Monday, October 20, 2014

ရှာရှာဖွေဖွေ သင်သိစေ

(၁) ပိုလာဝက်ဝံလေးတွေအားလုံးဟာ ဘယ်သန်တွေ ဖြစ်ပါတယ်။

(၂) အင်္ဂလိပ်လူမျိုးတစ်စုဟာ သြစတြေးလျနိုင်ငံသို့ အခြေစိုက်ရန် ရောက်လာပါတယ်။ သူတို့တွေဟာ ခပ်မြင့်မြင့်နဲ့ အဝေးကိုခုန်နိုင်တဲ့ ထူးဆန်းတဲ့ အကောင်ဟာ သူတို့အရှေ့ကနေဖြတ်ပြေးသွားတာကို သတိထားမိပါတယ်။ အဲ့ဒါနဲ့ ဒါဘာအကောင်လို့ခေါ်လဲဆိုတာကို ဒေသခံ လူတွေကို လက်ဟန်ခြေဟန်နဲ့ သင်္ကေတ ပြပြီး မေးဖို့ကြိုးစားတယ်လေ။ ဒေသခံ လူတွေက “Kan Ghu Ru” လို့ပြန်ဖြေပါတယ်။ အဲ့ဒါနဲ့ အင်္ဂလိပ်လူမျိုးတွေဟာ (သားပိုက်ကောင်) ကို “kangaroo” ဆိုပြီး အင်္ဂလိပ်စကားလုံးအဖြစ် မွေးစားလိုက်ပါတယ်။ အမှန်က ဒေသခံလူတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “we don’t understand you - မင်းတို့ပြောတာ နားမလည်ဘူး” လို့ပြောတာပါတဲ့။

(၃)ခြင်တွေမှာ ကိုက်နိုင်တဲ့ သွားတွေရှိပါတယ်။

(၄) ပိုးဟပ်လေးတွေဟာ သူတို့ရဲ့ ဦးခေါင်းပြတ်သွားရင်တောင် ၉ရက်ကြာတဲ့အထိ အသက်ရှင်နိုင်ပါတယ်။ သူတို့တွေဟာ အစာမစားရလို့သာလျှင် သေဆုံးကြရတာပါ။

(၅) စစ်ဖြစ်ကာလအတွင်းတုန်းက စစ်သားတွေဟာ တိုက်ပွဲကနေပြီး ထိခိုက်အနာတရ အသေအကြေမရှိဘဲ ပြန်လာတဲ့အခါ အားလုံးမြင်နိုင်အောင် ဆိုင်းဘုတ်လေးတစ်ခုထောင်ပြပါတယ်။ အဲ့ဒါကတော့ “0 Killed” - သေဆုံးသူ 0 ပါတဲ့။ အဲ့ဒီကနေစတင်ပြီးတော့ “O.K.” ဆိုတော့ စကားလုံးပေါ်လာတာပါပဲ။ သဘောကတော့ အစစအရာရာ အားလုံးကောင်းမွန် အဆင်ပြေပါတယ်ပေါ့။

(၆) သင်နှာချေရင် မျက်လုံး ဖွင့်ပြီး မချေနိုင်ပါဘူး။

(၇) သင့်နှလုံးကြွက်သားရဲ့ ခုန်နှုန်းဟာ လေထဲမှာထားကြည့်ရင် ၁၀မီတာအကွာအဝေးလောက်ထိကို ခုန်နိုင်ပါတယ်။

(၈) ရှေးခေတ် အင်္ဂလန်တိုင်းပြည်မှာ လူတွေဟာ ဘုရင့်ရဲ့အမိန့်မရဘဲနဲ့ လိင်ဆက်ဆံခွင့်မရှိပါဘူး။ အဲ့ဒီခေတ်က သက်ဦးဆံပိုင် ဘုရင်စနစ်ကြောင့် လူတွေသာ ကလေးလိုချင်တဲ့အခါဘုရင့်ဆီက ခွင့်ပြုချက်တောင်းရပါတယ်။ အမိန့်ကျတော့မှသာအဲ့ဒီအမိန့်ပြားကို အိမ်တံခါးဝမှာ ချိတ်ဆွဲထားရပါတယ်။ အမိန့်ပြားလေးမှာ ဒီလိုလေးရေးထားပါတယ်။ “Fornication Under Consent of the King” (F.U.C.K.). ပါတဲ့။ ညစ်ညမ်းတဲ့ အင်္ဂလိပ်စကားလုံး အဲ့ဒီကနေ ဆင်းသက်လာတာပါ။

(၉) လူ့ခန္ဓာကိုယ်ရဲ့ အသန်စွမ်းဆုံး ကြွက်သားနေရာကတော့ လျှာပဲဖြစ်ပါတယ်။

(၁၀)111,111,111 x 111,111,111 မြှောက်ကြည့်ပါ။ အဖြေလေးက 12,345,678,987,654,321 ရပါတယ်။

(၁၁) ဖဲကစားတဲ့အခါမှာပါတဲ့ King ဖဲလေးချပ်ဟာ ဘုရင့်နာမည်တစ်ခုချင်းစီ ကိုယ်စားပြုပါတယ်။
King of Spades: King David
King of Clubs: King Alexander the Great
King of Diamonds: Julius Cesar
King of Hearts: Charlemagne

express times

No comments:

Post a Comment