Wednesday, October 8, 2014

*** မင်္ဂလာဆောင်ကြရာဝယ်... ***

ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အချိန်တန် အရွယ်ရောက်၍ လူလားမြောက်သောအခါတွင် အိမ်ထောင်ပြုကြသည် မှာ လောကဓမ္မတာတစ်ခုပါ။

လက်ထပ်ခြင်းသည် လူမှုရေး (သို့မဟုတ်)တရားဥပဒေအရ လူပုဂ္ဂိုလ်(၂) ဦး ပေါင်းစပ်ခြင်းဖြစ်ပြီး၊ ထိုေ ပါင်းစပ်မှုကို ထိမ်းမြားခြင်းဟုခေါ်ဆိုကာ မင်္ဂ လာဧည့်ခံပွဲ ကျင်းပ၍ လူအများ၏ အသိအမှတ်ပြုခံယြူ ခင်ြး ဖစ်ပါ သည်။ မင်္ဂ လာဦးညမှစ၍ လူမှုရေးနယ်ပယ်တွင် အိမ်ထောင်သည်အဖြစ် အဆင့်တိုးမြှင့်ခံ ရပြီး၊ ဘ၀သစ်တစ်ခုကို နှစ်ယောက်အတူ စတင်လျှောက်လှမ်းခြင်းဖြစ်ပါ သည်။


လူမျိုး၊ ဘာသာ၊ ယဉ်ေ ကျးမှု အစုံ အလင်ဖွဲ့ စည်းတည်ထောင်ထားသော ဤကမ္ဘာပေါ်တွင် ရိုးရာ၊ ဓလေ့၊ အယူ ၀ါဒ များ ကွဲပြားသည့်အလျောက် လက်ထပ်ထိမ်း မြား မင်္ဂလာပြုသောပုံစံခြင်းလဲ မတူညီကြပါ။ သို့ေ သာ် တူညီ မှုတစ်ခုတော့ “တူနှစ်ကိုယ်တိုင်းပြည်” ထူထောင် ခြင်းဖြစ်ပါသည်။

“မြန်မာအစ တကောင်းက” ဟု ဆိုသည့်အတိုင်း၊ မြန်မာ့ရိုးရာထိမ်းမြားမင်္ဂလာ ပွဲ ကေ တာ့ တကောင်းေ ခတ် က တည်းက စတင်လာ ခဲ့ပါသည်။ မြန်မာ့အယူ အဆ အရ၊ မင်္ဂလာ(၁၂)ပါး ထဲတွင် “ အာဝါဟ ၀ိဝါဟ ” (ခေါ်) လက်ထပ်မင်္ဂ လာ ထိမ်းမြားခြင်းသည် (၁)ပါး အပါအ၀င် ဖြစ်ပါသည်။ မြန်မာပြက္ခဒိန်၏ ၀ါဆို၊ ၀ါခေါင် နှင့် တော်သလင်း ဟူသော ၀ါတွင်းသုံးလတာကာလတစ်လျှောက်တွင် ကျင်းပကြလေ့ မရှိဘဲ၊ ဝါလကင်းလွတ် သီတင်းကျွတ်ပြီးမှသာ ထိမ်းမြားမင်္ဂ လာပြုကြရပါသည်။

မြန်မာနိုင်ငံ တွင်ေ ရှးနှစ်ပေါင်း များစွာ ကတည်းကပင် တစ်လင်တစ်မယား စံနစ်ကို ကျင့်သုံးလာခဲ့ရာ၊ “တစ်သက်မှာ တစ်မင်္ဂလာ” ဟူသော စကားသည် မိရိုးဖလာ အမွေအနှစ် တစ်ခုဖြစ်ပါသည်။ တရားဥပဒေအရ လက် ထပ် စာချုပ် ချုပ်ဆိုကြခြင်းကလည်း အိမ်ထောင်မှု၏ အခန်းကဏ္ဍ တစ်ရပ် ဖြစ်သလို၊ မင်္ဂ လာဧည့်ခံ ပွဲမပြုမီ၊ ရှေးဦးစွာ မင်္ဂလာဆွမ်းဦးအနေဖြင့် သံဃာတော်များပင့်ဖိတ် ကာ ဆွမ်းနှင့်တကွ၊ လှူဘွယ်ဝတ္ထု အစုစုတို့ဖြင့်ဆက်ကပ်လှူးဒါန်းခြင်း ကို ဗုဒ္ဓဘာသာလက်ထပ်နည်း ဟုခေါ်ပါသည်။

သတို့ သမီး၏ ၀တ်စားဆင်ယင်ပုံက တော့ ရှေးမြန်မာဘုရင်များ လက်ထက် က နန်းတွင်းသူများဝ တ်လေ့ရှိသည့် တင်ပါးအထိဖုံးသော ခါးထောင်အင်္ကျီနှင့် ကြိုးကြီးချိပ် ထိုင်မသိမ်းဖြစ်ပြီး၊ လက်ဝတ် ရတနာအစုံအလင်နှင့် ရွှေခြေကျင်း ပါ ဆင်မြန်းေ လ့ရှိပါသည်။ သတို့သားက ခေါင်းပေါင်း ၊ ကော်လံ ကတုံးရှပ် အင်္ကျီအဖြူ၊ တိုက်ပုံ နှင့် သာမန်လုံချည်ထက် နှစ်ဆနီးပါးမျှ ပို၍ရှည်လျားသော (တောင်ရှည်) ချိပ်ပုဆိုးတို့ကို ၀တ်ဆင်ပါ သည်။ ထိုဝတ်စုံများနှင့် လိုက်ဖက် ညီအောင် မင်္ဂလာမောင်နှံ (၂)ဦးစလုံး ကတ္တီပါ(သို့မဟုတ်)သားရေ ညှပ်ဖိနပ် ကိုသာ စီးနင်းလေ့ ရှိပါသည်။ မင်္ဂလာမောင်နှံတို့ သည် အေ ရာင်ရင့်ရင့်ေ မှာင်မှောင်တို့ ကို ၀တ်ဆင်လေ့မရှိဘဲ၊ ရွှေဖလားရောင် (ခေါ်) ရွှေရောင်ကို မင်္ဂလာေ ရာင်အဖြစ် ဆင်မြန်းလေ့ရှိကြပါသည်။

မင်္ဂလာမောင်/မယ် ကို ပွဲထုတ်ပေးသော၊ အခမ်းအနားမှုး(ခေါ်) ဘိသိက်ဆရာ ၏ အခန်းကဏ္ဍကလဲ အရေးကြီးသလို၊ မင်္ဂလာမောင်နှံ၏ ဘ၀ခရီးတစ်လျှော က် ပန်း ခင်းေ သာလမ်းတွင် လျှောက်ရပါစေကြောင်း အတိတ်နိမိတ်ကိုေ ဆာင် ကျဉ်းသည့်အနေဖြင့် မိန်းမ ပျိုတစ်ဦးက ရှေ့ ဆုံးမှပန်းကျဲခြင်းကလဲ၊ ချစ် စရာ့ယဉ်ကျေးမှုတစ်ခုပါ။ အိမ်ထောင်တစ်ခုကို စတင် တည်ထောင်မည့်သူနှစ် ဦးအား မိမိတို့တတ်နိုင်သလောက် ၀ိုင်းဝန်းထောက်ပံ့ကြသည့် သဘော အြ ဖစ် ရွှေပွဲလာပရိတ် သတ်များကလည်း မင်္ဂလာ လက်ဖွဲ့ ချီးမြှောက်ကြ ပါသည်။

ရှေးယခင်ကတော့ မင်္ဂလာဧည့်ခံစားရိတ်ကို သတို့ သား ဘက်ကသာ တာ ၀န်ယူလေ့ရှိပါ သည်။ ငြွေေ ကးသုံးစွဲနိုင်မှု အနေအထားပေါ်မူတည်ပြီး၊ မင်္ဂ လာဧည့်ခံပွဲကို သတို့ သမီး (သို့ မ ဟုတ်) သတို့ သားေ နအိမ်၊ ဘုန်းကြီးေ ကျာင်း၊ ဘုရားကျောင်း၊ ဘိုးဘွားရိပ်သာ၊ ရပ်ကွက်ရှိမင်္ဂလာခန်းမများ၊ စားေ သာက် ဆိုင်၊ ဟိုတယ် စသည်ဖြင့်ကျင်းပကြပြီး၊ ဧည့်ခံပွဲနေရာအကျယ် အ၀ န်းနှ င့် ဧည့်ပရိတ်သတ် အနည်း အများပေါ်မူတည်ကာ အကျွေးအမွေး အစီ အစဉ်အနေဖြင့် မုန့် ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ ကြာဇံ ချက်၊ မြန်မာထမင်း ဟင်း လျာစုံ၊ ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီ ထမင်း၊ နိုင်ငံခြားမုန့် အမျိုး မျိုး၊ တရုပ်ဘူးဖေးလ်၊ ကော်ဖီ၊ လ္ဘက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ်… စသ ည်ဖြ င့် အလျဉ်းသင့်သလို ဧည့်ခံလေ့ရှိပါသည်။ ငွေကြေးတတ်နိုင်သူ များက လည်း၊ ကော်ဇောနီ ခင်းထားသော ဟိုတယ်ကြီးများ တွင် နောက်ခံတေးဂီတ ၀ိုင်း နှ င့် အဆိုကျော်များထဲ့သွင်းကာ၊ တခမ်းတနားမင်္ဂလာယူကြပါသည်။

မည်သို့ ပင်ဆိုစေကာမူ အလွှာအသီးသီးမှ မင်္ဂလာမောင်နှံ တို့ ၏ တူညီမှုတစ် ခုကတော့ တစ်သက် မှာတမင်္ဂလာအတွက် ဓာတ်ပုံ၊ ဗွီဒီယိုဖြင့်မှတ်တမ်း တင် ကြ ခင်း ဖြစ် ပါသည်။ မြန်မာတို့၏ ချစ်စရာ့လူမှု ဓလေ့တစ်ခုကတော့ အ ခန်း တွင်းဝင်မည့် မင်္ဂလာမောင်နှံကို ရွှေကြိုး၊ငွေကြိုးများတား၍ ခဲဘိုးတောင်း ကြ ခင်းပါ။ ခြိမ်း ခြောက်ခြင်း၊ အနုကြမ်းစီးခြင်း ကဲ့သို့မဟုတ်ပဲ အပျော်သဘောလာ ဘ်ေ တာင်းခြင်ြး ဖစ်ပြီး၊ အုံးအုံးကြွက်ကြွက်ဆူညံကာ တမျိုးပျော် စရာကောင်း လှပါသည်။

ညစာစားပွဲများသည် မြန်မာ့ရိုးရာ ဓလေ့မဟုတ်ဘဲ အနောက်တိုင်း ယဉ်ကျေးမှုမှ ကူးစက်မှု တစ်ရပ် သာ ဖြစ်၍ မြို့ ကြီးပြကြီးများရှိ ငွေကြေးတတ်နိုင်သူများသာ ကျင်းပလေ့ရှိသော အခမ်းအနားဖြစ် သည်။ မြန်မာ့ဓလေ့မဟုတ်သဖြင့် သတ်မှတ်ပုံစံမရှိသလို သတ်မှတ်ထားသော အ၀တ်အစားများ လည်း သီးသန့်ရှိမနေပါ။ ပေါ့ပေါ့ပါးပါး အ၀တ်အစားများကိုသာ ၀တ်ဆင်လေ့ရှိပြီး၊ မိတ်ဆွေအပေါင်း အသင်းများနှင့် သီးသန့်ပျော်ပါးသည့် ပွဲမျိုးသာဖြစ်သည်။ အနောက်တိုင်းဆန်ဆန် ပျားရည် ဆမ်းခရီး ထွက်ခြင်းကလည်း မင်္ဂလာမောင်နှံတို့ အတွက် တစ်သက်မမေ့စရာ၊ အမှတ်တယအဖြစ်လေးရယ်ပါ။

ကျား/မသဘာဝ တို့ ဖြင့် ဖွဲ့ စည်းထားသော ဤလူ့ ဘောင်မှာ ရှေးရေစက်ပါရှိမှ သာ ဖူးစာဖက်ခွင့်ရကြ မှာပါ။ မိမိ ချစ်မြတ်နိုးရတဲ့ သူကို လက်လွတ်ဆုံးရှုံးမခံ ဘဲ၊ ရယူပိုင်ဆိုင်ချင်တာကတော့ နှလုံးသားရှိ သူ လူသားအားလုံးရဲ့ ဆန္ဒတ စ်ခုေ ပ့ါ။ မိဘကပေးစား လို့ ဖြစ်စေ၊ အောင်သွယ်တော်ကောင်းလို့ ဖြစ်စေ၊ ကိုယ်ချစ်ကြောင့်ဖြစ်ေ စ၊ သူချစ်ကြောင့်ဖြစ်စေ၊ နှစ်ကိုယ်တူချစ်ရည် မျှ လို့ြ ဖစ်ေ စ… အကြောင်ြးေ ကာင့် နှဖူး စာရွာလယ်ပြီးအကြင်လင်မယာြး ဖစ်ြ ကပြီဆိုမှဖြင့်၊ ပျော်ရွှင်စရာမိသားစုဘ၀ကို ရိုးမြေ ကျတည် ဆောက်ဖို့ ကတော့ မင်္ဂလာမောင်/မယ်တိုင်းရဲ့ တာဝန်ပါ။

အမြဲတမ်းပြောင်းလဲနေတတ်တဲ့ ပတ်ဝန်းကျင်အသစ်နဲ့  လိုက်လျော ညီထွေေ အာင်၊ တဦးပေါ်တဦး အပြန်အလှန်နားလည်ခွင့် လွှတ်ြ ကရင်း နဲ့ ပေါ့။

ရခဲလှတဲ့လူ့ ဘ၀မှာ ကြုံတောင့်ကြုံခဲ ကက္ကိယ၊ ပုရိ ဿ အဖြစ်ဆုံတွေ့  ခွင့်ရတဲ့ “ချစ်သူတိုင်း ငြားကြပါစေ၊ ငြားသူတိုင်း ချစ်ကြပါစေ” လို့  ဆန္ဒပြုရင်း။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…တင်ထက်ထက်ဇော်...ရေးသားမျှဝေသည်)

No comments:

Post a Comment