Tuesday, September 16, 2014

ဆင်းရဲကို ကြောက်သလား

အခါတပါး၌ မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ သာဝတ္ထိမြို့ထဲသို့
ဆွမ်းခံကြွတော်မူရာ
လမ်း၌ ငါးဖမ်းနေကြသော သူငယ်တို့ကို မြင်၍ အနီးသို့ သွားပြီးလျှင်-

သူငယ်တို့ သင်တို့သည် ဆင်းရဲဒုက္ခကို ကြောက်ကြသလား၊ ဆင်းရဲဒုက္ခကို မုန်းကြသလား-ဟု မေးတော်မူသည်။

သူငယ်တို့က ကြောက်ကြပါသည် ဘုရား-ဟု ဖြေကြသည်။ ထိုအခါ မြတ်စွာဘုရားက-

အကယ်၍ ဆင်းရဲဒုက္ခကို ကြောက်ကြလျှင်၊ ဆင်းရဲဒုက္ခကို မုန်းကြလျှင်
မကောင်းမှုကို လူမြင်ကွင်းမှာဖြစ်စေ၊ မမြင်ကွင်းမှာ ဖြစ်စေ၊ မလုပ်ကြနဲ့။
မကောင်းမှုကို ယခုလည်း ပြု၊ နောင်လည်း ပြုမည်ဆိုလျှင် ဆင်းရဲဒုက္ခမှ လွန်မြောက်နိုင်မည်
မဟုတ်ပေဟု မိန့်ကြားကျူးရင်းတော်မူခဲ့လေသည်။

Dhama Journal

No comments:

Post a Comment