Sunday, October 12, 2014

ဆရာတော်ဦးဗုဓ်နှင့် ဦးပေါ်ဦး

ကုန်းဘောင် ဘကြီးတော် ဘုရားလက်ထက်၌ ဆရာတော် ဦးဗုဓ်သည် နှုတ်နည်းသည်။ သမာဓိအရာ၌ လက်ဖျားခါရ၏။ ကျောင်းဒါယကာ မင်းနှင့် မိဖရားကိုပင် စကားအပိုမပြော။ အချိန်ရှိသရွေ့ သူစာသူ ကြည့်နေတတ်၏။ အထူးသဖြင့် မည်သူ့ကိုမျှ စတင်၍ နှုတ်ဆက်ခြင်း၊ မေးမြန်းခြင်း အလေ့မရှိ။ တစ်နေ့ ဦးပေါ်ဦးသည် ထိုအကြောင်းကိုကြားသဖြင့်
" ...ကျုပ်ကိုယ်တိုင် သွားပြီး စကားလျှောက်ထားမယ်..ကြည့်နေ ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင် စကားပြန်ပြောမှာဗျ" ဟူ၍ ပြောဆိုပြီး ဆရာတော်ဦးဗုဓ် သီတင်းသုံးရာ ကျောင်းသို့ သွားပါလေတော့၏။
ဆရာတော်အပါးသို့ ရောက်လေသော် ပြောစရာမရှိ ပြောစရာစကားကိုရှာရင်း အနီးအပါးရှိ ရေကန်ကြီးကို မြင်လိုက်ရကာ...

" ဟောဒီရေကန်ကြီးဟာ အတော်လေး ကောင်းလှပါလား ဘုရား"
" အေးကောင်းတယ်"

" ရေကလည်း သိပ်ကိုကြည်နေတာပါပဲလား ဘုရား"
" အေး ကြည်တယ်"

"ဒါထက် ဒါထက် ဒီရေကန်ကြီး ဘယ်လောက်များ နက်ပါသလဲ ဘုရား"
" ငါမသိဘူး"

" ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မယ် အထင်နဲ့ လျှောက်ထားမိတာပါ ဘုရား"
" ဒီမှာ ဒကာ၊ နီးတိုင်းသာသိရမယ်ဆိုရင် ဒကာရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ နှုတ်ခမ်းမွေး အပင်ဘယ်နှစ်ပင်ရှိမလဲ"
" ဒါ...ဒါတော့ သတိမထားမိလို့ မ...မသိကြောင်းပါဘုရား"
" အေး....ဒကာကြီးရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ အမွေးကိုတောင် ဘယ်နှပင်ရှိမှန်းမသိရင် ကျုပ်ဘည်း ရေကန်ရဲ့ အနက်ကိုမသိနိုင်ဘူး..သွားတော့..."
" တင်ပါ့...ဘုရား"

သို့ဖြင့် ပညာရှိအမတ်ကြီး ဦပေါ်ဦးလည်း မသက်မသာ ခံစားရပြီး လာလမ်းအတိုင်း ပြန်လှည့်ခဲ့ရလေသတည်း။

express times

No comments:

Post a Comment