Wednesday, August 27, 2014

ရေကန်ထဲကဆား(စိတ်ဓါတ်ကျနေသူများအတွက်ပါ)

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..
ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်.. ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်.

"အမေ့ရဲ့မုသားစကားလေးများ"

ကျွန်တော် ကလေးဘ၀အရွယ်တုန်းက အဖြစ်အပျက်လေးတစ်ခုပါ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့ မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ်။ "စား .. ငါ့သား... အမေ သိပ်မဆာဘူး.." ။
အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။

သမ္မတအိုဘားမားပြောခဲ့တဲ့ စကား

(၁)အ မေရိကန်ဟာ ကမ္ဘာပေါ်မှာ အင် အားအကြီးဆုံး စစ်တပ် ရှိပေမယ့် အဲဒီစစ်တပ်ဟာ
အရပ်သားအစိုးရရဲ့ ထိန်းချုပိမှုကိုခံရပါတယ်

(၂) ကျွန်တော်ကိုယ်တိုင် ဟာ သမ္မတနိင် ငံတော် စစ် သေနာပတိချုပ်ဆို ပေမယ့်
ကျွန်တော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက် လွှတ်တော် မှာ အတင်းအကျပ် အတည်ြ့ပုခိုင်းလို့ မရပါဘူး

(၃)နိင် ငံတော်ရဲ့ တရားသူကြီးတွေကို ကျွန်တော် က ခန့်အပ် ရတယ်ဆို ပေမယ်
သူတို့ ရဲ့ တရားစီရင် မှုကို ကျွန် တော်ဝင် ပါလို့ မရပါဘူး

(၄)ဘာ့ ကြောင့်လဲဆိုတော့ အ မေရိကားမှာ ဆင်းရဲတဲ့ က လေးငယ်လေးကအစ
သမ္မတအထိ ဥပဒေရဲ့လက် အောက်မှာ တညီတညာတည်းဖြစ်နေလို့ပါဘဲ!!#

(ရန်ကုန်တက္ကသိုလ်တွင်ပြောကြားခဲ့သော မိန့်ခွန်းမှ)

မိန်းကလေးများပျက်စီးတတ်သော အကြောင်းတရားကိုးပါး

၁။ ပန်းဥယာဉ်သို့ အသွားများသောမိန်းမ

၂။လက်ဆောင်ပဏ္ဍာ ပေးတိုင်းယူသောမိန်းမ

၃။စကားကြမ်းတမ်းစွာပြောဆိုတတ်သောမိန်းမ

၎။ ဆွေမျိုးအိမ်သို့ အသွားများသောမိန်းမ

အောင်မြင်မှု

ပထမဆုံးအကြိမ် လကမ္ဘာပေါ်ခြေချသူနှစ်ဦးရှိခဲ့တယ်။
အားလုံးသိကြတဲ့ Neil Armstrong အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားကို ဒီကနေ့ထိ ဆိုရိုးစကားအဖြစ်သုံးခဲ့ကြတယ်။

"ကျွန်တော်ရဲ့ခြေလမ်းငယ်တစ်လှမ်းက ကမ္ဘာပေါ်ကလူတွေအတွက်
ခြေလမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်"

လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှာ သတင်းထောက်တစ်ဦးက Buzz Aldrin ကို အဖြေရကျပ်တဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။

"Armstrongက လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား"

ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။

"ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ကနေ ကျွန်တော်အရင်ဆုံး ထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ် ပထမဆုံး ခြေချခဲ့သူဖြစ်တယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့ဗျာ..."

ခံစားချက်မတူ အတွေးအမြင်မတူ

စိတ်ပညာရှင်တစ်ဦးက (၇)နှစ်အရွယ် ကလေးနှစ်ယောက်ကိုရှာပြီး ဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။

Tom က အိမ်မှာ မွေးချင်း(၆)ယောက်ရှိတဲ့၊ ဆင်းရဲသားမိသားစုကလာတဲ့ ကလေးဖြစ်တယ်။

Andy က ချမ်းသာတဲ့ ဆရာဝန်တစ်ဦးရဲ့ တစ်ဦးတည်းသောသားဖြစ်တယ်။

ကြီးပွါးကြောင်း (၇) ရပ်


(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

"ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းတဲ့ ငှက်ကြိုးကြာ"

တီဗွီဖန်သားပြင်ပေါ်ထင်ဟပ်တဲ့အဲဒီပုံရိပ်က ကျွန်တော့်ကို ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူလိုပဲ ဒါဟာ ကျွန်တော့်ကို ပထမဆုံးအကြိမ် ရင်နင့်မျက်ရည်ကျစေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီမြင်ကွင်းက CCTV အသံလွှင့်ဌာနကထုတ်လွှင့်တဲ့ "Our Earth"ဆိုတဲ့အစီအစဉ်ထဲမှာ ကြည့်ခဲ့ရတာဖြစ်ပါတယ်။


“မေတ္တာစာ”

ရွှေစင်တမျှ မြတ်နိုးရသည့်
ငယ်ကကျွမ်းသူ ကြင်သည်းအူကို
သက်တူထပ်နှင်း ရင်ကိုရင်း၍
ချစ်ခြင်းဋီကာ ဖွဲ့ဆိုပါလျင်
ကမ္ဘာပျက်ဆုံး မိုးမြေသုဉ်းလည်း
ဘုန်းမောင့်မေတ္တာ ချစ်သက်လျာတွင်
တည်ကာတည်မြဲ တည်နေဆဲမို့
တွဲလက်တူယှဉ် ချစ်ကျွမ်းဝင်၍
ချစ်ကြင်ပေါင်းဖက် နှလုံးအပ်ကာ
ထွက်သက်ကွယ်ငြား ဘဝခြားလည်း
သက်ထားနှမ မောင့်ငွေလကို
ကြောင့်ကြမဲ့ကင်း သစ္စာနှင်း၍
မယွင်းတည်ကြည် ချစ်ဦးမည်ဟု
သည်မြေပံသု သက်သေပြု၍
ချစ်သူ့လင်္ကာ ဖွဲ့ဆိုပါ၏။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

Tuesday, August 26, 2014

အသုံးဝင်သော အင်္ဂလိပ်စကားလုံး (၂၂၇) လုံး

(1) Business is business = စီးပွားရေး က စီးပွားရေးပဲ

(2) Money talks = ပိုက်ဆံ စကားပြောတယ်

(3) Tell that to the marines = တောမှာသွားပြော

(4) Lead your own way = ကိုယ့်သမိုင်းကိုယ့်ရေး

(5) Are you nuts ? = မင်းရူးနေလား

Monday, August 25, 2014

ချမ်းသာတဲ့လူကိုလက်ထပ်ဖို့ကြိုးစားနေတဲ့မိန်းမတစ်ယောက်အား ပညာပေး ဆုံးမစာပြန်ခဲ့တဲ့သူဌေးတစ်ဦး

ချမ်းသာတဲ့ လူတစ်ယောက်ကို လပ်ထပ်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်က ချစ်သူရှာဖွေရေးဖိုရမ်တစ်ခုမှာ အောက်ပါ ပို့စ်ကို တင်ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်မ ရိုးရိုးသားသားပြောပါရစေ...ဒီနှစ်မှာ ကျွန်မအသက်၂၅ ပြည့်ပါပြီ။ ကျွန်မက အတော်လှပါတယ်။ စတိုင်နဲ့ ဆွဲဆောင်မှုလည်းရှိပါတယ်။ တစ်နှစ်လစာ ဒေါ်လာ၅သိန်းနဲ့ အထက်လောက် ဝင်တဲ့လူကို လပ်ထပ်ချင်ပါတယ်။ ရှင်တို့ကတော့ ပြောမယ်။ ကျွန်မက လောဘကြီးတယ်ပေါ့။ ဒါပေမဲ့ တစ်နှစ် ဒေါ်လာ ၁သန်းလောက် ရတဲ့လူဟာ နယူးယောက်လိုမြို့မှာ လူလတ်တန်းစားအဆင့် ပဲရှိပါတယ်။

လျှော့မတွက်ပါနဲ့

သင့်မေမေဟာ သင့်ကို သူ့ဗိုက်ထဲမှာ ကိုးလလွယ်ခဲ့တယ်။ သူမဟာ လေးလကြာအောင် ပျို့အန်ခဲ့ရတယ်။
သူမ ခြေထောက်တွေ ဖောရောင်ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့်ခံခဲ့ရတယ်.။
သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ရတယ်။
သူမ နည်းနည်းလှုပ်တိုင်း အသက်ရှူမ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်။
သူမ သင့်ကို လူ့လောကထဲရောက်အောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ရုန်းကန်ခဲ့ရတယ်။
အဲဒီနောက်မှာ သူမဟာ သင့်ရဲ့..

စကားနည်းသူတွေအတွက် သင့်တော်တဲ့ အကောင်းဆုံး အလုပ်များ

ကြိုတင်ပြင်ဆင်မှုနဲ့ အသေးစိတ် အာရုံစူးစိုက်မှုတွေ လိုအပ်လာတဲ့အခါ စကားပြောနည်းသူတွေဟာ စူးစမ်းလေ့လာမှု စွမ်းရည်၊ အာစူးစိုက်မှုကောင်းမွန်တဲ့ နားနဲ့ စံနမူနာယူထိုက်တဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေနဲ့ ဘယ်လိုအလုပ်မျိုးတွေက သင့်တော်သလဲဆိုတာကို လေ့လာတွေ့ရှိချက်တွေအရတော့

(၁) နက္ခတ္တဗေဒပညာရှင်

ကြယ်တွေအကြောင်းလေ့လာရင်း (သို့) ဂြိုလ်တုများ( Satellites) တွေနဲ့ အလုပ်လုပ်နေကြတဲ့ ဝင်ငွေကောင်းပြီး တစ်ယောက်တည်း လုပ်ရတဲ့ ဒီအလုပ်နဲ့အတူ Galileo၊ Copernicus နဲ့ Isaac Newton တို့လို ပုဂ္ဂိုလ်များရဲ့ ခြေရာကို လိုက်ပါ။

အမျိုးသမီးတွေ အရက်မူးလာတဲ့အခါ သူတို့အချင်းချင်း ပြောလေ့ပြောထရှိတဲ့ စကားများ

မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ အမျိုးသမီးတွေ တစ်ခွက်နှစ်ခွက်လောက် သောက်ပြီး မူးသွားတဲ့အခါ သူတို့အချင်း ပြောလေ့ရှိတဲ့ စကားတွေရှိပါတယ်။ ဒီလိုစကားတွေဟာ မူးတဲ့အချိန်မှသာ ထွက်လာတတ်ကြတာဖြစ်ပြီး အမျိုးသမီးအများစု မူးလေ့ရှိချိန်တိုင်း ပျမ်းမျှအားဖြင့် ၁၀ယောက်မှာ ၇ယောက်လောက်က အမြဲပြောလေ့ရှိတယ်လို့ စစ်တမ်းကောက်ချက်အရသိရပါတယ်။

၁။ငါနင့်ကို ဘယ်တုန်းကမှ မမုန်းခဲ့ဘူး။ တကယ်ပြောတာ။ နင်ကဘာလို့အဲ့ဒီလို ထင်နေရတာလဲ။

မိန်းကလေးအချင်းချင်း တစ်ခါတစ်လေ ကတောက်ကဆဖြစ်ဖူးတာတွေကို ဒီအချိန်မှာ ပြန်လည်ဖော်ထုတ်လေ့ရှိပြီး ခုတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြောင်း ပြောလေ့ရှိပါတယ်။

Sunday, August 24, 2014

ရိုးသားမှုဂုဏ်

တစ်ခါတုန်းက တက္ကသိုလ်ပြည်က ဆရာကြီးရဲ့ သမီးဟာ အလွန်ချောမောလှပသတဲ့။ အဲဒီလိုချောမောလွန်းလို့ ကြိုက်တဲ့သူတွေကလဲ များတာပေါ့။ တစ်နေ့တစ်နေ့ သူဌေးသားတွေ၊မုးမတ်သားတွေနဲ့ ကုန်သည်သားတွေ လာလာတင်တောင်းကြတာ မနည်းဘူးပေါ့။

ကျွန်တော်နဲ့ တာဝန်ရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေမှု

ပါမောက္ခဒေါက်တာအောင်ထွန်းသက်

လူ့အဖွဲ့စည်းတစ်ခုမှာ သက်ဝင်လှုပ်ရှားသူတွေကို အခြေခံအားဖြင့်နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ အခုလိုခွဲခြားရာမှာ လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ်ခြင်းဖြစ်ပါတယ်။ တစ်ဖက်ကတာဝန်ထမ်းတဲ့သူတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Duty-Bearers လို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ အခြားတစ်ဖက်ကတော့ အခွင့်အရေးခံစားခွင့်ရှိတဲ့သူတွေဖြစ်ပါတယ်။ Rights-Holders များလို့ သတ်မှတ်ကြပါတယ်။

ကျော်ကြားသူတို့ ဆိုရိုးစကားများ

ပညာရှိ၏ နှုတ်ခမ်းသည် နှလုံးသားထဲတွင် ကိန်းအောင်း၏။ သူမိုက်၏ နှလုံးသားကား သူ့နှုတ်ဖျားမှာပင် တည်ချေသည်။
(ရှောလမုန်ဘုရင်)

... ဆိတ်ဆိတ်နေပါ။ သို့မဟုတ် ဆိတ်ဆိတ်နေခြင်းထက် ပို၍တန်ဖိုးရှိသော စကားကို ဆိုပါ။
(ပိုက်သာဂိုးရပ်စ်)


ဦးသန့်အကြောင်း သိကောင်းစရာအချို့

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။


သင် ထင်မှတ်မထားလောက်အထိ မိန်းကလေးတွေရဲ့နှလုံးသားက ထိရှလွယ်ပါတယ်

(၁) ယောကျာ်းတွေကို မုန်းတယ်လို့ ခဏခဏ
ထုတ်ဖော်ပြောတတ်တဲ့ ကောင်မလေးမှာ အရမ်းချစ်ခဲ့ရတဲ့ ယောကျာ်းတယောက် ရှိခဲ့ဖူးတယ် ...

(၂) ချစ်တဲ့သူကို လွန်လွန်ကဲကဲ မျက်စိအောက်က
အပျောက်မခံတွယ်တာတတ် စကားတခွန်းလေးတောင် အမှားမခံ ဝမ်းနည်းကြေကွဲတတ်တဲ့ မိန်းကလေးတွေဟာ ကလေးဆန်တာလို့ ထင်ရကောင်း ထင်ရပေမယ့် တကယ်တော့ သူ့ဘဝမှာ လူမသိသူမသိ ကြိတ်ခံစားနေရတဲ့ ဆုံးရှုံးမှုတွေ အားငယ်မှုတွေ မပြည့်စုံမှုတွေ ရှိခဲ့ဖူးတတ်တယ် ... ဒါကြောင့်လည်း ကိုယ်ချစ်တဲ့သူကို လိုတာထက်ပိုပြီး ဆုံးရှုံးရမှာ ကြောက်နေတတ်တာပါ ...


အပြောမလွတ်တဲ့လောကမှာ စိတ်ဓာတ်ခိုင်မာပါ

တစ်ခါက သားအဖ နှစ်ယောက် မြင်းတကောင်ကိုစီးပြီး ခရီးထွက်လာကြရာ
ရွာတစ်ရွာအရောက်တွင် ထိုရွာမှ လူများက ဟယ် ကြည့်စမ်းပါအုန်း လူတွေများ
မြင်းလေးကိုမှ မညှာတာ နှစ်ယောက်တတ်စီးကြတယ်လို့ပြောလေသည်။ ဒါနဲ့ပဲ ဖခင်ဖြစ်သူက မြင်းပေါ်က
ဆင်းပြီး လမ်းလျောက်၍ ဘေးမှလိုက်လေသည်။ နောက်တရွာရောက်တော့ ဟယ် ဒီကလေးနှယ် အဖေကိုမှ မညှာတာ မြင်းပေါ်မှာ အခန့်သား လိုက်လာတယ်လို့ပြောပြန်သည်။ ဒါနဲ့ပဲ သားက မြင်းပေါ်ကဆင်း အဖေက မြင်းပေါ်တတ်ပီး လာလိုက်တာ နောက်တရွာ ရောက်တော့ အဖေဖြစ်ပြီး ကိုယ့်သားကိုယ်မှ မညှာတာ လမ်းလျောက်ခိုင်းတယ်ကြည့်ပါအုံးတဲ့ အဲလိုပြောတော့ နောက်ဆုံးအပြောလွတ်အောင်ဆိုပြီး သားအဖ နှစ်ယောက်လုံး ဆင်းပီး မြင်းကို လက်ကဆွဲပြီးလမ်းလျောက်လေရာ နောက်ဆုံးတစ်ရွာအရောက်တွင် ဒီသားအဖတွေများ အ လိုက်ကြတာ မြင်းတကောင်လုံး ပါတာကိုမစီးဘူးဆိုပြီးပြောကြသဖြင့် နောက်ဆုံးတော့ သားအဖနှစ်ယောက်လဲ လူတွေပြောနေတာတွေကို ဂရုမစိုက်ပဲ မြင်းစီးပြီးသွားတော့မှ လိုရာခရီးကို အမြန်ရောက်လေတော့သည်။

အောင်မြင်သူနဲ့ ရှုံးနိမ်သူ


(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။
ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။
(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။
ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။
(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့ တယ်။
ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။
(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူလက်လျော့နောက် ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကိုအရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။
ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစ်တယ်။

Thursday, August 21, 2014

ကျောင်းသင်ခန်းစာမှာ မပါတဲ့ သိမှတ်စရာလေးများ

(၁) ရွှေငါးလေးတွေဟာ ဘယ်အရာကိုမဆို (3)မိနစ်သာလျှင် မှတ်မိနိုင်စွမ်းရှိပါတယ်။

(၂) တိရစ္ဆာန်တွေအားလုံးထဲမှာ ချင်ပန်ဇီမျောက်သာလျှင် မှန်ထဲမှာ ထင်တဲ့သူ့ပုံရိပ်ကို မှတ်မိနိုင်တဲ့ဥာဏ်ရည် ရှိပါတယ်။

(၃) ကမ္ဘာပေါ်မှာရှိတဲ့ အမြင့်ဆုံးရေတံခွန်က "Angle Falls" ပါ။
ဒီရေတံခွန်ဟာ အမေရိကမှာရှိတဲ့ "Niagara" ရေတံခွန်ထက် (19)ဆမြင့်ပါတယ်။

(၄) အာကာသယာဉ်မှူးတွေဟာ အာကာသထဲမှာ လေချဉ်မတက်နိုင်ဘူးလို့ ဆိုပါတယ်။


Q သောသူ နှင့် ချစ်သောသူ

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….

Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။

ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။

Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။

ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။

ဗဟုသုတ မှတ်သားစရာ မြန်မာစကားပုံများ (အင်္ဂလိပ်ဘာသာပြန်)

1.Adjust burden to strength, like arrow to bow.
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

2.Although cowardly be slow to run. မရဲသော်လည်း ပြေးခဲစေ။

3.The anger of the prudent never shows. ပညာရှိအမျက် အပြင်မထွက်။

4.Arrows all gone before the battle begins. စစ်မရောက်ခင် မြှားကုန်။

5.As the doe gives birth to a fawn the tiger eats it. သမင်မွေးရင်း ကျားစားရင်း။

Proverbs (စကားပုံများ)

1.Adjust burden to strength, like arrow to bow.
တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။

2.Although cowardly be slow to run. မရဲသော်လည်း ပြေးခဲစေ။

3.The anger of the prudent never shows. ပညာရှိအမျက် အပြင်မထွက်။

4.Arrows all gone before the battle begins. စစ်မရောက်ခင် မြှားကုန်။


အသိပညာရဲ့တန်ဖိုး

တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။ တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။

အမတ်ကြီးရဲ့ ပညာမြတ်

အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကို ရောက်တော့ အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။
အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကိုတွေ့ပါတယ်

ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့

"အမတ်ကြီးကြည့်ပါ ဒီအ၀တ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အ၀တ်ပုံဖြစ်ရမယ်။အ၀တ်တွေဒီနားမှာ ထားသွားတာကိုကြည့်ရတာ သူရေချိုးနေပုံရတယ်"

----- Positive Thinking ---------

ကျွန်တော့်တို့ကခွက်ထဲမှာရေမရှိတဲ့ခေတ်မှာမွေးခဲ့ကြတာပါ ခွက်ထဲကရေကို ဘယ်သူတွေပဲသောက်သွားသောက်သွားခွက်ထဲမှာရေပြန်ဖြည့်ဖို့ လူငယ်မျိုးဆက်သစ်တွေမှာတာဝန်ရှိပါတယ်......
Be Positive and Be Active !

လင်းသိုက်ညွန့် (မြန်မာ့မြေ)

အရှုံး

"တကယ်တော့ အရှုံးဆိုတာ

ကိုယ်က အရှုံးပေးမှ ရှုံးတာပါ

ကိုယ်ကသာ အရှုံးမပေးဘူးဆို

ဘဝမှာ ဘယ်တော့မှ မရှုံးပါဘူး"

~Moe Nagt~

" တန်းတူညီမျှမှု " နဲ့ " တရားမျှတမှု "


--------- Equality doesn't mean Justice. ---------

ဒီနှစ်ခုဟာ တော်တော်လေးစဥ်းစားစရာပါဘဲ .........
ဘာကြောင့်ဆို .. .."တန်းတူညီမျှမှု " နဲ့ "တရားမျှတမှု " ဟာခြားနားနေလို့ပါဘဲ။

"တန်းတူညီမျှမှု " က ပိုကောင်းလား ??????
"တရားမျှတမှု " က ပိုကောင်းလား ??????

စွဲမြဲလုပ်ပါ ဒိသာနည်းနာ

တစ်ခါတုန်းက
တိုင်းပြည်တစ်ခုမှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ဒိသာပါမောက္ခဆီမှာ
ပညာရပ်တွေ ကိုသင်ကြားကြတယ်။
လူငယ်တစ်ယောက်က အလွန်ဥာဏ်ကောင်းတယ်။
ဒီတော့ သင်ကြားပေးလိုက်တဲ့ပညာရပ်တွေ အားလုံးကို သင်ကြားတတ်မြောက်သွားပါတယ်။
ကျန်တဲ့လူငယ်တစ်ယောက်ကတော့ အလွန်ဥာဏ်ထုံပါတယ်။
ဘာပဲသင်ပေး၊သင်ပေး လွယ်လွယ်နဲ့ မတတ်မြောက်နိုင်ပါဘူး။
ဒါကြောင့် ဒုတိယလူငယ်ကို ဒိသာပါမောက္ခက ပညာရပ်တစ်ခုကိုသာ
တတ်မြောက်အောင် သင်ကြားဖို့တိုက်တွန်းတယ်။
သေသေချာချာ သင်ပေးလိုက်တယ်။

ဗိုလ်ချု ပ်အောင်ဆန်းအား ပခုက္ကူ ဆရာတော်ကြီးက ဆုံးမသောသြ၀ါဒ

မောင်အောင်ဆန်းဗိုလ်ချုပ်ဆိုလို့ကွာ တော်တော်ကြီးပလား၊ အောက်မေ့တယ်။
တယ်မကြီးသေးပဲကို၊ ကြုံ တုန်းကြုံ ခိုက် ဆရာတော် သြ၀ါဒ နည်းနည်းပေးပါ့မယ် ............
... ဗိုလ်ချု ပ်တို့ လွတ်လပ်ရေးရပြီးရင် တို့သာသနာရေးကိစ္စလည်း ပစ်မထားနဲ့၊ သာသနာ
တော်ကြီးရဲ့ အကြီးအကဲဆရာတော်များနဲ့ တိုင်ပင်ပြီး သာသနာရေးကိစ္စတွေ လုပ်ရလိမ့်မယ်လို့ စိတ်ကူးထည့်ထားပါလေ .................
ဒါ့အပြင် .... သည်းခံ ... နိုးကြား ... သနား ... ထကြွ ... နိစ္စမသွေ ... ခွဲဝေ ...
ရှုတတ် ... သူမြတ်တို့ဂုဏ် ဆိုတဲ့ အတိုင်း အကြီးအကဲတို့ရှိရမယ့် ဂုဏ်ခြောက်ပါးအနက်
အထူးသဖြင့် နိုးနိုးကြားကြား သတိဝီရိယ သတိပြု ရမယ် .........

မှတ်သားဖွယ် သူတို့ဆီမှ မူကြိုဆရာမလေးရဲ့ နိုင်ငံရေး အတွေးအခေါ်များ

သတင်းဌာနတစ်ခုမှ အမေရိကန် မူကြိုကျောင်းမှ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။
ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

” ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ”

” (၃) နှစ်လောက်ရှိပြီ ”

” ဘာတာဝန်ယူရသလဲ ”

” ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက်အမှန်အတိုင်း မိဘတွေသိဖို့၊ ကလေးတွေကိုယ်တိုင်သိဖို့ တာဝန်ကို ယူရတယ် ”


အိမ်ထောင်ပြုတယ်ဆိုတာ

အိမ်ထောင်ပြုတယ်ဆိုတာ ..
အလှပဆုံး
ပါကင်ထုပ်ထားတဲ့အထဲမှာ
ဘာရှိနေမှန်း
ကြိုတင်မမှန်းဆနိုင်မယ့်
မမြင်ရတဲ့ အရာတစ်ခုကို
ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား
လက်ခံရယူ လိုက်ခြင်းမျိုးပါ။

( လွန်းထားထား ( ဆေးတက္ကသိုလ် ) )

အမတ်ကြီးရဲ့ ပညာမြတ်

အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကို ရောက်တော့ အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။
အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကိုတွေ့ပါတယ်

ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့


Wednesday, August 20, 2014

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။” ၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။

အိမ်ထောင်ရှင်မဖြစ်တော့မည် ၀ိသာခါကို မိဘများသင်ကြားလိုက်သော စကားဆယ်ခွန်း


(၁) အိမ်တွင်းမီး အပြင်မထုတ်ရ
(၂) အိမ်ပြင်မီး အတွင်းမသွင်းရ
(၃) ပြန်ပေးမည့်သူကိုသာပေး။
(၄) ပြန် မပေးမဲ့သူကို မပေးနဲ့။
(၅) ပေးသင့်သူကိုလည်း ပေး။

အမျိုးသားတွေအတွက် သမီးရည်းစားဆက်ဆံရေးမှာ အပိုင်ထိန်းချုပ်နိုင်မယ့် နည်းလမ်း (၅) ခု

သမီးရည်းစားဆက်ဆံရေးဆိုတာ သိမ်မွေ့နက်နဲပါတယ်။ တခါတလေမှာ ကိုယ့်ကို သူမရဲ့ ခံစားချက်တွေ ဖွင့်မပြောပဲ သိနေစေချင်တယ်။ အဲဒီအချိန်မှာ သင်ဘာလုပ်သလဲ။ ကံဆိုးမိုးမှောင်ကျတဲ့အချိန်ပေါ့၊ အဲဒီအတွက် ဒီနေရာမှာ သင့်ကို အကူအညီပေးချင်တာပါ။ သမီးရည်းစားဆက်ဆံရေး လျို့ဝှက်ချက်(၅) ခု ရှိပါတယ်။

Tuesday, August 19, 2014

ပန်းတိုင်ရှိရာ( မောင်စိန်ဝင်း(ပုတီးကုန်း))

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ

ချစ်သူများ အဆင်ပြေစေရန် သုံးရန်ဒီနည်းလမ်း

ချစ်သူမိန်းကလေး စိတ်ဆိုးပြီဆို ချော့ပါ ချစ်သူယောက်ျားလေး စိတ်ဆိုးပြီဆို သည်းခံပါ ချစ်သူမိန်းကလေး သဝန်တိုပြီဆို ပွေ့ဖက်ပါ ချစ်သူယောက်ျားလေး သဝန်တိုပြီဆို နမ်းပါ ချစ်သူမိန်းကလေး ငိုပြီဆို စနောက်ပါ

အသုံးအနှုန်းများ

မေး။ ကျွန်တော်တို့မြန်မာတွေ အလွန်နားယဉ်နေတဲ့ သိကြားမင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ.။ ပြီးတော့ နတ်သုဒ္ဓါကိုရော ဘယ်လိုခေါ်ပါသလဲ။

ဖြေ။ သိကြားမင်းကို Indra လို့ သုံးနှုန်းပါတယ်။ နတ်သုဒ္ဓါကိုတော့ Nectar လို့ခေါ်ပါတယ်။ Ambrosia လို့လည်း သုံးနှုန်းလေ့ရှိပါတယ်။ သူကတော့ မက်မုန်သီးတစ်မျိုးကိုခေါ်တဲ့ နာမည်ပေါ့။

ခဲဖျက်လို လူမျိုးများ

ခဲတံလေးက ငါတောင်းပန်ပါတယ် ခဲဖျက်ရယ်။

ခဲဖျက်က ဘာအတွက် တောင်းပန်တာလဲ မင်း ဘာအတွေအမှား လုပ်ခဲမိလို့လဲ ပြောပါ။

ခဲတံလေးဟာ မျက်နှာညိုးငယ်စွာဖြင့် ငါ့ကြောင့် မင်း နာကျင်တယ် ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ငါ အမှားတွေ ခဏခဏ လုပ်မိခဲ့တယ်။ မင်းကတော့ ငါ့ရဲ့အမှားတွေ အကုန်လုံးကို အမြဲတန်း ဖျက်ပေးတယ်နော်။ ဒါကြောင့် မင်းရဲ့ ခန္ဓာကိုယ်လေးဟာ တဖြည်းဖြည်းနဲ့ သေးလာပြီ။ အဲဒါကြောင့် ငါမင်းကို တောင်းပန် တာပါ။

True love

True love is like a ghost'
Everybody talks about it but
nobody has ever seen it!!!

အချစ်စစ်ဆိုသည်မှာတ စ္ဆေ တစ်ကောင်
နင့်တူသည် လူတိုင်းက သူ့ အ ကြောင်း
ပြော ကြ သော်လည်း ဘယ်သူမျှသူ့ကို
မမြင် ဖူးပေ!!!!

အော်စကာဝိုင်း

မနက်ဖြန်အတွက် အသိပညာများ

(၁) ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီး မဖြစ်နိုင်ဘူး။

တစ်ခါက သားအဖနှစ်ဦးဟာ စစ်တိုက်ဖို့ ထွက်လာခဲ့တယ်။
ဖခင်က စစ်သူကြီးတစ်ဦးဖြစ်ပြီး သားက တပ်သားဖြစ်တယ်။
စစ်တိုက်ဖို့ ခရာသံပေးတဲ့အချိန်မှာ အဖေက သားကို မြှားတစ်စင်းပဲ ထည့်ထားတဲ့ မြှားအိတ်ကို ပေးပြီး
"သား ဒီမြှားဟာ အဖေတို့ ဘိုးဘေးဘီဘင် အဆက်ဆက်က ကိုယ်နဲ့မခွာ လွယ်ပိုးလာခဲ့တဲ့ မြှားဖြစ်တယ်။
ဒီမြှားမှာ တန်ခိုးရှိတယ်။ ကိုယ့်ကိုယ် ဘေးမထိ ရန်မခအောင် ကာကွယ်ပေးနိုင်တယ်။
ဘယ်လို အကြောင်းမျိုးပဲဖြစ်ဖြစ် မြှားကို အိတ်ထဲကနေ လုံးဝမထုတ်ပါနဲ့" လို့ မှာလိုက်တယ်။
မြှားအိတ်က သားရေနဲ့လုပ်ထားတဲ့ လက်ရာသေသပ်တဲ့ အိတ်ဖြစ်တယ်။
မြှားထိပ်ကိုလည်း လှပတဲ့ ဒေါင်းမွေးနဲ့ လုပ်ထားတယ်။

စိတ်ဆိုးရင်မှန်ကို ကြည့်၊ အမှန်အတိုင်း သိ

စိတ်ဆိုးနေတဲ့အချိန်ဆိုတာ အမှန်ပျောက်ပြီး အမှားတွေ ပြော

အမှားတွေ လုပ် ဆုံးဖြတ်တဲ့အမှားတွေ အများဆုံး ချမိတဲ့အချိန်ပါပဲ

ဒါကြောင့် အကြောင်း တစ်ခုခုကြောင့် စိတ်ဆိုးနေတယ်ဆိုရင်

အဲဒီအချိန်မှာ ဘယ်သူ့ကိုမှ ဘာမျှမပြောသေးဘဲ

စိတ်ဆိုးနေတဲ့ပုံ ပျောက်သွားတဲ့အထိ မှန်ကြည့်နေလိုက်။

အဘယ့်ကြောင့် လူသေသောအခါ ဒီလိုလုပ်နေပါသလဲ ?

လူသေသောအခါ ရေချိုးပေးရခြင်းအကြောင်း
==========================
လူတို့သည် ရောဂါများခံစားရသောအခါ ဆေးဝါးများကုသရခြင်း ရေမချိုးရခြင်းစသည်ဖြင့် ရက်လနှစ်ကြာမြင့်အောင် ဝေဒနာကိုခံစားပြီး သေဆုံးသွားရလေသည် ထိုလူသေကောင်၌ မကောင်းသောအနံ့များနံနေသောကြောင့် အသုဘရှုသူ ရဟန်းရှင်လူများ အနံ့သက်သာစေရန် ရေချိုးပေးရခြင်း အမွှေးနံ့သာများဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။

မိန်းကလေးများရဲ့ ထက်မြတ်မှုများ

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ
ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြသည်။

ရွှေစည်းခုံစေတီတော်(ပုဂံ) သမိုင်း

တည်နေရာ ညောင်ဦးမြို့၊ ဧရာဝတီမြစ် ကမ်းနဖူး ဉာဏ်တော် ပေ (၁၆၀)
ကျော်ကြားမှု ပုဂံမင်းနှစ်ပါး တည်ခဲ့ပြီး၊ သိမှတ်ဖွယ်ရာ၊ အံ့ဘွယ်များကြောင့်ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။

လူတို့ စိတ်နေစိတ်ထား အကြောင်း သိကောင်းစရာ

၁။ ၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ လွမ်းခြင်း သတိရခြင်းဟာ လူပုဂ္ဂိုလ်တွေကို မဟုတ်ပါဘူး။ ယင်း လူပုဂ္ဂိုလ်၊ မိတ်ဆွေ၊ ချစ်သူ များနဲ့ ဖြတ်သန်းခဲ့တဲ့၊ အတူရှိခဲ့တဲ အချိန်၊ အတွေ့အကြုံနဲ့ ခံစားမှုများကို ပြန်လည် သတိရ၊ လွမ်းခြင်း ဖြစ်ပါတယ်။

၂။ အရယ်သန်သူ၊ ဟာသလုပ်တတ်သူ၊ စတတ်နောက်တတ်သူ အများစုဟာ ဝမ်းအနည်းဆုံး လူများ ဖြစ်ပါတယ်။


မြန်မာ့သမီး ရှုမငြီး

တစ်ခေတ်တုန်းက၊
ရင်ဖုံးအင်္ကျီ ပင်ဖျင်နီနှင့်
ထဘီချိတ်ဆင်၊ ယဉ်လည်းယဉ်စွ
ဆံပင်ရှည်ထုံး၊ မင်ပိတုန်းသို့
မှုန်းချယ်သစ်ဆင်း၊ လှယမင်းဟု
ကောင်းခြင်းခါတန်၊ မှတ်ကျောက်မှန်ခဲ့။

"ဝီရိယ ၏ အရည် အ သွေး လေးမျိုး"

အ ကြောင်းတရား ၈ ပါးပေါ်မှာအ ခြေ ခံပြီး
တော့ ထုတ်လုတ်လိုက် တဲ့ ဝီရိယဓာတ် ဟာ
ဘယ်လို အရည်အ သွေးမျိုးနဲ့ ပြည့်စုံ ရမလဲဆိုရင် အရည်အ သွေးလေးမျိုးနဲ့ ပြည့်စုံရမယ်

မိမိကိုယ်ကိုယ် ယုံကြည်မူ အပြည့်အဝထားပါ

သစ်ပင်ပေါ်မှာ ငှက်တွေဟာ ထိုင်နေတယ်။ သူတို့ဟာ ဘယ်သောအခါမှာ သစ်ကိုင်း ကြိုးကျမှာ ဒါမှမဟုတ် သစ်ပင်ပေါ်မှ ပြုတ်ကျမှာကို မကြောက်ကြဘူး။ ဘာလို့ မကြောက်တာလဲ ဆိုတော့ သစ်ပင် သစ်ကိုင်းတွေ ခိုင်ခံ့တာကို ယုံကြည်လို့ မဟုတ်ပါဘူး။

"အ ပေါင်းအသင်းမိတ်ဆွေ ပေါလိုလျှင်"

-စကားမနည်းပါနဲ့ ပြောသင့်တဲ့အခါ ပြောပါ
- အရှက် အ ကြောက်မကြီးလွန်းပါနဲ့
-မာန နိမ့်ချ၍ လှိုက်လှဲ သော စေ တနာဖြင့် ဆက် ဆံပါ
- သင့် မိတ် ဆွေ ဒုက္ခ ရောက် နေပါက ကူညီနိင် သော အခွင့် အလမ်းကို ရှာ၍ ကူညီပါ
-သိ သော်လည်းမသိဟန်ဖြင့် ဆရာတင် သင့်သူကို တင် ပါ

Monday, August 18, 2014

***မြန်မာ့လွှတ်တော်အစ ***

နရပတိစည်သူမင်းသည် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကိုနိုင်ငံရေးအာဏာခွဲဝေပြီး
ပုဂံခေတ်တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ဘိုးတော် အလောင်းစည်သူ ဘကြီးတော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင်တော် နရသိင်္ခ တို့၏ ထီးနန်း စိုးစံစဉ်က အာဏာနှင့် စိတ်ဝမ်းကွဲပြားမှုတွေဖြစ်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်မှုများ
ကိုကြုံတွေ့ရာကနေ စတင်သည်ဟုဆိုနိုင်ပါသည်။


"မြှောက် ပြောခြင်း ကို သတိထားပါ"

လူဆိုတာ အ မြှောက်ကြိုက် သတ္တဝါဖြစ်တယ် သတိထားမိရင် မြှောက်
ပြော တာကို သ ဘောကျပြီး ပြော လေ
သမျှ ကျ လေ့ရှိတတ်တယ်
မြှောက် ပြောတဲ့စကားက နားဝင် ချိုတယ်
နားမှာ မခါးဘူး အ မြှောက် ခံရပါများတော့
လူက ( ငါ) ဆို တဲ့ အတ္တမာန်လည်း ကြီး
ထွား လာ တော့ တာဘဲ

Facebook ဟုခေါ်သည်

ကောင်လေးက Status တင်လိုက်တယ် - "ငါစာသင်ခန်းထဲမှာ Facebook သုံးနေတယ်ကွ ... ဟား ဟား"

ဆရာမက ချက်ချင်း အောက်က Comment ဝင်ရေးလိုက်တယ် - "ငါ့အတန်းထဲက ခုထွက်သွားစမ်း"

ကျောင်းအုပ်ကြီးက ဆရာမရဲ့ Comment ကို Like လုပ်လိုက်တယ်။ "အတန်းထဲမှာ စာမလုပ်ဘဲ ... ဘယ့်နှယ့်အေ . ခေတ်ကာလသားသမီးတွေများ"

အချိန် စောင့်လိုက်ပါ

တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူထွက်လာခဲ့ကြ တယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။ သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။


လူအကြောင်း

(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

မြန်မာ့သမီး ရှုမငြီး

တစ်ခေတ်တုန်းက၊
ရင်ဖုံးအင်္ကျီ ပင်ဖျင်နီနှင့်
ထဘီချိတ်ဆင်၊ ယဉ်လည်းယဉ်စွ
ဆံပင်ရှည်ထုံး၊ မင်ပိတုန်းသို့
မှုန်းချယ်သစ်ဆင်း၊ လှယမင်းဟု
ကောင်းခြင်းခါတန်၊ မှတ်ကျောက်မှန်ခဲ့။


အမေကပိုလှတယ်

မေတ္တာကြာင့်လားမသိ၊
အမေ့အရိပ်က
အရိပ်တကာထက်ပိုအေးမြတယ်။
သဒ္ဓါကြောင့်လားမသိ၊
အမေကျွေးမွေးသမျှ
နတ်သုဒ္ဓါမကခံတွင်းတွေ့ ရတယ်။
စေတနာကြောင့်လားမသိ၊

အကျင့်ဆိုး

အလုပ်လုပ်ရာဝယ် အစက သာရယ် အဆုံးထိအောင်ပင် မကြံချင်တယ် အား လျှော့တာရယ် ပေါ့ရော့တာရယ်အဲ့ဒါ အကျင့်ဆိုးတဲ့။ တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ် နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေကုန် ခဲ့တယ် ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ် မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ် ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်

ရွှေတိုင်ညွှန်

အာ ဇာ နည် ဗိမာန်

“ အောင်ဆန်း မသာအတွက် …
ငါတော့…ငွေတမတ်မတတ်နိုင်ဘူး။
ဒီကဗျာတပုဒ်သာယူသွားပါကွာ …။ ”
သခင်နုကိုပြောနေသောဆရာကြီး၏
မျက်ဝန်းမှာ မျက်ရည်စတွေနဲ့…။


ပိုးတုံးလုံးမှ လှပတဲ့လိပ်ပြာတစ်ကောင်သို့

ကောင်လေးတစ်ယောက်ဟာ ရုပ်ဆိုးတဲ့အပြင် စကားကထစ်သေး၊
ရောဂါကြောင့် ဘယ်ဘက်မျက်နှာက အကြောဆွဲနေတာကြောင့်
နှုတ်ခမ်းပါပုံပျက်နေပါတယ်၊ သူစကားပြောတဲ့အခါ ပါးစပ်က ရွဲ့စောင်းနေတတ်တယ်။ သူရဲ့နားတစ်ဘက်ကလည်း အကြားချို့တဲ့နေပါတယ်။


မြန်မာစကားပုံများ (က မှ အ အထိ)

က ၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”

Sunday, August 17, 2014

အားသွားလို့လားသူငယ်ချင်း

ချစ်သူငယ်ချင်း

မင်းငါဆုံခိုက်ဘုရားလိုက်ဖို့
ငါတိုက်တွန်းငြားမင်းပြောကြားခဲ
မအားသေးဘူးနောက်မှကွယ်

ဥပုသ်နေ့တွင်ကျောင်းကိုလိုက်ဖို
ငါတိုက်တွန်းငြားမင်းပြောကြားခဲ
မအားသေးဘူးနောက်မှကွယ်

အတွေးခေါ်စာစုများ

(၁)တွေးခေါ်မူတွေကိုအလေးထားလွန်းရင်

လုပ်ဆောင်မူတွေရောင်ရဲလာတတ်တယ်...။

(၂)..ဟေ့..လူလေး...

ပျော်အောင်လည်းနေတော်အောင်လည်းကြိုးစားနော်...

ဒါမှ.ထိပ်တန်းရောက်မယ်...။

"မြေအမျိုးအစားအကျယ်ဖွင့် " & " တန်ဖိုးနည်း မြေကွက်များသတိထား"

(မှတ်ချက်။ ။ မသိသေးသူများအတွက် စုစည်းဖော်ပြပေးသည်။သိထားပြီးသူများကျော်သွားလိုက်ပါခင်ဗျာ။)

မြေအမျိုးအစားတွေက လယ်မြေ(R,M,S)ယာမြေ(Y), ကိုင်းမြေ(K)၊ ဥယျာဉ်မြေ(G)၊ဓနိမြေ(D)၊အခြားမြေ(OA)ဆိုပြီးရှိပါတယ်၊

ချစ်သူအားရင်တုန်စေမည့်အနမ်း (၁၀)မျိုး

လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးအတွက် ရည်စူးပြီး ကောင်းရာညွှန်လက်လိုက်ပါတယ်

(၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။

(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊

လူ့ဘ၀ဆိုင်ရာ တွေးစရာလေးများ အချို့

၁။ သူများနဲ့ မတူ ထူးခြားတဲ့ အမူအကျင့်ရှိသူ၊ အပြောအဆို မပြေပြစ်တတ်သူ အချို့က မိမိ အတွက် အကောင်းဆုံး သူငယ်ချင်းလည်း ဖြစ်တတ်ပါတယ်။

၂။ လူတိုင်းမှာ လျှို့ဝှက်ထားတဲ့ ဇာတ်လမ်းတွေ ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဘ၀ဒဏ်ရာများ၊ အတွေ့အကြုံများက သူတို့ရဲ့ ပင်ကိုယ် အကျင့်စရိုက်၊ အမူအကျင့်များကို ပြောင်းလဲသွားစေခြင်းကြောင့် ဖြစ်ပါတယ်။


“ကံအကောင်းဆုံးလူ”

လောကမှာ ကံအကောင်းဆုံးလူ ဆိုတာ
“ဗုဒ္ဓသာသနာနဲ့ တွေ့ကြုံတဲ့လူ ဖြစ်တယ်။
ဗုဒ္ဓသာသနာနဲ့ တွေ့ကြုံခွင့်ရတော့
“လမ်းကြောင်းကြီး” ပြတ်ပြတ်သားသား တွေ့ခွင့်ရတယ်။
●ရှောင်ရမယ့်လမ်းလည်း သိသွားတယ်။
●သွားရမယ့်လမ်းကိုလည်း ပြတ်ပြတ်ထင်ထင်
သိမြင်ခွင့် ရသွားတယ်။
-【တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်】
Young Buddhist's Association

ယောဂ သို့မဟုတ် သင့်ကျန်းမာရေး အတွက် နူးညံ့သိမ်မွေ့သော အထောက်အပံ့ကောင်း တစ်ခု

ကမ္ဘာပေါ်ရှိ လူသားတိုင်းတွင် နိစ္စ ဓူဝ လုပ်ဆောင်ကြ ရသည့် ကိစ္စရပ်များ စွာရှိသည်။ တစ်နေ့တာ အတွက် မလုပ် မဖြစ် ပြုလုပ်ရမည့် ကိစ္စများမှ အစ သာ ရေး၊ နာရေး၊ လူမှုရေး၊ စီးပွားရေး စ သည့် အရေးကိစ္စများစွာနှင့် အမြဲတစေ လုံးပန်းနေ ကြရသည်။ ဒါကိုပင် ‘ဘဝ’ ဟု ခေါ်သည်။ ထိုထိုသော ကိစ္စရပ် များ စွာထဲတွင် လူသားများ အတွက် အရေး အပါဆုံးနှင့် အလိုအပ်ဆုံး အရာမှာ လူတိုင်း လိုက်နာ လုပ်ဆောင်ရန် အချိန် မပေးနိုင် သဖြင့်မေ့လျော့နေလေ့ ရှိသည့် ”ကျန်းမာ ရေး”ပင် ဖြစ်သည်။

”အာရောဂျံ၊ ပရမံလာဘံ” ဆိုသည့် စကားကို လူတိုင်းကြားဖူးသည်။ ပြောဖူးသည်။ အဓိပ္ပာယ်လည်း နားလည်သင့် သလောက် နားလည်ကြသည်။ သို့ရာတွင် လိုက်နာရန် ၊ ကျင့်သုံးရန် ခဲ ယဉ်းကြသည်။ အကြောင်းမှာ စားဝတ် နေရေး အတွက် လုံးပန်းရင်း ကျန်းမာရေး အတွက် အချိန်မပေးနိုင် ကြခြင်းကြောင့် ဖြစ်သည်။


" ခွင့်လွတ်ခြင်း "

ကျွန်တော်ဘ၀ကို နာကျင်အောင် စိတ်ဓာတ်ကျအောင် ပူဆွေးလောင် မြိုက်အောင် အထပ်ထပ်ရှူံးနိမ့်အောင် ထိခိုက်စေခဲ့တဲ့ အကြောင်းအရာ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်၊၊ လူတိုင်း လူတိုင်းဟာ မျှော်လင့်ချက်တွေ ၊ အနာဂါတ်စိတ်ကူးတွေ ၊ ပိုင်ဆိုင်မြတ်နိုးလိုမှုတွေ ဆုံးရှုံးရခိုက်မှာ ပူဆွေး သောကများစွာနဲ့ ဘ၀မှာဘာတစ်ခု မျှမမြင်စွမ်းတော့ဘာဘူး၊၊ ၀န်ခံပါတယ် ၊၊
ကျွန်တော်ကိုယ်တိုင်ပါပဲ ၊၊

ကျွန်တော်ဘ၀မှာ “ခွင့်လွှတ်ခြင်း” ဆိုတဲ့အဓိပ္ပါယ်ကို သဘောပေါက်ချိန်ကစပြီး ဒီအရာတွေအားလုံးကို အနည်းငယ်ပြေလျော့သွားအောင် နေတတ်ခဲ့ပါတယ်၊၊ ကျွန်တော်သိတဲ့ “ခွင့်လွှတ်ခြင်း” အဓိပ္ပါယ်ကိုအားလုံးနဲ့ဖလှယ်ချင် ပါတယ် ၊၊

မိန်းကလေးများ ရှောင်ကြဉ်ရမဲ့ ချစ်သူယောကျာ်းလေးများ အားပြောရမဲ့ စကားလေးခွန်း

၁) အရင်ရည်စားနဲ့ဘာကွာလဲ
မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားအကြောင်းကို စိတ်ဝင်စားတတ်ကြပြီး သူမနဲ့ကိုယ်နဲ့ဘာကွာခြားချက် ရှိသလဲဆိုတာကို အမြဲလိုလို တိုင်းတာပြီး မေးမြန်းမေးတတ်ကြပါတယ်။ ဒီမေးခွန်းမေးလိုက်တဲ့အတွက် ကိုယ့်ချစ်သူက တော့ ပြန်ဖြေမှာပဲ မင်းကသာတာပေါ့ကွာ ဘာညာပေါ့။ တကယ်တမ်းလည်း မိန်းကလေးတွေက ဒီအဖြေပဲလိုချင်ကြတာပါပဲ။ အရင်ရည်းစားက ပိုသာပါတယ် သူ့ကို ပိုချစ်ခဲ့တာလို့ ဖြေမဲ့ငတိတော့ ရှိမယ်မထင်ပါဘူးနော်။

တကယ်တမ်း လိမ်မာပါးနပ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ချစ်သူရဲ့ အတိတ်ကို ပြန်လည်တူးဆွပြီး သူရဲ့ အရင်ရည်းစားနဲ့သွားခဲ့လာခဲ့ ချိုမြိန်ခဲ့တဲ့ နောက်ကြောင်းကို ပြန်လည် စဉ်းစားစေမှာ မဟုတ်ပဲ လက်ရှိဘ၀ကို အကောင်းဆုံးဖန်တီးပြီး အရင်တစ်ယောက်ထက်သာအောင်သာ ကြိုးစားသွားပါလိမ့်မယ်။


သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်ချင်ရင်.....

၁.တိတ်ဆိတ်ခြင်းကို ရွေးပါ။

တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။

ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီးမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။

ဘဝပျော်ရွှင်နည်းများ

(၁) ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ

ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို ချစ်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်အတွက် ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ၊ သိုလှောင်ပါ။ ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ ပျော်ရွှင်စရာငါးခုကို မှတ်သားပါ။ မှတ်သားထားတဲ့ပျော်ရွှင်ခြင်းတွေကို မှတ်စုစာအုပ်မှာ ညှပ်ထားပါ။ စိတ်ညစ်ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် လိုအပ်တဲ့အခါ ပျော်ရွှင်ခြင်းမှတ်စုကို ထုတ်ဖတ်ပါ။ နွေးထွေးတဲ့ ပျော်ရွှင်ခြင်းတွေကို အသစ်တဖန် ပြန်ခံစားမိပါလိမ့်မယ်။

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ

ယောင်္ကျင်္ားလေးတယောက်မှာအရာရာကိုယ် ရင်ဆိုင်ရဲတယ်
ဆိုတဲ့အချိန်ဟာ ကိုယ့်ချစ်သူရဲ့လက်တဖက်ကို ဆုပ်ကိုင်ထား
ရတဲ့ အချိန်ပါ...

မိန်းကလေးတယောက်မှာလဲ အပျော်ရွှင်ရဆုံးသောအချိန်ဟာ
ကိုယ်ချစ်ရတဲ့သူ ကိုယ့်ကိုတကယ်ချစ်တဲ့သူရဲ့ပုခုံးလေးမှာ
မှေးစက်နာခိုနေရတဲ့ အချိန်ပါပဲ...

Friday, August 15, 2014

Stress ဆိုတာ

သိပ္ပံပညာရှင်များရဲ့အဆိုအရတော့ pressureမရှိတဲ့အချိန်မှာ
လူတော်တော်များများဟာ ပြသနာတစ်ခုကိုဖြေရှင်းဖို့ အကြံဥာဏ်(၁၀) ခုကနေ အခု(၂၀)လောက်ထွက်ပါတယ်။ ဒါပေမဲ့ pressureရှိတဲ့အချိန်မှာတော့ လူတစ်ယောက်ဟာ အကြံဥာဏ်(၅)ခုကနေ (၈)ခုလောက်
ပဲထွက်ပါတယ်။


စိတ်ဓာတ်ကျနေသလား သူငယ်ချင်း? အချိန်လေးခနလောက်ပေးပြီး ဖတ်ကြည့်ပါ။

အရင်ဆုံးပြောချင်တာကတော့ စိတ်ဓာတ်ကျတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်ထဲမဟုတ်ပါဘူး။
ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ကြပါတယ်။
ပိုက်ဆံမရှိလို့၊ ချစ်သူနဲ့အဆင်မပြေလို မိသားစုနဲ့အဆင်မပြေလို့၊ အလုပ်မှာအဆင်မပြေလို့၊
စာမေးပွဲကျလို့၊ ရုပ်မလှလို့ အမျိုးမျိုးကိုစိတ်ဓာတ်ကျနေတတ်ကျပါတယ်။ စိတ်ဓာတ်ကျတာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့သင်ထင်မှာပေါ့။ တကယ်တော့သင်ထင်သလိုမဟုတ်ပါဘူး။ 


Confidence မရှိဘူးဖြစ်နေလား?

ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့
အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်ကသီချင်းမဆိုတတ်
ဆိုတတ်နဲ့ဆိုခဲ့တယ်။ အဲဒိအချိန်မှာ မိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေ
ရဲ့ "မင်းအသံကဆိုးလိုက်တာကွာ" စတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ
ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tatooအထိုးခံလိုက်ရပါတယ်။ အကျိုးဆက်
အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း
ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာ
ရှိပါသေးတယ်။ "မင်းဖြစ်မှာမဟုတ်ပါဘူးကွာ" "မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ"
ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ
ပျောက်ဆုံးခဲ့ရတယ်။


Thursday, August 14, 2014

အချစ်ရဲ့ အဓိပ္ပါယ်

တကယ့်အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။

အချစ်ဆိုသည်မှာ

တကယ်တော့ အချစ်ဆိုတာ နေ့စဉ်ဘဝပါ။ ကိုယ်ချစ်တဲ့သူနဲ့ အတူပြုံးရယ်တယ်၊ လက်ချင်းတွဲပြီး အတူလမ်းလျှောက်တယ်၊ စကားသံမလိုဘူး... ကတိမလိုဘူး။ မီးဖိုချောင်ဝင်ပြီး ကိုယ်ချစ်တဲ့သူအတွက် ချက်ပြုတ်တယ်။
မိုးအေး လေအေးတိုက်တဲ့အခါ သူ့အတွက် အနွေးထည်ကမ်းတယ်။
ပွနေတဲ့ဆံပင်ကို သပ်တင်ပေးတယ်။
မိုးရွာတဲ့နေ့တွေမှာ ထီးလေးဖွင့်ပြီး သူ့အတွက် ကြည်လင်တဲ့ကောင်းကင် ဖန်ဆင်းပေးတယ်။ သူနိုးထချိန်မှာ နူးညံ့တဲ့အကြည့်၊ နွေးထွေးတဲ့အထိအတွေ့က ဘဝတစ်သက်ကို ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံစေပါတယ်။

စာအုပ်စာပေဆိုတာ

ဆောင်းရောက်ပြီ..... မြို့ကို ရန်သူတွေက ဝန်းရံထားတုန်းပဲ။
မြို့ထဲမှာ မီးမရှိ၊ ထင်းမရှိ၊ အရာရာပြတ်လပ်နေခဲ့ပြီ။
ပညာတတ်လူတန်းစားဇနီးမောင်နှံနှစ်ဦးက အစားအစာချက်ပြုတ်ဖို့၊
အနွေးဓာတ်ရဖို့ သူတို့စုဆောင်းထားတဲ့စာအုပ်တွေကို မီးရှို့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ အထပ်ထပ်
သေချာတွေးတောဆုံးဖြတ်ပြီးနောက် မီးရှို့မယ့်စာအုပ်တွေကို
အဆင့်ဆင့်စီလိုက်တယ်။ ပထမဦးဆုံး ကျောင်းပြဌာန်းစာအုပ်တွေကို သူတို့မီးရှို့တယ်။ အဲဒီနောက် မိတ္တုပွားရှိတဲ့စာအုပ်တွေကို သူတို့မီးရှို့တယ်။ အဲဒီလို ရှို့ရင်းရှို့ရင်း နောက်ဆုံးမှာ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို
ရောက်သွားပါတယ်။

Dostoyevsky ရဲ့စာအုပ်ကို ရှို့ရမလား၊ Marcel Proust ရဲ့စာအုပ်ကိုရှို့ရမလား၊
"တစ်ခါတလေမှာ ဒီစာအုပ်တွေကိုကြည့်ရင်း ငါတို့အစာအငတ်ခံဖို့ပဲ ဆုံးဖြတ်လိုက်မိတယ်" လို့ ဇနီးမောင်နှံကပြောပါတယ်။

Robin Williams

"ဘဝမှာအဆိုးရွားဆုံးအရာက တစ်ယောက်တည်း အထီးကျန်စွာ အိုမင်းသွားခြင်းလို့ ငါထင်ခဲ့တယ်။ နောက်မှသိလိုက်ရတာက ဘဝမှာအဆိုးရွားဆုံးအရာက သင့်ကိုအထီးကျန်ဆန်အောင်ခံစားစေသူနဲ့ အတူအိုမင်းသွားခြင်းပဲဖြစ်တယ်"

ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးအဖြစ် နှစ်ပေါင်း ၄ဝကြာရပ်တည်ခဲ့တဲ့ Robin Williamsဟာ သြဂုတ်လ ၁၁ရက်နေ့ အသက်၆၃နှစ်အရွယ်မှာ သူ့ဘဝကို အဆုံးသတ်ပုဒ်မချသွားခဲ့ပါပြီ။ ဒီ့အတွက် သူရဲ့ပရိသတ်တွေ ဝမ်းနည်းကြေကွဲနှမြောခဲ့ကြရတယ်။ ဇနီးဖြစ်သူ Susan Schneider က
"သူသေဆုံးသွားတာကို မှတ်ထားတာထက် လူတွေကို သူပေးခဲ့တဲ့ပျော်ရွှင်မှုတွေကိုပဲ မှတ်ထားပေးဖို့ မျှော်လင့်ပါတယ်"လို့ ဆိုခဲ့ပါတယ်။ ဒီ "စိတ်ဓာတ်လမ်းညွှန်ရေးဆရာ" က လူတွေကို ပျော်ရွှင်ရယ်မောခြင်းတွေအပြင် ဆင်ခြင်တွေးတောစရာ အသိအမြင်တွေကိုပါ အများအပြားပေးခဲ့ပါတယ်။ သူသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေထဲကနေ အဆုံးမရှိတဲ့ လူ့ဘဝသင်ခန်းစာတချို့ကို မျှဝေလိုက်ပါတယ်။


ဘ၀ထဲမှာ..

မျက် ရည်ကျခဲ့ဖူးတဲ့မျက်လုံးကပိုပြီး ကြည်လင် တတ်ပါတယ်။
နာကျင် ခဲ့ဖူးတဲ့ နှလုံးသားက ပိုပြီး
ခိုင် မာလာတတ်ပါတယ်။
ကျရှူံးခဲ့ဖူးတဲ့ အတိတ်က
အနာဂတ်ကောင်းကို ပိုမို ရ ရှိစေပါတယ်

မုန်တိုင်းပြီးအောင်စောင့်နေတာက
ဘဝမဟုတ်ပဲ
မုန်တိုင်းထဲမှာ
ဘယ်လိုရှင် သန် နေထိုင်ရမယ်ဆိုတာကိုသင်ယူ
နေတာကမှ ဘဝပါ။

လေပြည်ညှင်းထဲမှာ အသက် ရှုနိုင် မှ
အသက် ရှင် သန်တာ မဟုတ်ပဲ
မုန်တိုင်းထဲမှာလည်း
အသက် ရှင် သန်အောင်
အသက် ရှူနိုင် တာကမှ ဘဝပါ…

ငြိမ်းလဲ့

တန်ဖိုးကို မိမိ ကိုယ်တိုင်ဆန်းစစ်ခြင်း

ဆယ်ကျော်သက်အရွယ် ကောင်လေး တစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင်ရဲ့ ငွေရှင်းကောင်တာနားက တယ်လီဖုန်းရုံကိုသွားပြီး ဖုန်းဆက်ဖို့ ဖုန်းနံပါတ်နှိပ်လိုက်တယ် ...။

စတိုးဆိုင်ပိုင်ရှင်က သတိထားမိပြီး ဘာပြောသလဲဆိုတာ နားထောင်နေသတဲ့ ...

ကောင်လေး : "အန်တီ .. အန်တီ့အိမ်ရှေ့ကမြက်ခင်းကိုရိတ်ပေးဖို့ လူများလိုအပ်သလား သိချင်လို့ပါ"

အမျိုးသမီးကြီး : (တစ်ဘက်မှပြော) "အန်တီ့မှာ မြက်ခင်းရိပ်ပေးနေကျသူရှိပါတယ်ကွယ်"


ကျေးဇူးတရား

လူ့ ဘဝမှာ
ကို့ ကို နာကျင် စေခဲ့တဲ့လူတွေ
ကို့ကို ပြက် ရယ်ပြုခဲ့တဲ့လူတွေကို
ကျေးဇူးတင် ပါ
သူတို့ တွေ ကြောင့် ကို့ကို ကြိုးစားစေဖို့
မ ခံချင် စိတ် ဖြစ်လာပြီး ပတ်ဝန်းကျင် မှာ
လက်မ ထောင် နေ တဲ့ လူတစ် ယောက် ဖြစ်
အောင် ခွန်အားတွေ ပေးခဲ့လို့ပါ
ဘဝမှာ ဆင်းရဲဒုက္ခ အခက် အခဲ နာကျင် မှု တွေနဲ့ ကြုံ တွေ့လာရင် ဘာသာတရားကို
လက် ကိုင် ထားပြီး လောကဓံမုန်တိုင်းကို
ကြံ့ကြံ့ခံပါ အဲဒီအချိန်မှာ ဘာသာတရား
မရှိ တဲ့ လူထက် ဘာသာတရားလက် ကိုင်
ထားတဲ့ လူက အောင် နိင် သူဖြစ်ဖို့
ပို အ ခွင့် အ ရေးရှိလို့ပါ
ဒုက္ခ ရောက် နိင် တဲ့ အချိန်မှာ ကို့ကို လက်တွဲခေါ်ပြီး လမ်းပြ တွဲ ခေါ် ခဲ့တဲ့
အ ပေါင်း အသင်း မိတ် ဆွေ တွေကို
ကျေးဇူးရှင် အဖြစ် နံလုံးသားထဲ မှာ
တစ် သက်လုံး စိတ်နလုံးသွင်းပါ
ကျေးဇူးတရားမရှိတဲ့လူ တစ် ယောက်ဟာ
အောင် မြင် မှုကို ရေရှည် တည်တံ့ အောင်
ထိန်းသိမ်းနိင် စွမ်းမရှိပါဘူး အဲဒါ ကြောင့်
လူ တိုင်း လက် ကိုင် ထားသင့်ပါတယ်


သင်ကြိမ်းသေ သဘောကျမယ့် ဗဟုသုတ(၁၀)ချက်

၁ ။ Dreamt ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့ ( The quick brown fox jumps over the lazy dog) ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ alphabet တွေကို အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင် ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။ မှန်တယ်မဟုတ်လား ။


BF ဆိုတာဘာလဲ

ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ် " ငါက နင့်ရဲ့ BF ပါ " တဲ့။ ကောင်လေးရဲ့အပြောကို နားမလည်တဲ့ ကောင်မလေးက အပြစ်ကင်းတဲ့ မျက်နှာနဲ့မေးတယ်။
" BF ဆိုတာဘာလဲ? "

ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့ " BF ဆိုတာ best friend ပါ " လို့ပြောတယ်။


လေးစားမှု


သူတစ်ပါး က လေးစားတယ်

ယုံကြည်တယ် ခင်မင်တယ် အဲ့ဒီလို အကြောင်းတွေ

ရှိလာတဲ့အခါ အဲ့ဒီ ခင်မင် လေးစားယုံကြည်ခြင်းတွေနဲ့

တန်အောင် မူလ ရှိရင်းစွဲ ကိုယ့်ရဲ့ နေမှုထိုင်မှု

ပြောမှုဆိုမှု တွေကို မလျော့ပါးစေဖို့ထိန်းသိမ်းရင်း

ပိုမိုကောင်းမွန်တိုးတက်အောင် ကျင့်ကြံအားထုတ်ဖို့

လိုပါလိမ့်မယ်။

ဒါမှသာ

မိမိရော မိမိနဲ့ ပတ်သက်သူတွေရဲ့ အသရေတွေဟာ

ဝင်းပကြည်လင်မှုတွေရှိပြီး

ငြိမ်းအေးချမ်းသာခြင်းတွေပြည့်နေပါလိမ့်မယ်။

ချစ်သူ သိစေ


မင်းရှေ့  ဒူးထောက်

ငါရောက်ခဲ့ပြီ

ရွယ်ရည် မေတ္တာ

ရလာ ဖို့ရေး

ဦးဆွေး ဆံမြေ့

မရွေ့ နေရာ

ကိုယ်မှာ နွယ်မြက်

ပေါက်ထွက်ပါစေ

မသွေ ချစ် ကြောင်း

ထပ်လောင်းသိစေ

ချစ် တွေ ရ မှ

ညွှန်း ထ ဖို့ ရည် စိတ် ထားတည်။ ။


"နောင်ဘဝတိုင် မောင်နှံနှစ်ဖော် ပေါင်းလိုသော်"

မြတ်စွာဘုရားရဲ့ တရားတော်တွေမှာ လောကုတ္တရာ ကောင်းကျိုးအပြင် လောကီ ကောင်းကျိုးတွေ အတွက်လည်း အများအပြား ရှိပါတယ်။
မြတ်စွာဘုရားက သတ္တဝါတွေ အားလုံး နိဗ္ဗာန်ကို ဒီဘဝမှာပဲ ချက်ချင်း အကုန်သွားလို့ မဟောခဲ့ပါဘူး။
နိဗ္ဗာန်ကို ရောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း နိဗ္ဗာန်ကို ဒီဘဝမှာပဲ ရောက်အောင် သွားဖို့ နည်းလမ်းတွေ ပေးခဲ့သလို သံသရာမှာ ကျင်လည်နေသူတွေကိုလည်း သံသရာခရီး သွားတဲ့ လမ်းခရီးမှာ နေနည်း ထိုင်နည်း စိတ်နေစိတ်ထားတွေကိုလည်း အားလုံး သင်ပေးခဲ့ပါတယ်။

လူပြောများ၍ လူပြောမှားနေတတ်သည့် မေတ္တာစိတ်နှင့် ဝိပဿနာဘာဝနာ။

အကြင်သူသည် အရပ်လေးမျက်နှာ
မှ ကြွလာသမျှသော ကြွလာသမျှသော သံဃာကို ရည်စူး၍ကျောင်းဆောက် လှုဒါန်း၏။
အကြင်သူသည် ကြည်ညိုသောစိတ်
ရှိသည်ဖြစ်၍ ဘုရားတရားသံဃာကို
ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်၏။
ထိုဆည်းကပ်ကိုးကွယ်မှုသည်
စတုဒိတာ သံဃိကကျောင်းကိုဆောက်လုပ်လှု
ှုဒန်းရသည်ထက်
အကျိုးကြီး၏။

ကိုရီယား ကေပေါ့ပ်ဆီက တကယ့် အတုယူစရာက ဘာလဲ

ကိုရီယား K-PoP ဟာ ယနေ့ အာရှသာမက ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ လူငယ်တွေအကြား လူကြိုက် များပြီး နာမည်ရလာနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုရီယား လှိုင်းနဲ့ အတူ ကေပေါ့ပ်ကို စွဲမက်ကြ တယ်။ အားကျ အတုယူကြတယ်။

တကယ်အတုယူစရာတွေက ဘာတွေလဲ ဆိုတာ သိစေဖို့ ကေပေါ့ပ် အကြောင်းတစေ့တစောင်း ကို ဖော်ပြ
ပေး လိုက်ပါတယ်။


Wednesday, August 13, 2014

သေမင်းတမန် ရထားလမ်း – Death Railway

၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင် ၍ ဂျပန် တပ်မတော် က ဖောက်လုပ် ခဲ့သော ယိုးဒယား – မြန်မာ မီးရထား လမ်း ကြီးသည် လူသား များ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှား ခဲ့သည်။ မီးရထား လမ်း ဖောက်လုပ် ရာ တွင် မြန်မာ တိုင်းရင်း သား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်း အမှတ်ပွဲ ကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။
သံဖြူဇရပ် မှ ဘန်ပေါင်သို့

ဆရာဇော်ဂျီ အတ္ထုပ္ပတိ

ဆရာဇော်ဂျီကို ၁၉၀၇ ဧပြီလ ၁၂ ရက် သောကြာ နေ့တွင် ဧရာဝတီ တိုင်း၊ ဖျာပုံ မြို့၌ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၉ ဦး အနက် အကြီးဆုံး သားဖြစ်ပြီး အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီး ကျောင်းတွင် ပညာ သင်ကြား ခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ် မြန်မာ အစိုးရ အထက်တန်း ကျောင်းတွင် သတ္တမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ ဆရာ ဇော်ဂျီသည် ငယ်စဉ် ကလေးဘ၀ ကတည်းက မြန်မာမှု၊ မြန်မာ စာပေ တို့နှင့် အကျွမ်းတ၀င် ရင်းနှီး ခဲ့သည်။ အကြောင်းမှာ ဆရာ ဇော်ဂျီတို့ အိမ်တွင် လူကြီးများ စုဝေးကာ စာအကြောင်း ပေအကြောင်း ပြောကြ သောကြောင့် ဖြစ်သည်။

ဝံပုလွေ နှစ်ကောင်

လူတိုင်းရဲ့ နှလုံးသားထဲမှာ ဝံပုလွေ နှစ်ကောင် ကိန်းအောင်းနေပါတယ် ။
တကောင်က ဒေါသကြီး ၊ မုန်းတီးတတ်ပြီး စိတ်နဲ့လူနဲ့ မကပ်ဘူး ။
နောက်တကောင်က ချစ်ခြင်း မေတ္တာတရားပြည့်ဝ ၊ကျေးဇူး သိတတ်ပြီး သတိတရား အမြဲလက်ကိုင်ထားတယ်။


အင်တာနက် မြန်နူန်း G - E - 3G - H - H+ - 4G - LTE - LTE-A

အင်တာနက်သုံးတဲ့အခါ ဖုန်းရဲ့ ထောင့်တစ်နေရာမှာ H+ လေးပေါ်လိုက် .. 3G ဖြစ်သွားလိုက်နဲ
H+ ဆိုတာ မသိခင် .. အရင်သုံးနေကြ H ဆိုတာ ဘာလဲ သိရပါမယ်။
H - HSDPA (High Speed Downlink Packet Access) (Year-2006)
H+ ထက်ပိုနှေးပါတယ်။ ပျမ်းမျှ 7.2 Mb/s
HD video တွေ တိုက်ရိုက်ကြည့်နိုင်ဖို့ လုံလောက်တဲ့ မြန်နူန်းဖြစ်ပါတယ်

တိုက်တန်းနစ်နောက်ကွယ်တွင်...

အရင်ကနာမည်ကြီးခဲ့တဲ့ TITANIC သင်္ဘောကြီးနစ်မြုပ်ခြင်းမှာ လူသိနည်းတဲ့ နောက်ကွယ်ကအကြောင်းရင်းလေးတွေပါ...။

၂၀ရာစုနှစ်စောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အရမ်းကိုကျော်ကြားတဲ့အမှုအခင်းတစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ တလောက စိတ်ကူးပေါ်လာမိပါတယ်..။ ထိုအကြောင်းအရာကတော့ တိုက်တန်းနစ်ပါပဲ။ တိုက်တန်းနစ်သင်္ဘောကြီး ဘာကြောင့်မြုပ်နစ်သွားရတာလဲ။ ကမ္ဘာမှာအခမ်းနား အကြီးကျယ်ဆုံးဖြစ်တဲ့ ခရီးသည်တင်ယာဉ်သင်္ဘောကြီးတိုက်တန်းနစ်ဟာ ဘာအကြောင်းကြောင့် ပင်လယ်အောက်ကို ပထမဆုံးခရီးမှာတင် စုံးစုံးမြုပ်ခဲ့ရတာလဲဆိုတာကို သေသေချာချာဆန်းစစ်ကြည့်ကြပါစို့

လူသိနည်းသော ဗဟုသုတ စားဖွယ်စုံ

၁) သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်... ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်...

၂) အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်....

၃) ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်... သင့်ဘဝတစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်...


စစ်သူကြီးမဟာဗန္ဓုလ

မြန်မာနိုင်ငံတွင် စစ်သူကြီး များ ရှိသည့်အနက် အမြော်အမြင် ရှိခြင်း ၊ ရဲရင့်ခြင်း ၊ လုံ့လဝီရိယရှိခြင်း ၊ မြင့်မြတ်သော နှလုံးထားရှိခြင်း တို့တွင် သူထက်လွန်သော မဟာဗန္ဓုလ စစ်သူကြီး အကြောင်းတို့ကို မကျဉ်းမကျယ် ဖော်ပြပေအံ့။

အထက်မြန်မာနိုင်ငံ အောက်ချင်းတွင်းနယ် တပယင်းတွင် (ငပယင်းလည်း ဟူ၏) လယ်ယာကိုင်းကျွန်း လုပ် ကိုင်စားသောက်ရ၍ ပစ္စည်းဥစ္စာ ချို့တဲ့ရှာသော ဦးပေါက်တော ၊ မယ်မိငြိမ်တို့မှ မောင်ရစ် ၊ မောင်အေး ၊ မယ်ဒုတ် ၊ မောင်မြတ်နေ တို့ကို မွေးဖွားရာ မောင်ရစ်ကား နောင်အခါ မဟာဗန္ဓုလ စစ်သူကြီးဟု ထင်ရှားကျော်စောသူ ဖြစ်လာလေသည်။


စာအုပ်ဝါသနာအိုးများအတွက်

အပေါ်ပိုင်းတွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် စာရေးသူအမည်အလိုက်ရှာနိုင်ပါသည်။ (၁။ On Air andriod apk. အားရယူရန် လင့် http://goo.gl/2csQQT ၂။ ဖုန်းဖြင့် mediafire ဒေါင်းနည်းအောက်ဆုံးတွင်ဖတ်ပါ)

အမျိုးအစားအလိုက်ရှာရန်


ဘာပဲဖြစ်ဖြစ် ဘာမှမဟုတ်ပါဘူး

ရှေ့ခပ်လှမ်းလှမ်းအရောက်
နောက်ပြန်လှည့်ကြည့်မိတယ်
ကြီးကျယ်တယ်လို့ထင်တဲ့အရာတွေဟာ မှုန်ပြပြမျှသာ
တကယ်တော့လည်း
ဘာမှမဟုတ်ပါဘူး


လူ

ပညာ အဆင့် အတန်းမရှိလို့ရတယ်
ဒါပေမယ့် အရှက်မရှိလို့ မရဘူး

မမြင့်မြတ် မ ခမ်းနားလို့ရတယ် 

ဒါပေမယ့် သိမ် ငယ် နိမ့်ကျလို့ မရဘူး


လွှတ်လိုက်ပါ

အတိတ်တွေကိုလက်မလွှတ်နိုင်ပဲ ကုပ်တွယ်မထားပါနဲ့။
သင်လွှတ်နေတဲ့စွန် ကြိုးပြတ်သွားတယ်ဆိုပါစို့။
သင်လိုက်ဖမ်းလို့လည်းမရပါဘူး။
သူသွားလိုရာအရပ်ကိုလွှတ်ပေးလိုက်ပါ။
သူရဲ့လေဟုန်ဆန်နိုင်တဲ့ အရှိန်ကုန်ပြီဆိုရင် တစ်ချိန်မှာတော့ မြေပြင်ပေါ်သူ့ဟာသူဆင်းသက်လာရမှာပါပဲ။


အကောင်းဆုံး

Old wood best to burn. Old wine to drink. Old authors to read. Old friends to trust. Old love to save old story.


စိတ်ပိုင်းဆိုင်ရာ ဒသနများ

၁။ သင်ဟာ ဘယ်လောက်ပဲ သန်မာ၊ ရင့်ကျက်သူပဲ ပြောပြော၊ သင့်ကို အားနည်းသွားအောင် ပြုလုပ်နိုင်စွမ်းသူကတော့ လောကမှာ ရှိစမြပါပဲ။

၂။ ဆိုရှယ်ကျကျ မနေထိုင်သူ အချို့ဟာ အမှန်တော့ ဟန်ဆောင် အပြုံးနဲ့ ဟန်ဆောင် မာယာ ဒရာမာ များ ကို မနှစ်သက် မလိုလားသူများ ဖြစ်ပါတယ်။

၃။ မိမိကိုယ်ကိုယ် မိမိသာ ပျော်ရွှင်ဖို့ တာဝန်ရှိပြီး ဒီအတွက် သူတစ်ပါးကို ကူညီ ရှာဖွေ ဖန်တီးခိုင်းနေရင် ပိုလို့သာသ စိတ်ညစ်သွားပါ လိမ့်မယ်။

ကိုယ့်ချစ်သူကောင်မလေးရဲ့ ဖုန်းကို မကြာခဏ စစ်ဆေးခြင်းဟာ ယုံကြည်မှု တည်ဆောက်ရာမှာ ကြီးမားတဲ့ အတားအဆီးတစ်ခုပါ

ချစ်သူတွေ ဖြစ်လာရင် နှစ်ဦးကြားမှာ လျှို့ဝှက်ချက် မရှိသင့်ဘူးလို့ ဆိုကြပါတယ်။ ကိုယ်ပိုင်လက်ကိုင်ဖုန်းကို ကိုယ့်ချစ်သူ အစစ်အဆေးမခံမိတာဟာ သူ့ကို သစ္စာဖောက်တာလား၊ နောက်တစ်ယောက်နဲ့ ကြူထားလို့လား ဆိုတဲ့အတွေးမျိုးတွေ၊ တစ်ခုခုကို အကြီးအကျယ် လျှို့ဝှက်ထားနေပြီဆိုတာမျိုးတွေ တွေးနေပြီဆိုရင်တော့ ဒါဟာ သင့်အတွက်ရော၊ သင့်ချစ်သူကောင်မလေးအတွက်ပါ နေရထိုင်ရ ခက်စေမယ်ဆိုတာ ယုံထားပါ။ မိန်းကလေးတွေအနေနဲ့ သူတို့လက်ကိုင်ဖုန်းကို ကိုယ့်ချစ်သူယူကြည့်တဲ့အခါ သဘောမတွေ့တတ်ကြပါဘူး။ ဘာ့ကြောင့်များလဲ။

Tuesday, August 12, 2014

အကျင့်

ကျင့်သား မဖြစ်သေးဘူးဆိုတာ ကိုယ့်ရဲ့ အကျင့်က အရင် အကျင့်ဟောင်းမှာဘဲ ရှိနေသေးလို့ပါ ...........

အကျင့်ဟောင်းဟာ ရလဒ် အဟောင်းကိုဘဲ ပြန်ရစေပါမယ် ..........


မိန်းမကောင်း အင်္ဂါရပ် (၅) ချက်

(၁) ဆံပင်၏ကောင်းခြင်း

-ဥဒေါင်းမြီးကို စည်းနှောင်ထားကဲ့သို့ ညီညွတ်ခြင်း
-အရောင်အဆင်း သန့်ရှင်းတောက်ပလျက် မည်းနက်ခြင်း
-ထွေးယှက်လိမ်ကောက်မှုမရှိခြင်း
-ပကတိအားဖြင့် ဆံပင်တို့သည် ရနံ့သင်းပျံ့ခြင်း
-ဆံပင်ကိုဖြေချသော် ခြေဖနောင့်အထိရှည်လျားပြီး ဆံပင်သည်မြေသို့မထိဘဲ သားလှီးဓားကဲ့သို့
ကော့ညွှတ်တတ်နေခြင်း


မိဘဂုဏ် (၁၂)ပါး

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

မိမိကိုယ်မိမိ ယုံကြည်မှု စွမ်းရည် မြင့်မား လာစေမယ့် နည်းလမ်း ငါးသွယ်

လုပ်ခွင်မှာ သင့်ရဲ့ဆောင်ရွက်ချက်တွေ၊ သင့်ရဲ့ပုဂ္ဂိုလ်ရေးရာ ဆက်ဆံမှုတွေနဲ့ ဘဝမှာ သင့်ရဲ့အောင်မြင်မှုတွေ အစရှိတဲ့အရာရာ တိုင်းအပေါ်မှာ သင့်ရဲ့ မိမိကိုယ်မိမိ ထင်မြင်ယူဆမှု တွေဟာ အလွန်အရေးပါ အရာရောက်စွာ လွှမ်းမိုး နေပါတယ်။ ဒါပေမဲ့ သင့်မှာ မိမိကိုယ်မိမိ တန်ဖိုးထား လေးစားမှု မြင့်မားသလား သို့မဟုတ် နည်းနေသေး သလား ဆိုတာ သင်ဘယ်လို ပြောနိုင် မလဲ။ အောက်မှာရှိတဲ့ မေးခွန်းတွေကို ဖြေဆိုပြီး ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု စွမ်းရည်ကို အကဲဖြတ် ကြည့်ပါ။


မှတ်သားဖွယ်ရာ စကားစုလေးများ

၁။လူငယ်တို့သည် အတောင်ပါသော ငှက်ကလေးများဖြစ်ကြသည်။

ထို့ကြောင့်ပျံသန်းခွင့်.........ပေးလိုက်ပါ။

၂။သစ်သားနှင့်တူပေမဲ့ နံ့သာတုံးက ထင်းမဖြစ်ပါ။ သူ့ရဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကြောင့်ပေါ့။

၃။အသေအချာဆုံး ရင်းနှီးမြှုပ်နှံမှု့ကတော့
ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။


လေးစားဖွယ်ရာ ပုဂ္ဂိုလ်မဟာ


ဝူစလီကားနက်လေးမှ ယာဉ်မောင်းသည် လမ်းဆုံသို့ရောက်သော် ဘရိတ်ကို အသာမှေးပြီး အရှိန်ကိုလျှော့လိုက်သည်။ ထိုစဉ်မှာပင် လမ်းပြပုလိပ်သည် မောင်ဂိုမာရီ လမ်းမကြီးမှ ကားများကို လွှတ်ပေးနေစဉ် စတော့ကိတ်လမ်းဘက်မှ ၀ူစလီကားနက်လေးကို ဖြုန်းခနဲ မြင်လိုက်သည့်အခါ ပြာပြာသလဲဖြစ်သွားပြီး လမ်းမကြီးမှ ကားများကို ခရာတွတ်၍ ရပ်တန့်လိုက်သည်။ ပြီးမှ ကားနက်လေး ဆက်မောင်းနှင်ရန် လက်ပြပေးနေသည်။သို့သော် ကားနက်လေးမှာ စက်ရှိန်ပြန်အတင် လမ်းဆုံးအလယ်တွင် စက်ရှိန်သေကာ ရပ်သွားလေသည်။ ယာဉ်မောင်းသည် စက်ပြန်နှိုးသည့်အခါ တဖွတ်ဖွတ်သာ အသံထွက်လာပြီး စက်က နိုးမလာပေ။လမ်းပြ ပုလိပ်ကလည်း တစ်ဖက်ယာဉ်ကို တားပေးထားပြီး ကားနက်လေးအတွက်သာ လမ်းပေးလက်ပြနေဆဲ၊ သို့ပေသည့် ကားလေးခမျာ တုပ်တုပ်မျှ မလှုပ်တော့။ ထိုအခါ ကားနောက်ခန်းတွင် ထိုင်လိုက်လာသော ပုဂ္ဂိုလ်က စိတ်လောတကြီးဖြင့် -