ကြိုတင်ပြင်ဆင်မှုနဲ့ အသေးစိတ် အာရုံစူးစိုက်မှုတွေ လိုအပ်လာတဲ့အခါ 
စကားပြောနည်းသူတွေဟာ စူးစမ်းလေ့လာမှု စွမ်းရည်၊ အာစူးစိုက်မှုကောင်းမွန်တဲ့ 
နားနဲ့ စံနမူနာယူထိုက်တဲ့ ကျွမ်းကျင်မှု 
အရည်အချင်းတွေ ပိုင်ဆိုင်ထားသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေနဲ့ 
ဘယ်လိုအလုပ်မျိုးတွေက သင့်တော်သလဲဆိုတာကို လေ့လာတွေ့ရှိချက်တွေအရတော့
 
 (၁) နက္ခတ္တဗေဒပညာရှင်
 
 ကြယ်တွေအကြောင်းလေ့လာရင်း (သို့) ဂြိုလ်တုများ( Satellites) တွေနဲ့ 
အလုပ်လုပ်နေကြတဲ့ ဝင်ငွေကောင်းပြီး တစ်ယောက်တည်း လုပ်ရတဲ့ ဒီအလုပ်နဲ့အတူ 
Galileo၊ Copernicus နဲ့ Isaac Newton တို့လို ပုဂ္ဂိုလ်များရဲ့ ခြေရာကို 
လိုက်ပါ။
 
 (၂) လူမှုမီဒီယာ မန်နေဂျာ
 
 အထင်နဲ့တခြားစီ 
ဖြစ်နိုင်တာက ကုမ္ပဏီတစ်ခုခုရဲ့ Facebook၊ Twitter (သို့) 
တခြားလူမှုကွန်ယက်တွေဟာ စကားသိပ်မပြောတဲ့သူတွေအတွက် 
ကောင်းမွန်သင့်တော်နိုင်တယ်ဆိုတာပါပဲ။ အွန်လိုင်းပေါ် 
အချိန်အများကြီးပေးဖို့သာ လိုအပ်ပြီး  ကွန်ပျူတာပေါ်ကနေ မဟုတ်တဲ့ 
အပြင်ကလူတွေနဲ့လည်း စကားဆံဆက်ပြောဆိုမှု သိပ်လုပ်စရာလည်း မလိုအပ်ပါဘူး။
 
 (၃) တရားရုံး အစီရင်ခံစာတင်ပြသူ
 
 ဒီလုပ်ငန်းတာဝန်မှာ တရားရုံးရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကို 
မှတ်တမ်းတင်ခြင်းတွေပါဝင်ပြီး တခြင်းလူတွေနဲ့ အပြန်အလှန်စကားပြောဆိုမှု 
အနည်းအကျဉ်းသာဖြစ်ပါတယ်။ သူတို့တွေက နံရံပေါ်က ယဉ်ကောင်တစ်ကောင်လိုပေါ့။ 
တရားရုံးကို လာတယ်။ ထိုင်လိုက်တယ်။ မှတ်တမ်းရေးတယ်။ 
ပြီးရင်ပြန်ထွက်သွားတယ်။
 
 (၄) ဂရပ်ဖ်ဖစ် ဒီဇိုင်နာ
 
 
အေးအေးဆေးဆေး သမားတွေက သူတို့ရဲ့ ဖန်တီးမှုစွမ်းရည်ကို အမှတ်တံဆိပ်တွေ၊ 
ဝက်ဘ်ဆိုက်တွေ (သို့) တခြားထုတ်ကုန်တွေအတွက် လိုအပ်သလို 
ဒီဇိုင်းဆွဲပေးရမှာပါ။ ဂရပ်ဖ်ဒီဇိုင်နာတွေက အလုပ်ကို တခြားတစ်ယောက်နဲ့သာ 
လက်တွဲပြီး လုပ်လေ့ရှိတယ်။ ဖောက်သည်တစ်ယောက်ယောက်နဲ့ တွေ့ဆုံမယ်။ ဒါပေမဲ့ 
နောက်ပိုင်းမှာတော့  သူတို့အလုပ်ကို သူတို့ဖာသာနဲ့သူတို့ 
သီးသန့်လုပ်ဆောင်ကြရလေ့ရှိပါတယ်။
 
 (၅) ဘဏ္ဍာရေးသုံးသပ်သူ
 
 
စကားပြောနည်းသူတစ်ယောက်ရဲ့ အာရုံစူးစိုက်တတ်တဲ့ သဘောသဘာဝကို 
လေ့လာသုံးသပ်ကြည့်တဲ့အခါ ဒီအလုပ်မှာ ဈေးကွက်အတွင်း ဝင်ရောက်လာမယ့် 
ထုတ်ကုန်တွေ၊ အစိုးရရဲ့သဘောတူညီခွင့်ပြုချက်တွေ၊ 
စီးပွားရေးလမ်းကြောင်းအခြေအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက် 
အစီရင်ခံစာရေးသားခြင်း ဆောင်ရွက်ချက်တွေလိုအပ်ပါတယ်။ ဘဏ္ဍာရေးလေ့လာ 
သုံးသပ်သူတွေဟာ တစ်ယောက်တည်းလုပ်ရတဲ့ လုပ်ငန်းကို လုပ်ကိုင်ရာမှာ 
အာရုံစူးစိုက်မှု တကယ်ရှိကြပါတယ်။
 
 (၆) ဘာသာပြန်
 
 
ကြီးပွားမြန်တဲ့ ဒီအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ဘာသာစကားတစ်မျိုးကနေ 
နောက်တစ်မျိုးကို စာရွက်စားတမ်းအဖြစ် 
ပြောင်းလဲပေးရုံသာဖြစ်ပြီးကိုယ့်စိတ်တိုင်းကျ 
လုပ်ငန်းဆောင်ရွက်နိုင်ကြပါတယ်။
 
  Source: Reader's Digest
 Trend Myanmar
No comments:
Post a Comment