

အကယ်၍ လုပ်ဆောင်မည့် ကိစ္စရပ်တစ်ခုသည် ကောင်းသလား ဆိုးသလားဟူ၍ ဝေခွဲရခက်နေလျှင် မလုပ်ပဲ နေလိုက်ပါ။

ဇူရိုစတာ (ZOROASTER) - (ဘီစီ ၆ ရာစု)

ပါရှားလူမျိုး ဘာသာရေးခေါင်းဆောင်

အဖေ့မှာတမ်း

အဖေမှာမယ်..... သားရယ်လူလေး
ငယ်မူသွေးကြွ နုထွေးပျိုမျစ် အရွယ်ဖြစ်လို့
ချစ်သူရည်းစား ထားချင်ငြားလည်း
ရင်ထဲမျိုသိပ်လွမ်းအတိတ်နှင့်
ဆွေးစိတ်ကိုဖျောက် ခြင်္သေ့ဟောက်သို့
ယောက်ျားဇာနည် ပညာရည်မွန်
လူရည်ချွန်ဘွဲ့ သားယူခဲ့၍
သားရဲ့ဇာတိ ဆရာမိဘ
မွေးသည့်ရပ်ရွာ အေးချမ်းသာပြီး
ပညာထွန်းကား ပြိုင်စံရှားအောင်
ငါ့သားစွမ်းဆောင်စေချင်တယ် ။
အဖေမှာမယ် သားရယ်လူလေး
သမိုင်းတွေးကြည့် ရေးခဲ့မော်ကွန်း
စာအထင်သား ပု ပင်း အင်း တောင်
ညောင်ရမ်းနှောင်မှ ကုန်းဘောင်နှစ်လီ
ကိုလိုနီနှင့် မြန်ပြည်ဆန်းသစ်
ယနေ့ခေတ်တိုင် မျိုးချစ်ဇာနည်
သာကီနွယ်ဖွား မြန်ပြည်ဖွားတို့
များစွာအသက် မငဲ့ကွက်ဘဲ
လက်ဆင့်ကမ်းကာ စောင့်ရှောက်လာသည့်
စာပေလူမျိုး ပုထိုးစေတီ ကြာရှည်တည်ပြီး
ဒို့ပြည်ဒို့ရွာ ဒို့ဘာသာနှင့် သာသနာကျိုး ပညာကိုး၍ သယ်ပိုးထမ်းဆောင် အောင်မြင်အောင်ဟု
စွမ်းဆောင်ဖို့တွက်ရည်ရွယ်ချက်ဖြင့်
ကျေးလက်ဌာနေ ဖေဖေမေမေ
ဆွေမျိုးတွေနှင့် မိတ်ဆွေများအား
ခွဲခွာသွားပြီးငါ့သားမြို့တက်
အထက်တန်းလွှာ မြတ်ပညာကို
ရှာဖွေစုစည်း ဤခရီးကြီး
ပြီးစီးအောင်မြင်ပါစေသား ။

တက္ကသိုလ် -အောင်ကျော်ဟိန်း

Monday, September 22, 2014

သရဏဂုံအကြောင်း သိကောင်းစရာ

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း အကြောင်း သိမှတ် ဖွယ်ရာ ထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင် လက်ထက်သရဏဂုံ ဆောက်တည် ကြတာလဲ တောင်းခံပြီး ဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို နှစ်သက် ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညို လေးစားစိတ် ဖြစ်ပေါ် လာတဲ့အခါ ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက်တည် လိုက်တာပဲဖြစ်ပါတယ်။

``ဘယ်ဆီမှာ``

တစ်နေ့တရိစ္ဆာန်ရုံမှာ ကုလားအုတ်လေးတစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကိုမေးပါတယ်။

ကုလားအုတ်လေး - မေမေ သားတို့ကုလားအုတ်တွေမှာ ဘာလို့ ဘို့တွေရှိတာလဲဟင်။

မိခင် - သားရယ် ၊ မေမေတို့က သဲကန္တာရမှာ ကျက်စားတဲ့ တိရိစ္ဆာန်ဆိုတော့ ရေတွေအများကြီး သိုလှောင်ထားဖို့ ဘို့တွေလိုတာပေါ့။

ဒါကြောင့် မေမေတို့တွေ ကန္တာရထဲမှာ ရေမသောက်ရလည်းပဲ အသက်ဆက်ရှင်နိုင်တယ်လို့ အားလုံးကသိကြတယ်လေ။

သူရသတီ ဘယ်က လာသလဲ သိလား (အရှင်ဉာဏိသရ)

ဗမာပြည်မှာ မွေးတဲ့ နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။ အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း နှစ်နယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။
အဲဒီမှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။

ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။
ပဉ္စ က ငါးခု၊ အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။

မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား

မေး- အရှင်ဘုရား... ဗုဒ္ဓဘာသာဝင်တစ်ဦးက အခြေ အနေတစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင်အ ဖြစ် လက်ခံလိုက်ရပါတယ်ဘုရား။ သူဟာတခြားဘာ သာကို ယုံကြည်မှုမရှိပေမယ့် သူတို့ရဲ့ထုံးတမ်းစဉ်လာ ကို တစ်သက်လုံး လုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ်နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏ ဂုံပျက်သွားနိုင်ပါသလား။ တကယ်လို့ ပျက်သွားတယ် ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။

လယ်သမားရဲ့နာရီ

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။

သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။

ကမ္ဘာ့အံ့ဖွယ်(၇)ပါး

ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

သိမှတ်သင့်သော စကားလုံးတစ်ချို့

(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။

(၂) WCDMA ဆိုတာကတော့ Wideband Code Division Multiple Access ဖြစ်ပါတယ်

(၃) CDMA ဆိုတာကတော့ Code Division Multiple Access ဖြစ်ပါတယ်။

(၄) MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။

(၅) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။

အိမ်ထောင်ပြုခြင်း

အိမ်ထောင်ပြုခြင်းက ဖိနပ်တစ်ရံဆိုရင်
အချစ်က မင်္ဂလာဝတ်စုံပဲဖြစ်ပါလိမ့်မယ်
ဘယ်လိုဖိနပ်ပဲဖြစ်ဖြစ် ခြေထောက်နဲ့သင့်တော်ဖို့က အရေးအပါဆုံးဖြစ်သလို
ဘယ်လိုမင်္ဂလာဝတ်စုံပဲဖြစ်ဖြစ် ဝတ်ရတာသက်တောင့်သက်သာရှိဖို့ကလည်း အရေးအပါဆုံးဖြစ်ပါတယ်။

ဖိနပ်ရဲ့ ဈေးကြီးလှပမှုကိုပဲတပ်မက်ပြီး ကိုယ့်ခြေထောက်ကို အနာတရမဖြစ်ပါစေနဲ့
မင်္ဂလာဝတ်စုံရဲ့ လှပမှုကိုပဲနှစ်လိုပြီး ဝတ်ရတာစိတ်ကျဉ်းကျပ် ကိုယ်ကျဉ်းကျပ်တာမျိုး မဖြစ်ပါစေနဲ့

တခြားလူမြင်တာက ဖိနပ်၊ တခြားလူတွေ့တာက မင်္ဂလာဝတ်စုံ
ဒါပေမယ့် သင့်ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတာမို့ သင့်ခံစားမှုကို သင်ပဲသိနိုင်ပါတယ်

Sunday, September 21, 2014

သင်ဒါတွေပိုင်ဆိုင်ပါစေ

အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

ခရီးလမ်း

လူ့ဘဝမှာ လျှောက်ရမယ့်ခရီးလမ်းက ရှည်လျားလွန်းတယ်
အဲဒီခရီးလမ်းမှာ တစ်ခါခါ ငါတို့ လမ်းမှားကြတယ်၊ ငါတို့ မောပန်းကြတယ်၊
ငါတို့ ပြေးလွှားကြတယ်၊ တစ်ခါတလေမှာတော့ ငါတို့ ရပ်နားကြတယ်
ဒါတွေက ဘာမှမဟုတ်သေးပါဘူး...

မိတ်ဆွေစစ်ကို ရှာဖွေခြင်း

တစ်ခါက လယ်သမားတစ်ဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးနားချင်းများဖြစ်ကြသည်။
လယ်သမားမှာ ဘဲများမွေးမြူးထားပြီး မုဆိုးမှာမူ အမဲလိုက်ခွေးများမွေးမြူးထား၏။ ထိုခွေးများသည် မကြာခဏဆိုသလိုလယ်သမားအိမ်သို့ ကျူးကျော်ဝင်ရောက်ပြီး ခြံထဲရှိဘဲများကို ကိုက်ဖြတ်စားသောက်လေသည်။ လယ်သမားက
ခွေးများကိုလှောင်ထားပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ ခွေးများကို သေချာထိန်းသိမ်းထားခြင်း မရှိပေ။သီးမခံနိုင်သည့်အဆုံး လယ်သမားကြီးသည် ရွာသူကြီးထံ ခွေးများကို အရေးယူပေးဖို့ တောင်းဆိုခဲ့သည်။ ရွာသူကြီးက
”တကယ်လို့အရေးယူပေးလိုက်ရင် ခင်ဗျားမှာ မိတ်ဆွေကောင်း အိမ်နီးချင်းကောင်းတစ်ယောက်လျော့သွားနိုင်ပြီး ရန်သူတစ်ယောက်တိုးလာနိုင်တယ် “။ 


Amish လူမျိုးရဲ့ နှစ်သိမ့်စကား

ပျားပန်းခတ်လှုပ်ရှားနေတဲ့မြို့ပြမှာနေထိုင်ပြီး သက်တောင့်သက်သာရှိတဲ့ဘဝကို နေ့စဉ်ဖြတ်သန်းနေကြတဲ့ ကျွန်မတို့ဟာ ဆင်းရဲတဲ့ဒေသမှာနေထိုင်သူတွေကို သွားရောက်ဂရုစိုက်သင့်တယ်လို့ ထင်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မတို့ သူငယ်ချင်းဆွေမျိုးတစ်သိုက်ဟာ အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာရှိတဲ့ Lancasterမြို့နယ်ကဒေသတစ်ခုမှာ ဘဝအတွေ့အကြုံကိုခံစားဖို့ သွားရောက်ခဲ့ကြပါတယ်။ အဲဒီဒေသမှာ လူအများနဲ့မတူတဲ့ လူမျိုးတစ်စုနေထိုင်ကြလို့ဖြစ်တယ်။ သူတို့ဟာ Amishလူမျိုးစုဖြစ်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်တဲ့ယနေ့ခေတ်မှာ သူတို့ဟာ ရိုးရှင်းသာမန်တဲ့ဘဝနဲ့ပဲ နေထိုင်နေကြလို့ဖြစ်ပါတယ်။

ယောကျာ်းဆိုတာ

If you kiss him, he kisses you back
သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
If you don't, he patiently waits
မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
If you praise him, he says thanks you
သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...

ဒီငါးသုံးကောင်အကြောင်း ကလေးတွေကို ပြောပြပါ

(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။ Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။ Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။ Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

Friday, September 19, 2014

မကောင်းတဲ့ အမူအကျင့်တွေကို အတတ်နိုင်ဆုံး ပြုပြင်ကြပါစို့

# လက် #
တွန်းလှဲဖို့ မဟုတ်ဘူး ၊
လဲနေသူကို တွဲထူဖို့ ။

# ခြေထောက် #
ကန်ကြောက်ဖို့ မဟုတ်ဘူး ၊
လမ်းမှန်ကို လျှောက်လှမ်းနိုင်ဖို့ ။

လျော့မတွက်လိုက်ပါနဲ့.....တစ်ခါတစ်လေမှာ

✏ လူတစ်ယောက်အပေါ်မှာ......
အမြင်ကလေးနဲ့ အထင်မသေးလိုက်ပါနဲ့ ။
တစ်ခါတစ်လမှော.....
သူ့မှာလည်း သင်ထင်မထားတဲ့
စွမ်းဆောင်ရည်တွေ ရှိနေတတ်ပါတယ် ။

Englishစာအမြန်ဆုံးတိုးတက်ချင်ရင်တော့ ဒါလေးတွေသိဖို့လိုမယ်နော်!

Englishကောင်းဖို့ဆိုရင်အရင်ဆုံး ဆုံးဖြတ်ရမှာကတော့ သင်Englishကိုဘယ်မှာအသုံးပြုမှာလဲဆိုတာပါပဲ။ Speaking skill မှာတော်ချင်တာလား? အကုန်လုံးတော်ချင်တာလားစဉ်းစားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ 4 skillsလုံးတော်အောင် ကြိုးစားဖို့အချိန်ရှိပေမယ့်အချို့သောသူတွေအတွက်တော့Writingမကောင်းရင်နေပါစေ ပြောတတ်ရင်ကျေနပ်ပါပြီဆိုတဲ့သူတွေလည်းရှိပါတယ်။

#Speaking and Listening

မြန်မာပြည်မှမိဘအချို့သို့


(၁)
ကြားလိုက်ရတာသတင်းကသိပ်မမိုက်။ သူကဆယ်တန်းအောင်တော့
သွားဆရာဝန်ဖြစ်ချင်ခဲ့တယ်။ မိဘတွေကအတင်းအကျပ် သင်္ဘောတက်ဖို့
ရေကြောင်းတက္ကသိုလ်ကို အတင်းတက်ခိုင်းခဲ့တယ်။ အခုတော့ တန်ချိန်
၁သိန်းကျော်ဆိုတဲ့ သင်္ဘောကြီးပေါ်မှာ အရမ်းကိုပင်ပန်းနေခဲ့တယ်။ သူ့စိတ်တွေကအိမ်အမြဲပြန်ချင်နေတယ်။ ၁လမှာ သင်္ဘောကခဏခဏကမ်းကပ်တယ်။ အဲဒိတော့ အရမ်းပင်ပန်းတယ်။ လူကပျော့ပျော့နွဲ့နွဲ့ အသားဖြူဖြူနဲ့။ ဘယ်လိုမှမလိုက်ဖက်။ မိဘတွေရဲ့ အတ္တကြောင့်သူ့မှာ သင်္ဘောလိုက်နေရတယ်။
ဒါကကောင်လေးတစ်ယောက်ပြောပြတဲ့ သူ့အတွေ့အကြုံ။ သူကတော့
မိဘတွေရဲ့ဖိအားအောက်က ရုန်းမထွက်နိုင်သေးပါ။

Thursday, September 18, 2014

“မြေချုန်းသံ”

၁။

ဒီဇင်ဘာသည် ကျွန်မတို့ မြို့နယ်လေးသို့ အကျည်းတန်စွာ၊ ရက်စက်စွာ၊ တုန်လှုပ်ချောက်ချားစွာ ဝင်ရောက်လာခဲ့လေသည်။

၂။

ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်ကုန်သည်မှာ အောက်တိုဘာလလယ်ရောက်ပြီဟေ့ဆိုလျှင် အနွေးထည်ထူထူ ဝတ်ဆင်ရလေ့ရှိသော ကျွန်မတို့ မြို့ကလေးသည် နိုဝင်ဘာလကုန်သွားသည့်တိုင်အောင် အအေးဓါတ် လွှမ်းခြုံခြင်း မခံရသေးပေ။

ယောကျာ်းလေးများအတွက် ရည်စားကောင်းရှာနည်းများ

ယောကျာ်းလေး တစ်ယောက်အနေနဲ့ လက်တွဲဖော်ကောင်း တစ်ယောက်ကို ခင်ဗျားရှာနေလား။ ဒါပေမဲ့ ခဏလေးနဲ့ပြတ်၊ တော်တော်ကြာမှာပြတ်၊ ရေရှည်တွဲနေပေမဲ့ သိပ်စိတ်မပါ ဆိုတာမျိုးများ ဖြစ်နေသလား။ ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူးတဲ့။ ဒီလိုလူမျိုးတွေအတွက် ချစ်ရေးချစ်ရာတွေကို အဓိကထား အကြံပေးနေတဲ့ ကမ္ဘာကျော်ကုမ္ပဏီ Love Systems ရဲ့ဥက္ကဌ Nick Savoy က သူ့ရဲ့စည်းမျဉ်းလေးတွေကို အောက်ပါအတိုင်း ပြောကြားထားပါတယ်။

အသုံးလွယ်ကြသလောက် မှားဖို့လည်း လွယ်လှတဲ့ THANK အသုံး

THANK

 -------

    Thank က ကြိယာပါ။ ဒါ့ကြောင့် ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့အခါမှာ Thank you လို့ ပြောတာပါ။ (ကျုပ်)(ခင်ဗျားကို) ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့အခါ (I) thank you. လို့ ပြောလိုက်တာဖြစ်ပါတယ်။


အင်္ဂလိပ်စာမှာ အမှားလွယ်ဆုံးက prepositions ပါပဲ

ကိုယ့်မိခင်ဘာသာစကား မဟုတ်တော့ ပိုဆိုးသပေါ့။ ကျွန်တော်လည်း မတတ်လှပါဘူး။ အခါအားလျော်စွာ မှားလို့ ကောင်းဆဲပါ။

သို့သော် နှုတ်တစ်ရာ စာတစ်လုံးဆိုသလို ပါးစပ်နဲ့ ပြောရင် ချင့်ချိန်ဖို့ အချိန်မရတာမို့ စွတ်ရွတ်သုံးလိုက်၊ လေထဲတင် ပျောက်သွားလိုက်နဲ့မို့ သိပ်မသိသာလှပေမယ့် စာနဲ့ ရေးမယ့် အခါကျရင်တော့ အခုအချိန်အထိ ကျွန်တော် အရမ်းသတိထားပါတယ်။

ရည်းစားဟောင်းကို မမေ့နိုင်သေးဘူးဆိုတာ သေချာသွားစေတဲ့ အချက်များ

ချစ်ရသူနဲ့ လမ်းခွဲရပြီဆိုရင် ဘယ်သူမဆို နာကျင်ကြတာချည်းပါပဲ။ သူ့ကိုမေ့ပစ်ဖို့ အချိန်လိုအပ်ပါတယ်။ နှစ်ယောက်သား ဝေးကွာသွားတဲ့အချိန်ဟာ တော်တော်လေး ကြာမြင့်နေပြီ၊ ရည်းစားဟောင်းကို မေ့သင့်နေပြီဆိုပေမယ့် တကယ်ရော သင်သူ့ကို မေ့သွားနိုင်ပြီလား၊ ခုချိန်ထိ သတိရနေဆဲလားဆိုတာ ဒီအချက်လေးတွေက ပြောပြနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာ

ယောင်္ကျင်္ားလေးတယောက်မှာအရာရာကိုယ် ရင်ဆိုင်ရဲတယ်
ဆိုတဲ့အချိန်ဟာ ကိုယ့်ချစ်သူရဲ့လက်တဖက်ကို ဆုပ်ကိုင်ထား
ရတဲ့ အချိန်ပါ...

မိန်းကလေးတယောက်မှာလဲ အပျော်ရွှင်ရဆုံးသောအချိန်ဟာ
ကိုယ်ချစ်ရတဲ့သူ ကိုယ့်ကိုတကယ်ချစ်တဲ့သူရဲ့ပုခုံးလေးမှာ
မှေးစက်နာခိုနေရတဲ့ အချိန်ပါပဲ...

နမောတဿနှင့် စပ်၍ သိမှတ်ဖွယ်

ဗုဒ္ဓဘာသာဝင်များ နေ့စဉ်နေ့စဉ် ဘုရားဝတ်ပြုတဲ့အခါပဲဖြစ်ဖြစ်၊ အလှူဒါန ပေးလှူတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဥပုသ်သီတင်း ဆောက်တည်ကျင့်သုံးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအခမ်းအနားများ ကြီးကြီးငယ်ငယ် ပြုလုပတဲ့အခါ စတင်ဖွင့်လှစ်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ “ဘဂ၀ါဂုဏ်တော်၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်များနဲ့” ချီးကျူးမှုပြုကာ ဘုရားကိုရှိခိုးတဲ့ ပါဠိစာပိုဒ်ကို ရွတ်ဆိုပူဇော်ကာ ဘုရားရှိခိုး ကန့်တော့ကြပါတယ်။

နာမည်သိရုံနဲ့ဘယ်လိုအမူအကျင့်ရှိသလဲ

သင်ရဲ့နာမည်မှာပါတဲ့ ABC အက္ခရာလေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပါတယ်.။မှန်မမှန်သိချင်ရင်တော့ ..ဥပမာ နာမည်က Zaw Zaw ဆိုပါတော့..ဒါဆို-

Z=သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။ A=သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်။ W=သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး ။

စကားကြီး(၁၀)မျိုး၊ စကားအင်္ဂါ (၁၀)ပါး

မြန်မာမှု နယ်ပယ်တွင် စကားအရာ၌ ကျွမ်းကျင်လိမ္မာ၍ ထိရောက်မှု ရှိစေရန် စကားပြောနည်း ဆယ်မျိုး သတ်မှတ်ထား၏။
1 ရေကူးညာတင် ပြောနည်း
2 ကောက်ပင်ရိတ်လှီး ပြောနည်း
3 ရေစီးဖောင်ဆန်ပြောနည်း
4 အိုးတန်ဆန်ခတ် ပြောနည်း
5 ဆီပွတ်ကျည်ပွေ့ ပြောနည်း
6 ဆင်ဝှေ့ရန်ရှောင် ပြောနည်း
7 တောင်သူ ယာခုတ် ပြောနည်း
8 ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
9 ရေစစ်ကရားပြောနည်း
10 ခက်တင်မောင်းနင်း ပြောနည်း
(၁) ရေကူးညာတင် ပြောနည်း

ဘ၀နေနည်း

ပညာသင်ကြား ၊ စာဖတ် ၊ ပေါင်းသင်းဆက်ဆံ စတဲ့ ကိစ္စရပ်တွေဟာ ဘ၀မှာဘယ်လိုနေထိုင်ရမလဲ ဆိုတာကို သင်ကြားနေရတာပါဘဲ။ အိပ် စား နေ လမ်းလျှောက် ဆိုတဲ့ မော်ဒန် သင်တန်းတွေကနေ
ပေးနေတာက သင်တန်းသားတွေအတွက် အလှတရားမဟုတ်ပါဘူး။
တကယ့်အစစ်အမှန်ပေးနေတဲ့ အနှစ်သာရက ဘ၀မှာ လှလှပပ နေတက်ထိုင်တက်ဖို့ပါ။မော်ဒယ်သင်တန်းသူ/သားတွေလည်း သင်္ခါရ ကမလွတ်နိုင်ဘူးလေ။သူတို့လည်း တစ်နေ့ အို နာ သေကြရမှာပါဘဲ။မအို မနာခင် ဘယ်လို အိပ် စား နေ လမ်းလျှောက် ၀တ်ဆင် ဆိုတဲ့ သင်ခန်းစာက ငယ်ရွယ်တဲ့အခါ လှပဖို့ ကြီးရင့်တဲ့အခါ မျှတဖို့ ချင့်ချိန်တက်အောင် လေ့ကျင့်သင်ကြားပေးခြင်းပါဘဲ။ အနောက်နိုင်ငံတွေမှာ အတော်များ များ က မော်ဒယ်သင်တန်းလိုမျိုးသင်တန်းတွေတက်ကြတယ်။ စမတ်ကျကျ နေတက်ထိုင်တက်မှ
လူတွေက ယုံကြည်မှုရှိလာတယ်ဆိုတဲ့ အယူအဆကြောင့်ပါဘဲ။

Wednesday, September 17, 2014

ရင့်ကျက်မှု ဆိုတာ


ဘုရားရှင်လက်ထက်က ဗာရာဏသီပြည်မှာ သူဌေးကြီး ဇောတိက နေထိုင်သ တဲ့။ သူ့မှာ မိသားစုဝင်ဆိုလို့ သားတစ်ဦးသာ ရှိပါတော့တယ်။ ကွယ်လွန်သွားချိန်မှာ သားအသက်ငယ်သေးလို့ ဘုရင့်ထံ ပေးအပ်ထားတယ်။ သားငယ် အသက် ၁၆ နှစ်ပြည့်သွားတော့ ဘုရင်က သူသိမ်းထားတဲ့ စည်းစိမ်တွေကို ပြန်ပေးဖို့ ပြင်ပါတယ်။ တစ်လက်စတည်း ယင်းတိုင်းပြည်မှာ လုလင်ငယ်လောက် ချမ်းသာသူလည်း မရှိတော့တာကြောင့် သူဌေးဘွဲ့ပါ တစ်ခါတည်း ပေးအပ်မှာ ဖြစ်ပါတယ်။ သွားလမ်းတစ်လျှောက် လုလင်ငယ်ဟာ ခုန်ပေါက်ပြီး သွားသတဲ့။ ရေမြောင်း၊ ရေအိုင်များကို ခုန်ပျံလို့ ဘုရင့်နန်းတော်ဆီကို သွားတယ်။

အောင်မြင်ခြင်းနှင့် ကျောက်တုံးတစ်တုံး

"အောင်မြင်ခြင်း" နဲ့ "ရှုံးနိမ့်ခြင်း" လို့ခေါ်တဲ့ လူနှစ်ယောက်က ထူးဆန်းတဲ့
ကျောက်တုံးလေးတွေ စုဆောင်းဖို့ တောအုပ်တစ်နေရာကို ရောက်လာခဲ့တယ်။ နှစ်ဦးသား
ကျောက်တုံးတွေစိတ်ကြိုက်ကောက်ယူပြီး နေရပ်ပြန်ဖို့ စီစဉ်ခဲ့ကြတယ်။ အပြန်လမ်းမှာ
"အောင်မြင်ခြင်း" ရဲ့အိတ်ထဲမှာ ကျောက်တုံးတစ်တုံးပဲပါပြီး "ရှုံးနိမ့်ခြင်း"
ရဲ့အိတ်ထဲမှာ သဏ္ဍာန်မတူတဲ့ကျောက်တုံးတွေ အပြည့်ပါခဲ့တယ်။ ဒါကို "ရှုံးနိမ့်ခြင်း" က အံ့သြပြီး "ခင်ဗျား
ဘာဖြစ်လို့ ကျောက်တုံးတစ်တုံးပဲ ကောက်ခဲ့တာလဲ!" လို့ "အောင်မြင်ခြင်း" ကို
မေးလိုက်တယ်။"တစ်တုံးဆို လုံလောက်ပြီ" အောင်မြင်ခြင်းက ပြန်ဖြေပါတယ်။နှစ်ဦးသား ရယ်ရယ်မောမော၊ ပြောပြောဆိုဆိုနဲ့ ပြန်လာခဲ့ကြတယ်။ဒါပေမယ့်
သိပ်မကြာဘူး လမ်းထက်ဝက်မှာ "ရှုံးနိမ့်ခြင်း" က လေးလံတဲ့ကျောပိုးအိတ်ကို
မသယ်နိုင်ဖြစ်ခဲ့တယ်။

အကြွေစေ့နှစ်စေ့မှသည်..

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

အောင်မြင်ရေးအတွက် A to Z

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘ၀တလျှောက် လုံးမှာ စသဖြင့် နေရာတိုင်းမှာ အောင်မြင်ချင် ကြပါတယ်။ အောင်မြင်ချင်ရင် A to Z ကို သတိရပါ တဲ့။

(A)
Avoid negative sources, persons, places, things and habits.
အဆိုးမြင်တတ်တဲ့ အရင်းအမြစ်၊ လူတွေ၊ နေရာတွေ၊ အရာဝတုတွေနဲ့ အမူအကျင့်တွေကို ရှောင်ပါတဲ့။

သင်ရုပ်ဆိုးသလား

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။
‘ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင်၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင်၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ’
ကိုယ့်ဘ၀ကိုယ် ပြန်တွေးပြီး ဒီလိုပြောခဲ့ဖူးသလား။
‘ ဘာကြောင့်များ တခြားလူတွေက သိပ်ပြီး ပါရမီထူးနေကြ၊ ဥာဏ်ရည်တွေ ထက်မြက်နေကြတာလဲ ’
‘ ငါ သူတို့လို စိတ်ချမ်းသာမှုရအောင် ဘယ်လို လုပ်နိုင်မလဲ ’
ကျနော်တို့ အတော်များများမှာ ဒီလိုအတွေးမျိုးတွေ ရှိကြပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ အလွန်အရေးကြီးတဲ့အချက်က -
ပင်ကို အရည်အချင်းရှိတာ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့ပေမယ့် ဥာဏ်ကောင်းသူတွေ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာတစ်ဝန်းမှာ အများကြီးပဲ။ အဲဒီလူတွေကို ကျနော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဥာဏ်ကောင်းသူတွေ၊ ရုပ်ချောသူတွေဟာ စိတ်ကသိကအောက်ဖြစ်စရာတောင် ကောင်းသေးတယ်။

Tuesday, September 16, 2014

စိန်အဆိပ် (sodium cyanide(NaCN)) ရဲ့အရသာ

စိန်အဆိပ် ( မြန်မာလို စိန်အဆိပ် ဟုသိကြသည့် sodium cyanide(NaCN) )ကို ရှာဖွေတွေ့ရှိသူဟာ.စိန်အဆိပ်အကြောင်းကို အားလုံး လေ့လာတယ်.။ အရမ်းကို ပြင်းထန်တဲ့ အဆိပ်.။ စိန်ကို စားဖို့ နေနေသာသာ အဆိပ်ကို သံပုရားသီးညှစ်ပြီး ထွက်လာတဲ့ အငွေ့လေးကို ရှူလိုက်တာနဲ့တင် တုံးခနဲ့လဲကျ သေသွားနိုင်တယ်.။ စိန်အဆိပ်ရဲ့ ဖြစ်ပေါ်လာပုံ ၊ အရောင်အသွေး ၊ အနံ့ ၊ အရသာ ..........၊ ဒီမှာ အရသာဆိုတာက နောက်သလို ဖြစ်နေပြန်ရော..။

ဆင်းရဲကို ကြောက်သလား

အခါတပါး၌ မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ သာဝတ္ထိမြို့ထဲသို့
ဆွမ်းခံကြွတော်မူရာ
လမ်း၌ ငါးဖမ်းနေကြသော သူငယ်တို့ကို မြင်၍ အနီးသို့ သွားပြီးလျှင်-

သူငယ်တို့ သင်တို့သည် ဆင်းရဲဒုက္ခကို ကြောက်ကြသလား၊ ဆင်းရဲဒုက္ခကို မုန်းကြသလား-ဟု မေးတော်မူသည်။

သူငယ်တို့က ကြောက်ကြပါသည် ဘုရား-ဟု ဖြေကြသည်။ ထိုအခါ မြတ်စွာဘုရားက-

အကယ်၍ ဆင်းရဲဒုက္ခကို ကြောက်ကြလျှင်၊ ဆင်းရဲဒုက္ခကို မုန်းကြလျှင်
မကောင်းမှုကို လူမြင်ကွင်းမှာဖြစ်စေ၊ မမြင်ကွင်းမှာ ဖြစ်စေ၊ မလုပ်ကြနဲ့။
မကောင်းမှုကို ယခုလည်း ပြု၊ နောင်လည်း ပြုမည်ဆိုလျှင် ဆင်းရဲဒုက္ခမှ လွန်မြောက်နိုင်မည်
မဟုတ်ပေဟု မိန့်ကြားကျူးရင်းတော်မူခဲ့လေသည်။

Dhama Journal

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကား

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀က ဘွိုင်ကော့တာ (Boycotter) အမည်ရှိ ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးရာ ထိုစဉ်က နာမည်မထင်ရှားသေးသဖြင့် လူသိနည်းလှပါသည်။

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကား

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားကို ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဦးဘဇင်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် တင်ဆွေ၊ လှမောင်ကြီး၊ မေမေ၀င်းနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်ထားကြကာ ၁၈ စက်တင်ဘာ ၁၉၃၇ တွင် ရန်ကုန်မြို့ အိုလံပီယာရုပ်ရှင်ရုံ၌ ပြသခဲ့ပါသည်။

သက်မဲ့တွေပြောတဲ့ ဘ၀အဓိပ္ပာယ်

"အရမ်းနာတာပဲတဲ့ ", သံချောင်းကပြောတယ်

"အေးမြတယ်တဲ့ ", ရေခဲကပြောတယ်

"ပြင်းပြင်းထန်ထန်ရိုက်ခတ်ရတယ်", တူကပြောတယ်

"အမြဲတမ်း Update ဖြစ်နေရမယ်", ပြက္ခဒိန်ကပြောတယ်

"ထက်မြနေရမယ် ", အသားလှီးဒါးကပြောတယ်

ချစ်သူမထားရှိခြင်း၏ အကျိုးတရား(၁၀)ပါး

1. အချိန်ကုန်သက်သာခြင်း
2. ငြိမ်းချမ်းစွာအိပ်စက်ရခြင်း.
3. Missed Calls များကြောင့်အနှောင့်အယှက်မဖြစ်ရခြင်း
4. မိမိရုပ်သွင်ဘယ်လိုပုံစံဖြစ်နေလဲဆိုတာကို စိုးရိမ်ပူပန်နေစရာမလိုခြင်း
5. မည်သည့်စားသောက်ဆိုင်မဆို ၀င်ရောက်စားသောက်နိုင်ခြင်း
6. ညည့်နက်သန်းခေါင်တွင် ပျင်းရိဘွယ်ကောင်းသော မက်ဆေ့ဂ်ျများမှလွတ်မြောက်ခြင်း
7. ယောက်ကျားလေးအပေါင်းနှင့်လွတ်လပ်စွာပေါင်းသင်းနိုင်ခြင်း
8. အော်..ဆိုသောစကားသံနှင့် ရှင်အားလား ဆိုသောစကားသံတို့ကို ကြားရခြင်းမှကင်းဝေးခြင်း
9. မည်သည့်နေရာကိုမဆို မည်သူနှင့်မဆို သွားရောက်နိုင်ခြင်း
10. အက်ကြောင်းထပ်နေသောစကားများကို နားထောင်ပေးရခြင်းမှ ကင်းဝေးခြင်း

စသည့် အကျိုး (၁၀) ပါးအား ရရှိစေပါတယ်။

Credit - Nya Mee Ain

ထပ်ကြိုးစားပါ

ဒါဟာ သင် လေ့လာရမယ့် သင် ခန်းစာပါဘဲ
ထပ် ကြိုးစားပါ
ပထမ အကြိမ်မှာ သင် မ အောင် မြင် ရင်
ထပ် ကြိုးစားပါ
အဲဒီအခါမှာ သင့် သတ္တိတွေ ပေါ်လာလိမ့်မယ်
သင် ဆက်လုပ် ရင် အောင် မြင် ပါလိမ့်မယ်
ဘယ်တော့မှ မ ကြောက်ပါနဲ့
ထပ် ကြိုးစားပါ
တစ် ကြိမ် သို့မဟုတ် နစ်ကြိမ်သင် ဆုံးရှုံးရင်
ထပ် ကြိုးစားပါ


မနက်ဖြန်အတွက် လမ်းညွှန်များ

၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။
၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။
၃။ ရတာထက် ပိုမသုံးနဲ့။
၎။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံ စေချင်သလို ဆက်ဆံပါ။
၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။
၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။
၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။

လမင်းကြီးက ကြည့်နေတယ်

တစ်ခါတုန်းက အလွန်ဆင်းရဲရှာတဲ့ မိသားစုတစ်စု ရှိသတဲ့။ သူတို့ဟာ မကြာမကြာဘဲ စားဖို့အတွက် အိမ်နီးနားချင်းရဲ့ ခြံထဲမှာရှိတဲ့ သစ်သီး သစ်ရွက်တွေကို အလစ်သွားသုတ်လေ့ရှိတယ်။

တစ်ညမှာတော့ အိမ်နီးချင်းရဲ့ ခြံထဲမှာရှိတဲ့ မုန်လာဥ တချို့ကို ခိုးယူဖို့ ဖခင်ဖြစ်သူဟာ သားငယ်ကိုခေါ်သွားပါတယ်။ ဖခင်ဖြစ်သူဟာ မုန်လာဥတွေကိုနှုတ်ယူလိုက်ပါတယ်။ သူ့သားလေးကတော့ ဘေးနားမှာရပ်လို့ပေါ့။ ရုတ်တရက် သူဟာ ခပ်အုပ်အုပ်လေသံလေးနဲ့ ပြောလိုက်တယ်။ ''အဖေ၊ တစ်ယောက် ယောက် အဖေ့ကို ကြည့်နေတယ်''တဲ့

နှစ်သက္ကရာဇ်များ

မဟာသက္ကရာဇ်
မြတ်စွာ ဘုရား ထင်ရှား ရှိစဉ် နှစ်ကို ( ကာလ ဒေ၀ီလ ရသေ့ နှင့် ဘိုးတော် အဉ္ဖန မင်းတို့ ထားခဲ့သော နှစ်ကို ) မဟာသက္ကရာဇ် ဟုခေါ်သည်

မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈ နှစ်တွင် မွေးဖွားသည် ။

Monday, September 15, 2014

အလုပ်ဆိုတာ..

၁။လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဟာအလုပ် လုပ်ခြင်းပဲ။

၂။ဆင်ခြင်ပေးတဲ့ပါစပ်ထမင်းငတ်တတ် တယ်

၃။နှေးတာအရေးမကြီးဘူးရပ်မနေဘို့ဘဲအေ ရးကြီးတယ်။

၎။လိုသလောက်မရပေမဲ့လုပ်သလောက်တော့ရနိုင်ပါတယ်။

၅။မေ့တယ်ဆိုတာမလေးစားလို့ကြောက်တယ်ဆိုတာမခိုင်လုံလို့။

၆။အလုပ်မလုပ်ဘဲအခွင့်အရေးမရချင်ပါနဲ့။

၇။မနာလိုမဖြစ်နဲ့လုပ်တဲ့သူကနေရာရမှာပဲ။

၈။အကျင့်စာရိတ္တသည်ထိုသူ၏ကံကြမ္မာပင် ဖြစ်သည်။

၉။စာရိတ္တကောင်းရင်နောက်ကြောင်းရှင်း တယ်။

၁၀။မခိုင်းပဲလုပ်တာသခင်ခိုင်းမှလုပ်တာ ကျွန်။

၁၁။အစာထိုးမရတာ(၂)ခုသညရှိတယ်။ မိဘနဲ့အချိန်ပဲ။

၁၂။မလုပ်တတ်ကြောင်းများများပြောလေမလုပ်တတ်လေ။

Pro Lay

“အားရှိပါ၏”

၁။

နေသည် ပူပြင်းလွန်းလှသည်။ ထန်းကန်မှာ မိုးမရွာတာ ကြာပြီ။ မနှစ်ကတည်းက ခေါင်သည့်မိုးမှာ သည်နှစ်မှာလည်း ရွာမည့် အရိပ်အယောင် မရှိ။ မြေကြီးက ပက်ကြားအက်နေပြီ။ စိမ်းစိုနေသည့် အရာကို ပြပါဆိုလျှင် ကျောင်းအုပ်ဆရာကြီး၏ ပုဆိုးကိုသာ လက်ညှိုးထိုးပြရတော့မည်။ သည်ကျောင်းမှာက ဆရာတွေကလည်း ချို့တဲ့၊ ကျောင်သားတွေ အများစုကလည်း လက်လုပ်လက်စား မိသားစုကနေ ပေါက်ဖွားလာသူတွေချည်းပဲမို့ ကျောင်းစိမ်းလေးတွေပင် အသွေးအရောင် မစိုနိုင်။

နေပူပူကျဲကျဲအောက်တွင် ကားတာရာကို ဖိနပ်လုပ်စီးထားသော ကျောင်းသားတစ်ယောက် လက်နှစ်ဖက်မြှောက်ကာ မတ်တပ်ရပ်နေရသည်။ သူဝတ်ထားသည်က နွမ်းစုတ်နေပြီဖြစ်သော ကွက်ကျား ပုဆိုးကြမ်းတစ်ထည်။ ကျောင်းစိမ်းလုံချည် ဝတ်မလာခဲ့သဖြင့် ဆရာက ဒဏ်ပေးထားခြင်း ဖြစ်၏။ ပူပြင်းသော နေအောက်တွင် အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေရသည့် သူ့ကို နောက်ဖေးသွားသော ကျောင်းသူကျောင်းသားတွေက စပ်စုသွားကြသည်။ ဆရာတွေကလည်း ကွက်ကြည့် ကွက်ကြည့်။ သူမှာတော့ တစ်မနက်ခင်းလုံး ဒဏ်ပေးခံရထားသည်မှာ နေ့လည် ထမင်းစားကျောင်း ဆင်းချိန်အထိ။

အင်တာဗျူးဖြေဆိုခြင်း

အင်တာဗျူးလုပ်သည့်အခါ ကြုံရတတ်သော လှည့်ထားသည့် အမေးများကို ပြင်ဆင်ရာတွင်

မင်းအကြောင်းကို ပြောပါဆိုလျှင် အလုပ်နှင့်သက်ဆိုင်သော မိမိ၏ အရည်အချင်းများနှင့် ပညာရေးအကြောင်းများ၊ အတွေ့အကြုံများကို ပြောပြပါ။ အားလုံးသည် လျှောက်ထားသောအလုပ်နှင့် သက်ဆိုင်သည့် အရာများ
ဖြစ်စေရမည်။ မည်သည့် အခါမျှ မိမိနောက်ကြောင်း ပြန်မပြောနေရပေ။ မိမိအား
ဘဝပုံပြင်ပြောရန် ခေါ်ခြင်းမဟုတ်ပါ။

ဖျက်ဆီးပစ်ဖို့အခက်ခဲဆုံးအရာကဘာလဲ ???

စိန်ဆိုတာ..အမာကျောဆုံးတွင်းထွက်ဖြစ်ပေမယ့်..ချိုးဖျက်ပစ်လိုက်ဖို့တော့ မခက်ခဲပါဘူး

ဒီလိုဆိုရင်...အခက်ဆုံးကဘာဖြစ်မလဲ...

ဒီမေးခွန်းရဲ့အဖြေကတော့..: HABIT ပါ ..မြန်မာလို အကျင့်စရိုက်..ဗီဇလို့ပြန်ရမယ်ထင်ပါတယ်..

If you break the H, you still have A BIT. ( A bit = တော်တော်လေးကျန်သေးတယ်)

If you break the A, you still have BIT.

If you break the B, you still have IT! ( it = အဲ့ဒါပဲကျန်နေသေးတယ် )

Hey, after you break the T in IT, there is still the ‘I’. ( I = သင်ကိုယ်တိုင်ကျန်နေသေးတယ် )

မနက်ဖြန်ရောက်မှ ပြန်လာပါ။

လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ သူဟာ အစောပိုင်းအင်တာဗျုးကို အောင်မြင်သွားခဲ့ပြီး ယခုအခါ နောက်ဆုံးအင်တာဗျုးအတွက် ဒါရိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါရိုက်တာဟာ လူငယ်ရဲ့အလုပ်လျှောက်လွှာကိုကြည့်လိုက်တဲ့အခါမှာ ပညာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုဟာ ထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါရိုက်တာကမေးပါတယ်။ “မင်းကျောင်းမှာ စကောလာရှစ်တစ်ခုခုရခဲ့သလား?” “မရခဲ့ပါဘူး” ဟုလူငယ်ကဖြေသည်။ “ ဒါဆိုကျောင်းစရိတ်ကို မင်းရဲ့ဖခင်က ပေးတာပေါ့ ဟုတ်လား?” “ကျွန်တော့်အဖေဟာ ကျွန်တော်တစ်နှစ်သားမှာပဲ ဆုံးသွားပါတယ်။ ကျောင်းစားရိတ်ကို အမေကပေးတာပါ” ဟုသူပြန်ဖြေ၏။ “မင်းရဲ့အမေက ဘယ်မှာ အလုပ်လုပ်သလဲ?” “ကျွန်တော့်အမေက အ၀တ်လျှော်တဲ့သူပါ ခင်ဗျာ” ဒါရိုက်တာက လူငယ်ဖြစ်သူအား လက်နှစ်ဘက်ကို ပြရန်ပြောလိုက်ပါတယ်။ လူငယ်ဟာ သူ့ရဲ့ချောမွေ့ပြီး အပြစ်ကင်းစင်နေတဲ့လက်အစုံကို ပြသလိုက်ပါတယ်။ “အရင်က မင်းရဲ့အမေကို မင်းအ၀တ်ကူလျှော်ဖူးသလား?” “တစ်ခါမှ မလျှော်ဖူးပါဘူးပါခင်ဗျာ။ အမေက ကျွန်တော့်ကို စာကြည့်ဖို့နဲ့ စာများများဖတ်စေချင်တာပါ။ နောက်ပြီးတစ်ခုရှိတာက ကျွန်တော့်အမေဟာ ကျွန်တော့်ထက် အ၀တ်တွေကို ပိုပြီးမြန်မြန်လျှော်နိုင်ပါတယ်။” ဒါရိုက်တာကပြောလိုက်ပါတယ်။ “ကိုယ် မင်းကိုတစ်ခုတောင်းဆိုချင်တယ်။ ဒီနေ့ မင်းအိမ်ကိုပြန်ရောက်တဲ့အခါမှာ မင်းအမေရဲ့လက်တွေကို သွားပြီးသန့်သန့်ရှင်းရှင်းဖြစ်အောင်ဆေးကြောပေးပါ။ ပြီးပြီဆိုရင် နောက်နေ့ မနက်ဖြန်မနက်မှာ ကိုယ့်ကိုလာတွေ့ပါ။” --- လူငယ်မှာ သူအလုပ်ရဖို့အခွင့်အလမ်းများနေပြီဟု ခံစားမိလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ အမေ့ကိုမေးပြီး အမေ၏လက်များကိုဆေးကြောခွင့်ပြုဖို့ပြောသည်။ အမေဖြစ်သူမှာ ထူးဆန်းမှု နှင့်ပျော်ရွှင်မှုရောထွေးနေသော အရသာကိုခံစားမိလျှက် အမေ၏လက်များကို သားဖြစ်သူအားပြသလိုက်လေ၏။ 

ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်

- အကြင်သူသည် အကြောင်းကို သိ၏။ ထိုသို့  သိကြောင်းကိုလည်း သိ၏။ ပညာရှိပါ။ ဆည်းကပ်ပါ .. တဲ့ ။

-အကြင်သူသည် အကြောင်းကို မသိ၊ ထိုသို့ မသိကြောင်းကိုလည်း မသိ။ လူမိုက်ပါ၊ ဝေးဝေးက ရှောင်ကြဉ်ပါ ..တဲ့ ။

-အကြင်သူသည် အကြောင်းကို မသိ။ ထိုသို့ မသိကြောင်းကိုမူ သိ၏။ ရိုးသားသော ပညာမဲ့သူပါ။ မျှဝေပေါင်းသင်းပါတဲ့ ။

-အကြင်သူသည် အကြောင်းကို သိ၏။ ထိုသို့  သိကြောင်းကိုမူ မသိ။ အိပ်ပျော်နေသူ ပါ ၊ တဆိတ် နှိုးလိုက်ပါ တဲ့ ။

မိန်းကလေးတစ်ယောက်၏အလှအမျိုးအစားများ

အလှတ၇ားဆိုတာ ၀ါးမစားဘဲ ပါးစပ်ထဲမှာတင် ယောက်ျားလေးတစ်ယောက် အစာကြေသွားနိုင်ပါတဲ့အရာပါပဲ။ ဥပမာပြောရရင် ဥဒယမင်းကြီးက တစ်ပဲမှ တစ်ကုဋ္ဌေအထိတိုးပေးပေမဲ့ ပဲဝက်ငွေကိုသာ ပြေးပြီးသွားယူချင်နေတဲ့ေ၇သည်ယောက်ျားလို အဖြစ်မျိုးလို အလှတရားရဲ့ဖြားယောင်းမှုအောက်မှာ ဘီလူးပြုံးပြုံးနေရပါတယ်ဗျာ..
အလှတရားနဲ့ကြုံတိုင်း..ယောက်ျားလေးတွေကို ဟန်ချက်လွဲစေပါသတဲ့

အဲဒီ့ ဟန်ချက်တွေလွဲစေတဲ့ အလှအမျိုးအစားတွေကတော့

မှတ်သားစရာစာစုလေးများ

၁။ ထိုင်မနေပါနဲ့
လူအများစုဟာ သူတို့လုပ်သင့်တာတွေကို မလုပ်ဖြစ်ကြတဲ့ အကြောင်းတစ်ခုကတော့ ထိုင်တွေးနေတဲ့ နေရာမှာတင် လမ်းဆုံးသွားကြလို့ပါပဲ။
တစ်ခုခုကို လုပ်ဖို့အတွက်ဆိုရင် ” ဘာ့ကြောင့် ” ဆိုတာက အပေါ်ယံနဲ့ မလုံလောက်ပါဘူး။
တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။” ငါ ဒါကို ဘာလို့လုပ်နေတာလဲ၊ ဘာအတွက်လဲ ”
ဒီမေးခွန်းက အလွန် အရေးကြီးပါတယ်။ ဒီမေးခွန်းက သင်လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။သင်လုပ်နေတဲ့အရာတစ်ခုဟာ သင့်ကို သင့်ရည်မှန်းချက်နဲ့လည်း ပိုမနီးစေဘူး။ ပြီးတော့ သင့်ရဲ့စိတ်ကိုလည်း တက်ကြွအောင် မလုပ်နိုင်ဘူးဆိုရင် ဒီမေးခွန်းကို ပိုပြီး လေးလေးနက်နက် မေးဖို့ လိုနေပါပြီ။
” ငါ ဒါကို ဘာကြောင့် လုပ်နေတာလဲ။ ဘာအတွက်လဲ””
ငါ အဲဒါကို ဘာကြောင့် လုပ်သင့်သလဲ ”
သင့်မှာ တစ်ခုခုကို ဘာ့ကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက် လုံလုံလောက်လောက်ရှိပြီဆိုရင် အဲဒီအရာကို လုပ်ဖြစ်မှာပါပဲ။ဒါကြောင့်၊ ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို လုံလုံလောက်လောက် မေးပါ။အဲဒါက သင့်ကို ပိုပြီး ခရီးရောက်စေပါလိမ့်မယ်။

Friday, September 12, 2014

ရေတွင်းတူးရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားနည်း

ဂန့်ဂေါဘက်က ရွာတစ်ရွာတွင် ရေတွင်းတူးရာ တစ်ရွာလုံး ရေတွင်းတူးရန် နှစ်နေရာ ရှာရာ ယခုနေရာကျမှ ရေတွေ့တော့သည်ဟု သိရသည်။ ရေ ရှိ-မရှိ၊ ရေ ရ-မရကို “ကြေးနီချောင်း”ဖြင့် ရှာရသည်ဟု သိရသည်။
ရေတွင်းမှာ အတောင် (၂၈)တောင် အနက်ရောက်၌ ရေတွေ့သည်။ ရေမှာ ကြည်လင်သော ရေကောင်းရေသန့် ရသည်။ ကျောက်တုံးကျောက်ခဲချည်းပဲ ထော်လာဂျီ ငါးစီးတိုက်ခန့် ရသည်။ ဤသို့ ကျောက်သဲရမှတော့ အဘယ်မှာ ရေမကောင်းဘဲ နေမည်နည်း။

သားမြတ် ၏ အံ့ဘွယ်

သမိုင်းကာလတလျှောက်တွင် ကဗျာဆရာများသည်၎င်း၊ ပန်းချီ ပန်းပု အနုပညာရှင်များသည်၎င်း၊ အမျိုးသမီး၏ အလှကို ခြယ်မှုန်းရာတွင် သားမြတ်ကို ဖွဲ့နွဲ့အလှဆင်ကြ၏။ သို့သော် ကဗျာ့ဝိဓူ ပါရဂူအဆူဆူနှင့် ပန်းချီ ပန်းပု အနုပညာ အကျော်အမော်များသည် ပုံသဏ္ဍာန်ကိုသာ ခြယ်သဖော်ပြနိုင်ခဲ့ကြ၏။

သားမြတ်၏ အံ့ဖွယ်များကိုကား မဖော်ပြနိုင်ကြပေ။ ယင်းပညာရှင်များ မဆိုထားဘိ ဆေးပညာ သုတေသီများပင် မိခင်သားမြတ်၏ အံ့ဖွယ်များကို ယနေ့ထက်တိုင် ရှာဖွေစူးစမ်းဆဲရှိပေသည်။ လူသားတဦးတယောက်၏ ခန္ဓာကိုယ် ကြံ့ခိုင်ကြီးထွားမှုသည်၎င်း၊ အသားအရေ စိုပြေညက်ညောမှုသည်၎င်း၊ အသက်ရှည်လျားမှုသည်၎င်း မိခင်၏ နို့ရည်ပေါ်၌ တည်နေသည်ဟူသော အဆိုကို မည်သူမှ ငြင်းချက် မထုတ်နိုင်ပေ။

ရှာရှာဖွေဖွေနည်းအထွေထွေ

မီးကြိုးကို မှတ်မိစေဖို့---
ပလပ်ပေါက်တခုထဲမှာ မီးကြိုးရောင်တူတွေ ထိုးထားမိလို့ ဘယ်မီးခေါင်းက ဘယ်နေရာအတွက်ဆိုတာ မှတ်ရခက်နေရင် ပေါင်မုန့်ထုပ်ကို ပိတ်တဲ့ကတ်ပြားလေးနဲ့ မှတ်ထားပါ။ အပေါ်က ဘယ်အတွက် မီးကြိုးဆိုတာ ရေးထားနိုင်ရင် ဘယ်တော့မှ မမှားတော့ပါဘူး။
*****
လိပ်စာမပျက်ဖို့---
မိတ်ဆွေသူငယ်ချင်းတွေဆီကို ပစ္စည်းပဲပို့ပို့၊ စာပဲထည့်ထည့် မတော်တဆ ကိုယ်ရေးတဲ့ လိပ်စာပေါ် ရေစက်ကျတဲ့အခါ ဒါမှမဟုတ် မိုးရေစိုတဲ့အခါ လိပ်စာပျက်သွားနိုင်ပါတယ်။ ရေးပြီးတဲ့ လိပ်စာပေါ် ဖယောင်းတိုင်ကို လှိမ့်ပြီး ဖုံးသုတ်ထားပေးလိုက်မယ်ဆိုရင် ဒီအန္တရာယ်ကို ကာကွယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။
*****

ပညာနှင့် ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း

တစ်ခါတုန်းက လမ်းဘေးမှာ အသားညှပ်ပေါင်မုန့်တွေ ရောင်းချနေတဲ့ လူတစ်ဦးရှိခဲ့တယ်။ သူဟာ စာမတတ်တဲ့အတွက်ကြောင့် ဘယ်တုန်းကမှ သတင်းစာ မဖတ်ခဲ့ပါဘူး။ သူဟာ နားထိုင်းတဲ့အတွက်ကြောင့် ရေဒီယိုလည်း နားထောင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ မျက်စိမှုန်တဲ့အတွက်ကြောင့် ရုပ်မြင်သံကြားလည်း ကြည့်ရူ့ခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် သူဟာ အသားညှပ်ပေါင်မုန့်တွေကို စိတ်အားထက်သန်စွာ ရောင်းချခဲ့တယ်။ သူ့ရဲ့ ရောင်းအားနဲ့ အကျိုးအမြတ်ဟာ မြင့်တက်လာခဲ့တယ်။ သူဟာ အသားတွေပိုမှာရင်း ပိုကြီးပြီး ပိုကောင်းတဲ့ မီးဖိုတစ်ခုကိုလည်း ဝယ်ယူခဲ့ပါတယ်။ 

အချိန်ပေးပါ

ရယ်မောဖို့ရန် အချိန်ပေးပါ
ဒါဟာ စိတ်ဝိဥာည်ရဲ့ ဂီတသံသာ…။
စဉ်းစားဖို့ရန် အချိန်ပေးပါ
ဒါဟာ စွမ်းအားတို့ရဲ့ ရင်းမြစ်ပါ…။
ကစားဖို့ရန် အချိန်ပေးပါ
ဒါဟာ ထာဝရနုပျိုခြင်းရဲ့ ရင်းမြစ်ပါ…။

Thursday, September 11, 2014

ကိုယ်ကျင့်တရားမွန်မြတ်ခြင်းလက္ခဏာများ

၁။ တည်ကြည်ဖြောင့်မတ်ရိုးသားခြင်း။

၂။ သိက္ခာ သမာဓိရှိခြင်း။

၃။ သည်းခံခွင့်လွှတ်တတ်ခြင်း။

၎။ ထောက်ထားစာနာတတ်ခြင်း။

၅။ စိတ်စေတနာဖြူ စင်ခြင်း။

ကြိုက်မိသော ဂျပန်ပုံပြင်လေးတစ်ပုဒ်

ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

မနက်ဖြန်အတွက် အတွေးအခေါ်များ

ကိုယ်ကြိုက်တာ လုပ်ရခြင်းသည် ပျော်ရွှင်မှုကိုမပေး၊
ကိုယ်လုပ်ရမည်ကို ကြိုက်ခြင်းက ပျော်ရွှင်မှုကိုပေး၏

sir James M.Barrie (ဆာဂျိမ်းစ် အမ်ဘာရီ)
..................................................................................................

ကျွန်ုပ်တို့ကို ပျက်စီးစေသည်မှာ တစ်ပါးသူတို့၏ မျက်လုံးများဖြစ်ပေသည်။
ကျွန်ုပ် မှတစ်ပါး လူအားလုံး မျက်စိကန်းနေကြမည်ဆိုလျှင်
ကျွန်ုပ်သည် အိမ်လှလှ၊ပရိဘောဂလှလှ တို့ကို အလိုရှိတော့မည်မဟုတ်ချေ။

Franklin (ဖရန့်ကလင် )

ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာ

အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ ဘယ်လောက်ထိ ဆင်းရဲကြောင်း သိအောင် ခရီးတစ်ခု ခေါ်သွားပါတယ်။

လယ်ကွင်းထဲမှာ ၂ ညအိပ်ပြီး ရွာတွေလည့်လို့ နောက်ဆုံးတော့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တော့ အဖေက သားကို ခရီးမှာ ဘာတွေ တွေ့ခဲ့လည်း မေးတဲ့အခါ --

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွက်ပုံ

(၁) ဒီပင်္ကရာ ဘုရားပွင့်ရာ ကမ္ဘာကြီးဆုံးသောအခါ ကမ္ဘာကြီး တစ်ခုပေါ်လာ၏ ။ ထိုကမ္ဘာမှာ ဘုရားမပွင့်သော သုညကမ္ဘာဖြစ်၏ ။

ထိုကဲ့ သို့သော သုညကမ္ဘာပေါင်းမည်မျှဟု ရေတွက်မရအောင် များလှ၏ ။ ထို့နောက် ကမ္ဘာတစ်ခုပေါ် လာ၏ ။ ထိုကမ္ဘာ၌ ကောဏ္ဍညဗုဒ္ဓ ပွင့်တော် မူ၏ ။ ထိုဘုရားပွင့်ရာ ကမ္ဘာကို အသုညကမ္ဘာဟုခေါ်၏ ။ ထို ဒီပင်္ကရာဗုဒ္ဓပွင့်ရာ ကမ္ဘာနှင့် ကောဏ္ဍညဗုဒ္ဓပွင့်တော်မှုရာ ကမ္ဘာနှစ်ခု တို့၏ အကြားကာ လ၌ ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီ ဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသေင်္ချေ တစ်ခုဖြစ်၏ ။

Wednesday, September 10, 2014

မပေါင်းအပ်သောမိန်းမများ

၁။ အဆင်း၌ မာန်တက်သောမိန်းမ

၂။ အနွယ်၌ မာန်တက်သောမိန်းမ

၃။ ဥစ္စာ၌ မာန်တက်သောမိန်းမ

၎။ ဥစ္စာ၌ လော်လီသောမိန်းမ

၅။ တန်ဆာဆင်ခြင်း၌ လော်လီသောမိန်းမ

ဝေဖန်တော့မယ်ဆိုရင်

ဂျပန်မူလတန်းကျောင်းလေးသို့ စိတ်ပညာကျောင်းသားများ လေ့လာရေးသွားတုန်းကပေါ့။ အတန်းတစ်တန်းကို ၀င်လေ့လာတဲ့ အချိန်လေးမှာ ဆရာမက ခုံတန်းဘေးက ဖြတ်လျှောက်ရင်း ကလေးတွေရဲ့ သချာင်္အဖြေတွေ မှန်မမှန်စစ်ဆေးနေခဲ့တယ်။ အဲဒီမှာ နောက်ဆုံးတန်းက ကလေးလေး နှစ်ယောက်နားရောက်လာတယ်။ ပထမတစ်ယောက်ကို ဆရာမက မေးလိုက်တယ်..

“သား အဖြေ ဘယ်လောက်ရလဲ”
“၃၀၀ ပါ ဆရာမ”
“အိုး တော်လိုက်တာ။ အရမ်းတော်တာပဲ...။ အဖြေမှန်ရအောင် တွက်ထားတာပဲ”

မှတ်သားဖွယ်ရာ အချက်အလက်များ

လူသားတို့မကျင့်အပ်သောအရာ( ၅) ပါး

၁. ခြင်္သေ့လိုလဲ မဟောက်နဲ့ ၂. ဖားငယ်လိုလဲ မကြောက်နဲ့ ၃. တောင်လိုလဲ မမောက်နဲ့ ၄. မြစ်လိုလဲ မကောက်နဲ့ ၅. တွင်းလိုလဲ မစောင့်နဲ့

ခေါင်းဆောင်ကောင်းတို့၏အင်္ဂါ( ၄) ပါး

၁.သစ္စာ - ကတိ သစ္စာတည် ၂.ဓမ္မော -တရားဥပဒေလမ်းကြောင်းအတိုင်း ကျင့်သုံးရမည် ၃.ဒိတိ- တုန်လှုပ်ခြောက် ခြားခြင်း မရှိရ ၄.စာဂေါ- အသက်စွန့်ရန် အသင့်ရှိရမည်

အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး

တက္ကသိုလ်တစ်ခုမှာ ရုက္ခဗေဒဘာသာသင်တဲ့ ဆရာတစ်ဦးရှိတယ်။ အဲဒီဆရာသင်တဲ့ဘာသာရပ်က စိတ်ဝင်စားဖို့မကောင်းပေမယ့် သူ့အတန်းချိန်ဆိုရင် ကျောင်းသားတွေ အမြဲပြည့်နေတတ်တဲ့အပြင် အတန်းပြင် ဝရန်တာအထိ လာနားထောင်တဲ့ကျောင်းသားတွေ ရှိခဲ့တယ်။ သူဟာလုပ်သက်ရင့် ဆရာတစ်ဦး မဟုတ်သလို အသိပညာတွေ ပေါကြွယ်ဝနေသူလည်း မဟုတ်ပါဘူး။ အကြောင်းက သူရဲ့အရွှင်းအဖောက် ဟာသဉာဏ်ကြောင့်ဖြစ်တယ်။

ဗိုလ်ချုပ်ပြောတဲ့ မိတ်ဆွေ

ဝန်ကြီးစောစံဖိုးသင်က ဗိုလ်ချုပ်အောင်ဆန်းကို
ကျွန်တော်ဟာ ဗိုလ်ချုပ်ရဲ့ရန်သူပါ လို့ ပြောလိုက်တယ်
ဒီအခါ ဗိုလ်ချုပ်က
ရဲစွမ်းသတ္တိရှိတဲ့ ရန်သူဟာ ကျွန်တော့်ရဲ့ မိတ်ဆွေအစစ်ပါ လို့ ချက်ချင်းပဲ ပြန်ပြောတယ်
ဝန်ကြီးစောစံဖိုးသင်က
အဲဒီစကားတစ်ခွန်းတည်းနဲ့ ဗိုလ်ချုပ်ကို အသည်းစွဲ ချစ်ခဲ့ရပါတယ် ဆိုတဲ့အကြောင်း ရင်ဖွင့်ဘူးခဲ့ပေသည်။

Credit-myanmarsar

ရှမ်းသမိုင်းကြောင်းများ

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်
တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်
နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။
၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သားရပါသည်။ သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်
တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။

ဆိုကရေးတီးရဲ့ အရိပ်များ

ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးသည် ဖိနပ်မစီး။ ရာသီဥတုဒဏ် ခံနိုင်သော ၀တ်ရုံတစ်ထည်ရှိလျှင် သူ့အတွက် ပြည့်စုံလေသည်။ (၁)
တစ်နေ့မှာ လူသူရှုပ်ထွေးသော ဈေးထဲသို့ သူရောက်သွား၏။ လမ်းဘေးမှာ ချရောင်းသောပစ္စည်းများကို သူ စူးစူးစမ်းစမ်း လိုက်ကြည့်နေမိသည်။ သူက မသိသော်လည်း သူ့ကို သိထားပုံရသည့် လူငယ်လေးတစ်ယောက်က လာမေးသည်။
"ဆရာကြီး ဘာပစ္စည်းကို ရှာနေတာလဲ"
"ဘာပစ္စည်းကိုမှ မရှာပါဘူးကွယ်။ လူတွေအတွက် အမှန်တကယ်လည်း မလိုအပ်တဲ့ ပစ္စည်းတွေ ဘယ်လောက်များ များနေပြီလဲလို့ လိုက်ကြည့်တာပါ"

သင်အမြဲဝတ်လေ့ရှိတဲ့ အဆင်တန်ဆာတွေက သင်ဘယ်လိုလူလဲဆိုတာ ပြောပြနိုင်

သင်က အဆင်တန်ဆာတွေထဲမှာ ဘယ်အရာကို စွဲစွဲမြဲမြဲ ဆင်မြန်းလေ့ရှိပါသလဲ။ အဲ့ဒီ အဆင်တန်ဆာတွေကို ကြည့်ခြင်းအားဖြင့် သင်ဘယ်လိုလူလဲဆိုတာ ပြောပြပေးနိုင်တယ်လို့ ဆိုရင် ယုံနိုင်ပါ့မလား။ ကဲ တစ်ချက်ကြည့်လိုက်ပါဦး။

၁။သင်ဟာ နေကာမျက်မှန်တပ်ရတာ နှစ်ခြိုက်သူဆိုရင်

အများအားဖြင့် နေကာမျက်မှန်တပ်ရတာ နှစ်ခြိုက်သူတွေဟာ ညဘက်အိပ်ရာဝင် နောက်ကျတတ်ကြပါတယ်တဲ့။ ညဉ့်နက်တဲ့အထိ မအိပ်ပဲ နေလေ့ရှိကြပါတယ်။

Tuesday, September 9, 2014

တတိယမြန်မာနိုင်ငံတည် အလောင်းမင်းတရား ဦးအောင်ဇေယျ

 ခမည်းတော် မင်းညိုစံနှင့် မယ်တော်မဟာဒေ၀ီ စောညိမ်းဦးတို့မှ သက္ကရာဇ် ၁၀၇၆-ခုနှစ်တော်သလင်းလပြည့်ကျော်(၁)ရက် သောကြာနေ့ ညဉ့် တစ်ချက်တီးကျော် ဓနသိဒ္ဓိနက္ခတ် မွန်းတည့်မတ်ချိန်တွင် ဖွားမြင်သည်။
ပျိုရွယ်စဉ်က သုံကြိမ်တိုင်တိုင် လက်ရုံးတော်မှ မီးတောက်ခဲ့သည်။ ၁၁၁၃-ခုနှစ် မွန်တို့လက်ချက် ဖြင့် အင်းဝပြည်ကြီး ပျက်စီးသောအခါ ဇာတိ မုဆိုးဘိုရွာမှ နေပြီး မွန်တို့ရန်ကို တွန်းလှန်ကာ မြို့တည်၍ ၁၁၁၄-ခုနှစ်တွင် မင်းပြုသည်။ ဘုန်းကြီးသောမင်းယောက်ျားဖြစ်သည့်အပြင် ကြံရည်ဖန်ရည်လည်း ကောင်းလှသဖြင့် အင်အားအဆမတန်များပြားသော ရန်သူ့စစ်တပ်ကြီးများကိုပင်အံ့သြလောက်အောင် ချေဖျက်သုတ်သင် ပစ်နိုင်ခဲ့သည်။
ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …"..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်ဝမှုသာ ပဓာနဖြစ်သည်.." ဟူသော သဘောမျိုးကိုပင် မိန့်ကြားတော်မူခဲ့သည်။

ကွန်းဖြူးရှပ်ပြောသောစကား

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် သည် တစ်ညနေ၌ လမ်းလျှောက်ထွက်လာလေသည်။ လမ်းမှာ လူ၂ယောက်နဲ့တွေ့တဲ့အခါ
ပထမလူက "ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။ အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ ကောင်းရာကိုညွှန်ပြတတ်တယ်။ လူတွေက ခင်ဗျားဆို လေးစားကြတယ်။ ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ" ဆိုပြီး ချီးကျူးတယ် တဲ့။ အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။ ဘာမှပြန်မပြောပေ။ အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက်က ဆက်ပြောပြန်ရော။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ.. လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။ အလကားပါဗျာ" လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေပြန်တယ်။ ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ ငါးမျှားရာမှပြန်လာတဲ့တံငါသည်တစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။ "ခင်ဗျားက ခင်ဗျားကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ" ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး


လိုက်နာမှတ်သား ကျော်ကြားသူတို့ဆိုစကား

I would prefer even to fail with honor than to win by cheating.
Sophocles (496 BC-406 BC)
ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)

To know what you prefer, instead of humbly saying Amen to what the world
tells you . you ought to prefer, is to have kept your soul alive.
Robert Louis Stevenson (1850-1894)
သူများက ကြိုက်သင့်တယ်ပြောလို့ လိုက်ပြီးကြိုက်လိုက်ရတာမျိုး မဟုတ်ပဲနဲ့ ကိုယ်ကိုယ်တိုင်
ဘာကြိုက်တယ်ဆိုတာကို သိခြင်းဟာ ကိုယ့်စိတ်ကို ရှင်သန်တက်ကြွလာအောင် လုပ်ပေးခြင်းပဲ။
(ရောဘတ်လူးဝစ်စတီဗင်ဆန်)

လျှို့ဝှက်ချက်

တစ်ခါတုန်းကပေါ့ မျှော်စင်အိုကြီးတစ်ခုအနားမှာ ဖားကလေးတွေဟာ စုပေါင်းပြီး
ပျော်ရွှင်စွာနဲ့နေထိုင်ကြသတဲ့။ တစ်နေ့မှာဖားတစ်ကောင်က
မြင့်မားတဲ့မျှော်စင်အိုကြီး ကိုကြည့်ပြီး စိတ်ကူးတစ်ခုရလာပါတယ်။ အဲဒီနောက်
“အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက
အစွမ်းအစအရှိဆုံးလဲသိရအောင်ပြို
င်ပွဲတစ်ခုလုပ်ကြရအောင်” လို့အကြံပြုတော့
အစွမ်းပြလိုတဲ့ အခြားဖားတွေကပြိုင်ကြရအောင်ဆိုပြီးထောက်ခံကြတာပေါ့။
အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့
ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို
ရောက်အောင်တက်နိုင်မလဲဆိုတာပါပဲ။ အဲဒီပြိုင်ပွဲသတင်းကိုကြားတဲ့ အခြားဖား
အမြောက်အများဟာလဲ ဘယ်ဖားတွေဘယ်လိုပြိုင်ကြမလဲ သိချင်ကြတာနဲ့ ပြိုင်ပွဲကို
ဖားပျံမကျ လာရောက်အားပေးကြတာပေါ့။

တီထွင်ကြသူများ

၁၂၅၀ မှန်ဘီလူး ရောဂျာဘေဂွန် (အင်္ဂလန်)

၁၄၄၇ စာပုံနှိပ်စက် ဂျိုးဟန်းဂူး တင်းဘော့ဂ် (ဂျာမနီ)

၁၅၉၀ မှန်ဘီလူးနှစ်ထပ်-မိုက်ခရိုစကုပ် ဇာက်ချားရီးယာစ်ဂျန်ဆင်း (နယ်သာလန်)

၁၆၀၈ အဝေးကြည့်မှန်ပြောင်း ဟန်းစ်လစ်ပါရှေး (နယ်သာလန်)

ပြသန်ာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော
တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက
သူ့သားကိုသေသေချာချာ ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကို မထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင်
ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်..။
ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။
သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ဒီမြင်ကွင်းကိုကြည့်ပြီး
သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး
တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့
သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။
ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့
လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်း ပစ်လိုက်တယ်.။
မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ခြင်္သေ့ရဲ့ လည်ပင်းနဲ့
လက်ကြားထဲသွား စိုက်တယ်..။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြာိးကုသေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့ အစွန်းရှိ
ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
ဒါကြောင့်..........

နေမဝင်သော ဗုဒ္ဓနိုင်ငံတော်ကြီး တည်ရှိခဲ့ပုံ - ဗုဒ္ဓသာသနာတော် ၂၅၀၀ - ခရီး

ဗုဒ္ဓသာသနာတော် ဘယ်လို မှေးမှိန်ခဲ့ရသလဲ




နိဒါန်း

သဗ္ဗညူ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံတော်မူသည့် နှစ်ကို သာသနာ သက္ကရာဇ် ၁ နှစ်ဟူ၍ စတင် ရေတွက်ခဲ့ရာ ယခုအခါ သာသနာ သက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ ကျော်လေပြီ။ ဤမျှ ရှည်လျားသော နှစ်ပရိစ္ဆေဒ ကာလအတွင်း ဖြတ်သန်း ချီတက်လာခဲ့ရသော ဗုဒ္ဓသာသနာတော်၏  ၂၅၀၀- ခရီး လမ်းမ တလျှောက် ပြန်လည်မျှော်ကြည့်၍ အတိတ်လှန် ဇာတ်ကြောင်းပြန်ရပါမူ ရွှင်လန်း အားတက်ဖွယ်၊ ဝမ်းနည်း ကြေကွဲဖွယ်၊ အံ့သြ ထိတ်လန့်ဖွယ်၊ အောက်မေ့တသ လွမ်းဆွတ်ဖွယ်တို့နှင့် ပြည့်လျှမ်းနေသော ဝတ္တုရှည်ကြီး တစ်ပုဒ်နှင့် တူလှပေတော့သည်။


“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့”

မုဒိမ်းမှု ကာကွယ်ရေး အဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူး လုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှု ဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည် ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်း စုစည်းပြီး ဆံပင် အရှည်ချထားတဲ့ပုံစံ၊ ဆံထုံး ထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ ကောင်းတဲ့ ပုံစံတွေကို ရွေးချယ် တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့ သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

Monday, September 8, 2014

လုပ်ငန်းခွင်တွင် မတိုးတက်သည့် အကြောင်းတရားများ

ပညာမာန ထားခြင်း
အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။


ပျော်ရွှင်ခြင်း

ပျော်ရွှင်ခြင်းဆိုတာ ကားအကောင်းစားတွေ သင်မောင်းနိုင်တာကိုဆိုလိုတာ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ အိမ်အရောက် ကားကိုဘေးကင်းကင်းနဲ့ သင်မောင်းနိုင်တာဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ ပိုက်ဆံတွေ ဘယ်လောက်စုမိပြီဆိုတာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ လွတ်လပ်တဲ့စိတ်နဲ့ သင်နှစ်သက်တဲ့အလုပ်ကို သင်လုပ်ခွင့်ရနေတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ သင့်ချစ်သူ ဘယ်လောက်ချောမောလှပတာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းဆိုတာ သင့်ချစ်သူရဲ့အပြုံး ဘယ်လောက် လန်းဆန်းတက်ကြွတယ်ဆိုတာပဲဖြစ်တယ်။

“ပူဖောင်းနီလေး မတွေ့တော့ပါ”

ဒီပုံပြင်လေးက အခြားကလေးပုံပြင်လေးလိုပါပဲ.. ပုံပြင်က အပြစ်ကင်းဖြူစင်ပြီး ချစ်စရာတွေနဲ့ ပြည့်နှက်ပါတယ်။ စာမျက်နှာတိုင်း ချစ်စရာကောင်းနေပါတယ်။ ပြီးတော့ ပုံပြင်ကို ကြွက်ကလေးတစ်ကောင်နဲ့ စထားပါတယ်။ ကြွက်ကလေးရဲ့နာမည်က “အာပု”လို့ခေါ်တယ်။

အာပုက ကြွက်မည်းလေးတစ်ကောင်ပါ.. ဒါပေမယ့် သူ့ဆီမှာ မိုးပျံပူဖောင်းနီလေးတစ်လုံးရှိပါတယ်။ ပူဖောင်းဝိုင်းဝိုင်းလေးကို အာပုအမြဲတွဲထားတယ်၊ ရင်ခွင်ထဲထည့်ထားတယ်။ အာပုဘယ်နေရာသွားသွား ပူဖောင်းကိုအမြဲယူဆောင်သွားတယ်။ အဲဒီမြင်ကွင်းလေးကို ကျွန်မတို့မြင်ယောင်ကြည့်လိုက်ပါ။ ဒါဟာ ကာတွန်းပုံပြင်လေးတစ်ပုဒ်
ဖြစ်တာကြောင့် တွေးမကြည့်လည်း မြင်ယောင်နိုင်တယ်လို့ ကျွန်မထင်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် Audrey Hepburn က သူ့သမီးအတွက်သေတမ်းစာ

ရုပ်ရှင်သရုပ်ဆောင် Audrey Hepburn က သူ့သမီးအတွက်သေတမ်းစာမှာ အခုလိုရေးခဲ့ပါတယ်။

"လှပတဲ့နုတ်ခမ်းပိုင်ဆိုင်ဖို့ရာ ချိုသာကြင်နာတဲ့စကားကိုပြောပါ။
လှပတဲ့မျက်လုံးပိုင်ဆိုင်ဖို့ရာ တခြားလူရဲ့ကောင်းကွက်ကိုကြည့်ပါ။
လှပတဲ့ကိုယ်လုံးကိုယ်ပေါက်ပိုင်ဆိုင်ဖို့ရာ ဆာလောင်ငတ်မွတ်သူကို အစာပေးကမ်းမျှဝေပါ။
လှပတဲ့ဆံပင်ပိုင်ဆိုင်ဖို့ရာ ကလေးတွေ သင့်ခေါင်းကိုတစ်နေ့တစ်ကြိမ်ကိုင်ပါစေ။
လှပရည်မွန်တဲ့ကိုယ်နေဟန်ထားပိုင်ဆိုင်ဖို့ရာ လမ်းလျှောက်နေချိန်မှာ လမ်းလျှောက်နေသူဟာ သင့်တစ်ယောက်တည်းမကဘူးဆိုတာကို မှတ်ထားပါ။"

အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်ထွန်းကားလာပုံ

ဗြိတိန်အပေါ် ကျရောက်ခဲ့သော ကျုးကျော်သိမ်းပိုက်မှုအချို့မှ အင်္ဂလိပ်ဘာသာစကား ပေါ်ပေါက်ထွန်းကား လာခဲ့သည်။ ဗြိတိန်အား ပထမဆုံးကျုးကျော်သိမ်းပိုက်သူများမှာ အင်ဂဲလ်စ် ၊ ဂျု့စ် နှင့် ဆက်ဆွန် စသောလူမျိုးစု သုံးစုဖြစ်သည်။ ၎င်းလူမျိုးစုများ၏ကိုယ်ပိုင်ဘာသာစကားများ ရောနှောပေါင်းစပ်သွားရာမှ အင်ဂလိုဆက်ဆွန် ဘာသာစကား ပေါ်ထွက်လာသည်။ ၎င်းအင်ဂလိုဆက်ဆွန်ဘာသာစကားသည် ရှေးခေတ် အင်္ဂလိပ်ဘာသာ စကား ဖြစ်သည်။
ရှေးခေတ်အင်္ဂလိပ်ဘာသာစကားသည် ဂျာမနီဘာသာစကားနှင့် အလွန်တူသည်။ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်တို့မှလာသောဗိုက်ကင်းများသည် ( ၈ရာစုနှင့် ၁၀ ရာစုကာလအတွင်းတွင် ပေါ်ပေါက်ခဲ့သော ကုန်သည် ပင်လယ်ဓားပြ) ဗြိတိန်အားရောက်ရှိပြီး ပထမကျူးကျော်မှုပြုလုပ်ခဲ့သည်။ ၁၀၆၆ ခုနှစ်တွင် နော်မန်ဒီဒေသမှ စစ်ဘုရင်ဝီလီယံဦးဆောင်သောပြင်သစ်တပ်များက ဗြိတန်အား ဒုတိယအကြိမ် ကျူးကျော်ခဲ့သည်။ နော်မန်အုပ်ချုပ်သူများက ရှေးခေတ်အင်္ဂလိပ်ဘာသာစကားအား စကားလုံးအသစ်များ ထပ်မံဖြည့်စွက်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မတူညီသောဘာသာစကားများ ပေါင်းစပ်ပြုပြင်မှုဖြင့် အလယ်ခေတ် အင်္ဂလိပ်ဘာသာ စကားဖြစ်လာခဲ့သည်။ 


အရက်ကို ရေအမှတ်ဖြင့်သောက်ရင်

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .

"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ

လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---

သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ

-ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရာထူးဆုံးရှုံးခြင်း စတာတွေဟာအကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထား ဆုံးရှုံးသွားတာကမှသာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။

-တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။

-ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။

စကားများခြင်း အပြစ်ငါးမျိုး

၁။ မဟုတ်မမှန်တာကို ပြောမိတတ်ခြင်း။
( ပြောပါများရင် အပိုအလိုတွေ ပါလာတတ်သည် )။

၂။ ကုန်းစကားကို ပြောမိတတ်ခြင်း။
(မိမိ ပိုကောင်းကြောင်း သိစေလိုသဖြင့်
သူများရဲ့ မကောင်းကြောင်း ပြောရင်း ကုန်း
စကား ဖြစ်မှန်းမသိ ဖြစ်သွားတတ်သည် )။

"ကိုယ်ဟာ သံလိုက်တစ်တုံး"

ကိုယ်ဟာ သံလိုက်တစ်တုံးဆိုတာကို ယုံပါသလား။
ကိုယ့်စိတ်ပျော်ရွှင်တယ်၊ ကိုယ့်ကိုယ့်ကိုနှစ်သက်တယ်၊ လောကကြီးကို အကောင်းစိတ်တွေနဲ့ ဖြည့်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်ဆွဲငင်ယူမိမှာပဲ။

အဲဒီလိုပဲ ဝမ်းနည်းမယ်၊ ပိတ်လှောင်မယ်၊ ဘယ်အရာကိုမဆို ကိုယ်ကြည့်မရဖြစ်နေခဲ့ရင် မကောင်းတဲ့အရာတွေက ကိုယ့်ဆီရောက်လာမှာဖြစ်တယ်။

ကိုယ်ဟာ သံလိုက်တစ်တုံးဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲ ကိုယ်ဆွဲငင်မိမှာဖြစ်တယ်။

ရှေးက ယောက်ျားတို့ တတ်အပ် အဌာရသ (၁၈)ရပ်

၁။ အကြားအမြင်သုတ အတတ်၊

၂။ ဓမ္မသတ်တတ်ကျွမ်းမှု အတတ်၊

၃။ သချာင်္ဆိုင်ရာ အတတ်၊

၎။ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်၊

၅။ လောကနီတိ အတတ်၊

တွင်းထဲကဖား မဖြစ်စေနဲ့

တွင်းထဲကဖားတစ်ကောင်လို တွင်းဝကမိုးကောင်းကင်ကိုပဲ ကိုယ်တွေ့နေခဲ့သလား၊

ဒီကောင်းကင်နေထွက်တာနဲ့ တစ်လောကလုံး လင်းသွားပြီလို့ထင်ပြီး မိုးရွာတာနဲ့ တစ်လောကလုံး မှောင်မိုက်သွားပြီလို့ ကိုယ်ထင်နေသလား၊

တကယ်တော့ တွင်းဝပတ်လည်ကို ကိုယ့်ရဲ့တစ်လောကလို့ထင်ပြီး တွင်းဝလောက်ပဲကျယ်တဲ့ကောင်းကင်က ကိုယ့်အတွေးကို လွှမ်းမိုးသွားတာဖြစ်တယ်။ လောကကြီးက အဆုံးသတ်အနား မရှိဘူးဆိုတာကို ကိုယ်မေ့သွားလို့ဖြစ်တယ်။ ဒါမှမဟုတ် တွင်းဝရဲ့ကောင်းကင်အပြင် ဒီ့ထက်ကြီးမားတဲ့ ကောင်းကင်ကြီးမရှိတော့ဘူးလို့ ကိုယ်ထင်နေလို့လည်း
ဖြစ်တယ်။

အချစ်အက္ခရာ A to Z

Accept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေလိုအပ်ပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင်
နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။