မောင်အောင်ဆန်းဗိုလ်ချုပ်ဆိုလို့ကွာ တော်တော်ကြီးပလား၊ အောက်မေ့တယ်။
တယ်မကြီးသေးပဲကို၊ ကြုံ တုန်းကြုံ ခိုက် ဆရာတော် သြ၀ါဒ နည်းနည်းပေးပါ့မယ် ............
... ဗိုလ်ချု ပ်တို့ လွတ်လပ်ရေးရပြီးရင် တို့သာသနာရေးကိစ္စလည်း ပစ်မထားနဲ့၊ သာသနာ
တော်ကြီးရဲ့ အကြီးအကဲဆရာတော်များနဲ့ တိုင်ပင်ပြီး သာသနာရေးကိစ္စတွေ လုပ်ရလိမ့်မယ်လို့ စိတ်ကူးထည့်ထားပါလေ .................
ဒါ့အပြင် .... သည်းခံ ... နိုးကြား ... သနား ... ထကြွ ... နိစ္စမသွေ ... ခွဲဝေ ...
ရှုတတ် ... သူမြတ်တို့ဂုဏ် ဆိုတဲ့ အတိုင်း အကြီးအကဲတို့ရှိရမယ့် ဂုဏ်ခြောက်ပါးအနက်
အထူးသဖြင့် နိုးနိုးကြားကြား သတိဝီရိယ သတိပြု ရမယ် .........
ဒါယကာကြီးဗိုလ်ချု ပ် .....
မြှောက်တိုင်းလည်း မမြောက်နဲ့၊
မမြောက်ဘဲလည်း မနေရာ၊
ခြောက်တိုင်းလည်း မကြောက်နဲ့၊
မကြောက်ဘဲလည်း မနေရာ၊
ဆိုတဲ့သြ၀ါဒ လေးချက်ကိုလည်း သတိပြုပါလေဟူ၍ မိန့်ကြားတော်မူသည်။
Credit - Original Source
No comments:
Post a Comment