ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင်ထာဝရဘုရား (ဂေါ့ဒ်)မရှိဟုဆို
ပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျှင် တောင်းသည့်ဆုကို မည်
သူက ပြည့်အောင်လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ်တိုင်ကရော တပည့် သာဝကများအား ဆုတော်ကိုပေးခဲ့ဖူးပါသလား။ ကိုယ်လုပ်တဲ့ကုသိုလ် က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ်လိုပါသလား ဘု ရား၊ ဆုတောင်းတာနဲ့ပတ်သက်ပြီး ထေရဝါဒဗုဒ္ဓဘာသာက မည်သို့လက်ခံ ထားသည်ကို သိလိုပါသည်။
(သက်လျာ)
ခြားနားချက်
*************
ဗုဒ္ဓဝါဒဟာ ဣဿရ(စကြဝဠာကမ္ဘာ မိုးမြေကိုစိုးပိုင်) နိမ္မာန (စကြဝဠာတစ်ခုလုံးကို ဖန်ဆင်း)တဲ့ ထာဝရတည်မြဲတဲ့ တစ်ဆူတည်း သော ဘုရားသခင်ရှိဝါဒကို လက်မခံတာမှန်ပါ တယ်။ အဲဒါကြောင့် ဗုဒ္ဓဝါဒီတို့ဆုတောင်းရာမှာ ဘာမှမလုပ်ဘဲ အဲဒီ တစ်ဆူတည်းသော ဘုရားကို မျက်စိမှိတ်ယုံကြည်ရုံမျှနဲ့ လိုတာတွေ အားလုံးကိုရတယ်ဆိုပြီး လက်ဖြန့်တောင်းခံတဲ့အဓိပ္ပာယ်မျု
အကြောင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု အလုပ်တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်းပတ္ထနာပြုရင် တောင့်တတဲ့အတိုင်းဖြစ်တယ်လို့ ယုံကြည်ပြီးဆုတောင်းတာပါ။ ဘာမှမလုပ်ဘဲ ဗုဒ္ဓဝါဒီတွေဆုမတောင်း ပါဘူး။ တစ်နည်းဆိုရင် 'ဆုတောင်းခြင်း'ဆိုတာ လက်တွေ့လုပ်ရပ်နဲ့ ရင်တွင်းကဆန္ဒကို ပေါင်းစပ်ခြင်းလို့ ဆိုနိုင်မလားဘဲ။
ဗုဒ္ဓရဲ့နှုတ်မြွက်
****************
သင်္ဂီတိသုတ်(ဒီ ၃၊ ၂၁၄)မှာ မြတ်ဗုဒ္ဓက'အလိုရှိရာကို တောင့် တ(ဆုတောင်း)ပြီး သမဏဗြဟ္မဏတို့ကို ထမင်းအဖျော်စသည့် လှူ ဖွယ်ဝတ္ထုကိုပေးလှူလျှင် လူနတ်ချမ်းသာကိုရနိုင်သည်သာမက ဗြဟ္မာ ဘဝကို ရရှိရန်ပါ အထောက်အပံ့ပြုနိုင်၏(အပိုဒ်၃၃၇အ
နှံ၍လည်းကောင်း အလိုရှိသောချမ်းသာသုခကို တောင့်တ
(ဆုတောင်း)ပါက တောင့်တသည့်ဆုကိုရနိုင်၏(ခု ၁၊၉)'။
'သုဂတိဘဝတစ်ခုကိုတောင့်တ၍ (ဆုတောင်း၍)ကုသိုလ်
ပြုအံ့၊ ယင်းတောင့်တအပ်သောဘဝ၌ဖြစ်နိုင်၏
ဗုဒ္ဓဆုပေးခြင်း
*****************
'ပဉ္စသီခနတ်သား၊ ကောင်းပေပြီ။ အြေ>ွခအရံ ပရိသတ်နှင့် တကွ နတ်တို့သနင်း(သင်တို့၏အရှင်) သိကြားမင်းသည် ချမ်းသာပါစေ သတည်း (ဒီ ၂၊ ၂၁၅)'လို့ ဗုဒ္ဓက သိကြားမင်းကိုဆုတော်ပေးဖူးပါတယ်
ဗုဒ္ဓဝါဒဆုတောင်း
*******************
ဗုဒ္ဓဝါဒီတို့လက်ခံတဲ့ ဆုတောင်းခြင်းရဲ့ အဓိပ္ပာယ်မှန်က ဒီလိုပါ။ သူသူငါငါလောကသားတွေ အလိုအကြိုက် အမျိုးမျိုးစရိုက် အထွေထွေရှိကြရာမှာ မိမိလိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင် ဖို့ ရည်ညွှန်းခြင်း၊ စိတ်ညွှတ်ခြင်း၊ စိတ်ကိုဆောက်တည်ခြင်း၊ စိတ်မှာ ထားခြင်း၊ စိတ်ကိုပွားများစေခြင်း၊ တောင့်တခြင်းကို ဆုတောင်းခြင်း (အဓိကာရပဓာန)လို့ ဆိုပါတယ်။
အဲဒီလို ဆုတောင်းရာမှာ ဗုဒ္ဓဝါဒီတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ်တစ်ခုခုကိုလုပ်ပြီးမှ ဆုတောင်းပါတယ်။ အနည်းဆုံးရတနာ သုံးပါးကို ရှိခိုးကန်တော့ခြင်း(ပဏာမ)ကုသို
ဟာ ကျမ်းမပြုခင် ရတနာသုံးပါးကို ရှိခိုးပြီးတဲ့အခါ 'တဿာ
နဘာဝေန ဟတန္တရာယော=ဤပဏာမ(ရတနာသုံးပါးရှိ
ကြောင့် အန္တရာယ်ကင်းပျောက်(ကျမ်းပြီးမြေ
ပထမ ကုသိုလ်ကောင်းမှုတစ်ခုခုကိုပြုရမ
ဆုတောင်းပြည့်
*******************
ပြောပြထားတဲ့အတိုင်း ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ဦးတည်ချက်ကို ဖော်ညွှန်းတာဖြစ်လို့ ဆုတောင်းပြည့် ခြင်းမပြည့်ခြင်းဟာ စေတီ ရုပ်ပွားဆင်းတုတွေနဲ့မဆိုင်ပါဘူ
တိုက်ဆိုင်မှုရဲ့ရလဒ်တစ်ခုခုကြော
(သင့်အောင်နှလုံးသွင်းခြင်း)နဲ့
အခြေခံလည်းကျတယ်။ အလွန်လည်းအရေးကြီးပါတယ်။
(အရှင်ကေလာသဆရာတော်၏ ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။)
TheFlowerNews
No comments:
Post a Comment