Monday, September 29, 2014

စီးပွားရေး လုပ်ငန်းရှင် စာရေးဆရာစားဖိုမှူးကြီး Mr. Alain Ducasse အကြောင်း

*** ပြင်သစ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ အဆင့်မြင့်စားသောက်ဆိုင်ကြီးများစွာပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်းရှင် စာရေးဆရာစားဖိုမှူးကြီး Mr. Alain Ducasse အကြောင်း။
စားဖိုမှူးဆိုသည်မှာ ***

ရှေးရာနှစ်ပေါင်းများစွာကတည်းက၊ မီးဖိုချောင်ထဲမှာ ဟင်းလျာ နှင့် ဟင်းချက်ပြုတ်သူဆိုတာ အမြဲ ဒွန်တွဲလျှက် ရှိနေကြတာပါ။ ချက်ပြုတ်သူ၏ ဟင်းချက်လက်ရာ နှင့် သူ့ ရဲ့ စားသုံးသူပရိတ်သတ်၏ တုံ့ ပြန်မှုဟာတိုက်ရိုက် အချိုး ကျသည့်အလျှောက် ဒီလက်ရာကတော့မဆိုးပါဘူး…. ဒီလက္ရာကေ တာ့ေ ကာင်းတယ်… ဒီလက်ရာကတော့အံမခန်းဘဲ… စသည် ဖြင့် ပရိတ်သတ်လက်ခံမှုပေါ်မူ တည် ကာ၊ “စားဖိုမှူး” ရယ်လို့ အသိအမှတ်ပြုခံခဲ့ရတာပါ။ ဒါကြောင့်လဲ သူ့ ခေတ်သူ့ ခါအလိုက်၊ တိုင်းပြ ည် အသီးသီးမှာ အကောင်းဆုံး/အတော်ဆုံးဆိုသောစားဖိုမှူးတွေ အသီးသီးပေါ်ထွက်လျှက်ရှိကြပြီး၊ သူ တို့ ရဲ့ အချက် အပြုတ်စွမ်းရည်နှင့် ဟင်းချက်လက်ရာများကို အင်တာနက်/ရုပ်မြင်သံကြား/စာအုပ် ထု တ်ေ ၀ခြင်းတို့ ဖြင့် မျှဝေကြခြင်းကြောင့် ကမ္ဘာ့အနောက်ခြမ်းမှ ဟင်းလျာမီနူးများကို၊ ကမ္ဘာ့အရှေ့ ခြမ်း မှာလည်း အလွယ်တကူ ချက်ပြုတ်စားသောက်နေကြခြင်း ဖြစ်ပါ တယ်။ ယနေ့ ကမ္ဘာနှင့်အ၀ှမ်းကျွမ်း ကျင်လိမ္မာသော ကျား/မစာဖိုမှူးပေါင်းမြောက်များစွာပေါ်ထွက်လျှက်ရှိကြပြီး၊ ကမ္ဘာ့အကောင်း ဆုံးစာဖို မှူးစာရင်းဝင် ပြင်သစ်နိုင်ငံရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်သူ မစ္စတာအယ်လိန်းဒက္ကစီ (Mr.Alain Ducasse) နှ င့် မိတ် ဆက်ပေး လိုပါတယ်။ ၁၆နှစ်သားဘ၀ကတည်းက ချက်ပြုတ်လာခဲ့တဲ့ ၀ါရင့်စားဖိုမှူးကြီးအေ ကြာင်း၊ ဘ၀တစေ့တစောင်းကို လေ့လာကြည့် လိုက်ကြရအောင်…။



<< ဘ၀အစ...ပထမ >>
စားဖိုမှူးကြီးလောင်းလျာ မစ္စတာအယ်လိန်းဒက္ကစီ (Mr.Alain Ducasse)ကို ပြင်သစ်အနောက်တောင် ပိုင်း Castel Sarrazin ကျေးလက်ဒေသမှာ ၁၉၅၆ စက်တင်္ဘာ ၁၃ တွင် မွေးဖွားခဲ့ပါတယ်။ သူ့ မိဘ မျိုးရိုး ဟာ လယ်ယာ လုပ်ငန်း ဖြင့် အသက်မွေးကြသော်လဲဘဲ၊ အယ်လိန်းက မိရိုးဖလာလယ်ယာလုပ် ငန်းထက် အချက်အပြုတ်နည်းပညာကိုသာ စိတ်ဝင်စား သူ တစ်ယောက်ပါ။ ဟင်းချက်ကောင်းတဲ့ အဘွားက သူ့ ရဲ့ လက်ဦးဆရာဖြစ်ပြီး၊ သူ့ အိပ်ခန်းဟာ မီးဖိုချောင်အပေါ်ထပ်မှာရှိလို့  မနက်စောစော အဘွားချက်ပြုတ်သော ဟင်းရနံ့ များက သူ့ ကိုစွဲဆောင်လျှက်ရှိပါတယ်တဲ့။ ငယ်ငယ်ကတည်းက အချက်ပြုတ် ၀ါသနာပါလို့ ၊ စားဖိုဆောင်မှာအဘွားကိုကူရှုပ်ရင်း၊ ဆယ်လ်မွန်ငါးကင်၊ ကြက်သားနှပ်၊ ပင်လယ်စာဟင်းလျာ၊ တို့ ကို ချက်တတ် နေပါပြီ်။ မိသားစုခရစ်စမတ်စားပွဲများမှာ ချောကလက် /အု န်းနို့ /ထောပတ်တို့ ဖြင့် ပြုလုပ်တဲ့ ခရစ်စမတ် ကိတ်မုန့် ကို သူက တာဝန်ယူမုန့် ဖုတ်ပေးလေ့ရှိပါ တယ်တဲ့။ မိသားစုက အားမပေးသော်လဲဘဲ၊ သူ့ ရဲ့ မဏ္ဍိုင်က “စားဖိုမှူး” သာဖြစ်လိုတာမို့ ၊ သူ့  အသ က် ၁၆နှစ်သားအရွယ် ၁၉၇၂ မှာ၊ Pavillon Landais စားသောက်ဆိုင်နဲ့  Bordeaux ဟိုတယ်သင် တန်း ကျောင်းတွေမှာ အလုပ်သင်ဝန်ထမ်းအဖြစ် ချက်ပြုတ်နည်းပညာများကို ဆည်းပူးခဲ့ပါတယ်။ အ လုပ်သင်ကာလ ပြီးဆုံးသွားသောအခါ၊ နံမည်ကြီး စားသောက်ဆိုင်များဖြစ်ကြတဲ့၊ Michel Guérard’s Restaurant နှင့် Gaston Lenôtre တို့ မှာ ဆောင်းဦးရာသီ ကျောင်းပိတ်များ တွင် ၀င်ရောက်အလုပ် လုပ်ခဲ့ပါတယ်။ ၁၉၇၇ မှာတော့ Moulin de Mougins စားသောက်ဆိုင် ၏ ထူးချွန်သောစားဖိုမှူးကြီး Roger Vergé ထံမှာ လက်ထောက်အဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပြီး၊ အဲဒီစားဖိုမှူးကြီးထံမှ ပရော့ ဗဲန့် ရိုးရာ ဟင်းချက်နည်း ပညာ များကို မှတ်သားနာယူနိုင်ခဲ့ပါတယ်။ ၁၉၇၈ မှာလည်း နံမည်ကြီး စာဖိုမှူး Alain Chapel ထံမှာ လက်ထောက် အဖြစ် ၂-နှစ်မျှကြာ အောင်ပညာဆည်းပူးခဲ့ပြီး၊ ကမာေ ကာင်-ပုစွန်ထုပ် ဟင်းလျာကို သူကတာဝန်ယူ ပြင်ဆင်ပေးရပါတယ်။ ယခုလို နံမည်ကြီး စားဖိုမှူး များထံ မှာ သင်ယူခဲ့ရတဲ့ အယ်လိန်းဟာ ဆရာကောင်းတပည့်ပန်းကောင်းပန်ဆိုသလို၊ အခြေခံ အုဌ်မြစ်ချနိုင်ခဲ့လို့  နောင် တစ်ချိန်မှာ ပြင်သစ်နိုင်ငံရဲ့  ငွေကြယ်ပွင့်ဖြစ် လာမယ်ဆိုတာကို သူ့ ကို ယ်သူပင် တွေးထင်ထားခဲ့မှာတောင် မဟုတ်ပါဘူးလေ….။
<< စားဖိုမှူးကြီးဘ၀....ဒီကစ >>
၁၉၈၀ တွင် မှတ်မှတ်ရရ သူ့ ဘ၀ရဲ့  ပတမဆုံးသော စားဖိုမှူးတာဝန်ကို Mougins ရှိ L’amandier Kitchen မှာ စတင်နိုင်ခဲ့ပါတယ်။ ၁နှစ်အကြာမှာတော့ the Hôtel Juana ၏ La Terrasse စားေ သာက်ဆိုင်မှာ အကြီးတန်းစာဖိုမှူးဖြစ်နေပါပြီ။ နောင်နှစ်အနည်းငယ် အတွင်း ပြင်သစ်တနိုင်ငံလုံးရှိ စားသောက်ဆိုင်လောကမှာ သူ့ ရဲ့ ဂုဏ် သတင်းမွှေးလာခဲ့ပြီး၊ ၁၉၈၄ တွင် ပြင်သစ်နိုင်ငံရဲ့  နိုင်ငံကျော် the Michelin Red Guide မှ အယ်လိန်း ကို ကြယ်(၂)ပွင့် ဆုချီး မြှင့်ခဲ့ပါတယ်။ တနှစ်ထည်းမှာဘဲ၊ Learjet မတော်တဆပျက်ကျမှုတွင် ဘာအန္တရာယ်မှမရှိလွတ်ကင်းခဲ့တဲ့ အတွက် ၁၉၈၄ ခုနှစ် ဟာ အ ယ်လိန်းအတွက် ကံကောင်းတဲ့နှစ်ပါဘဲ။ သူ့ ကို ပြင်သစ်နိုင်ငံရှိ နံမည်ကြီးဟိုတယ်အများအပြားက လာေ ရာက်လုပ်ပေးပါ ရန် ဖိတ်မန္တကပြုခံခဲ့ရပြီး၊ ၁၉၈၆ နှစ်ကုန်ပိုင်းလောက်တွင် Monte Carlo မြို့ ရှိ Hotel de Paris မှာ စားဖို မှူးကြီးအဖြစ် တာဝန် အပ်နှင်းခြင်းခံခဲ့ရပါတယ်။ အဲဒီဟိုတယ်ဟာ ကမ္ဘာေ ကျာ် the hotel's Le Louis XV ၏ အုပ်ချုပ်မှုအောက် မှာရှိပါတယ်တဲ့။ အယ်လိန်းဟာ စားဖိုမှူးကြီးတာ ၀န် သာမက၊ ၄င်းဟိုတယ်မှာ လာရောက်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ အားလုံးရဲ့  အုပ်ချုပ်မှု ပိုင်းဆိုင်ရာကိုပါကောင်းစွာ တာဝန်ယူနိုင်ခဲ့တာကြောင့် Red Guide ကြယ် (၃)ပွင့်အဖြစ် တိုးမြှင့် ဂုဏ်ပြုခံခဲ့ ရပါတယ်။
<< စားဖိုမှူးကြီးဘ၀မှ....လုပ်ငန်းရှင်ဘ၀သို့  >>
၁၉၈၈ တွင် စားသောက်ဆိုင်များဇုန်မှာ La Bastide de Moustiers (ခေါ်) အိပ်ခန်း ၁၂ ခန်းပါတဲ့ ခရီး သည်များတည်ခိုစားသောက်ဆိုင်ကြီးကို ဖွင့်လှစ်နိုင်ခဲ့ပြီး၊ သောက်သောက်လဲ ငွေဝင်ခဲ့ပါတယ်တဲ့။ ၁၉၉၀ခုနှစ်မှာလည်း အယ်လိန်းအသက်(၃၃)နှစ် မှာ သူ့  ဘ၀ရဲ့ ပထမဦးဆုံးသော Le Louis XV (ခေါ်) ဟိုတယ်စားသောက် ဆိုင်ကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီဆိုင်ဖွင့်ပြီး ၃၃ လ အ ကြာမှာ Michelin Red Guide မှ ထိုဆိုင်ကို ကြယ်(၃)ပွင့် အဆင့်မြင့်ဆိုင်ကြီးအဖြစ် ချီးမြှင့်ခဲ့ပါတယ်။ ၁၉၉၄ မှာ ထို Le Louis XV ဆိုင်ကြီးကို သူ့ စိတ်ကြိုက်ခေတ်မှီလှပအောင်ပြန်လည် မွမ်းမံခဲ့ပါ တယ် တဲ့။ ၁၉၉၅ ရောက်သောအခါ၊ စီးပွားရေးအမြင်ရှိတဲ့ အယ်လိန်းဟာ ပြည်နယ်ခရိုင်နေသူများ အတွက် ရည်ရွယ်ပြီး အိပ်ခန်း (၁၂)ခန်းပါ La Bastide de Moustiers Inn ကို ခမ်းခမ်းနားနားဖွင့်လှစ်ခဲ့ပြန် ပါတယ်။ အဲဒီစားသောက်တိုင်ကိုလည်း ၂၀၀၂ မှာ the Red guide က ကြယ်(၁)ပွင့် အပ်နှင်းခဲ့ပါ တ ယ် တဲ့။ ၁၉၉၆ သြဂုတ်လ ၁၂ ရက်နေ့ တွင် Le Parc – Sofitel Demeure Hôtels မှာ သူ့ နံမည် Alain Ducasse Restaurant ဆိုင်သစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဆိုင်ဖွင့်ပြီး (၈)လလောက် မှာဘဲ၊ The Red Guide က ကြယ် (၃)ပွင့် အဆငြ့်မင့် စားသောက်ဆိုင်အဖြစ် ချီးမြှင့်ခဲ့ပါတယ်တဲ့။ သူ့ ရဲ့ စီး ပွားရေးအောင်မြင် မှုကတော့ အံ့မခန်းပါဘဲ။ ၁၉၉၈ မတ်လအထိ မစ္စတာအယ်လိန်းဒက္ကစီ သည် စုစုပေါင်းကြယ်ပွင့် (၆)ခုပိုင်ဆိုင်ထားသော ဂုဏ်သ ရေရှိ စားဖိုမှူးကြီး ဖြစ်နေပါပြီ။ ကြယ်ပွင့်(၃) ခု ကို ပြင်သစ်နိုင်ငံရှိ the Hôtel de Paris တွင်ဖွင့်လှစ်ထားသော Alain Ducasse စားသောက်ဆိုင် အတွက်ရရှိတာဖြစ်ပြီး၊ နောက်ထပ် ကြယ်(၃)ပွင့်ကို မိုနာကိုနိုင်ငံရှိ Le Louis XV စားသောက်ဆိုင် အတွက် ရရှိ ထားခြင်းဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းတွင် "Spoon, Food & Wine" ဟုအမည်ရသော စားသောက်ဆိုင်ကို ပဲရစ်မြိုတော့်မှာ ဖွင့်လှစ်ခဲ့ပြီး၊ Ile Maurice, Saint-Tropez မြို့ များ နှင့် Hong Kong တို့ မှာလည်း ဆိုင်ခွဲများတိုးချဲ့ ဖွင့်လှစ်ခဲ့ပြန်ပါတယ်။
<< အလုပ်များတဲ့နေ့ ရက်များ >>
၁၉၉၉ ခုနှစ်ဟာ သူ့ အတွက် အလွန်အလုပ်ရှုပ်သော ကာလဖြစ်ပါတယ်။ နှစ်ဆန်းပိုင်း တွင် ပြင်သ စ်နိုင်ငံ လုံးဟိုတယ်များဆိုင်ရာ ဥသျှောင်အဖြစ် တာဝန်အပ်နှင်းခြင်းခံခဲ့ရပါတယ်။ နှစ်လယ်ဇွန်လ မှာ “bar & bœuf” ပြပွဲကို ခင်းကျင်းပြသပေးခဲ့ပြီး၊ နိုဝင်ဘာလမှာ အချက်အပြုတ်ဝါသနာပါများအတွက် “ADF” လို့ အမည်ရတဲ့ အသက်မွေးဝမ်း ကျောင်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီဇင်ဘာ လ မှာတော့ အယ်လိန်း နဲ့  သူ့ မိတ်ဆွေဖြစ်သူ Clément Bruno တို့ ဟာ La Celle လို့ အမည်ရတဲ့ ရွာလေးတရွာမှာ အိပ်ခန်း ၁၀ခန်းပါ ဟိုတယ်ငယ်လေးကို ဖန်တီးပုံဖေါ်ခဲ့ကြပါတယ်။ အဲဒီဟိုတယ်ေ လး အမည်ကတော့ “L’Hostellerie de l’Abbaye de La Celle” ပါတဲ့။ မြန်မာလိုတော့ “ ၁၈-ရာ စုနှ စ်စံအိမ်တော်ကြီး” ပါတဲ့ရှင်…..။ ဒီနှစ်ထဲမှာဘဲ၊ သူ့ ရဲ့ ပထမဆုံး ဟင်းချက်စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေ ခဲ့ပါတယ်။ Grand Livre de Cuisine လို့ အမည်ရတဲ့ အဲဒီ စာအုပ်မှာ သူ့  ဘ၀တသက် တာ လေ့ လာစုဆောင်းထားတဲ့ ချက်ပြုတ်နည်းပညာအတွေ့ အကြုံများကိုဖော်ပြထားလို့  ဗဟုသုတ စုံလင်ြေ ကာင်း စာဖတ်ပရိတ်သတ် များက အသိအမှတ်မပြုဘဲ မနေနိုင်အောင်ပါဘဲတဲ့။ ၂၀၀၀ ခုနှစ် ဇွန် မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်တွင် ခမ်းနားသပ်ရပ်တဲ့ “Alain Ducasse at the Essex House” စားသောက်ဆိုင်ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး၊ နောင် ၁၈လ အကြာမှာ the Red Guide မှ အဲဒီစားသောက်ဆိုင်ကို နိုင်ငံ တကာအဆင့်မှီ ကြယ် (၃)ပွင့် စားသောက်ဆိုင်ကြီးအဖြစ် လည်းေ ကာင်း၊ the New York Times မှ ကြယ် (၄)ပွင့် စားသောက် ဆိုင်ကြီးအဖြစ်လည်းကောင်း၊ the Mobil Guide မှ ကြယ် (၅)ပွင့် စားသောက်ဆိုင်ကြီးအဖြစ်လည်းကောင်း ချီးမြှင့်ခြင်းခံခဲ့ရပါ တယ်။ ဒီဇင်ဘာ လထဲမှာလည်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မှာ “59POINCARE” စားသောက် ဆိုင်ကိုထပ်မံဖွင့်လှစ် ခဲ့ပြန် ပါတယ်။ အဲဒီ စားသောက်ဆိုင်ဖွင့်ပွဲမှာ အယ်လိန်းကိုယ်တိုင်ဦးစီးချက်ပြုတ်ထားသော အရသာရှိလှ တဲ့ပုစွန်ထုပ် နှင့် အမဲသား ဟင်းလျာတို့ ဖြင့် အလျှံပယ်ဧည့်ခံကျွေးမွေးခဲ့ပါတယ်တဲ့။ “လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး မကြာခဏ စိတ်ရှုပ်ရတာတွေ၊ ဝေခွဲမရတာ တွေရှိတာပေါ့ ဗျာ၊ ဒါပေမယ့် ဘယ်လိုအ ခက်အခဲတွေဘဲ တိုးတက်မှုကိုပိတ်ဆို့ ဟန့် တားနေပါစေ ရပ်တန့် နေလို့ မဖြစ်တော့၊ ပိုကောင်းအော င် မြန်ဆန်ပြီးမြောက်အောင် ရှေ့ သို့ ထိုးဖေါက်ရမှာဘဲဗျ၊ ဒါ ကျွန်တော့်ရဲ့ ဒသနလေ ” လို့  ဖွင့်ပွဲေ န့ ကTimes မဂဇင်းနဲ့  အင်တာ ဗျူးမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ နောက်ထပ် “Alain Ducasse au plaza athénée” စားသောက်ဆိုင်သစ် ကို ၂၀၀၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး နောင် ၅ လအကြာ မှာ လည်း the Red Guide က ကြယ် (၃)ပွင့်အဖြစ်သတ်မှတ်ခဲ့တာပါဘဲ။ အဲဒီစား သောက်ဆိုင်ရဲ့  ကြီြး ကပ်စားဖိုမှူး ဖြစ်သူ Christophe saintagne က " မွန်စီယာ ဒက္ကစီ စားသောက်ဆိုင်ကို ရောက် လြာ ပီဆိုရင် ကျွန်တော်တို့ ရဲ့ ဟင်းလက်ရာတွေကို မြည်းစမ်းကြည့် တယ်၊ ပြီးတော့ ဝေဖန်အကြံပေး တယ်။ သူဘယ်လောက်ဘဲ အလျင်စလို ဖြစ်နေပါစေ..ကျွန်တော်တို့ ရဲ့ တင်ပြချက် ကို သေသေ ချာချာ စူး စိုက်နားထောင်ပေးတယ်၊ သူ့ ရဲ့ အကြံပြုချက်တွေဟာ ဘယ် တော့မှ မလွဲဘူးခင်ဗျ၊ အင်မတန် လိမ်ပါး နပ်သူတစ်ယောက်ပါ၊ နောက်သူလိုချင်တာ အရည်အချင်းလေ… ” လို့  ဆိုလာပါတယ်။
<< သူ့ ရဲ့ စေတနာ >>
သူ့ ရဲ့ စားသောက်ဆိုင်များ၊ inns၊ အချက်အပြုတ်သင်တန်းကျောင်းများ၊ ဟင်းချက်စာအုပ်များ နှင့် စား သောက်ဆိုင်အကြံပေးလုပ်ငန်းများမှ ၂၀၀၂အတွက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၅.၉ သန်း ရှိပါတယ်တဲ့။ မစ္စတာအယ်လိန်း ဒက္ကစီဟာ အခွင့်ထူးခံရေပေါ်ဆီလူ့ မလိုင်အသိုင်းဝိုင်းအတွ က်မ ဟုတ်ဘဲ၊ သာမန်လူတန်းစား စားသုံးသူများအတွက် ရည်ရွယ် ကာ၊ ဈေးနှုန်းချိုသာသော်လဲ၊ အရ သာေ ရာအရည်အသွေးပါကောင်းမွန်တဲ့ “Auberge Iparla” စားသောက်ဆိုင်ကို ၂၀၀၂ ဇူလိုင် မှာ French Basque ဒေသတွင်လည်းကောင်း၊ “Aux Lyonnais” စားသောက်ဆိုင်ကို ၂၀၀၂ အောက်တိုဘာမှာ ပဲရစ်မြို့ တွင် လည်းကောင်း ဖွင့်လှစ်ပေးခဲ့တာ သူရဲ့ မွန်မြတ်တဲ့စေတနာပါ။ အောက်တိုဘာလထဲမှာဘဲ ပဲရစ်မြို့ တွင် boulangépicier လို့  အမည်ရတဲ့ ထူးထူးခြားခြားပြပွဲလေးကို တင်ဆက်ခဲ့ပါတယ်။ အဲ ဒီပြပွဲမှာ ပြင်သစ်ရိုးရာမုန့်ဖုတ် နည်းများကို ဝေေ၀ဆာဆာ တင်ဆက်ပြခဲ့တာပါ။ ဒါတင်မကသေးပါ ဘူး။ ၂၀၀၃ ဇွန်မှာလည်း လူငယ်လူရွယ်များကို အမျိုးသားရေးအသိ စိတ်ဓာတ်မကွယ် ပျောက်စေရ န် နှင့် ရိုးရာဓလေ့ကိုချစ်တတ်စေရန်ရည်ရွယ်ကာ “ပြင်သစ်ရိုးရာအစားအစာများခင်းကျင်းပြသပွဲ” ကို တင်ဆက်ပေး ခဲ့ပြန်ပါတယ်။ အဲဒီပြပွဲမှာ “ ခေတ်ရေစီးကြောင်းအလိုက်၊ စားသောက်မှုပုံစံလည်း ပြော င်းလဲေ နတာပါ။ ဥပမာ ကျွန်တော်တို့  ဘိုးဘွားခေတ်နဲ့  ခုခေတ်ကိုဘဲကြည့်လေ…။ ဒါကြောင့် အော င်မြ င်တဲ့ စားဖိုမှူးဖြစ်ချင်ရင် မတူညီတဲ့ အစားအစာပုံစံကို ဖန်တီး တတ်ရမယ်” လို့  ဆိုပါတယ်။
<< စေတနာပေးသော်လဲ…ဝေဒနာသာပြန်ရ >>
သူ့ ရဲ့ နောက်ထပ်စေတနာကတော့ French Basque ဒေသ Biarritz ပြည်နယ်မှာ သာမန်လူတန်း စားများ အနားယူပျော်ရွှင် စေရန်အလို့ ဌာ အပန်းဖြေစခန်းတစ်ခု ကို ၂၀၀၄ မှာဖွင့်လှစ်ပေးခဲ့ပါတယ်။ များမကြာမှီ၊ ပိုင်းရီးနီးစ်ဝါဒရှိသူ ဘဲ့စ်က်လူမျိုးတစ်စု က မစ္စတာအယ်လိန်းဒက္ကစီကို “အမြတ်ကြီးစား လုပ်သူ(ဈေးကစားသူ)” ဟု ဝေဖန်စွပ်စွဲကာ ထိုအပန်းဖြေစခန်းကိုအကြိမ်ကြိမ် ဗုံးခွဲခြိမ်းခြောက်ပါ တ ယ်တဲ့။ ငွေကြယ်ပွင့်များဆုရှင် အယ်လိန်းတစ် ယောက် အပွဲပွဲနွှဲခဲ့လေသမျှ အဲဒီပြည်နယ်မှာတော့ နော က် ဆုတ် ပေးခဲ့ရပါတယ်ရှင်။
<< နောက်ထပ်ခြေလှမ်း >>
၂၀၀၅ ခုနှစ်မှာတော့ လုပ်ငန်းရှင်ကြီးအယ်လိန်း ဟာ သူ၏စီးပွားဘက်မိတ်ဆွေများကိုဖိတ်ခေါ် ကာ၊ စပ်တူလုပ်ငန်းများတိုးချဲ့ ခဲ့ပါတယ်။ ဧပြီမှာ နံမည်ကျော် Parisian bistro Benoit စားသောက်ဆိုင်ကို သူ့ မိတ်ဆွေ Thierry de la Brosse နှင့်အတူလွဲပြောင်းရယူခဲ့ပါတယ်။ မေလမှာတော့ Domaine des Andéols Inn ပိုင်ရှင် Mr.Olivier Massart နှင့် အကျိုးတူပူပေါင်းကာ ရှယ်ယာထဲ့ဝင်၍ အဆင့်မြှ င့်ခဲ့တာကြောင့်၊ ဥရောပတတိုက်လုံးတွင် အဆင့်(၅) Inn ဖြစ်လာခဲ့ပါတယ်။ နောက်ပြီး ဟိုတယ်အသ င်းအဖွဲ့ မှာပါ အသင်းဝင်ခဲ့ပါတယ်တဲ့။ ဒါ့ပြင် အာရှတိုက်ထိပါ စီးပွာေးရးချဲ့ ထွင်ကာ၊ ဂျပန်နိုင်ငံ တိုကျို မြို့ တွင် စားသောက်ဆိုင်အသစ်ဖွင့်ခဲ့ပါတယ်။ ၂၀၀၅ နှစ် အထိ မစ္စတာအယ်လိန်းဒက္ကစီ ပိုင်ဆိုင်သော စားသောက်ဆိုင် အမည် စာရင်းများကတော့ (၁) 59 Poincaré (ပဲရစ်၊ ပြင်သစ်)၊ (၂) Aux Lyonnais (ပဲရစ်၊ ပြင်သစ်)၊ (၃) Bar & Boeuf Be (ပဲရစ်၊ ပြင်သစ်)၊ (၄)Beige (တိုကျို၊ ဂျပန်)၊ (၅)Benoit (ပဲရစ်၊ ပြင်သစ်)၊ (၆)Benoit (တိုကျို၊ ဂျပန်)၊ (၇)La Cour Jardin (ပဲရစ်၊ ပြင်သစ်)၊ (၈)Mix in Las Vegas (လပ်စ်ဗီးဂက်စ်၊ အမေရိကန်)၊ (၉) La Terrasse du Parc (ပဲရစ်၊ ပြင်သစ်)၊ (၁၀)Le Relais du Parc (ပဲရစ်၊ ပြင်သစ်)၊ (၁၁) Le Relais Palza (ပဲရစ်၊ ပြင်သစ်)၊ (၁၂) Tamaris (လတ်ဘနွန်နိုင်ငံ) ၊ (၁၃) Spoon (ပဲရစ်၊ လန်ဒန်၊ Saint-Tropez၊ Carthago၊ Gstaadt၊ Mauritius၊ ဟောင်ကောင်) တို့ ဖြစ်ပြီး၊ နယူးယော့ခ်ရှိ Mix in New York စားသောက် ဆိုင်ကိုတော့ အကြောင်းမညီညွတ်၍ ဖွင့်ပြီး ၂-နှစ်ခန့် အကြာမှာ ပိတ်ခဲ့ရပါတယ်တဲ့။ အဆိုပါစားသောက်ဆိုင်များကို Red Guide's မှ အထက်ပါအတိုင်း ငွေကြယ်ပွင့်ဆုများအပ်နှင်းခဲ့တာ စာဖတ်သူများမျက်မြင်ပါ။ သူရဲ့  စားသောက်ဆိုင်များနှင့် ပတ် သက်ပြီး “ နိုင်ငံအသီးသီးမှာ စားသောက်ဆိုင်တွေဖွင့်ထားပေမယ့်၊ တစ်ခုနဲ့ တစ်ခုပုံစံမတူဘူးခင်ဗျ၊ ကျွန်တော့စားဖိုမှူးတွေမှာ သူ့ စတိုင်လ်နဲ့ သူ ရှိကြတယ်လေ။ တူညီတာတစ်ခုကတော့ဗျာ…. အရသာရှိတဲ့ စားဖွယ်စုံပါဘဲ။ ပြင်ဆင်ပုံလှပတယ်၊ ဆွဲဆောင်နိုင် တဲ့ ရနံ့ ရှိတယ်ဗျာ..ဒါ စားသောက်ဆိုင်တွေရဲ့  အခြေခံကျတဲ့ အဓိကလိုအပ်ချက်ပေါ့ ” လို့  Red Guide နဲ့  အင်တာဗျူးမှာ သူကဆိုပါတယ်။
<< နိုင်ငံသားပြောင်းပြီ >>
စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး အယ်လိန်းဟာ ၂၀၀၈ အစောပိုင်းမှာ ၀ါရှင်တန်ဒီစီ တွင် Adour စားသောက်ဆိုင်ကိုလည်းကောင်း၊ နယူးယော့ခ်တွင် Bistro Benoit စားသောက်ဆိုင်ကိုလည်းေ ကာင်း ထပ်မံဖွင့်လှစ် ခဲ့ပါတယ်။ သူ့ အသက် (၅၂)နှစ်မှာ ဘ၀တစ်သက်တာအတွက် အရေးကြီးတဲ့ြေ ပာင်းလဲမှုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ မိုနာကိုနိုင်ငံ မှာ ကမ္ဘာကျော် Monte Carlo Casino (ခေါ်) ကြီးကျယ်ခန်းနားတဲ့ကစားကွင်းကြီးရှိခြင်း၊ ရေမြေရာသီဥတု သဘာဝမျှတမှုရှိခြင်း၊ ပြော စမှတ်ပြုေ လာင်အောင် ထင်ရှားကျော်ကြားသော နေရာဒေသအများအပြား မရှိသော်ငြားလည်း၊ ဆိတ်ငြိမ်အေးဆေးလို့  နိုင်ငံခြားသားများ ဥရောပခရီးစဉ်အဖြစ် မကြာခဏအပန်းဖြေလည်ပ တ်လေ့ရှိခြင်း၊ စသည်တို့ ကြောင့် အယ်လိန်း ဟာ မိုနာကို နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို ချဲ့ ထွင်ရန်စိတ်အားထက်သန်နေပါတယ်။ သို့ သော်လဲ၊ နိုင်ငံခြားသားလူမျိုး ပြင်သစ် နိုင်ငံ သားဖြစ်နေတဲ့ သူ့ အတွက် မိုနာကိုနိုင်ငံမှ ပြဌာန်းသောအခွန်စည်းကျပ်မှုများမှာ လွန်စွာကြီင်္းလေးပြီး၊ စီးပွားရေးဇောက်ချ လုပ်ဖို့  ၀င်ငွေနဲ့ ထွက်ငွေမကာမိနိုင်တာကြောင့်၊ မိုနာကိုနိုင်ငံသားအဖြစ် ပြောင်းလဲလျှောက်ထားခဲ့ရာ မိုနာကိုမင်းသားAlbert II က ၂၀၀၈ ခုနှစ် ဇွန်လ (၁၇)ရက်နေ့ တွင် သူ့ ကို ၄င်းနိုင်ငံသားအဖြစ်ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့၊ မစ္စတာအယ်လိန်း ဒက္ကစီ ရဲ့  အစီအစဉ်သစ်က အနောက်အင်ဒီယန်း ဒေသများအထိ စီးပွားရေးချဲ့ ထွင်ဖို့ ပါဘဲတဲ့။ သူ့ ရဲ့ အကြီးတန်းစားဖိုမှူးဖြစ်သူ Christian JULLIARD က “ကျွန်တော် ၁၁ နှစ်ပါး အယ်လိန်းနဲ အလုပ်လုပ်ခဲ့ပါတယ်။ ဘုရားရေ…သူက ဒဏ္ဍာရီဆန်သူ တစ်ယောက်ဗျ။ နောက်ပြီး လက်တွေ့ ဆန်တယ်၊ တကယ့်စေတမာန်ပဲဗျို့ ” လို့  ဝေဖန်ထားပါတယ်။
<< ထူးထူးခြားခြားကာလများ >>
၂၀၁၀မှာ၊ ပဲရစ် ရှိ Alain Ducasse au Plaza Athénée ၊ မိုနာကို ရှိ Le Louis XV နှင့် လန်ဒန်ရှိ Alain Ducasse at Essex House စားသောက်ဆိုင်(၃)ခုကို Michelin Stars က နောက်ထပ်တစ်ကြိမ်ကြယ် (၃) ပွင့် အဆင့် တိုးမြှင့်ပေးခဲ့ပြန်ပါတယ်။ ဒါဟာစာဖိုမှူးလောကမှာ ပထမဦးဆုံးသောကြယ်ပွင့်အမြောက်အများပိုင်ရှင်ဖြစ်လို့  အယ်လိန်း အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုပါဘဲ။ ၂၀၁၁ မှာတော့ မိုနာကိုနိုင်ငံသားဖြစ်သွားတဲ့ အယ်လိန်းဟာ မိုနာကို မင်းသား Albert II နှင့် ကြင်ရာတော် Miss Charlène Wittstock တို့ ရဲ့ မင်္ဂလာညစာစားပွဲကို တာဝန်ယူတည်ခင်းပေးရပါတယ်။ အဲဒီပွဲ ပြီးနောက်မှာတော့ အယ်လိန်းကို “အစားအသောက်နှင့်ပတ်သက်၍ ပြည်သူ့ ကိုယ်စားပြောရေးဆိုခွင့်ရှိသူ” အဖြစ် ဂုဏ်ထူး ဆောင် ချီးမြှင့်ခြင်းခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်ဒီဇင်ဘာလအထိ နိုင်ငံပေါင်း (၂၅)နိုင်ငံအနှံ့ သူပိုင်ဆိုင်သော စားသောက်ဆိုင်ပေါင်း (၃)ဒါဇင်ခန့် နှင့် စားဖိုမှူး စုစုပေါင်း ၂၄၀ ရှိနေပါပြီ။ သူ့ ရဲ့ စားဖိုမှူးများနဲ့ ပတ်သက်ပြီး၊ “ သူတို့ အားလုံးဟာ ကျွန်တော့် ရဲ့ ကိုယ်စားလှယ်တွေပါဘဲ၊ ကျွန်တော့ရဲ စိတ်ကူးခံစားချက်တွေ၊ စရိုက်လက္ခဏာတွေ၊ နည်းပညာတွေ အားလုံးကို သူတို့ ဆီ လွှဲပြောင်းပေးထားတယ်လေ၊ နောက်ပြီး လုံ့ တက်ကြွမှုရှိအောင်လဲလှုံ့ ဆော်ပြီးသားဗျ ” လို့ ဆိုပါတယ်။ အယ်လိန်းဟာ စားဖိုမှူးငွေကြယ်ပွင့်အပါအ၀င် သူပိုင်စားသောက်ဆိုင်များအတွက် ကြယ်ပွင့်ပေါင်း ၃၀၀ကို ပိုင်ဆိုင်ထားလို့ ၊ the Michelin မှတ်တမ်းစာအုပ်ထဲတွင် “အစားကောင်း အသောက်ကောင်းများဖန်တီးရှင်” အဖြစ် မှတ်တမ်း တင်ထားပါတယ်။
<< အများအကျိုးဆောင် >>
မအားလပ်တဲ့ကြားမှပင် ရွက်ပုန်းသီး စားဖိုမှူးလူငယ် ရာပေါင်းများစွာကို၊ အယ်လိန်းဒက္ကစီ စတိုင်လ် ပြင်သစ်ဟင်းလျာချက်ပြုတ်နည်း နှင့် အာကာသမှူးများအတွက်ဟင်းလျာချက်ပြုတ်နည်းများကို သင်တန်းပေးလျှက် ရှိနေပါတယ်။ ဒါ့ပြင် သူ့ တသက်တာစုဆောင်းထားသမျှဟင်းချက်နည်းများကို ကမ္ဘာ့အသီးသီးမှ စားဖိုမှူးတို့ ကို လေ့လာသိရှိ နိုင်စေရန် encyclopediaတွင် “the most famous being Alain Ducasse Culinary” အင်တာနက်ဝက်ဘ်ဆိုက်ဖြင့် ထုတ်လွှင့် ပေး ထားပါတယ်။ သူ့ ရဲ့ တပည့်များကို “ဟင်းလျာချက်ပြုတ်တဲ့အခါမှာ အရည်အသွေးကောင်း သား-ငါး-ဟင်းရွက်ရယ်၊ စားသုံးသူ အတွက် စားကောင်းစေချင်တဲ့စေတနာရယ်၊ စားသုံးသူပေါ်အလေးအမြတ်ထားမှုရယ် အဲဒီအချက်(၃)ချက်မပြည့်စုံရင် စားဖိုမှူး လို့ မဆိုနိုင်ဘူး ” လို့  သူကဆိုပါတယ်။ ၂၀၁၃ ခုနှစ်အတွက် ရည်မှန်းချက်ကတော့ စားသောက်ဆိုင်တွေတိုးချဲ့ ဖွင့် လှစ်ခြင်း ထက်၊ မျိုးဆက်သစ်လူငယ်များကိုတွဲခေါ်ဘို့  သင်တန်းများပို့ ချဦးမယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်အထက် ဟင်းချက် ဒီပလိုမာဘွဲ့ ရပြီးသူ (သို့ ) စားသောက်ဆိုင်တွင် အချက်ပြုတ်အတွေ့ အကြုံ အနဲဆုံး ၃-နှစ်ရှိများအတွက်ရည်ရွယ်ကာ၊ (က) ၂၀၁၃ ဇန္န၀ါရီလမှ ဇွန်လအထိ “နိုင်ငံတကာဟင်းချက်နည်း ၆-လ သင်တန်း” (ခ) ၂၀၁၃ ဇူလိုင်မှ သြဂုတ်အထိ “ပြင်သစ်စတိုင်လ် နံက်စာ-ညနေခင်းစာ-ဘူဖေး ချက်ပြုတ်ပြင်ဆင်နည်းသင်တန်း”များဖွင့်လှစ်ပေးထားပါတယ်။ ၂၀၁၃ နိုဝင်ဘာ တွင် ဖွင့်လှစ်မည့်သင်တန်းကတော့၊ စားဖိုမှူးအတွေ့ အကြုံရှိ သင်တန်းသားဦးရ ၁၂ ယောက်သာကန့် သတ်ထားသော အဆင့်မြင့် သင်တန်းဖြစ်ပြီး ဟင်းချက်ပြုတ်နည်း အပြင်၊ ၀န်ဆောင်မှု၊ ဘား၊ အုပ်ချုပ်မှု စသည့် ဘာသာရပ် ၁၁ မျိုးကို သင်ပေး မှာဖြစ်ပါတယ်။
<< အကောင်းဆုံးလက်ရာ >>
The Louis XV စားသောက်ဆိုင်မှ အယ်လိန်းရဲ့  တပည့်ကျော် ကြီးကြပ်စားဖိုမှူးတစ်ဦးဖြစ်သူ Franck CERUTTI က "မွန်စီယာ ဒက္ကစီ က အလွန်တော်ပြီးရဲရင့်တဲ့သူတစ်ယောက်ပါ။ သူ့ စွမ်းအားတွေကို ဘယ်သူမှ လိုက်မမှီ ဘူးခင်ဗျ။ ကုန်ကုန်ပြောရရင် ပိုးတုန်းလုံးကောင်တွေကိုတောင် အရသာအမျိုးမျိုးပေါ်လွင်အောင် ချက်နိုင်တဲ့သူခင်ဗျ ” လို့  သူ့  ဆရာကို အမွှန်းတင်ထားပါတယ်။ ကျွမ်းကျင်လိမ္မာ စံနမူနာဖြစ်သော စားဖိုမှူးကြီးပေမို့ နိုင်ငံတိုင်းမှာ Alain Ducasse’s French Style ရယ်လို့  မီနူးစာရင်းများက စားသုံးသူများကို စွဲဆောင်လျှက်ရှိနေတာပါ။ သူ့ လက်ရာကောင်းများထဲမှ ၂၀၁၂ မှာ ရေပန်း အစားဆုံး လက်ရာအချို့ ကို ပြောပြရရင်ဖြင့်- The COOKPOT လို့ ခေါ်တဲ့ ဟင်းလျာကတော့ အယ်လိန်းဒက္ကစီရဲ့  signature လက်ရာလို့  နံမည်ကြီးနေပြီး၊ ကမ္ဘာအနှံ့ သူ့ စားသောက်ဆိုင်တွေမှာ ဦးစားပေးနံပါတ်(၁) မီနူးလေးပါ။ ဒီဟင်းလျာ ရဲ့ လှို့ ဝှက် ချက်ကတော့ ပန်းသီးအပါအ၀င် ဟင်းသီးဟင်းရွက်တွေကို မီးသင်းသကြားတိုက်၍ကင်ထားတာပါ။ အငန်မပါတဲ့ထောပတ် သုံး၍ အသားရောပြွမ်းထားတာပါ။ ပြင်ဆင်ပုံလှပသလို၊ အရသာကောင်းရုံသာမက၊ ရနံ့ ကလည်းဆွဲဆောင်မှုရှိ၊ ကျန်းမာရေးနဲ့  လည်း ညီညွတ်တဲ့ ဟင်းလျာလေးမို့  ယနေ့  ၀ါရှင်တန်ဒီစီ ရဲ့  Adour စားသောက်ဆိုင် မှာ စားသုံးသူများရဲ့ တောင်းဆိုမှု အများဆုံး မီနူးပါဘဲတဲ့။
+++++++++++++++++++++++++++++++++++++++++++++++++++++
သာမန် ကျေးလက်တောသားလေးဘ၀မှ၊ ကမ္ဘာကျော်စားသောက်ဆိုင်များပိုင်ရှင် စာဖိုမှူးကြီးတစ်ယောက် ဖြစ်လာတဲ့ သူ့ ဘ၀ အကျိုးပေးကံကြမ္မာကို ရင်သပ်ရှုမောမိပါတယ်။ တစ်ခေတ်မှာတစ်ယောက်ဆိုသလို ပြိုင်ဘက်မရှိ ငွေကြယ်ပွင့်များဆုရှင် မစ္စတာ အယ်လိန်းဒက္ကစီ ကတော့ လာခြင်းကောင်းတဲ့သူပါဘဲ။ သူ့ ရဲ့ လုံ့ လ၀ီရိယများ၊ ဒီလောက်နဲ့ တင်ရပ်နေမှာမဟုတ်သလို၊ အတွေ့  အကြုံကိုအခြေခံလို့ ၊ အရင်းအနှီးများစိုက်ထုတ်ကာ နိုင်ငံအနှံ့  အယ်လိန်းဒက္ကစီစတိုင်လ် ပြင်သစ်စားသောက်ဆိုင်များ တိုးချဲ့ ဖွင့် လှစ်ဦးမှာလို့  ကျွန်မအတပ်ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ကျွန်တော်က လောဘလည်းကြီးပြီး၊ သိချင်စိတ်လည်း တအားများတယ်ဗျ…ဒါကြောင့် ကမ္ဘာ့မြေကြီးရဲ့ အရပ် ၄-မျက်နှာစလုံးက ရိုးရာအစားအစာချက်ပြုတ်နည်းတွေကို ရှာဖွေဖော် ထုတ်ဦးမှာဗျ..” လို့  Newsweek မဂ္ဂဇင်းအင်တာဗျူးမှာ သူက ဆိုထားလို့ ပါ။ အယ်လိန်းဒက္ကစီ တစ်ယောက် စိတ်သွားတိုင်း ကိုယ်ပါ၍၊ လိုအင်ဆန္ဒပြည့်ဝပါစေကြာင်း ဆုမွန်တောင်းလိုက်ရပါတယ်…….။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

No comments:

Post a Comment