စိတ်ဓာတ်မြှင့်တင်ရေးနဲ့ ကြီးပွားတိုးတက်ရေး ဟောပြောသူ၊ စွန့်ဦးတီထွင် 
လုပ်ငန်းရှင် ဘရိုင်ယန်ထရေစီက သင့်ဘ၀အောင်မြင်ဖို့ အချက် 4 ချက် ပေးထားတယ်။
 အဲဒီ အချက် လေးတွေဟာ အလွန်ရိုးစင်းပြီး ချက်ချင်းလိုက်နာ ကျင့်သုံးချင်စရာ
 ကောင်းလောက်အောင်ကို လွယ်ကူပါတယ်။ 
 ဒါလေးတွေကတော့..
 ၁။ တန်ဖိုးရှိလှသောအချိန်များ
 သင်မနက်အိပ်ယာထခါစ တစ်နာရီခန့်အချိန်ယူပြီး စာအုပ်စာပေ ဖတ်ရှု့လေ့လာပါ။ 
သင်ရဲ့ စိတ်ဓာတ်ခွန်အား၊ ၀ိညာဉ်ခွန်အား၊ စီးပွားရေးရာအမြင်များကို 
တိုးတက်ပွားများ လာစေပါလိမ့်မယ်။ သင် မနက်တစ်နာရီခန့် အချိန်ယူပြီး 
စာဖတ်မည်ဆိုက တစ်ပါတ်ကို တစ်အုပ်ခန့်ပြီးပါလိမ့်မယ်။ တစ်နှစ်ဆိုလျှင် 
အုပ်ငါးဆယ် ခန့်ပြီးစီးမည်ဖြစ်ပြီး ပါရဂူဘွဲ့ရတစ်ဦး ဖတ်မှတ်ခဲ့သော 
စာအုပ်အရည်အတွက်နှင့် တူညီသွားပါလိမ့်မည်။
 ၂။ လုပ်စရာအထွေထွေကို စာရင်းလုပ်ပါ
 တစ်နေ့တာ လုပ်စရာများကို မနက်ကတည်းက စာရင်းလုပ်ထားပါ။ 
အရေးအကြီးဆုံးအလုပ်ကစပြီး စာရင်းလုပ်၊ ပြီးလျှင် 
စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး လုပ်ကိုင် ဆောင်ရွက်ပါ။ မိမိအတွက် 
အရေးအကြီးဆုံးအလုပ်ပြီးလျှင် ဒုတိယအလုပ်ကို ဆက်လက်ဆောင်ရွက်ပါ။
 ၃။ ကိုယ်နဲ့ ထိတွေ့ဆက်ဆံရသူအားလုံးကို တန်ဖိုးထားပါ
 မိသားစု၊ သူငယ်ချင်းများ နဲ့ အခြားသောသူများတွေဟာ မိမိဘ၀အတွက် 
အလွန်ပင်အရေးကြီးသော သူများဖြစ်ပါတယ်။ သူတို့ကို 
တန်ဖိုးထားဆက်ဆံလိုက်တိုင်း သင် ကျေနပ်အားရမှုကို ခံစားရပါလိမ့်မယ်။
 ၄။ အလုပ်တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကိုမေးခွန်းနှစ်ခုပြန်မေးပါ
 > ပထမမေးခွန်းက “ငါ မှန်မှန်ကန်ကန် လုပ်ခဲ့ရဲ့လား” ကိုယ်လုပ်ခဲ့တာတွေကို တစ်ခုချင်းသုံးသပ်ပါ။ 
 > ဒုတိယမေးခွန်းကတော့ “ဒီအလုပ်ကို နောက်တစ်ခါသာ ထပ်လုပ်ရရင် 
ပိုကောင်းအောင် ဘာလုပ်မလဲ” နောက်တစ်ခါ ပိုကောင်းအောင် လုပ်နိုင်မဲ့ 
အချက်လေးတွေကို တစ်ချက်ချင်းစဉ်းစားကြည့်ပါ။
 Credit to >>>> စွန့်ဦးတီထွင်လုပ်ငန်းရှင်
No comments:
Post a Comment