၁  စာ မ တတ်တဲ့ လူတွေ စာ တတ်လာ အောင် 
 ကူညီ တွန်းအား ပေးကြဖို့လိုတယ် ...
 
 ၂  စာ တတ်တဲ့ လူတွေ လည်း စာဖတ်လာ အောင်  
 ကူညီ တွန်းအား ပေးကြဖို့လိုတယ် ...
 
 ၃  စာ ဖတ်သူတွေလည်း 
 ကိုယ်တိုင် တွေးခေါ် ဆင်ခြင် တတ်လာအောင်
 ကူညီ တွန်းအား ပေးကြဖို့လိုတယ် ...
 
 ၄  တွေးခေါ် ဆင်ခြင်တတ်ပြီဆိုသူတွေလည်း 
 လက်တွေ့ လုပ်ဆောင်ကြဖို့ လိုတယ် ...
 
 ၅  လက်တွေ့လုပ်ဆောင်ကြသူတွေလည်း ရေရှည် တောင့်ခံနိုင်ပြီး
  အောင်မြင်ကြဖို့လိုတယ် ..
 
 ၆  တကယ် အောင်မြင်ပြီး သူ တွေကလည်း 
 သူတို့ ဘယ်လိုအောင်မြင်အောင် လုပ်လာနိုင်ခဲ့သလဲ ဆိုတာကို 
 အများကို ဝေငှ ပေးဖို့ လိုတယ် ...
 
 ၇  အောင်မြင်ချင်သူတိုင်း လည်း
 သူတို့ ဝေငှပေးတာတွေကို နားလည် နည်းယူပြီး
 သူတို့ လို အောင်မြင်အောင် လုပ် နိုင် ဖို့
 လူတိုင်း စာ တတ် အောင် / စာ ဖတ် လာအောင် 
 ကျွန်တော် တို့ တွန်းအားပေးဖို့လိုပါတယ် ...
 
ဒီ အဆင့် ၇ ဆင့် ဟာ
ကျွန်တော်တို့ တွေ ...
ကျွန်တော် တို့ရဲ့ မိသားစု နဲ့ ဆွေမျိုးသားချင်းတွေ ...
ကျွန်တော် တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ...
ကျွန်တော် တို့ရဲ့ လူမှု ပတ်ဝန်းကျင် ...
ကျွန်တော် တို့ ရဲ့ နိုင်ငံ ...
ကျွန်တော်တို့ ရဲ့ ကမ္ဘာ ကြီး  တစ်ခု လုံး 
တိုးတက် အောင်မြင် ပျော်ရွှင်နေနိုင်ဖို့ 
တိုးတက်ရေး စက်ဝန်း တစ်ခု လို့ပဲ 
ကျွန်တော် ယုံကြည်မိပါတယ် ...
စက်ဝန်း တစ်ခု ဖြစ်တည်အောင်မြင်ဖို့ အတွက်
အဆင့်တိုင်း အဆင့်တိုင်း အရေးကြီးတာမို့လို့ ...
အဆင့်တိုင်း အဆင့်တိုင်းကို ကိုယ်စီ ကိုယ်ငှ တာဝန်ယူ 
လုပ်ကိုင်ဆောင်ရွက်ကြဖို့လည်း လိုပါတယ်လို့ နှိုးဆော် တိုက်တွန်းရင်း ...
လေးစားလျှက်
ကိုဇင်ဇေ
No comments:
Post a Comment