၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။
  
 ၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။
  
 ၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။
  
 ၄။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။
  
 ၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချ နေရပြီး ၁၀ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ် ဆိုတဲ့ အယူက မမှန်ပါဘူးတဲ့။
 
 ၆။ ဦးနှောက်က pain receptors မပါဝင် တာကြောင့် နာကျင်မှုကို မခံစား 
နိုင်ပါဘူး။ ခေါင်းကိုက်တာဟာ နာဗ်ကြော တွေနဲ့ ခေါင်းထဲက ကြွက်သား တွေက 
ခံစား သိနိုင်တာပါ။
  
 ၇။ stress ဖိအားတွေက ဦးနှောက်ရဲ့ ဆဲလ်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲ ပစ်နိုင်ပါတယ်။
  
 ၈။ တေးဂီတက ဦးနှောက်ကို ပိုပြီး စည်းစနစ် ကျကျဖြစ်အောင် ကူညီပေး ပါတယ်။
  
 ၉။ ဦးနှောက်က amygdala ကတခြားသူ တွေရဲ့ မျက်နှာက ခံစားချက် အပြောင်းအလဲကို ဖတ်တဲ့နေရာမှာ ကူညီပေး ပါတယ်။
 
 ၁၀။ ဦးနှောက်က သူ့ရဲ့ လုပ်ဆောင်ချက် တွေပြုလုပ် နိုင်ဖို့ သွေး၂၀ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။
  
 ၁၁။ သင်ချစ်တတ်တယ် ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ "Oxytocin" ကြောင့်ပါ။
  
 ၁၂။ ဦးနှောက်ရဲ့ သွေးကြောလေး တွေကို ဆက်ကြည့်လိုက် မယ်ဆိုရင် မိုင်တစ်သိန်းလောက် ရှိပါတယ်။
 
 Credit- Original Writer
No comments:
Post a Comment