Sunday, August 24, 2014

ကျော်ကြားသူတို့ ဆိုရိုးစကားများ

ပညာရှိ၏ နှုတ်ခမ်းသည် နှလုံးသားထဲတွင် ကိန်းအောင်း၏။ သူမိုက်၏ နှလုံးသားကား သူ့နှုတ်ဖျားမှာပင် တည်ချေသည်။
(ရှောလမုန်ဘုရင်)

... ဆိတ်ဆိတ်နေပါ။ သို့မဟုတ် ဆိတ်ဆိတ်နေခြင်းထက် ပို၍တန်ဖိုးရှိသော စကားကို ဆိုပါ။
(ပိုက်သာဂိုးရပ်စ်)


စာဖတ်ပါ။ သင့်ကုတ်အင်္ကျီအိတ်ကို ခရီးဆောင်စာကြည့်တိုက်အဖြစ် အသုံးချပါ။
(ရပ်ဆယ် ကွန်းဝဲလ်)

ပူဆွေးသောကငှက်များ သင့်ခေါင်းပေါ်က ဖြတ်သန်းပျံသွားခြင်းကို သင်တားဆီးနိုင်မည်မဟုတ်ပါ။ သို့သော် သင့်ခေါင်းပေါ်မှာ အသိုက်ဆောက်အခြေချမနေအောင်ကား သင်တားဆီးနိုင်ပါသည်။
(တရုတ်စကားပုံ)

နေ့စဉ်နံနက်တိုင်း “ ငါသည် ထာဝရအသက်ရှင် နေထိုင်သွားမည့် သူ ဖြစ်သည် ” ဟူသော စိတ်ဓာတ်ဖြင့် တစ်နေ့တာဘ၀ကို အစပြုပါ။
(ဘယ်ရီဂိုးလဒင်း)

အမှားလုံးဝ ကျူးလွန်ခဲ့ခြင်းမရှိဟူသောသူကား ဘာတစ်ခုမျှမလုပ်ကိုင်ခဲ့သူ သာဖြစ်သည်။ စင်စစ်အမှားတကာ့အမှားထဲတွင် ထိုသို့ဘာတစ်ခုမှ မလုပ်ခြင်း ဟူသည်ပင် အကြီးမားဆုံး အမှားဖြစ်ချေသည်။
(ဒေါက်တာဝီလျံ ရေလီ)

လျှာဟူသည် သုံးလက်မမျှသာ ရှည်၏။ သို့သော် အရပ်ခြောက်ပေရှည်သော လူတစ်ယောက်ကို သေအောင်သတ်နိုင်၏။
(ဂျပန်စကားပုံ)

သင်ပြောမည့်စကား၏ အဓိပ္ပာယ်ကို သိအောင်လေ့လာပါ၊ ပြီးတော့မှ ပြောပါ။
(အက်ပစ်တီးတပ်စ်)

သင်သည် မည်သည့်အလုပ်မျိုးကို လုပ်ကိုင်သူဖြစ်ပါစေ၊ စကားပြောခြင်း ထက် နားထောင်ခြင်းက သင့်အတွက် အမြဲပို၍ အကျိုးရှိပါသည်။
(အာတီပါရီရာ)

ငွေသည် သင့်အား ချမ်းသာသုခကို မပေးနိုင်၊ သို့သော် အာရုံကြောများ ကိုကား ငြိမ်သက်စေနိုင်ပေသည်။
(ရှောင် အို ကာဆေး)

ငွေကို တပ်မက်ခြင်းသည် အလုံးစုံသော အကုသိုလ်စရိုက်တို့၏ အရင်းခံ အကြောင်းတရားဖြစ်သည်။
(သမ္မာကျမ်းစာ)

ငွေဟာ တန်ခိုးစွမ်းအား တစ်ခုပါ။ အားလုံး သိကြတဲ့အတိုင်း ချစ်ခြင်းမေတ္တာ ဆိုတာ ဒီကမ္ဘာလောကမှာ အကြီးအကျယ် အမြင့်မြတ်ဆုံး အရာတစ်ခုပေါ့။ ဒါပေမဲ့ အဲဒီ ချစ်ခြင်းမေတ္တာပိုင်ရှင် ချစ်တက်သော နှလုံးသားပိုင်ရှင်မှာ ဓနငွေကြေးသာ ပြည့်ပြည့်၀၀ ဖောဖောသီသီ ရှိနေခဲ့မယ်ဆိုရင် သူဟာ ပိုပြီးကြီးကျယ်မြင့်မြတ်တဲ့ လုပ်ရပ်တွေ စွမ်းဆောင်မလာနိုင်ဘူးလား။ငွေ ဟာ တန်ခိုးစွမ်းအား။ ငွေမှာ ဖန်တီးနိုင်တဲ့စွမ်းအားတွေ ရှိတယ်။ လောက ကြီးအတွက် ကောင်းရာကောင်းကြောင်းတွေ ဖန်တီးနိုင်တယ်။ လူအများ အကျိုးကို သယ်ပိုးနိုင်တယ်။
(ရပ်ဆယ် ကွန်းဝဲလ်)

No comments:

Post a Comment