အိမ်ထောင်ပြုခြင်းက ဖိနပ်တစ်ရံဆိုရင်
အချစ်က မင်္ဂလာဝတ်စုံပဲဖြစ်ပါလိမ့်မယ်
ဘယ်လိုဖိနပ်ပဲဖြစ်ဖြစ် ခြေထောက်နဲ့သင့်တော်ဖို့က အရေးအပါဆုံးဖြစ်သလို
ဘယ်လိုမင်္ဂလာဝတ်စုံပဲဖြစ်ဖြစ် ဝတ်ရတာသက်တောင့်သက်သာရှိဖို့ကလည်း အရေးအပါဆုံးဖြစ်ပါတယ်။
ဖိနပ်ရဲ့ ဈေးကြီးလှပမှုကိုပဲတပ်မက်ပြီး ကိုယ့်ခြေထောက်ကို အနာတရမဖြစ်ပါစေနဲ့
မင်္ဂလာဝတ်စုံရဲ့ လှပမှုကိုပဲနှစ်လိုပြီး ဝတ်ရတာစိတ်ကျဉ်းကျပ် ကိုယ်ကျဉ်းကျပ်တာမျိုး မဖြစ်ပါစေနဲ့
တခြားလူမြင်တာက ဖိနပ်၊ တခြားလူတွေ့တာက မင်္ဂလာဝတ်စုံ
ဒါပေမယ့် သင့်ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတာမို့ သင့်ခံစားမှုကို သင်ပဲသိနိုင်ပါတယ်
ဘယ်လို အိမ်ထောင်ပြုခြင်းမျိုး၊ အချစ်မျိုးပဲဖြစ်ဖြစ်
အကောင်းဆုံးက သဟဇာတဖြစ်ခြင်းပါပဲ
ခြေထောက်က ဖိနပ်ထက် အရေးပါပါတယ်
နွေးနွေးထွေးထွေး သက်တောင့်သက်သာရှိခြင်းက အပြင်ပန်းအလှထက် တာရှည်ပါတယ်
ဒါဟာ အမှန်တရားပါ... သင့်တော်တဲ့ဖိနပ်နဲ့မှ ခြေထောက်မနာဘဲ ခရီးဝေးဝေးလျှောက်နိုင်တာမို့ပါ...
နိုင်းနိုင်းစနေ
No comments:
Post a Comment