တစ်ခါက 
ဂျပန်ရှိ အလှကုန်ဆိုင်ကုမ္ပဏီတစ်ခုတွင်ဖြစ်သည်။ ကုမ္ပဏီထုတ် 
မျက်နှာသစ်ဆပ်ပြာတွင် တချို့ဘူးမှာ ဆပ်ပြာမပါဘဲ အခွံချည်းသာပါကြောင်း 
ဝယ်ယူသုံးစွဲသူများကတိုင်တန်းကြသည်။ ကုမ္ပဏီရှိတာဝန်ခံများက 
ပစ္စည်းထုပ်ပိုးသည့်နေရာတွင် တစ်ခုခုလွှဲချော်နေပြီဖြစ်ကြောင်း 
သတိထားမိကြသည်။ သို့နှင့် အင်ဂျင်နီယာများက စည်းဝေးတိုင်ပင်ကြပြီးနောက် 
x-rayဖြင့်ဖောက်ထွင်းမြင်နိုင်သောစက်ကို ဝယ်ယူအသုံးပြုကြသည်။ 
ထုပ်ပိုးစက်မှထွက်လာသောဘူးများကို တစ်ခုချင်းစီ x-ray စက်ကိုအရင်ဖြတ်စေပြီး အခွံချည်း မဖြစ်အောင် သေချာစစ်ဆေးမှုပြုခဲ့ကြသည်။
 တူညီသောအဖြစ်အပျက်က မတူသောကုမ္ပဏီတစ်ခုတွင် ဖြစ်ပွားခဲ့သည်။ သို့သော် 
၎င်းကုမ္ပဏီ၏ဖြေရှင်းပုံမှာ ဈေးကြီးပေးဝယ်ရသော x-ray စက်အစား 
ဈေးပေါပေါနှင့်ရသော ပန်ကာစက်ကြီးများကို ဝယ်ယူအသုံးပြုခဲ့သည်။ 
ဆပ်ပြာခွက်များကို ပန်ကာဖြင့်မှုတ်စေပြီး 
လေနှင့်အတူလွှင့်ထွက်သွားသောဘူးခွံများမှာ ဆပ်ပြာ မပါသောကြောင့်ဖြစ်သည်။ 
လွယ်ကူပြီး ဈေးနူန်းချိုသာသောနည်းဖြစ်သည်။
 ------
 
အမေရိကန်ရှိ NASA ရုံးချုပ်တွင် ဖြစ်သည်။ အအေးဓာတ်ပိုပြီး ဆွဲငင်အားနည်းသော
 အာကာသထဲတွင် စာရေးရာတွင် အသုံးပြုမည့် ဘောလ်ပင်များမှာ မင်မထွက်ဘဲ 
အခက်ကြုံနေရသည်။ သိပံ္ပပညာရှင်များက အအေးဓာတ်များပြီး 
ဆွဲငင်အားမရှိသောနေရာတွင် စာရေးနိုင်ရန် ဘောလ်ပင်များကို ထွင်ခဲ့ကြသော်လည်း
 အရာမရောက်ခဲ့ပေ။
 တူညီသောအဖြစ်အပျက်က မတူသောနေရာတွင် 
ဖြစ်ပွားခဲ့သည်။ ရုရှားရှိ အာကာသရုံးချုပ်တွင်လည်း ထိုနည်းတူ 
ပြဿနာကိုကြုံခဲ့ရသည်။ ရုရှား သိပံ္ပပညာရှင်များ ဘယ်နည်းကို အသုံးပြုကြမယ် 
ထင်ပါသလဲ။ ဘောလ်ပင်အစား ခဲတံကိုပြောင်းသုံးကြခြင်းဖြစ်သည်။
 ဒီစာတွေကိုဖတ်ပြီး ဘယ်လိုအတွေးများ ရပါသလဲ။
 “problem” နှင့် “solution” ကို ဖြေရှင်းကြသော မတူညီသောကွာဟချက်ကို 
ဤစာထဲတွင် တွေ့နိုင်သည်။ တစ်ခါတရံ ကျွန်တော်တို့၏ လုပ်ငန်းခွင်တွင် 
ထိုနည်းတူ ပြဿနာများကို ကြုံဖူးကြရမည်ဖြစ်သည်။
 “work hard ”တိုင်း အကျိုးမရှိနိုင်သလို တစ်ခါတရံ “work smart” ရန်လည်း လိုအပ်သည်။
 ----
 စာရေးစမှာ ဘာသာပြန်ခဲ့တဲ့စာတစ်ပုဒ်ပါ.. မျှဝေပါတယ်..
 နိုင်းနိုင်းစနေ
No comments:
Post a Comment