Thursday, August 14, 2014

လူပြောများ၍ လူပြောမှားနေတတ်သည့် မေတ္တာစိတ်နှင့် ဝိပဿနာဘာဝနာ။

အကြင်သူသည် အရပ်လေးမျက်နှာ
မှ ကြွလာသမျှသော ကြွလာသမျှသော သံဃာကို ရည်စူး၍ကျောင်းဆောက် လှုဒါန်း၏။
အကြင်သူသည် ကြည်ညိုသောစိတ်
ရှိသည်ဖြစ်၍ ဘုရားတရားသံဃာကို
ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်၏။
ထိုဆည်းကပ်ကိုးကွယ်မှုသည်
စတုဒိတာ သံဃိကကျောင်းကိုဆောက်လုပ်လှု
ှုဒန်းရသည်ထက်
အကျိုးကြီး၏။


အကြင်သူသည် သရဏဂုံဆောက်
တည်၏။ အကြင်သူသည်ကား ကြည်
ညိုသောစိတ်ရှိသည်ဖြစ်၍ ၅-ပါးသော
သိက္ခာပုဒ်ကို ခံယူဆောက်တည်၏။
ထိုသို့ ၅-ပါးသီလ ခံယူဆောက်တည်
ခြင်းသည် သရဏဂုံဆောက်တည်
သည်ထက် အကျိုးကြီး၏။

အကြင်သူသည်ကား အယုတ်သဖြင့်
ပန်းတရှုတ် နမ်းကာမျှလောက်မေတ္တာ
စိတ်ကိုပွားများ၏။ ထိုမေတ္တာပွားများ
မှုသည် ၅-ပါးသီလ ခံယူဆောက်တည်
သည်ထက် အကျိုးကြီး၏။

အကြင်သူသည်မေတ္တာစိတ်ကို ပွား၏
အကြင်သူသည် အယုတ်သဖြင့်
လက်ဖြစ်တတွက်မျှ အမြဲမရှိဟူသော
ဝိပဿနာကို ပွားများ၏။
ဤသို့ ဝိပဿနာကို ပွားများခြင်းသည်မေတ္တာစိတ်ကို ပွားများရသည်ထက်
အကျိုးကြီး၏။
❀ ❀ ❀ ❀ ❀

ဤတွင်မေတ္တာစိတ်ဆိုသည်မှာ စိတ်
အညစ်အကြေးဖြစ်သော နိဝရဏတို့
ကိုခွာ၍ ပွားများအပ်သောဈာန်အနီး
သို့ရောက်နေသည့် ဥပစာရမေတ္တာ
စိတ်ကိုသော်လည်းကောင်း သို့မဟုတ်
အပ္ပနာသို့ဆိုက်ရောက်ပြီးသောမေတ္တာစိတ်ကိုသော်လည်းကောင်း
ဆိုလိုသည်။ထိုကဲ့သို့ ရင့်သန်သောမေတ္တာစိတ်မှသာလျှင် ဒါန သရဏဂုံ
သီလတို့ထက် အကျိုးကြီးနိုင်မည်။မေတ္တာ မည်ကာမတ္တ သာမညအား
ဖြင့် ပွားများသည်ဆိုရသောမေတ္တာ
စိတ်မူကား ထိုကဲ့သို့ အကျိုးကြီးနိုင်
မည်မဟုတ်ချေ။

ဝိပဿနာ ဘာဝနာ အရာ၌လည်း
အလုံးစုံသော တေဘူမက တရားတို
၌့ မြဲ၏ဟု ထင်မှတ်စွဲလန်းမှတ်မှား၍နေသော နိစ္စအမှတ်ကို ခွာ၍ ထက်
သန်သော ဝိပဿနာဥာဏ်ဖြင့် ပွား
ခြင်းကိုဆိုသည်။ ထိုသို့ ဘာဝနာသည်
သာ ဝဋ်ဒုက္ခမှ ငြိမ်းခြင်း ပြတ်ခြင်းသာ
အနီးစပ်ဆုံးဖြစ်၍ ထိုဘာဝနာမျိုးကို
သာ ဆိုလေသည်။

လယ်တီဆရာတော်ဘုရားကြီး

---

credit Warwar Naing

No comments:

Post a Comment