Tuesday, October 28, 2014

သင်သိထားသင့်သော ကျရှုံးမှုများအကြောင်း


၁။ ဘဝအိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်အောင် တားဆီးနေတဲ့အရာက အခြားမဟုတ်ဘူး။ ကျရှုံးမှာကြောက်တဲ့စိတ်သာဖြစ်တယ်။
(There is only one thing that makes a dream impossible to achieve: the fear of failure.
- Paulo Coelho)

၂။ မနေ့က သင်ကျရှုံးခဲ့ရင် ဒီနေ့ပြန်ထပါ။
(If you fell down yesterday, stand up today.”
- H.G. Wells)

၃။ဘဝမှာ ကျရှုံးမှုနဲ့ တခါကြုံလိုက်တာဟာ အရာရာမှာ တစ်သက်လုံး သင်ရှုံးပြီးလို့ မမှတ်ယူပါနဲ့။
(Just because you fail once doesn't mean you're gonna fail at everything.”
― Marilyn Monroe)

၎။ ကျရှုံးမှုမှာ လက်မြှောက်အရှုံးပေး မနေပါနဲ့။ သင်္ခန်းစာယူပြီး ပြန်စပါ။
(Do not be embarrassed by your failures, learn from them and start again.
-Richard Branson)

၅။ ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမှားတိုင်းက ကျနော်တို့ကို သင်ယူစရာတွေ ပေးနေလို့ပဲ။
(Failure is the key to success; each mistake teaches us something.
Morihei Ueshiba)

၆။အရှုံးမှာ ပြန်မကြိုးစားတော့တာဟာ ဘဝရဲ့ တကယ့်ကျရှုံးမှုကြီးပါ။
(There is no failure except in no longer trying.”
― Elbert Hubbard)

၇။ကျရှုံးမှုတိုင်းက အောင်မြင်မှုဆီသွားတဲ့ ခြေတစ်လှမ်းသာဖြစ်တယ်။
(Every failure is a step to success.
-William Whewell)

၈။ကျရှုံးမှုဆိုတာကို ကျနော်ကတော့ ကစားပြီး အနိုင်ယူရမယ့် ကစားနည်းတစ်ခုအနေနဲ့ကလွဲပြီး အရှုံးအဖြစ် ဘယ်တုန်းကမှ မရှု့မြင်ခဲ့ပါဘူး။
(I never see failure as failure, but only as the game I must play and win.
-Tom Hopkins)

၉။မိမိအမှားနဲ့ ကျရှုံးမှုတိုင်းအတွက် ဘယ်သူကိုမှ အပြစ်မတင်ပါနဲ့။(မိမိအမှားနဲ့ ကျရှုံးမှုတိုင်းဟာ မိမိမှာသာ တာဝန်ရှိပါတယ်။)
(Do not blame anybody for your mistakes and failures.
-Bernard Baruch)

၁၀။လောကမှာ ကျရှုံးမှုသာ မရှိခဲ့ရင် အောင်မြင်မှုဆိုတာလည်း ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်ပါ။
(Without failure there is no achievement.
-John C. Maxwell)

၁၁။ဘဝရဲ့ အစစ်အမှန်ကျရှုံးမှုဆိုတာ အရှုံးကနေ ပြန်ပြီးတော့ မသင်ယူတာဘဲ ဖြစ်ပါတယ်။
The only real failure in life is one not learned from.
Anthony J. D'Angelo

၁၂။ကျွန်တော်အကြိမ် ၁၀၀၀၀ ကျရှုံးတာမဟုတ်ပါဘူး။ မအောင်မြင်တတ်တဲ့ နည်းလမ်းတစ်သောင်းကို တွေ့ခဲ့တာပဲဖြစ်ပါတယ် (I have not failed. I've just found 10,000 ways that won't work.)။

Thomas Edison

No comments:

Post a Comment