တစ်နေ့တော့ ဆရာကြီးဟာ သူ့သမီးကို လိုချင်တဲ့သူတွေအားလုံးကို စုစည်းဖို့ခေါ်လိုက်တယ်။ ပြီးတော့ အားလုံးဆုံတာနဲ့ ဆရာကြီးက လူတိုင်းကို သစ်စေ့လေးတစ်စေ့စီ ပေးပါတယ်။
" ဒီသစ်စေ့တွေကို အိမ်ပြန်ရောက်တာနဲ့ စိုက်ပျိုးပြီး နေ့တိုင်းပြုစုရမယ် တစ်နှစ်ကြာရင် အဲဒီအပင်တွေနဲ့ ပြန်လာရမယ်။ အပင်တွေ အကြီးဆုံးနဲ့ အကောင်းဆုံးပြုစုနိုင်မယ့်သူကို
သူဌေးသားတွေ မူးမတ်သားတွေလဲ အလုအယက် အစေ့တွေကို ယူကြတယ်။ သူတို့အထဲမှာ ဆရာကြီးသမီးကို ချစ်မြတ်နိုးတဲ့ သူဌေးသားလေးတစ်ဦးလဲ ပါသတဲ့။ သူဟာ သာမန်သူဌေးတစ်ယောက်ဖြစ်တာကြောင်
သူလဲအိမ်ကိုပြန်လာပြီးတော့ အပင်လေးကို ရေလောင်း၊ မြေသြဇာတွေကျွေးရင်း စိတ်ထဲမှာတော့ ဆရာကြီးရဲ့ သမီးလေးကို မြင်ယောင်နေတာပေါ့။ နှစ်ပတ်လောက်အထိ သူ့အပင်ဟာ အညှောင့်တောင် မထွက်သေးပါဘူး။ သူက တခြားသူဌေးသားတွေနဲ့မေးကြည့်တော
ဒီတော့ သူသိလိုက်တယ်။ သူ့အစေ့ဟာ သေသွားပြီပေါ့။ ဒါနဲ့ပဲ သူအကြံတစ်ခုရတယ်။ မြို့ထဲက အစေ့ဆိုင်မှာ ပန်းပင်အစေ့တစ်ခုကို ယူပြီးတော့ အိမ်ကို အမြန်ပြန်ခဲ့တယ်။ သို့သော် အိမ်ရောက်တော့ သူ့ရဲ့ ပင်ကိုယ်စိတ်ရင်းဖြစ်တဲ့ လိမ်ညာရမှာကို ရွံရှာတဲ့စိတ်က ပေါ်လာတယ်။ ငါ လိုချင်တာရဖို့အတွက်နဲ့ စောင့်ထိန်းခဲ့တဲ့ ကိုယ်ကျင့်တရားကို အပျက်မခံနိုင်ဘူး။ ဒါကြောင့် တခြားသူတွေ ရလျှင်လည်း ရပါစေတော့ ဆိုပြီး ထိုဝယ်ခဲ့တဲ့ ပန်းပင်အစေ့ကို အဝေးကိုပစ်လိုက်တယ်
တစ်နှစ်ပြည့်လို့ ဆရာကြီးက ပြန်ခေါ်တဲ့နေ့ကိုရောက်ပြီ။ သူကတော့ ပန်းအိုးထဲမှာ မြေကြီးကလွဲလို့ မြက်ပင်တောင်မရှိဘူး။ သူလည်း မပေါက်တဲ့အတွက် မပေါက်ကြောင်း ညံ့ကြောင်းဝန်ခံမယ်ဆိုပြီး ပန်းအိုးအလွတ်ကိုကိုင်ပြီးတော့ လာခဲ့တယ်။
ဆရာကြီးအိမ်ရှေ့မှာ ပန်းအိုးတွေ တန်းစီနေတယ်။ လှပပြီး သန်မာတဲ့ ပန်းပင်တွေ တစ်ပုံကြီးပဲ။ အားလုံးကလဲ ပန်းတွေပွင့်နေကြပြီးတော့ အရောင်စုံနဲ့ ပန်းပြပွဲထဲ ရောက်နေသလိုခံစားရတယ်။ အဲဒီအချိန်မှာ သူက ပန်းအိုးအလွတ်ကို ချလိုက်တော့ ကျန်တဲ့လူတွေ အကုန်ဝိုင်းရယ်ကြတယ်။ လှောင်ပြောင်ကြတယ်။ သူလဲ မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်ထားလိုက်တယ်။
မကြာဘူး။ ဆရာကြီးက ပန်းပင်တွေကို လိုက်ကြည့်တယ်။ ပြီးတော့ အိုးအလွတ်ကိုတွေ့တော့ ဒါဘယ်သူ့အိုးလဲပေါ့။ သူကထွက်လာပြီး ကျွန်တော့်အိုးပါ လို့ပြန်ဖြေတယ်။ အားလုံးကလဲ ၀ိုင်းရယ်ကြတယ်။ အဲဒီအချိန်မှာပဲ ဆရာကြီးက
" တကယ်တော့ ငါပေးလိုက်တဲ့ အစေ့တွေဟာ ပြုတ်ပြီးသား ဖုတ်ပြီးသား အစေ့တွေပဲ လုံးဝကို အပင်မပေါက်နိုင်ဘူး မင်းတို့က ငါပေးလိုက်တဲ့ အစေ့တွေသေကုန်လို့ အစေ့အသစ်ဝယ်ပြီး ငါ့ကိုလှည့်စားဖို့ ကြိုးစားကြတယ် ငါက ရိုးသားဖြောင့်မတ်တဲ့လူကို လိုချင်လို့ ဒီလိုမျိုးစမ်းသပ်ခဲ့တာပဲ "
ဒါကြောင့် ငါ့သမီးရဲ့ ကြင်ရာကတော့ ရိုးသားစွာ စိုက်ပျိုးခဲ့တဲ့ အိုးလွတ်ပိုင်ရှင် သူငယ်ပဲဖြစ်တယ် လို့ ပြောလိုက်လေရာ သူဌေးသားတွေလဲ ခေါင်းငိုက်စိုက်ပြီးတော့ ကိုယ့်အိုးတောင် ကိုယ်ပြန်မသယ်နိုင်ပဲ ပြန်ထွက်သွားကြတယ်။ သူများဖြစ်တုန်းက ၀ိုင်းရယ်ခဲ့တဲ့လူတွေ အခုတော့ ပြုံးတောင်မပြုံးနိုင်ကြတော့ပါဘ
Credit - Original Writer
No comments:
Post a Comment