သားအမိ နှစ်ယောက် ပင်လယ်ကမ်းခြေ တစ်နေရာမှာ အတူတူရှိနေကြတယ်။ သမီးဖြစ်သူက
လက်ထပ်ခါနီး သတို့သမီးလေးပေါ့။ သမီးက မေမေ့ကို အခုလို မေးလိုက်တယ်။
“မေမေ..သမီးလက်ထပ်ပြီးရင် ချစ်ခြင်းမေထ္ထာကို ပိုင်နိုင်အောင် သမီးလက်ထဲ ဘယ်လိုဆုတ်ကိုင် သင့်သလဲ..ဟင် ..မေမေ ” လို့ မေးတယ်။
သမီးရဲ့ မေခွန်းကိုကြားတော့ မေမေက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သဲသောင်ခုံပေါ်က
သဲမှုန်တွေကို လက်ဝါးတစ်ဖက်နဲ့ ထိုးကော်ယူလိုက်ပြီး လက်ခုပ်ထဲက သဲတွေကို
သမီးဖြစ်သူရဲ့ မျက်နှာရှေ့မှာ ပြလိုက်တယ်။ သဲတွေက လက်ခုပ်ထဲမှာ
အပြည့်အမောက်။ တစ်မှုန်သော်မှ လက်ကြားထဲက ယိုထွက်ကျသွားတာ၊ ဖိတ်စင်ကျသွားတာ
မရှိဘူး။
မေမေက နောက်အားနေတဲ့ လက်တစ်ဘက်နဲ့ သဲတွေရှိနေတဲ့
လက်ခုပ်ကို ဖိပြီး ဆုတ်ချလိုက်တဲ့ အခါ သဲမှုန်တွေက လက်ချောင်းတွေ ကြားကနေ
ယိုထွက်ဖိတ်ကျ ကုန်တော့တယ်။ မေမေက သူ့ရဲ့ လက်ခုပ်နှစ်ဘက်ကို
ဖွင့်ဟပြလိုက်တော့ ဖိထားတဲ့အရှိန်နဲ့ နဂိုလက်ခုပ်ထဲမှာ မောက်နေတဲ့ သဲတွေဟာ
လုံးမောက်တဲ့ ပုံပျောက်ပြီး ပြားချပ်ချပ်နဲ့ လှလှပပ
မကျန်ရစ်ခဲ့တော့ဘူးပေါ့။
သမီးက မေမေ့ လက်ဝါးပြင်ပေါ်မှာ ကျန်ရစ်နေခဲ့တဲ့ သဲပွင့်တွေကို ကြည့်ပြီး နားလည် သဘောပေါက် သွားပါတော့တယ်။
အချစ်ဆိုတာ လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့ အလား သဏ္ဍာန်တူပါတယ်။ အချစ်ကို တမင်
ခိုင်မြဲချင်လွန်းလို့ ဖိနှိပ်ဆုပ်ကိုင်ထားလေလေ ဆုံးရှူံးလွယ်လေလေ
ဖြစ်ရပါလိမ့်မယ်။ မတင်းမကျပ်လွန်းဘဲ ဟန်ချက်ညီညီနဲ့ သဘောထားကြီးကြီးနဲ့
သေသေခြာခြာ ယုယုယယ ဆုပ်ကိုင်ထားပါမှ လက်ခုပ်ထဲက သဲတွေလို သဏ္ဍာန်မပျက်ဘဲ
ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာပါ။ မဟုတ်ရင်တော့ လက်ကြားထဲက ယိုစီးကျသွားတဲ့
သဲပွင့်လေး တွေလိုဘဲ ပြန်လည်မရရှိ နိုင်တော့ဘဲ အချစ်ကို တသက်စာ လက်လွှတ်
ဆုံးရှုံးရပါလိမ့်မယ်..။
Credit - Original Writer
No comments:
Post a Comment