Monday, August 18, 2014

အမေကပိုလှတယ်

မေတ္တာကြာင့်လားမသိ၊
အမေ့အရိပ်က
အရိပ်တကာထက်ပိုအေးမြတယ်။
သဒ္ဓါကြောင့်လားမသိ၊
အမေကျွေးမွေးသမျှ
နတ်သုဒ္ဓါမကခံတွင်းတွေ့ ရတယ်။
စေတနာကြောင့်လားမသိ၊

အမေပေးသမျှ
ဘာနဲ့ မှမလဲနိုင်အောင်အဖိုးထိုက်လှတယ်။
လ၀န်းတရာလည်း
သားရဲ့ ကောင်းကင်မှာ
အမေနဲ့ ပြိုင်မသာနိုင်။
ထည်ဝါတယ်ဆိုတာတွေလည်း
သားရဲ့ မျက်ဝန်းမှာ
အမေနဲ့ ယှဉ်သမျှမှေးမှိန်ရ။
ကမ္ဘာကျော်တေးသွားတွေလည်း
သားရဲ့ နားမှာ
အမေ့စကားလောက်မှမချိုမြ။
လောက အလှတရားအားလုံး
အမေ့နဲ့ ပြိုင်ရင် ရှုံးနေကျ
ဆိုခဲ့သမျှ
နိယာမတွေထက်လည်းသာ
သားတစ်ယောက် ရဲ့ အမြင်မှာတော့ဗျာ
ဟောလီးဝုဒ်မင်းသမီး မီရှဲလ်ယိုမက
တို့ အမေဟာပိုလှတယ်။
ကိုမျိုး(မြန်မာစာ)

No comments:

Post a Comment