Monday, November 3, 2014

*** တန်ဖိုးရှိသူ ဖြစ်ချင်လျှင် ***

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။
ဒါပေမယ့် တခြားသူကို အထင်မသေးမိပါစေနဲ့ ။

ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။
ဒါပေမယ့် တခြားသူကို မပုပ်ခတ်မိပါစေနဲ့ ။

ကိုယ့်ရဲ့ ဘ၀အတွက် ကိုယ်ကိုတိုင်ကြိုးစားကြည့်ပါ။
ဒါပေမယ့် တခြားသူရဲ့ ဘ၀ကို နင်းတက်မသွားမိပါစေနဲ့ ။

ကိုယ်မှန်တယ်လို့ထင်တိုင်းလည်း တခြားသူတွေကိုမှားနေတယ်လို့ မထင်လိုက်မိပါစေနဲ့ ။
ကိုယ်လည်း အမြဲမမှန်နိုင်သလို၊ တခြားသူတွေလည်း အမြဲတမ်းမှားမနေပါဘူး။


** သူယုတ်မာတို့ ၏ စိတ်သဘောထား **
၁။ သူတစ်ပါးမကောင်းကြောင်းကို မမေးဘဲပြောတတ်သူ။
၂။ မေးခဲ့လျှင်လည်း ကြံဖန်ပိုပြောတတ်သူ။
၃။ သူတပါးကောင်းကြောင်းကို မမေးသမျှ မပြောတတ်သူ။
၎။ မေးခဲ့လျှင်လည်း လျှော့ပေါ့ပြောတတ်သူ။

** သူတော်ကောင်းတို့ ၏ စိတ်နေသဘောထား **
၁။ သူတပါးမကောင်းကြောင်းကို မမေးလျှင် မပြောတတ်သူ။
၂။ မေးခဲ့လျှင်လည်း အပြစ်သဘောမဟုတ်၊ သံဝေဂယူနိုင်ရန် ထောက်ပြ၍ လျော့ပေါ့ပြောပေးသူ။
၃။ သူတစ်ပါး ကောင်းကြောင်းကို မမေးဘဲ ပြောပေးသူ။
၎။ မေးခဲ့လျှင်လည်း အတုယူအားကျအောင် ကျယ်ဝန်းပြည့်စုံစွာ ပြောပေးသူ ။
ဒါကြောင့် မိမိကိုယ်ကို တကယ်ချစ်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်ဆိုရင် သူတစ်ပါးအပြစ်ကို မြင်အောင်ကြည့်နိုင်သော မိမိ၏ အစွမ်းအစကို (အ)ကုသိုလ်ဖြစ်ရန်အသုံးမချဘဲ ပြုပြင်ပေး သင်ခန်းစာယူကာ တန်ဖိုးရှိသူဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း။

အရှင်ပညာသီရိ(မွန်ကျောင်းဆရာတော်)
(မှတ်ချက်။ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀)၊အမှတ်(၄၁)၊ စာမျက်နှာ ၈)

Promise Pauk

No comments:

Post a Comment