Monday, October 6, 2014

သူတို့၏ တွေ့ရှိချက်များအကြောင်း တစေ့တစောင်း

အာခီမီးဒီး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ ကျော်က သိပ္ပံပညာရှင် အာခီမီးဒီးဟာ တစ်နေ့တော့ ရေချိုး ဇလုံထဲမှာ သူ့တစ်ကိုယ်လုံးဝင်ပြီး ရေချိုးတဲ့အခါ ရေချိုးဇလုံထဲက ရေတွေ လျှံကျသွားတာကို တွေ့လိုက်
ရပါတယ်။ အဲဒီလျှံကျသွားတဲ့ ရေတွေကနေ သူသိချင်နေတဲ့ အဖြေတစ်ခုကို ဖော်ထုတ် ရရှိသွားပါတယ်။ အဲဒီအဖြေကတော့ ဆီးရပ်ကျူးဘုရင်က သူ့ရဲ့သရဖူရွှေစစ်၊ မစစ် သိချင်တဲ့အတွက် အာခီမီးဒီးကို မေးထားတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။ ရေထဲကို နှစ်လိုက်လို့ လျှံကျသွားတဲ့ ရေရဲ့အလေးချိန်နဲ့ ရေထဲနှစ်လိုက်တဲ့ အရာဝတ္ထု အလေးချိန်ဟာ တူညီ နေကြောင်းကို အာခီမီးဒီးက သိလေတော့ ဘုရင့်သရဖူကို ရေထဲနှစ်လို့ လျှံထွက်လာတဲ့ရေရဲ့ အလေးချိန်နဲ့ အဖြေထုတ် ခဲ့တာပါပဲ။ ရွှေကပိုလေးလို့ ရေတွေကိုပို၍ ဖယ်ထုတ် နိုင်တာဖြစ်ပြီး ကြေးကပေါ့တော့ ရေအနည်း ငယ်သာ ဖယ်ထုတ်နိုင်တယ်။ ဒီတော့ သရဖူရွှေစစ်၊ မစစ် သိနိုင်တာပေါ့။ အဲဒီအချိန်ကစပြီး အာခီမီးဒီး နိယာမ ပေါ်ပေါက်လာခဲ့တယ်။


ပါမောက္ခ လုဂ္ဂီဂါဗာနီ

၁၇၇၈ ခုနှစ်က အီတလီ ပါမောက္ခ လုဂ္ဂီဂါဗာနီဟာ ကျောင်းသားတွေကို ဖားတစ်ကောင် ခွဲစိတ် ပြသနေစဉ် သူ့လက်ထောက်က တစ်ဖက်က ဓားကိုကိုင်၊ တစ်ဖက်က လျှပ်စစ်တွက် ကိရိယာကိုကိုင်လို့ ဖားကို တို့လိုက်ရာ ဖားက တွန့်သွား ပါတယ်။ပါမောက္ခ ဂါဗာနီက လျှပ်စစ် အားကြောင့် အာရုံကြော တုံ့ပြန်ရခြင်း ဖြစ်ကြောင်း သိလိုက်ရတယ်။ အဲဒီကစပြီး ရောဂါရှာဖွေ ကုသရာနဲ့ စူးစမ်း သုတေသန ပြုရာမှာ လျှပ်စစ်ကို အသုံးပြု ခဲ့ကြတာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံက ပါမောက္ခဖလဲမင်း

အင်္ဂလန်နိုင်ငံက ပါမောက္ခ ဖလဲမင်းဟာ ရောဂါပိုးတွေကို မှန်ခွက်ပြားပေါ်မှာ မွေးမြူခဲ့ရာ မှို တစ်မျိုးကြောင့် ပိုးတွေဟာ ရောက်ရာ နေရာမှာပဲ မသွားနိုင်၊ မလာနိုင်နဲ့ အားလုံး သေဆုံး သွားကြ ရတာ တွေ့ရတယ်။ အဲဒီကစပြီး ပင်နီဆီလင်ရဲ့ အာနိသင် ဖြစ်ကြောင်း သိလိုက်တယ်။ အဲဒီမှိုကနေ ပင်နီဆီလင် ဆေးထုတ် ရတာကိုး။ ဒုတိယ ကမ္ဘာစစ်မှာ သူ တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်ကို အမှီပြုပြီး ထုတ်လုပ်ထားတဲ့ ပင်နီဆီလင်စားဆေး၊ ထိုးဆေးကို ပဋိဇီဝ အသက် ကယ်ဆေး အဖြစ် သုံးလာ နိုင်ကြပါတယ်။

ဒိုင်းနမိုက် တီထွင်ခဲ့တဲ့ နိုဗယ်

နိုဗယ်ဟာ သူ့ရဲ့ တီထွင်မှုကို လူသားတွေ အကျိုးရှိတဲ့ နေရာမှာ သုံးချင်ခဲ့တာပါ။ သို့သော် ခေတ်သစ် စစ်ပွဲများမှာ အဲဖရက်နိုဗယ်ရဲ့ ဒိုင်းနမိုက် ပါဝင်နေတယ်။ နိုဗယ်ဟာ နောင်တ အကြီး အကျယ် ရပြီး သူ့ရဲ့ ချမ်းသာသမျှကို ဘဏ်မှာ စာရင်းဖွင့်ပြီး သူကွယ်လွန်ပြီးနောက် ပညာရပ် များနဲ့ ငြိမ်းချမ်းရေး နယ်ပယ်မှာ ဆောင်ရွက်သူ တွေကို နှစ်စဉ်နှစ်တိုင်း နိုဗယ်ဆု အနေဖြင့် ချီးမြှင့် ပေးဖို့ မှာကြား ခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်ဝဲလ် တီထွင်သူ ဘီလ်ဂိတ်

ဘီလ်ဂိတ်ဟာ ဘွဲ့တစ်ခုမှ မရခဲ့ပါဘူး။ ဟားဗတ် တက္ကသိုလ် တက်နေရင်း မိုက်ခရိုဆော့ဖ်ဝဲလ် တီထွင်ကာ ကွန်ပျူတာရဲ့ အခန်းကဏ္ဍကို တိုးမြှင့်မှု အစပြုခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ဝဲလ်နဲ့ ကွန်ပျူတာဖွင့်၊ ပိတ်နိုင်မှုကို ကမ္ဘာပေါ်မှာ ရှိကြတဲ့ ကွန်ပျူတာ ကုမ္ပဏီများက မလုပ်နိုင် သေးသလို မှတ်ပုံတင်ကြေး ပေးရပါတယ်။ ဘီလ်ဂိတ်မှာလည်း နှစ်စဉ် အခွန်ဆောင် နေရဆဲ ပင် ဖြစ်ပါ တယ်။ မမျှော်လင့်ဘဲ သူ့ရဲ့တွေ့ရှိမှုကြောင့် ခေတ်သစ်ကမ္ဘာမှာ အချမ်း သာဆုံး၊ အလှူနိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်စေတယ်။

ဒေါက်တာလွင်သန့်(ဆေး-၂)

No comments:

Post a Comment