Wednesday, August 13, 2014

လူ

ပညာ အဆင့် အတန်းမရှိလို့ရတယ်
ဒါပေမယ့် အရှက်မရှိလို့ မရဘူး

မမြင့်မြတ် မ ခမ်းနားလို့ရတယ် 

ဒါပေမယ့် သိမ် ငယ် နိမ့်ကျလို့ မရဘူး


မထက် မြက် မသွက်လက် ချင် နေလို့ရတယ်
 ဒါပေမယ့် နုံတတ တွေဝေ နေလို့မရဘူး

လောက ကြီးကိုအ ကောင်း မမြင် ဘဲ နေလို့ရတယ် 

ဒါပေမယ့် စိတ်ကုန်ပြီးအဆိုးမြင် လို့တော့ မရဘူး

မိဘ အ ပေါ် ကျေးဇူးမသိတတ်ချင် နေလို့ရတယ် 

ဒါပေမယ့် ကျေးဇူးကန်းလို့ တော့ မရဘူး

ချစ်သူအ ပေါ် ချိုမြိန်လှတဲ့အကြင် အနာ အယုအယ တွေနဲ့လွန်ကဲစွာ မချစ်ချင် လို့ရတယ် 

ဒါပေမယ့် သစ္စာ ဖောက်လို့တော့မရ ဘူး

သူငယ်ချင်းအ ပေါ်သ ဘောထားမကြီးလို့ ရတယ် 

ဒါပေမယ့် ပျက်လိုပျက်စီးကြောင်း မကြံစည် ရ ဘူး

လူတော်လူကောင်းတစ်ယောက် မဖြစ်ချင်နေလို့ရတယ် 

ဒါပေမယ့် လူဆိုးလူမိုက် တစ် ယောက် မဖြစ် ရဘူး

KWYM

No comments:

Post a Comment