လူနှစ်မျိုးကို ကျွန်တော်လေးစားတယ် 
 »»» ငယ်ရွယ်ချိန်တုန်းက ယောက်ျားကို အဖော်ပြုပြီး . . . 
 ဘဝကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဖြတ်ကျော်တဲ့ မိန်းမနဲ့  
 ချမ်းသားကြွယ်ဝလာချိန်မှာ မိန်းမကို အဖော်ပြုပြီး
 နေ့ရက်ကောင်းတွေကို ဖြတ်ကျော်တဲ့ ယောက်ျားဖြစ်တယ် ။ 
 
 ‼‼‼  လူနှစ်မျိုးကို ကျွန်တော်ဝေးဝေးရှောင်တယ် ‼‼‼
 »»» ခွင်ကောင်းပြီဆို လက်ဝင်ပါတတ်တဲ့လူနဲ့ . . .
 အခက်အခဲနဲ့ ကြုံပြီဆို ရှောင်ပုန်းတတ်တဲ့လူဖြစ်တယ် ။ 
 
 ⌂⌂⌂ လူနှစ်မျိုးကို ကျွန်တော်သတိရတယ် ⌂⌂⌂
 »»»  အခက်အခဲကြုံချိန် အချင်းချင်းရိုင်းပင်းကူညီတဲ့ ချစ်သူနဲ့ . . . 
 အချင်းချင်းအပေါ် သစ္စာရှိရိုးသားတဲ့ သူငယ်ချင်းဖြစ်တယ် ။ 
 
 ○○○ လူနှစ်မျိုးကို ကျွန်တော်ငြင်းဆန်တယ် ○○○
 »»» အလုပ်နဲ့ ပက်သက်ပြီး ကိုယ်ကျင့်တရား  ပျက်ပြားတဲ့လူနဲ့ . . .
 အလုပ်လုပ်တဲ့အခါ အမှန်တရား မရှိတဲ့လူဖြစ်တယ် ။ 
 
 ☼☼☼ လူနှစ်မျိုးကို ကျွန်တော်တာဝန်ယူတယ် ☼☼☼
 »»»  ကျွန်တော့်ကို မွေးတဲ့လူနဲ့ . . . 
 ကျွန်တော်က မွေးတဲ့လူဖြစ်တယ် ။ 
 
 ♫♫♫  လူနှစ်မျိုးကို ကျွန်တော်တန်ဖိုးထားတယ် ♫♫♫
 »»» စိတ်ထဲကနေ ကျွန်တော့်ကို သတိရတဲ့လူနဲ့ 
 ကျွန်တော့်ကို တကယ်သတိတရ ရှိတဲ့လူဖြစ်တယ် ။ 
 
 (  စာပေနိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ ) 
No comments:
Post a Comment