Sunday, November 16, 2014

သင့်ရဲ့ကနဦးဖောက်သည်များရရှိစေရန်နည်းလမ်း(၅)သွယ်

ကနဦး အကြံဥာဏ်နဲ့ ကနဦးကုမ္ပဏီတစ်ခုတို့ရဲ့ ခြားနားချက်ကို သင်သိပါသလား။

ငွေတစ်ပြားတစ်ချပ်မှ မရှာဖွေရသေးခင်မှာ လုပ်ငန်းရင်းနှီးငွေ ဒေါ်လာသန်းပေါင်းများစွာဖြင့် မ,တည်ပြီး သန်းများစွာ သုံးစွဲသူများဖြင့် တစ်ရာခိုင်နှုန်းခန့်ရှိ နာမည်ကြီးတဲ့ ကနဦးကုမ္ပဏီများ အကြောင်းကို ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ $500,000 သို့မဟုတ် ထိုထက်နည်းပါးသော ရင်းနှီးမြှပ်နှံမှုဖြင့် မ,တည်သော ခက်ခဲသော အခြေအနေတစ်ခုအပေါ် မှီတည်ပြီး လုပ်ငန်းတည်မြဲနေစေဖို့ ၀င်ငွေများစွာ ရရှိစေရန် တွက်ချက်ရသော ၉၉% ရှိ ကုမ္ပဏီ တည်ထောင်သူများအကြောင်းကို ကျွန်တော်ပြောမှာပါ။

အစောပိုင်းစတင်ချဉ်းကပ်သူများကတော့ ဖောက်သည်များရဲ့ အထူးအရင်းအမြစ်တည်နေရာ တစ်ခုဖြစ်ပြီး သူတို့တွေဟာ လုပ်ငန်းတစ်ခုအတွက် အဓိကအခရာ ဖြစ်ကြတယ်။ အဲဒီ ဖောက်သည်တွေဟာ ၀ယ်ယူဖို့အတွက် ထောက်ခံပေးရမယ့်အရာတွေ မလိုအပ်ဘူး။ အမှားအယွင်းတွေ ဖြစ်လိမ့်မယ်ဆိုတာ သူတို့ သဘောပေါက်ကြပါတယ်။ သူတို့ဟာ စိတ်ရှည်တယ်။ သင့်ကုမ္ပဏီရဲ့အောင်မြင်မှုကို စိတ်ဝင်စားပြီး သင့်ရဲ့ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုအတွက် ငွေပေးချင်ကြတယ်။

သင်လိုအပ်တဲ့ အစောပိုင်းစတင်ချဉ်းကပ်သူများစွာဟာ ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။ သင်ဟာ $100,000 တန်ဖိုးရှိ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုတစ်ခုကို ရောင်းချရင် တစ်မျိုး (၂)မျိုးသာပဲ သင်လိုအပ်နိုင်ပါတယ်။ တစ်ခုခုကို $1 နဲ့ သင်တစ်ခုခုကို ရောင်းရင် သင့်ရဲ့ကုန်ပစ္စည်းကို ဈေးကွက်က စိတ်ဝင်စားမှုရှိကြောင်းကို အမှန်တကယ် သက်သေပြဖို့ ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာ သင် လိုအပ်နိုင်ပါတယ်။

အစောပိုင်းစတင်ချဉ်းကပ်သူများဟာ သင့်ရဲ့ပထမဆုံး ဖောက်သည်များအဖြစ် ယေဘုယျအားဖြင့် သိကြပါတယ်။ ထိုသူတွေကို ရရှိဖို့ သင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းငါးသွယ် ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1. သင့်မှာရှိတဲ့အဆက်အသွယ်အားလုံးကို အသုံးပြုပါ။
ကိုယ် တစ်ခါမှ မမြင်ဘူးမသိတဲ့ လူတစ်ယောက်ကို ဆွဲဆောင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကို အသုံးပြုပြီး သစ်လွင်ဆန်းပြားတဲ့ ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို ရောင်းချဖို့ အလွန်ခက်ခဲပါတယ်။
သင်နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေနဲ့ တွေ့ဆုံဖို့ လိုအပ်ပါတယ်။ ဆက်သွယ်မှု ဘယ်လောက်ပဲ နည်းပါးပါစေပေါ့။
ကျွန်တော့်ရဲ့ ပထမဆုံးကုမ္ပဏီကို စတင်ခဲ့ချိန်မှာ ကျွန်တော့်ရဲ့အလုပ်အပ်သူတွေဟာ ကုမ္ပဏီများ ဖြစ်သင့်ပါတယ်။ ကျွန်တော်ထိုင်ပြီး ကျွန်တော်သိတဲ့ လုပ်ငန်းတစ်ခု ပိုင်ဆိုင်တဲ့ လူတွေ အားလုံးရဲ့ စာရင်းကို ပြုလုပ်ခဲ့ပြီး အမည်(၅)မျိုးသာပဲ ရခဲ့ပါတယ်။ ဒါကြောင့် အလွန်စိတ်ဓာတ်ကျ ခဲ့ရပါတယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့လက်ရှိအဆက်အသွယ်တွေကို တတ်နိုင်သမျှ စဉ်းစားထုတ်နုတ်ပြီး ကျွန်တော့်ရဲ့စာရင်းကို တိုးလာစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းနဲ့ ချိတ်ဆက်နေနိုင်တဲ့ ကျွန်တော်သိသမျှ လူတိုင်းနီးပါး ကျွန်တော်တွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် (၅)ဦးနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ လူတွေ ကူညီဖို့ စိတ်အားထက်သန်ကြတာကို ကျွန်တော် အံ့သြမိခဲ့ပါတယ်။ ကျွန်တော့်ရဲ့မျှော်လင့်ချက် စာရင်းလေး အလျှင်အမြန် တိုးတက်များပြားလာပြီး အစောပိုင်းဖောက်သည်အနည်းငယ်တောင်မှ ရရှိခဲ့ပါတယ်။

2. ချဉ်းကပ်ချောင်းမြောင်းပြီး လေးစားပါ။
တချို့အလားအလာရှိတဲ့ ဖောက်သည်များဟာ သင်လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ အမြဲ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် မယုံကြည်နိုင်လောက်အောင် အစောပိုင်းစတင်ချဉ်းကပ်သူများ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်လက္ခဏာ “Stalk and Awe” တိုက်ပွဲစဉ်ကို အသုံးပြုရတာ ကျွန်တော် သဘောကျပါတယ်။ ပထမဆုံး ဒီလူတွေကို ကျွန်တော် ချဉ်းကပ်ချောင်းမြောင်းပါတယ်။ အဖမ်းခံရနိုင်တဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာအပေါ် မလိုလားအပ်၊ လွန်ကဲတဲ့ ချဉ်းနင်းဝင်ရောက်တဲ့ ချဉ်းကပ်ချောင်းမြောင်းခြင်းမျိုးမဟုတ်ပါဘူး။
သင်တွေ့ဆုံချင်တဲ့ လူနဲ့ အဆက်အသွယ်ရှိနိုင်တဲ့သူကို ရှာပြီး မိတ်ဆက်အီးမေးလ် သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းတစ်ခုကို တောင်းဆိုပါ။ ဒီလူဟာ လက်လှမ်းမီဖို့ ခက်ခဲလေလေ သင်လိုအပ်မယ့် ထောက်ခံချက်တွေ ပိုများလေလေဖြစ်ပါတယ်။ နောက်တစ်ခုက မိတ်ဆက်စာတစ်စောင် ပို့ပြီး နောက်ပိုင်း ဖုန်းခေါ်ဆိုပါ။ ထိုသူတွေနဲ့ အမှတ်မထင် တွေ့ဆုံနိုင်အောင်လို့ သူတို့ရှိမယ့် ပွဲတွေကို တက်ရောက်ဖို့ အခွင့်အလမ်းတွေကို ရှာပါ။ (မျိုးတူလုပ်ငန်း လုပ်ကိုင်သူချင်း ဆက်သွယ်ရေးပွဲနှင့် စီးပွားရေးလုပ်ငန်းပွဲများသာ) မင်္ဂလာပွဲတစ်ခု သို့မဟုတ် ထိုသူရဲ့ကျန်းမာရေးလေ့ကျင့်သည့် အားကစားရုံဆီသို့ ၀င်ရောက်ဖို့ ကျွန်တော် အကြံပေးတာမဟုတ်ပါ။
အကယ်၍ သင်ဟာ တွေ့ဆုံဆွေးနွေးပွဲတစ်ခု စီစဉ်နိုင်ပြီဆိုရင် ဒီလူကို လေးစားအံ့သြအောင် လုပ်ပါ။ သူ့ရဲ့စီးပွားရေးလုပ်ငန်းမှာ ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ ပြဿနာတွေကို သုတေသနပြုပါ။ ဖြစ်နိုင်တဲ့ စိတ်ပျက်စရာ အချက်တွေကို ရှာဖို့ မေးခွန်းကို မေးရင်း တွေ့ဆုံဆွေးနွေးပွဲရဲ့ ပထမအပိုင်းတစ်ဝက်ကို သုံးစွဲပြီး သင့်လုပ်ငန်းရဲ့သီးခြားတန်ဖိုးတစ်ခုခုကို ကမ်းလှမ်းရန် ကြိုးပမ်းပါ။ အဲဒီနောက် တန်ဖိုးကိုဆွဲဆောင်လာနိုင်ပြီး ဒီလူကို လေးစားအံ့သြအောင် ပြုလုပ်လျှင် သင်နှင့်သင့်ကုမ္ပဏီကို သူ များစွာပိုမို စိတ်ဝင်စားလာပါလိမ့်မယ်။

3. တိုးတက်မှုရှိကြောင်းကိုပေါ်လွင်အောင်ဆောင်ရွက်ပါ။
အလားအလာရှိတဲ့ ဖောက်သည်များနှင့် သင်စကားပြောတဲ့အခါ မေးခွန်းပေါင်းစုံကို အကောင်းဆုံးသော အဖြေတွေ မရကောင်း မရနိုင်ပါဘူး။ “သင့်မှာ တခြားဖောက်သည်တွေ ဘယ်လောက်ရှိလဲ? စီးပွားရေးလုပ်ငန်းထဲ သင် ၀င်ရောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ?”
အပြုသဘောဆောင်ခြင်းကို ထင်ရှားပေါ်လွင်အောင် ဖြေဆိုဖို့ ကြိုးစားပါ။ “ငါ့မှာ တခြားဖောက်သည်တွေ ဘယ်လောက်ရှိလဲ? အဲဒီအရေအတွက်က ကိုယ့်ရဲ့ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုကို စမ်းသပ်သုံးစွဲခဲ့တဲ့ သူတွေရဲ့ အချက်အလက်လောက် အရေးမကြီးပါဘူး။ ၉၅% က သူတို့ရဲ့မိတ်ဆွေတွေထံကို အကြံပြုထောက်ခံပေးပါလိမ့်မယ်။”
ဒါမှမဟုတ် “စီးပွားရေးလုပ်ငန်းထဲ ငါ ၀င်ရောက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ? ဒီဈေးကွက် အပိုင်းကဏ္ဍထဲမှာ နှစ်များစွာ အတွေ့အကြုံတွေ ငါ့မှာရှိပါတယ်။ ဒါပေမယ့် တကယ်ကြီးမားတဲ့ ကုမ္ပဏီကြီးကနေတဆင့် ငါပေးခဲ့တဲ့ တူညီတဲ့ အရည်အသွေးရှိတဲ့ ၀န်ဆောင်မှုကို ပိုမိုနည်းပါးတဲ့ ဈေးနှုန်းနဲ့ ပေးဖို့ မကြာသေးခင်က ငါ ရွေးချယ်ခဲ့တယ်။

4. အများယုံကြည်လက်ခံနိုင်မှုအတွက် မိတ်ဖက်များ ဖန်တီးပါ။
သင့်ရဲ့ကနဦးစတင်မှုအကြောင်း ဘယ်သူမှ မကြားခဲ့ပါဘူး။ သင့်ရဲ့ကုမ္မဏီအမှတ်တံဆိပ်ကို အများယုံကြည်လက်ခံနိုင်မှု ဘာမှမရှိပါဘူး။ ဒါဆို သင့်ရဲ့ပထမဆုံးသောဖောက်သည်များအဖြစ် ရရှိဖို့ လက်ရှိတည်ရှိနေတဲ့ ယုံကြည်စိတ်ချရတဲ့ ကုမ္မဏီတစ်ခုရဲ့ အများယုံကြည်လက်ခံမှုကို အသုံးပြုပါလား။ သင်ပစ်မှတ်ထားတဲ့ ဖောက်သည်များ ယုံကြည်စိတ်ချရတဲ့ အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် လူတစ်ယောက်ကို ရှာပါ။ အဲဒီလူဟာ သင်ပစ်မှတ်ထားတဲ့ဖောက်သည်တွေကို ၀န်ဆောင်မှုတွေ ပံ့ပိုးပေးနေတဲ့ သူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျော်ကြားတဲ့လူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ၀င်ငွေ၊ ငွေကြေးအထောက်အပံ့ သဘောတူညီမှုတို့၏ အမျိုးအစားအချို့၏ ရာခိုင်နှုန်းတစ်ခု သို့မဟုတ် အများထောက်ခံချက်အတွက် အလဲအလှယ်အနေနဲ့ လျှော့ဈေးနှုန်း တစ်ခုဖြင့် ဖောက်သည်တစ်ဦးဖြစ်လာရန် အခွင့်အရေးကို အလားအလာရှိသည့် ဖောက်သည်အား ကမ်းလှမ်းပါ။

5. ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါ။
သင့်မှာ ကျေနပ်အားရတဲ့ ဖောက်သည်များရဲ့ မှတ်တမ်း မရှိတဲ့အခါ နောက်ထပ်တစ်ခု အကောင်းဆုံးကတော့ သင်ရွေးချယ်ထားတဲ့ နယ်ပယ်ထဲမှာ ကျွမ်းကျင်မှုရှိနေဖို့ပါပဲ။ သင့်ရဲ့ နယ်ပယ်ဧရိယာထဲမှာ နှံ့စပ်သော အရင်းအမြစ်တစ်ခုအဖြစ် ယုံကြည်စေအောင် သင့်ရဲ့အစောပိုင်း ဖောက်သည်တွေကို သင်ဆွဲဆောင်နိုင်မယ်ဆိုရင် သူတို့က သင့်ထံမှ ၀ယ်ယူပါလိမ့်မယ်။ ဒီနေရာမှာ အဓိကအချက်ကတော့ ဟန်မဆောင်ဖို့ပါပဲ။ သင့်ရဲ့ကျွမ်းကျင်မှုကို သင်သက်သေပြဖို့ မစခင်မှာ သင်က ကျွမ်းကျင်မှုကို တိုးတက်အောင် လုပ်ဆောင်ရပါမယ်။
သင့်ရဲ့ကျွမ်းကျင်မှုကို တိုးတက်အောင် ဆောင်ရွက်ပြီးတဲ့အခါ မည်သည့်မီဒီယာကနေမဆို ဖော်ပြလိုက်ပါ။ ဒီသတင်းပျံ့နှံ့စေဖို့ Facebook ဒါမှမဟုတ် သင့်ရဲ့ blog မှာ ပို့စ်တင်ပါ။ ဒါမှမဟုတ် guest blog တစ်ခုကို ရေးပါ။ အဖြူရောင်စက္ကူတစ်ရွက်မှာ ရေးပြီး အလုပ်အပ်နှံသူများကို ပစ်မှတ်ထားဖို့ အီးမေးလ်ပို့ပါ။ “lunch and learn” seminar ကိုထည့်သွင်းပြီး သင့်ရဲ့နယ်ပယ် ဧရိယာအကြောင်း လေ့လာဖို့ အလားအလာရှိတဲ့ဖောက်သည်များကို ဖိတ်ကြားပါ။
သင့်ရဲ့ကုမ္ပဏီကို ရောင်းချဖို့ ကြိုးစားရင်း သင့်ရဲ့အဆက်အသွယ်တွေအားလုံးကို အသုံးချဖို့ တိုက်တွန်းမှုကို တိုက်ခိုက်ပါ။ လူတွေကို ကူညီရန်နှင့် သင့်ရဲ့ပထမဆုံးသော ဖောက်သည်တွေ လိုက်ပါလာအောင် ကြိုးစားဖို့ သင့်ရဲ့စင်မြင့်ပုံစံကို အသုံးပြုပါ။ ပထမဆုံးသော ဖောက်သည်တွေက သင့်ရဲ့ကနဦးစတင်မှုဆီကို ၀င်ရောက်လာပါလိမ့်မယ်။

သင့်ရဲ့ပထမဆုံးသော ဖောက်သည်များ ရရှိစေဖို့ သင်လုပ်ဆောင်ခဲ့တဲ့ ဖန်တီးဆောင်ရွက်တဲ့ အရာတွေက ဘာတွေလဲ?

Translated by Tinzar

No comments:

Post a Comment