၁) လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် -
 ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက-
 ဘယ်မှာ “အနတ္တ“ ရှိမည်နည်း ။ ။
 
 ၂) ပြောတိုင်းမရ ဒေါမထနှင့် -
 ကိုယ်ပြောတိုင်းသာ ရနေပါက-
 ဘယ်မှာ “အနတ္တ” ရှိမည်နည်း ။ ။
 
 ၃) ကြံတိုင်း မပေါက် စိတ်မဖေါက်နှင့် -
 သင် ကြံတိုင်းသာ ပြီးမြောက်ပါက -
 ဘယ်မှာ “အနတ္တ“ ရှိမည်နည်း ။ ။
 
 ၄) ဆင်းရဲကြုံမူ မညည်းညူ နှင့်-
 ချမ်းသာချည်းသာ ကြုံနေပါက -
 ဘယ်မှာ “ဒုက္ခ“ ရှိမည်နည်း ။ ။
 
 ၅) ပျက်စီးတိုင်းလျှင် မပူပင်နှင့် -
 မပျက်စီးကာ ခိုင်မြဲပါက
 ဘယ်မှာ “အနိစ္စ“ ရှိမည်နည် ။ ။
 
 ၆) အာရုံဟူသမျှ မတောင့်တနှင့် -
 အာရုံတိုင်းသာ တောင့်တပါက -
 ဘယ်မှာ “လောဘ“ ဆုံးမည်နည်း ။ ။
 
 ၇) အရာရာမျိုး စိတ်မဆိုးနှင့်
 နေရာတိုင်းသာ စိတ်ဆိုးပါက -
 ဘယ်မှာ “ဒေါသ“ ဆုံးမည်နည်း ။ ။
 
 ၈) သိဉာဏ် မလိုက် သင်မမိုက်နှင့်
 သိဉာဏ်မရ မိုက်နေပါက -
 ဘယ်မှာ “မောဟ“ ဆုံးမည်နည်း ။ ။
 
 ၉) “ဗုဒ္ဓတရား“ မေ့မထားနှင့်
 ဆုံးမတိုင်းသာ ကျင့်ကြံပါက
 ဘယ်မှာ “နိဗ္ဗာန်“ ဝေးမည်နည်း ။ ။
 
 Credit- Dhamma Knowledge
No comments:
Post a Comment