Tuesday, October 28, 2014

*** မိန်းမဂုဏ်ရည် ***

ရှေးခေတ်ကျောက်စာများတွင် “ ယောက်ယာ၊ မိမ ” ဟူ၍ တွေ့ ရပြီး ယောက်ယာ ကို ယောက်ျား ဟု ခေါ်ဆို၍၊ မိမ ကို မိန်းမ ဟု ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ပေါရာဏကျမ်းဆရာတို့ က နူးညံ့သိမ်ေ မွ့  စွာ သွားလာခြင်း၊ စားသောက်ခြင်း၊ နေထိုင်ခြင်း ဆိုသည့် အမူ အရာတို့ ကို မြင်တွေ့ ရတဲ့အ တွက် မိန်းမောနိုင်သည်ဖြစ်၍ “ မိန်း ” ဟုခေါ်ဆိုပြီး၊ လင်သား စသည့်အဆွေအမျိုးတို့ ကို စောင် မ ကြည့်ရှုတတ်သည့်အတွက် “ မ ” ဟု ခေါ်ဆိုပါတယ်။ ထို မိန်း နှင့် မ ကို ပေါင်း၍ မိန်းမ ဟူ၍ ခေါ်ဆိုညွှန်ပြကောက်ယူခဲ့ပါတယ်။


ရှေးပညာရှိ နီတိဆရာများက “ ရဟန်းတို့ သည် အကျင့်သီလ နှင့်ပြည့်စုံရမည်၊ မင်းတို့ သည် စစ် သည်အင်္ဂါနှင့် ပြည့်စုံရမည်၊ မိန်း မတို့ သည် အဆင်းအင်္ဂါနှင့်ပြည့်စုံရမည် ” ဟု ဖွင့်ဆိုခဲ့ပါတယ်။ မိန်းမတစ်ယောက်မှာ ခန္ဓာကိုယ် ရုပ်ရည်လှပမှုအဆင်း သာမက၊ စိတ်နေစိတ်ထားလှပမှုအဆင်း
နှင့်ပါပြည့်စုံနေပါမှ ထူးချွန်ပြည့်ဝတဲ့ မိန်းမကောင်းမိန်းမမြတ် ဖြစ်ပါမယ်။ ရှေးပညာရှိ က၀ိအေ ကျာ်အမော်တို့ က မိန်းမအမျိုးအစား နှင့် အဆင့်အတန်းတို့ ကို အောက်ပါ အတိုင်း ခွဲခြားရေးသားထားကြပါတယ်။
(က) **ပဒုမ္မနီ* *မိန်းမတို* *့၏* *လက္ခဏာ*
(၁) လ၀န်းကဲ့သို့ သော် မျက်နှာရှိ၏ (၂) ညက်ညောသည့် အသားအရေရှိ၏ (၃)
တောက်ပဖြူစင်သော သွားရှိ၏ (၄) ခြေဖ၀ါး၊ လက်ဖ၀ါး ပြည့်ဖြိုး၏ (၅) ဆံပင်နက်မှောင်
ရှည်လျားကောင်းမွန်၏ (၆) လည်ပင်းတွင် အရေး အရစ် သုံးခုရှိ၏ (၇) သားမြတ်ကြီး ၏ (
၈) ဟင်္သာကဲ့သို့  သွားလာတတ်ခြင်းမျိုးရှိ၏ (၉) အသံသြဇာ သာယာမှုရှိ၏ (၁၀)
မိဘဆရာတို့ အား ရိုသေလေးစားမှုရှိ၏ (၁၁) လင်ယောက်ျားကို ချစ်ခင် ရိုသေ၏ (၁၂)
မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုတတ်၏ (၁၃) အရှက်တရား ကြီး မား၏ (၁၄)
ကြောက်ရွံ့ လေးစားထိုက်သူကို ကြောက်ရွံ့ ၏ (၁၅) ပညာအရည်အချင်းနှင့်
ရုပ်ရည်ချောမောလှပမှုတို့ နှင့် ပြည့်စုံ၏ (၁၆) ပဒုမ္မာကြာကဲ့သို့ သော ကိုယ်နံ
့ရှိ၏ (၁၇) ကိုယ်အရသာ ချို၏ (၁၈) မာတင်္ဂကဲ့သို့  ကြည့်ခြင်းမျိုးရှိ၏ (၁၉)
ကိုယ်သည် ချမ်းသောအခါတွင် နွေး၍၊ ပူသောအခါတွင် အေး၏။
(ခ) **စိတ္တရနီ* *မိန်းမတို* *့၏* *လက္ခဏာ*
(၁) ရယ်ရွှင်မြူးတူးခြင်းများ ရှိ၏ (၂) ခိုပေါက်ကဲ့သို့ သော အသံရှိ၏ (၃) လိပ်ကဲ့သို့ သွားလာ မှုမျိုး ရှိ၏ (၄) အသားအရေ ပျော့ ပျောင်းမှု ရှိ၏ (၅) မိဘဆရာတို့ အား ရိုသေလေးစားတတ်၏ (၆) ကြာညိုနံ့ ကဲ့သို့ သော ကိုယ်နံ့ ရှိ၏ (၇) လင်ကို ရိုသေ တတ်၏။
(ဂ) **သင်္ခနီ* *မိန်းမ* *တို* *့၏* *လက္ခဏာ*
(၁) ဆံပင် ရှည်လျားကောင်းမွန်၏ (၂) ပျားအနံ့ ကဲ့သို့ သော ကိုယ်နံ့ ရှိ၏ (၃)
သားမြတ်သည် သလဲသီးနှင့်တူ၏ (၄) ခါးစင်း၍ ရင်ကော့၏ (၅) ကိုယ်ဟန်သွင်ပြင်
ပြေပြစ်၏ (၆) ယစ်မငယ်၏ သွားလာပုံမျိုး ရှိ၏ (၇) အမွှေးအကြိုင် ပန်း နံ့ သာ
မက်မော၏ (၈) မကောင်းသော အရသာကို စား၏ (၉) ရာဂ ရမ္မက်ကြီး၏ (၁၀) ယောကျာ်းနှင့်
ခဏတာလေးတောင် ကင်းကွာနေလိုစိတ် မရှိခြင်း ဖြစ်၏ (၁၁) ရသေ့ ရဟန်းကို
မြင်လျှင်ပင် မက်မော၏။
(ဃ) **ဟတ္တနီ* *မိန်းမတို* *့၏* *လက္ခဏာ*
(၁) တင်ပါးဆုံကြီးပြီး တင်ပါးမြင့်၏ (၂) နားရွက်တိုပြီးနှုတ်ခမ်းကြီး၏ (၃)
နှာခေါင်းပိပြား၏ (၄) မျက်စိသည် လောက်စာလုံးကဲ့ သို့ ဝိုင်း၏ (၅) ခါးတုတ်၏ (၆)
ပေါင်ရင်း တုတ်၏ (၇) ခြေသလုံးကြီးပြီး ခြေဖ၀ါးတို၏ (၈) လက်ချောင်း
ခြေချောင်းတို၏ (၉) သားမြတ်သေး၍ ချက်ကြီး၏ (၁၀) ကိုယ်အရသာ ငံ၏ (၁၁) ဆင်မကဲ့သို
့သော သွားလာခြင်းမျိုးရှိ၏ (၁၂) ဆင်မုန်နံ့ ကဲ့ သို့  သော ကိုယ်နံ့ ရှိ၏ (၁၃)
အမျက်ဒေါသ ကြီး၏ (၁၄) လောဘရမ္မက် ကြီး၏ (၁၅) ရာဂရမ္မက် ကြီး၏ (၁၆)
ယောကျာ်းမြင်လျှင် တိမ်းညွှတ်လွယ်၏။
မြန်မာမိန်းကလေးတို့ သည် မိန်းမကောင်း မိန်းမမြတ်ဂုဏ်ရည်နှင့်ပြည့်ဝသော
မိန်းမတစ်ယောက် ဖြစ်လာစေရန် အထက်ပါ (၄) မျိုးအနက် ပဒုမ္မနီ
မိန်းမအမျိုးအစားနှင့် စိတ္တရနီ မိန်းမအမျိုးအစား စာရင်းမှာပါရှိအောင်
မိမိကိုယ်ကို ပြုပြင်ထိန်းသိမ်း အပ်ပါ တယ်။ ဖော်ပြပါ ကြန်အင်လက္ခဏာများအပြင်
မိန်းမကောင်း မိန်းမမြတ်တို့ ၏ အရည်အချင်း (၁၂)ရပ်နှင့်အညီ ကျင့်ကြံအား
ထုတ်နိုင်ဖို့  လိုအပ်ပါတယ်။ ၄င်းတို့ မှာ (၁) ရတနာသုံးပါး နှင့် မိဘဆရာသမားတို
့အား ရိုသေ၍ ကုသိုလ်ကံ အကုသိုလ်ကံ တို့ ၏ အကျိုး အပြစ်ကိုယုံကြည့်ပြီး
သဒ္ဒါတရားရှိဖို့ လိုပါတယ် (၂) မကောင်းမှု ဟူသမျှတို့ ကို ပြောဆိုပြုလုပ်ရမည်ကို
အရှက် တရားရှိပြီး ရှောင်ကြဉ်တတ်ဖို့ လိုပါတယ် (၃)
မကောင်းမှုဟူသောကိစ္စရပ်များကို ကြောက်တတ်ပြီး ဝေးဝေးက ရှောင်ရှားသင့်ပါ တယ် (၄)
ကိစ္စဟူသမျှတို့ တွင် ဆတ်ဆတ်ထိမခံ အမျက်ဒေါသကြီးခြင်းမရှိဘဲ၊ စိတ်ရှည်ထား၍
သီးခံတတ်ရပါမယ် (၅) အသိ ပညာ၊ အတတ်ပညာတို့ ကို ရင့်သန်မှုရှိအောင် ကြိုးစားရပါမယ်
(၆) လူ့ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းသည့်အနေဖြင့် သူတပါး ၏
သိက္ခာဂုဏ်ကျေးဇူးတို့ ကို မဖျက်ဆီးသင့်ပေ (၇) သူတပါးအား မနာလိုဝန်တိုခြင်း
မပြုရ၊ ငြူစူစောင်းမြောင်းခြင်းလည်း မပြုရ (၈) မိမိကဲ့သို့ လှလာမည် မိမိကဲ့သို
့ချမ်းသာလာမည်ကို မကြိုက်သော သ၀န်တိုစိတ်ထားမျိုး မထားရ (၉) ကိုယ်ကျင့်သီလကို
ထိန်းသိမ်း စောင့်ရှောက်ရပါမယ်( အနည်းဆုံး ၅ ပါးသီလကို
လုံခြုံအောင်စောင့်ထိန်းရပါမယ်) (၁၀) အကြားအမြင် ဗဟုသုတ အတွေ
့အကြုံများရှိအောင် ဆည်းကပ်လေ့လာရပါမယ် (၁၁) မိမိကိုယ်တွင်
အပျင်းထူသောစိတ်များမမွေးရ (၁၂) အရာရာတွင် သတိဝီရိယ ရှိနေရမှာဖြစ်ပြီး၊
မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ပြောဆိုခြင်း မပြုသင့်ပေ။
မိန်းမသည် ယဉ်ကျေးမှု၏ မိခင်ဖြစ်သလို၊ မိန်းမကောင်း မိန်းမမြတ်၏ဂုဏ်ရည်ဟာလည်း တိုင်းပြ ည်နှင့် လူမျိုးဂုဏ်ရည်ကို မြင့်မား စေနိုင်မှာဖြစ်ပါတယ်။ သို့ ပါ၍ မြန်မာအမျိုးထု တစ်ရပ်လုံး မိန်းမဂုဏ်ရည် နှင့် ညီညွတ်စွာ ကျင့်ကြံကြိုးစားအားထုတ်ကြပါစို့ လို့  တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

No comments:

Post a Comment