ယောကျာ်းလေး တစ်ယောက်အနေနဲ့ လက်တွဲဖော်ကောင်း တစ်ယောက်ကို 
ခင်ဗျားရှာနေလား။ ဒါပေမဲ့ ခဏလေးနဲ့ပြတ်၊ တော်တော်ကြာမှာပြတ်၊ 
ရေရှည်တွဲနေပေမဲ့ သိပ်စိတ်မပါ ဆိုတာမျိုးများ ဖြစ်နေသလား။ 
ခင်ဗျားတစ်ယောက်တည်း မဟုတ်ပါဘူးတဲ့။ 
ဒီလိုလူမျိုးတွေအတွက် ချစ်ရေးချစ်ရာတွေကို အဓိကထား အကြံပေးနေတဲ့ 
ကမ္ဘာကျော်ကုမ္ပဏီ Love Systems ရဲ့ဥက္ကဌ Nick Savoy က 
သူ့ရဲ့စည်းမျဉ်းလေးတွေကို အောက်ပါအတိုင်း ပြောကြားထားပါတယ်။
 
 နေရာ
 ခင်ဗျားကြိုက်တဲ့ မိန်းကလေးမျိုးက ဘယ်လိုမျိုးလဲ။ ဥပမာ-စာပေကို 
နှစ်နှစ်ချိုက်ချိုက်ဖတ်တဲ့ ကောင်မလေးဆိုပါစို့။ ဒီလို မိန်းကလေးမျိုးတွေဟာ
 စာကြည့်တိုက်မှာ ရှိပါမယ်။ စာအုပ်ဆိုင်တွေမှာ ရှိပါမယ်။ ပညာတတ် မိန်းကလေး 
တစ်ယောက်ကို ကြိုက်တယ်ဆိုရင် ခင်ဗျားကလည်း ပညာတတ် အသိုင်းအဝိုင်းထဲ 
ရှိနေဖို့ အရေးကြီးပါတယ်။
 
 ဒီလို မိန်းကလေးမျိုး ရှောင်
 မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားမိပြီဆိုရင် ခင်ဗျားကြည့်ရမှာက သူ့မှာ ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်း ရှိလား ဆိုတာပါပဲ။
 မရှိဘူးဆိုရင်တော့ ဒီလိုမိန်းကလေးတွေဟာ သူငယ်ချင်းဖြစ်ဖို့ 
သူတို့ရဲ့အပေါ်ယံတွေနဲ့ပဲ ဆက်ဆံတတ်သူပါ။ အခြားမိန်းမကတွေကတောင် သူတို့ဆီမှာ 
တန်ဖိုးရှိတဲ့အရာ မရှိဘူးလို့ မြင်နေရပါတယ်။
 
 ငြင်းပါစေ သင်ကြိုက်ဖို့ကအဓိက
 စာလည်းဖတ်တယ်၊ ပညာလည်းတတ်တယ်၊ တည်လည်း တည်ငြိမ်တယ် ခင်ဗျားသဘောကျတဲ့ ကောင်မလေးမျိုးပါပဲ။ ဒါပေမဲ့ သူက ခင်ဗျားကို ကြိုက်ပုံမရပါဘူး။ 
 ဒါနဲ့ပဲ ခပ်ဝေးဝေးမှာပဲ နေလိုက်စရာ မလိုပါဘူး။ မကြိုက်မှန်းသိရဲ့သားနဲ့ 
သူများသားသမီး ဒုက္ခပေးနေစရာလည်း မလိုပါဘူး။ ခင်ဗျားသဘောကျမိတဲ့ 
ကောင်မလေးရှိနေတဲ့အရပ်ဟာ ခင်ဗျားသဘောကျလို့ရတဲ့ မိန်းကလေးတွေ အများကြီး 
ရှိနေတတ်ပါတယ်။ 
 
 သူ့ရဲ့သူငယ်ချင်းတွေကို ကြည့်
 လူတွေဟာ 
မျိုးတူရာပဲ စုတတ်ကြပါတယ်။ တူရာတူရာပဲ သူငယ်ချင်း ဖြစ်တတ်ကြပါတယ်။ 
ဒါဟာခင်ဗျားအတွက် အခွင့်အရေးပါပဲ။ သူ့သူငယ်ချင်းတွေနဲ့ တွေ့ကြည့်ပါ။ 
ခင်ဗျားမကြိုက်တဲ့ တွေးပုံခေါ်ပုံတွေ၊ နေပုံထိုင်ပုံတွေကို 
သူ့သူငယ်ချင်းတွေဆီမှာ  မြင်ရနိုင်ပါတယ်။
 ဒါတွေဟာ ခင်ဗျားနဲ့မတွေ့တဲ့အချိန်မှာ ခင်ဗျားလက်တွဲဖော် လုပ်တတ်တဲ့ အမူအကျင့်တွေ ဖြစ်နေနိုင်ပါတယ်။
 တစ်စုံတစ်ဦးပြောတဲ့ အတင်းစကားတွေကိုတော့ မယုံပါနဲ့။ သူ့အကြောင်းတော့ 
ခင်ဗျားသိမှာမဟုတ်ပါဘူး။ တစ်စုံတစ်ဦးပြောတဲ့ သူအကြောင်းကိုပဲ သိရမှာပါ။
 
 တစ်ယောက်မက ထားသင့်တယ်
 တစ်ယောက်ကြိုက်ပြီး အဲ့တစ်ယောက်နဲ့ပဲယူတဲ့ မိန်းကလေးတွေကို 
ပြောတဲ့စကားရှိပါတယ်။ ဈေးမသိဘဲ ပစ္စည်းဝယ်မိသလို ပါပဲတဲ့။ ၁၀၀၀ 
လောက်ပဲတန်တဲ့ ပစ္စည်းကို ဈေးနှုန်းကောင်းကောင်း မသိတာကြောင့် ၅၀၀၀လောက်နဲ့ 
ဝယ်မိပြီဆိုရင် ဘယ်လိုခံစားရမလဲ ခင်ဗျားပဲစဉ်းစားကြည့်ပါ။
 မိန်းကလေး 
တစ်ယောက်ကို ခင်ဗျား တကယ်လည်း ကြိုက်တယ်၊ ခင်ဗျားကြိုက်တဲ့ အရာတွေလည်း 
ရှိတယ်ဆိုတာ သေချာပါစေ။ ကိုယ့်ဘဝလက်တွဲဖော် ဖြစ်သင့်တယ့် အချက်တွေရှိတာ 
သေချာပါစေ။
 
 ဘာမှ မဟုတ်တာတွေကို သောက်ဂရုမစိုက်နဲ့
 
မိန်းမတစ်ယောက်ရဲ့တန်ဖိုးက အဓိကပါ။ ဘာမှ မဟုတ်တာတွေကို 
သောက်ဂရုမစိုက်ပါနဲ့။ ဥပမာ သူ ဘယ်လို ဝတ်တယ်စားတယ်ဆိုတဲ့ ကိစ္စမျိုးပါ။ သူက 
ပုံတုံးတဲ့ ဒီဇိုင်းတွေ ဝတ်ချင်ဝတ်ပါလိမ့်မယ်။ ဒါပေမဲ့ မယုံမရှိပါနဲ့၊ 
အဲ့လိုမျိုး အဝတ်အစားကို မက်မက်မောမော မရှိတဲ့ မိန်းကလေးတွေဟာ 
တကယ်သစ္စာရှိတဲ့ မိန်းကလေးတွေ ဖြစ်နေတတ်တာ များပါတယ်။
 ပြောရရင်တော့ ဒါကဖက်ရှင်ကိစ္စပါ။ သူ့ ကိုယ်ကျင့်တရား မဟုတ်ဘူး။
 
 ခင်ဗျားပေါ်ပဲမူတည်တယ်
 ခင်ဗျားကိုယ် ခင်ဗျား တိုးတက်အောင် လုပ်လေလေ စိတ်ဝင်စားတဲ့မိန်းကလေးတွေ 
ရှိလေလေပါပဲ။ ခင်ဗျားက ရည်မှန်းချက်မြင့်မြင့်နဲ့ မိန်းမတစ်ယောက်ကို 
ရှာတယ်ဆိုရင် အဲ့မိန်းမကလည်း ရည်မှန်းချက်မြင့်တဲ့ ယောက်ျားတစ်ယောက်ကိုပဲ 
စိတ်ဝင်စားတယ်ဆိုတာကတော့ သဘာဝကျပါတယ်။
 
 Credit: ဖိုးသူတော်
No comments:
Post a Comment