၁။ ၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ လွမ်းခြင်း သတိရခြင်းဟာ လူပုဂ္ဂိုလ်တွေကို 
မဟုတ်ပါဘူး။ ယင်း လူပုဂ္ဂိုလ်၊ မိတ်ဆွေ၊ ချစ်သူ များနဲ့ ဖြတ်သန်းခဲ့တဲ့၊ 
အတူရှိခဲ့တဲ အချိန်၊ အတွေ့အကြုံနဲ့ ခံစားမှုများကို ပြန်လည် သတိရ၊ 
လွမ်းခြင်း ဖြစ်ပါတယ်။
 
 ၂။ အရယ်သန်သူ၊ ဟာသလုပ်တတ်သူ၊ စတတ်နောက်တတ်သူ အများစုဟာ ဝမ်းအနည်းဆုံး လူများ ဖြစ်ပါတယ်။ 
 
 
၃။ ၈၀ ရာခိုင်နှုန်းသော လူတို့ဟာ သူတို့ရဲ့ ခံစားချက်ကို ဘယ်သူ့ကိုမှ 
မပြောပဲ မြှိုသိပ်တတ်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ခံစားချက်ကို 
အခြားသူတို့အား ပြောရင်လည်း နားလည်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြလို့ 
ဖြစ်ပါတယ်။
 
 ၄။ သင့်ရဲ့ ဒုက္ခ နဲ့ ခံစားချက်များကို အခြားလူတို့ကို 
ဖွင့်ဟ ပြောပြတဲ့အခါ ၁ ရာခိုင်နှုန်းက ထပ်တူနီးပါး ခံစားပေးနိုင်ပြီး၊ ၄၉ 
ရာခိုင်နှုန်းက နားလည် စာနာပေးနိုင်ပါတယ်။ ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းမှာ 
၂၅ ရာခိုင်နှုန်းသော လူတို့က ဂရုမစိုက်ပဲ နောက်ဆုံး၂၅ ရာခိုင်နှုန်းက 
သင့်ဒုက္ခရောက်နေတာကို ပျော်နေတတ် ပါတယ်။ (မိမိ ရှင်သန်ပေါက်ဖွားသော 
ပတ်ဝန်းကျင်အပေါ် မူတည်၍ ရာခိုင်နှုန်း အပြောင်းအလဲ ရှိသည်။) 
 
 ၅။ 
၇၅ ရာခိုင်နှုန်းသော အမျိုးသမီးတို့က အဖြေသိပြီးသား မေးခွန်း ကို 
မေးလေ့မေးထ ရှိတာကြောင့် မှန်ကန်ရိုးရှင်တဲ့ အဖြေ၊ ရိုးသာတဲ့ အဖြေကို ပေးတာ
 အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 
 
 ၆။ မိမိနားက ကြားသမျှ အကြောင်းအရာကို 
ချက်ချင်းမယုံလိုက်ပါနဲ့။ ဖြစ်ရပ် အကြောင်းအရာတိုင်းမှာ သင့်ရဲ့ အမြင်၊ 
ပြောသူရဲ့ အမြင် အပြင် အမှန်တရား ဆိုတဲ့ ထောင့်တစ်ခုပါ ရှိနေခြင်းကြောင့် 
ဖြစ်ပါတယ်။ 
 
 ၇။ မိမိ ဂရုစိုက်၊ မြတ်နိုးနေတဲ့ လူတစ်ယောက်က မိမိကို
 လစ်လျူရှုလိုက်တဲ့ အခါ နာကျင်မှု ဝေဒနာက ဦးနှောက်ကနေ ခန္ဓာကိုယ် 
နာကျင်မှုအထိ ကူးဆက် ပြန့်နှံ့သွားတတ်ပါတယ်။ ဒါကြောင့်မို့ 
ထမင်းမစားနိုင်ခြင်း၊ အိပ်ပျက်ခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ကြခြင်း 
ဖြစ်ပါတယ်။ 
 
 . 
 အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment