အဆိပ်ပါဆိုမှ ဘယ်လိုလုပ် အရသာကို သိမလဲ .။ မဟုတ်ပါ.။ တီထွင်လေ့လာသူဆိုတာ ဒါတွေက အစ မှတ်တမ်းတင်ရပါတယ်.။ ဒါနဲ့ စိန်ကို ပထမဦးဆုံးတွေ့ရှိသူဟာ.စိန်အဆိပ်
နောက်မှ ပညာရှင် တစ်ဖွဲ့က မပြည့်စုံသေးတဲ့ စိန်အဆိပ်မှတ်တမ်းကို ဖြည့်ဖို့ သူတို့ကိုယ်ကို စတေးပြီး စိန်အဆိပ်ရဲ့ မှတ်တမ်းကို ဖြည့်မယ် လို့ ကြေငြာခဲ့တယ်.။ ဒါနဲ့ ပြင်းထန်တယ် ဆိုတာ သိတော့..စမ်းသပ်သူတစ်ယောက်က ပါးစပ်နားကို စိန်အဆိပ်မရောက်ခင် ဘောပင် နဲ့ စာရွက်လေးကို အသင့်ပြင်ထားတယ်.။ နောက်တော့ လျှာပေါ်ကို စိန်အဆိပ်ကို တင်ပြီး အရသာရတာနဲ့ ချက်ချင်းရေးဖို့ ပြင်လိုက်တယ်.။ ဒါပေမဲ့..သူ S.W ဆိုတဲ့ စာလေးနှစ်လုံးပဲ ရေးပြီး သေသွားခဲ့ရတယ်.။
ဒါနဲ့ သူတို့ အဖွဲ့ထဲက နောက်တစ်ယောက်က သူစမ်းသပ်သွားတာ S.W ဆိုတော့ ဘာအဓိပ္ပါယ်မှန်းလည်း မသိဘူးလေ.။ ဒါကြောင့် သူက ဆက်ပြီး စမ်းသပ်ဖို့ ပြင်ဆင်တယ်.။ ဒီမှာ သူကလည်း ပါးစပ်ထဲကို စိန်အဆိပ် မထည့်ခင် ဟိုတစ်ယောက်ရေးထားတဲ့ စာမှာ ဆက်ရေးဖို့ လက်ကို အသင့်ပြင်ထားလိုက်တယ်.။ နောက်တော့ စိန်အဆိပ်ကို လျှာပေါ်တင်ပြီး အရသာရတော့ သူ ဆက်ရေးတယ်.။ E. E တဲ့.။ ဒါလည်း ပြီးရော..။ သူလည်း လဲကျသေဆုံးသွားတယ်.။ ဒီတော့ ရသမျှ စာတွေ ဆက်စပ်ရေးထားတာကတော့ S.W.E.E ဖြစ်နေပြီ..။ ဒါပေမဲ့ ဘာမှန်းလည်း မသိသေး။
ဒီတော့ နောက်တစ်ယောက်က သူတို့ လူနှစ်ယောက်လည်း အသက်ပေးသွားရပြီလေ.။ သူဆက်လုပ်မယ် ဆိုပြီး ပြင်တယ်.။ ဒီမှာ အားလုံးသော ပြည်သူလူထုတွေကလည်း ကန့်ကွက်ကြတယ်.။ ဘာမှ မဟုတ်တဲ့ အဆိပ်လေး တစ်ခုရဲ့ အရသာကို သိရဖို့ လူ့အသက်တွေသေနေရတယ်ပေါ့.။ ဆက်မလုပ်ကြပါနဲ့တော့လို့ ကန်ကွက်ကြတယ်.။ ဒါပေမဲ့ ပညာရှင်တွေက မရပ်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ နောက်တစ်ယောက်က ဆက်ပြီး စိန်အဆိပ် အရသာကို သိရဖို့ ပြင်တော့တယ်.။ သူလည်း လျှာပေါ် စိန်အဆိပ်မတင်ခင် အရင်လူတွေ ရေးထားတဲ့ နေရာမှာ ဆက်ရေးဖို့ လက်ကို ပြင်ထားလိုက်တယ်.။ နောက်တော့ စိန်အဆိပ်ကို လျှာပေါ်လည်းတင်ပြီး အရသာကိုလည်း သိရော..။ သူ T ရယ်....နောက်ကနေ အပိတ်မျဉ်းလေးရယ် ကို တားပြီး လဲကျသေဆုံးသွားခဲ့တယ်.။
ဒီတော့မှ လူတွေ အားလုံးလည်း စိန်အဆိပ်ရဲ့ အရသာကို လူအသက် ၄ သက်နဲ့ ရင်းပြီး သိလိုက်ကြရတယ်.။ အဲဒါကတော့ S.W.E.E.T ( ချိုတယ် ) ဆိုတဲ့ အရသာပါပဲ.။ စိန်အဆိပ်ဆိုတာ ချိုတယ် ဆိုတဲ့ အရသာ ရှိတယ် ဆိုတာကို လူ့အသက် ၄ ယောက်နဲ့ သုတေသနပြုသွားတာပါ.။ ဒီနောက်မှာတော့ စိန်အဆိပ်ရဲ့ အရသာကို ဘယ်သူမှ ထပ်ပြီး မစမ်းသပ်ကြတော့ပါဘူး.။
ဒီလို ကိုယ်သိချင်တာကို သိဖို့ ...အားလုံးကို သိစေချင်တာ သိရဖို့ သူတို့ အသက်ကို ရင်းတာကို မိုက်မဲတယ် လို့ ခေါ်မလား.. သတ္တိရှိရှိ စွန့်လွှတ်သူလို့ ခေါ်မလား ။
ယုံကြည့်မှုတစ်ခုအတွက် အသက်ကို စွန့်ခဲ့တဲ့သူတွေလဲအများကြီးပဲ။
ဥပမာ ကမ္ဘာကြီးလုံးတယ်ဆိုတဲ့ ယုံကြည့်မှု့ကို မစွန့်လွှတ်လို့ ဂယ်လီလီယို အသက်စွန့်ခဲ့ရသလို ....
သူတို့ကမိုက်မဲတာလား ....
သူတို့က သတ္တိရှိတာလား
ဒါက . လောကနိယာမပဲလား ........ !!!
Credit- GEK
No comments:
Post a Comment