Monday, September 8, 2014

"ကိုယ်ဟာ သံလိုက်တစ်တုံး"

ကိုယ်ဟာ သံလိုက်တစ်တုံးဆိုတာကို ယုံပါသလား။
ကိုယ့်စိတ်ပျော်ရွှင်တယ်၊ ကိုယ့်ကိုယ့်ကိုနှစ်သက်တယ်၊ လောကကြီးကို အကောင်းစိတ်တွေနဲ့ ဖြည့်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်ဆွဲငင်ယူမိမှာပဲ။

အဲဒီလိုပဲ ဝမ်းနည်းမယ်၊ ပိတ်လှောင်မယ်၊ ဘယ်အရာကိုမဆို ကိုယ်ကြည့်မရဖြစ်နေခဲ့ရင် မကောင်းတဲ့အရာတွေက ကိုယ့်ဆီရောက်လာမှာဖြစ်တယ်။

ကိုယ်ဟာ သံလိုက်တစ်တုံးဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲ ကိုယ်ဆွဲငင်မိမှာဖြစ်တယ်။


ပျော်ရွှင်တဲ့ကိုယ်က ပျော်ရွှင်စရာ၊ ပျော်ရွှင်တဲ့ပတ်ဝန်းကျင်ကို ဆွဲငင်သလို စိတ်ရှုပ်ဝမ်းနည်းတဲ့ကိုယ်က စိတ်ရှုပ်စရာပတ်ဝန်းကျင်ကို ဆွဲငင်မှာဖြစ်တယ်။ ကံကောင်းခြင်းနဲ့ ကံမကောင်းခြင်းကို ကိုယ်ဘယ်လိုစိတ်အစွမ်းနဲ့ ဆွဲငင်ယူမလဲ၊ ဒါဟာ ကိုယ့်ယုံကြည်မှုရဲ့လျှို့ဝှက်ချက်ဖြစ်တယ်။

Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment