Thursday, October 23, 2014

အမတ်ကြီး အနန္တသူရိယ၏ "မျက်ဖြေလင်္ကာ"

အမတ်ကြီး အနန္တသူရိယ ဟာ မင်းပြစ်မင်းဒဏ်သင့်လို့ သေဘေးဆိုက်ရောက်နေချိန်တွင်ရေးသားထားသော လင်္ကာတစ်ပုဒ်ဖြစ်ပါတယ် ။
အမတ်ကြီးဟာ ဒီဘ၀မှာ အရှင်မင်းမြတ်ကကြင်နာသနားသဖြင့် သေဒဏ်က လွတ်မြောက်စေလျှင်ပင် လောကဓမ္မအရ သေခြင်းတရားဟာ
ရှောင်လွှဲမရနိုင်ပါကြောင်းနှင့် နောက်ဘ၀များတွင် အခွင့်အရေးရလျှင်တောင် မိမိ၏ကျေးဇူးရှင် မင်းကြီးကို ရန်လိုသောစိတ်ထားဖြင့်မတုန်
ပြန်ပါကြောင့် မိမိပေါ်တွင်ပြုခဲ့သော အပြစ်များကိုလဲ ခွင့်လွတ်နားလည်ပေးမည် ဟုရေးသားထားသည်။လင်္ကာတွင် အမတ်ကြီး၏လေးစား
ဖွယ်စိတ်ထား ကိုကြည်ညိုဖွယ်တွေ့ မြင်ရပါလိမ့်မယ်။


မျက်ဖြေလင်္ကာ

သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာရေမျက်နှာထက်
ခဏတက်သည့်ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား ငါ့အားမသတ်
ယခုလွှတ်လည်း မလွတ်ကြမ္မာ
လူတကာတို့ ခန္ဓာခိုင်ကျည်
မတည်မမြဲ ဖောက်လွဲတတ်သည်
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ေ၇ာ
ပူဇော်အကျွန်ပန်ခဲ့တုံ၏
ခိုက်ကြုံဝိဘတ် သံသာစက်၌
ကြိုက်လတ်တုံမူ တုံ့ မယူလို
ကြည်ညိုစိတ်သန် သခင်မွန်ကို
ချန်ဘိစင်စစ် အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏ သွေးသည်အနိစ္စ
ငါ့ခန္ဓာတည်း။

(အနန္တသူရိယ)

No comments:

Post a Comment