Thursday, October 30, 2014

မိမိရဲ့ ညီငယ်/ညီမငယ်တွေအတွက် စံနာမူနာကောင်းဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ

မောင်နှမထဲတွင် အငယ်ဖြစ်ရတာ ပျော်ဖို့ကောင်းနိုင်ပေမဲ့ ကိုယ်ကအကြီးဆိုရင်တော့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတွေကို ကိုယ့်ထက်ငယ်တဲ့ မောင်၊ ညီ ၊ ညီမတွေရဲ့စိတ်ထဲ နှလုံးပိုက်စွဲမြဲစေဖို့ တာဝန်ဝတ္တရားနဲ့ သူတို့အတွက် အတုယူနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ တာဝန်ကလည်းရှိသေးရဲ့။ ဘေးနားမှာ ညီငယ်ညီမငယ်တစ်ယောက်ယောက်ရှိနေတယ်ဆိုရင် တစ်စုံတစ်ဦးရဲ့ အပြောအဆို၊ အပြုအမူတွေကို သေချာဂရုစိုက် နားထောင်လေ့ရှိတယ်။ ကလေးငယ်က မမေ့မလျော့ မှတ်သားသင်ယူပြီး ချက်ချင်းဆိုသလို သူတို့အတွက် အတုယူစရာဖြစ်တဲ့ အစ်ကိုကြီး၊ အမကြီးတွေဆီကနေ စိတ်နေစိတ်ထားများကို သင်ယူလေ့ရှိပါတယ်။


သူတို့ကို နည်းမှန်လမ်းမှန်သို့ ဆုံးမပဲ့ပင်ပေးဖို့နည်းလမ်းတစ်ချို့မှာ…

ယဉ်ယဉ်ကျေးကျေးစကားဆိုပါ

ဘန်းစကားအသုံးအနှုန်းတွေက အကျိုးသိပ်များမှာ မဟုတ်ပါဘူး။ “ကျေးဇူးပြုပြီး/၍”၊ “ကျေးဇူးတင်ပါတယ်”၊ “တောင်းပန်ပါတယ်” စသကဲ့သို့ စကားလုံးတွေကို နေစဉ်ပြောဆိုတဲ့ စကားထဲမှာ မကြာခဏထည့်သုံးပါ။

ရန်မဖြစ်အောင်နေပါ

ညီငယ်ညီမငယ်တွေ မိမိဘေးနားရှိနေတဲ့အချိန် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ရန်မဖြစ်မိဖို့ သတိထားပါ။ မိမိလုပ်တဲ့အတိုင်း သူ့/ သူမကို အတုမယူစေချင်ဘူး မဟုတ်လား။

သူတို့နဲ့ အချိန်ပေးပါ

ညီငယ်၊ ညီမငယ်တွေနဲ့ အတူကစားပြီး သူတို့နဲ့အချိန်ယူပါ။ ဒီအချက်ကြောင့် သင့်ဘဝရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းထဲ သူတို့လည်း ပါဝင်ကြောင်း ခံစားလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားလာပါလိမ့်မယ်။

သူတို့ကို ဘယ်တော့မှ မအော်ငေါက်ပါနဲ့

အိမ်စာတွေ လုပ်ဖို့ပြင်နေစဉ် သူ/သူမ လာနောက်ယှောက်နေရင် အရင်ဦးဆုံး သိမ်သိမ်မွေ့မွေ့နဲ့ တောင်းပန်စကားပြောပါ။ ဒါမှမဟုတ် သူလည်းဝင်ပါလို့ရမယ့် တခြားအလုပ်တစ်ခုခုကို ပြောင်းလုပ်လိုက်ပါ။ အော်ဟစ်လိုက်တာမျိုး သို့မဟုတ် စိတ်အနှောက်အယှက်ဖြစ်စေမယ့် အမူအရာမျိုး ရှောင်ပါ။

အဆက်အသွယ်လုပ်ပေးပါ

အိမ်မှ အဝေးတစ်နေရာရာသို့ ရောက်နေတဲ့အချိန်မှာ သူတို့ကို အဆက်အသွယ်လုပ်ပေးပါ။ မိဘတွေထက် ညီငယ်/ညီမငယ်တွေက သင့်ကို ပိုသတိရနေတတ်ပါတယ်။

သူတို့ကို ပြဿနာမရှာပါနဲ့

သူတို့ကို ပြသနာရှာတတ်တဲ့သူ မဖြစ်ပါစေနဲ့။ သူ/သူမအပေါ်အမြဲစောင့်ကြည့်နေပါ။ ဒါပေမဲ့ သူတို့လုံခြုံရေးအတွက် စောင့်ရှောက်မှုမျိုးမဟုတ်ဘဲ သူငယ်ချင်းအရင်းတစ်ယောက်လို နေပေးပါ။

Credit: Trend Myanmar

No comments:

Post a Comment