Monday, September 22, 2014

မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား

မေး- အရှင်ဘုရား... ဗုဒ္ဓဘာသာဝင်တစ်ဦးက အခြေ အနေတစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင်အ ဖြစ် လက်ခံလိုက်ရပါတယ်ဘုရား။ သူဟာတခြားဘာ သာကို ယုံကြည်မှုမရှိပေမယ့် သူတို့ရဲ့ထုံးတမ်းစဉ်လာ ကို တစ်သက်လုံး လုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ်နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏ ဂုံပျက်သွားနိုင်ပါသလား။ တကယ်လို့ ပျက်သွားတယ် ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။

ပြည့်စုံအောင်(ရုရှား)

ဖြေ- ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ စိတ်မပါဘဲ မတတ် သာလို့ အခြားဘာသာဝင်အဖြစ်ကို လက်ခံတယ်ဆို တော့ အဖြေကပါပြီးသားပါ။ စိတ်မပါဘူးဆိုရင် ဘယ် လောက်ပဲ အပြင်ဘက်က အခြားဘာသာဝင်ဖြစ်နေပါ စေ သူဟာ စိတ်ထဲမှာ ရတနာသုံးပါးယုံကြည်မှုရှိနေ သေးတဲ့အတွက် သရဏဂုံ မပျက်နိုင်ပါဘူး။

အခြားဘာသာဝင်ရဲ့ ထုံးတမ်းစဉ်လာကို လုပ်နေရတယ်ဆိုတာက ဘယ်လိုအလုပ်ပါလဲ...၊ တကယ်လို့ အကုသိုလ်ဖြစ်စေတဲ့ အလုပ်ဆိုရင်တော့ မကောင်းဘူး။ အပြစ်ဖြစ်တာပေါ့။ ကုသိုလ်ဖြစ်စေတဲ့အ လုပ်မျိုးဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။

သရဏဂုံ ပျက်တယ်ဆိုတာ ရတနာသုံးပါး မှတစ်ပါး အခြားဘာသာဝင်အဖြစ်ကို ယုံကြည်စွာ ခံယူလိုက်တဲ့အချိန်ကစလို့ သရဏဂုံ ပျက်တယ်လို့ ခေါ်ရပါတယ်။ သရဏဂုံ ညှိုးနွမ်းတယ်ဆိုတာရှိပါ သေးတယ်။ ရတနာသုံးပါးမှတစ်ပါး ဘိုးဘိုးကြီး၊ ဘိုး မင်းခေါင်၊ ဘိုးဘိုးအောင်၊ မနှဲလေး၊ (၃၇)မင်းနတ်များ စတာတွေကို အားကိုးအားထားရာ ပြုနေကြတဲ့ ဗုဒ္ဓ ဘာသာဝင်အချို့ဟာ သရဏဂုံညှိုးနွမ်းတယ်လို့ခေါ် ပါတယ်။ ဗုဒ္ဓဘာသာအမည်ခံ ဗုဒ္ဓဘာသိဘာသာတွေ လို့ ပြောလည်းရပါတယ်။

လူတစ်ယောက်ကို ကုသိုလ်ဖြစ်စေနိုင်အောင် အများဆုံး စွမ်းဆောင်ထောက်ပံ့ပေးနိုင်တာက ရတနာ သုံးပါးဖြစ်ပါတယ်။ ဒါ့ပြင် ရတနာသုံးပါးဟာ လူနတ် နိဗ္ဗာန် သုံးတန်ချမ်းသာကို ရောက်နိုင်၊ ရနိုင်တဲ့အထောက် အပံ့ကောင်းတွေပါ။ ဘိုးဘိုးကြီး စတာတွေကို အမှီပြု ရတယ်ဆိုတာက မိမိရဲ့ တစ်ဘဝတာလိုအပ်ချက်များ ကို ဦးစားပေးထားတဲ့အတွက် လောဘဦးစီးနေပါတယ်။ ဒီအတွက် ဘယ်နည်းနဲ့မှ ကုသိုလ်မရနိုင်ပါဘူး။ ဒါ့အ ပြင် သရဏဂုံလဲ ညှိုနွမ်းပါတယ်။

သရဏဂုံ ပျက်လောက်အောင် အခြား ဘာသာဝင်အဖြစ် ခံယူတယ်ဆိုတာ ဗုဒ္ဓအယူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓဝါဒက သူ့အသက်သတ်တာ ရှောင်ကြဉ်တယ်ဆို ရင် သူတို့က သူတစ်ပါးအသက် သတ်ရတယ်။ သတ် ပြီး ယစ်တောင်ပူဇော်ရပါတယ်။ ဒါဟာ မကောင်းတဲ့ အကုသိုလ်ပါ။ ဒါကြောင့် သရဏဂုံပျက်သွားတဲ့ ပုဂ္ဂိုလ် မှာ အပြစ်ဖြစ်ဖို့များပါတယ်။ ဒီအတွက် မကောင်းကျိုး လည်း ပေးနိုင်ပါတယ်။

( ဆရာတော်ဘဒ္ဒန္တကောဝိဒ(မြိတ်)၏ ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။ )

No comments:

Post a Comment