Monday, May 25, 2015

ဆရာဦးကျော်ဝင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်များအား ဟောပြောချက် (အပိုင်း - ၁)


အစ အဆုံးမဟုတ်ပါဘူး။ အစက ကျွန်တော်လည်း ကြောင်ပြီး အသံဖမ်းမထားမိလိုက်လို့ပါ။ အသံ file တင်ပေချင်ပေမယ့် အသံသိပ်မကြည်လင်တာရယ်၊ တိုးတိမ်နေတာရယ်ကြောင့် နာထောင်လို့ ရသမျှ စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ ဒါဟာ အသံဖမ်းထားတဲ့ 29 min ကျော်ကျော်ရှိတာမှာ ပထမ 6 min ကျော်ကျော်ပါ။ နောက်ရက်တွေမှာ ဆက်ပြီး တင်ပေးနိုင်အောင် ကြိုးစားပါမယ်။ ဆရာဦးကျော်ဝင်း အဆိုကို သဘောတူမျှသည် ဖြစ်စေ၊ သဘောမတူမျှသည် ဖြစ်စေ အသိပညာ တိုးတက်စေဖို့ ဖတ်သင့်တယ်လို့ ထင်ပါတယ်။
ဟောပြောချက်နှင့် ကွဲလွဲချက်များ ပါရှိပါက အသံမကြည်လင်မှုအတွက်သာ မှားယွင်းရပါကြောင်း ခွင့်လွှတ်ကြပါ။

-၁-
ပွင့်ပွင့်လင်းလင်းပြောရရင် ယခု အမျိုးသားပညာရေး ဥပဒေထွက်တယ်။ ဘဝင်ကျတာတွေလည်း အများကြီးပါ။ သို့သော် အဲဒီမှာ အမျိုးသားပညာရေး ရည်မှန်းချက် ပြောတော့ ခုနှစ်ချက်လား ကိုးချက်လား မသိဘူး တွေ့တယ်။ အဲဒီ ကိုးချက်လုံးမှာ behaviour changes ကို ဦးတည်တယ်။ capacity building ဦးတည်တာ အတော်ကောင်းပါတယ်။ ဒါပေမယ့် to discover ကို ချိန်ရွယ်တဲ့အချက်တော့ ကျွန်တော်ဖြင့် သိပ်မတွေ့မိဘူး။ ဒါလည်း ကြုံလို့ပြောတာပါ။ နော် ဒါကို အပြစ်တင် ဝေဖန်တဲ့သဘော မပြောပါဘူး။
ဒါပေမယ့် သူတို့ ဒီပညာရေး defination ကို ထုတ်ခဲ့တဲ့ UNESCO ကတော့ to discover ကို တော်တော် ဦးစားပေးပုံပါဘဲ။ discover မလုပ်နိုင်ရင် အသစ်မရှာနိုင်ရင် ဒီပညာရေးဟာ life ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်အထိလည်း ရှိပါတယ်။ အခု တစ်ဆက်တည်း knowledge, anti-knowledge နော် new-knowledge ဆိုတဲ့ ဖြစ်စဉ်ကို ဘယ်လိုပညာရေးပုံစံနဲ့ သွားမလဲ။ အဲ သမားရိုးကျ ကျွန်တော်တို့ ပညာရေးပုံစံမှာ learning ဆိုတာ ရှိပါတယ်။ သင်ယူခြင်း။ learning ဆိုတာ ဘာလဲဆိုတော့ သိပြီး ရှိပြီး ပညာတွေ knowledge တွေကို စုပေးလိုက်တာ။ ဒါတွေ စုပေးရင် ဒါ ပညာဘဲ။ နော် သင်ယူတာ။ အဲတော့ ဆိုလိုတာက ဆရာတစ်ယောက်ရဲ့ တာဝန်ဆိုရင် ဆရာက စာအုပ်ထဲရှိတဲ့ ပညာကို ကျောင်းသားခေါင်းထဲ ရောက်အောင် ပို့ပေးတာ။ ဒါဆို ဆရာ့ရဲ့ teaching တာဝန်ကျေပြီ။ ကျောင်းသားကလည်း ဆရာသင်သလောက်ကို ခံယူနိုင်မယ်ဆိုရင် ကျောင်းသားရဲ့ learning တာဝန်ကျေပြီ။ ဒီအထိ OK တယ်။ knowledge ကို learning နဲ့ သွားလို့ သူ့ဟာနဲ့သူ OK တယ် ပြဿနာ မရှိဘူး။

သို့သော် anti-knowledge ကို ဒီ သမားရိုးကျ learning နဲ့ ရပါ့မလား။ မရဘူးဆိုတော့ နောက်တစ်ဆင့် စဉ်းစားပါတယ်။ un-learning un- လည်း negative sense ရှိတော့ learning သင်ယူခြင်း၊ un-learning မသင်ယူနဲ့ လို့များ ဘာသာပြန်ရင် လွဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ဟိုတုန်းက Marx ဝါဒမှာ ဘာသာပြန်တဲ့ negation ကို ယူပြီးတော့ un-learning ကို ငြင်းဖျက်သင်ယူခြင်းလို့ စမ်းဘာသာပြန်ကြည့်ပါတယ်။ ဒီထက် ပိုကျစ်လစ်ပြီးတော့ ပိုအဓိပ္ပါယ်ပြည့်စုံတဲ့ ဘာသာပြန်ရှိလည်း ကျွန်တော်တို့ အစွဲမထားပါဘူး။ ပြောင်းလဲသုံးဖို့ပါဘဲ။
အဲဒီ ငြင်းဖျက်သင်ယူခြင်းဆိုတာ ဘာလဲဆိုတော့ လုပ်ခိုင်းတာက ရှိပြီးသား ပညာတွေကို မေးခွန်းထုတ်ခိုင်းတာ။ ဆရာကပဲ ပြောပြော၊ တစ်ခါ စာအုပ်ထဲကပဲ ပါပါ။ ဟုတ်ကောဟုတ်ရဲ့လားဆိုတာကို မေးခွန်းထုတ်နေရမယ်။ ဝိဘဇ္ဇလုပ်ဖို့ပါ။ အဲဒါကို un-learning လို့ ပြောတာပါ။ အဲဒီလို ဝိဘဇ္ဇလုပ်နိုင်မှ re-learning တကယ် open minded နဲ့ နော်။ ဒီလို မေးခွန်းတွေ ထုတ်လိုက်ရင် မေးခွန်းတွေလည်း အများကြီး ထွက်လာမယ်။ အဖြေတွေလည်း အများကြီးထွက်လာမယ်။ ပြဿနာတစ်ခု အဖြေတစ်ခုဆိုတဲ့ အစွဲတော့ ဖျောက်လိုက်ပါ။ အဲဒီ အဖြေထဲမှာ ဖြစ်နိုင်မယ့် အဖြေတွေကို brain storming လုပ်ကြည့်ပါ။ အဲဒါ re-learning ဘဲ။
အဲဒီတော့ ပညာမှာ knowledge, anti-knowledge, new-knowledge ဆိုတာ ရှိသလို ပညာရေးမှာ learning, un-learning, re-learning ဆိုတာ ပေါ်လာတယ်။ အဲဒီတော့ ဒါတွေကို အသစ်အဆန်း ပြောရပေမယ့် တကယ်တန်း စဉ်းစားကြည့်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် သိပ်အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါ စာအုပ်ထဲလည်း ကျွန်တော် ထည့်ထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေနဲ့ ယဉ်ပါးပြီးသာ မိလိန္ဒပဥှာ၊ ဘုရားဟော မဟုတ်ပေမယ့် ဆဋ္ဌမသင်္ဂါယနာတင်ရာမှာ မိလိန္ဒပဥှာဟာ သင်္ဂါယနာတင်တဲ့အထဲ ပါ,ပါတယ်။ အဲဒါ ထေရဝါဒဗုဒ္ဓဘာသာမှာ အရေးကြီးတဲ့ ကျမ်းတစ်ကျမ်းဖြစ်ပါတယ်။ အဲဒီမှာလည်း ဒီသဘောတွေ့ပါတယ်။ မိလိန္ဒမင်းကြီးက မေးတယ်။ ပညာရဲ့ သဘောက ဘယ်လိုရှိလဲဆိုတာ။ နှစ်ခု ဖြေပါတယ်။ အရှင်နာဂသိန်က။ ပညာဟာ မှုတ်လွှင့်ဖယ်ရှားနိုင်တဲ့ သတ္တိလည်း ရှိတယ်။ ထွန်းလင်းတောက်ပတဲ့ သတ္တိလည်း ရှိတယ်။ အဲဒီတော့ မိလိန္ဒက ထပ်မေးတယ်။ ဘယ်လို မှုတ်လွှင့်ဖယ်ရှားတာလဲ ဘုရား။ အဝိဇ္ဇာ အမှောင်ထုကို မှုတ်လွှင့်ဖယ်ရှားတာ တဲ့။ ဆိုလိုတာက အပြောင်းအလဲတွေ အောက်မှာ ခေတ်နဲ့ အံချော်လာတဲ့ ပညာတွေကို knowledge တွေကို ပြန်ပြီး anti-knowledge လုပ်ပြီး စိစစ်ခိုင်းတာ။ un-learning နဲ့ ပြန်ပြီး စိစစ်ခိုင်းတာဟာ မှုတ်လွှင့်ဖယ်ရှားတဲ့ သတ္တိမျိုး ယူရင် ရမယ်ထင်ပါတယ်။ ဆက်မေးပါတယ် မိလိန္ဒက ဘယ်လို ထွန်းလင်တောက်ပတာလဲ တဲ့။ ပညာဆိုတဲ့ ဝိဇ္ဇာနဲ့ အဝိဇ္ဇာ အမှောင်ထုလွှမ်းနေတဲ့ လောကကြီးကို အလင်းရောင်ပေးတယ်။ ဆိုလိုတဲ့သဘောကတော့ အခု ဒီဖြစ်စဉ်တွေမှာပါတဲ့ new-knowledge တို့ re-learning တို့ ဆိုတဲ့ သဘောလို့ ထင်ပါတယ်။
ဒါကြောင့် ဒီဟာတွေဟာ အသစ်လို့ထင်ရပေမယ့် တကယ်စဉ်းစားကြည့်တော့ အသစ်ဟုတ်မယ်မထင်ပါဘူး။ ဗုဒ္ဓယဉ်ကျေးမှုထဲမှာ အတော်များများ ပါပြီးသားလို့ ထင်ပါတယ်။ ဒီမှာ အရေးအကြီးဆုံးကတော့ knowledge ဘာနဲ့သွားမလဲ learning နဲ့ သွားမယ်။ သို့သော် ဒါနဲ့ မလုံလောက်ဘူး။ anti-knowledge ကို သွားဖို့ un-learning နဲ့ သွားရမယ်။ အဲဒါနဲ့လည်း မပြီးသေးဘူး။ နောက်ထပ် အဖြေတွေ ထပ်စုရဦးမယ် new-knowledge။ re-learning နဲ့ သွားရမယ်။ ဒီ circle ကြီးက စဉ်ဆက်မပျက် လည်နေဖို့ လိုပါတယ်။ အဲလို လည်နေတဲ့အခါမှာ recycle ဖြစ်နေမှ ဖွံ့ဖြိုးနေတဲ့ ပညာရပ်ဖြစ်မယ်။ knowledge နဲ့ new-knowledge ဟာ တကယ် quantum leap လို ခုန်ကူးပြီးတော့ ပိုပိုမြင့်လာမှသာ တိုးတက်မယ့် ပညာရေးဖြစ်လိမ့်မယ် တဲ့။

-၂-
ဒီမှာ အရေးကြီးတာက ပညာရေးနဲ့ ပတ်သက်လို့ learning နဲ့ un-learning ဖြစ်မယ်ထင်ပါတယ်။ learning ကတော့ ကျွန်တော်တို့ ယဉ်ပါးပြီးသားပါ။ un-learning ကတော့ အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒါလေးကို ကျွန်တော်တို့ compare လုပ်ပေးနိုင်ဖို့ ဒီစကားလေးကို ပေးပါတယ်။ နံပါတ်တစ် learning မှာ နော် ဆရာရဲ့ ပညာရေးရဲ့ ရည်ရွယ်ချက်ကိုက သိပြီး ရှိပြီး ပညာကို ကျောင်းသားကို လက်ဆင့်ကမ်းတာပါ။
ဆိုတော့ အဲဒီဟာကို ဘယ်သူက ဦးဆောင်သလဲ။ ဆရာ ဦးဆောင်တယ်။ teacher oriented သူ့ဟာနဲ့သူ သဘာဝကျတယ်။ ယခု anti-knowledge လုပ်ကြတော့မယ်ဆိုတော့ အဲလောက်နဲ့ မလုံလောက်ဘူး။
ကျောင်းသားကိုယ်တိုင်က ဒါတွေက အပြောင်းအလဲမှာ နော် တကယ်ကို အံဝင်ခွင်ကျ ဖြစ်သေးရဲ့လား။ စရွေးကိုက်သေးရဲ့လား။ ကိုယ်ကိုယ်တိုင် စဉ်စားမှ ရမှာ။ ဆရာက ကြားဝင်စဉ်းစားလို့ မရဘူး။ အဲဒီတော့
သူ့ကျတော့ student oriented ဖြစ်လာပြီ။ ဒါလေးကလည်း ယခု မြန်မာပြည်မှာ လူပြောများနေပါပြီ။ သိပ်ပြဿနာ မရှိဘူးထင်ပါတယ်။
တစ်ခုကတော့ teacher oriented ခေတ်က class-room တစ်ခုရဲ့ ဘုရင်က ဆရာဘဲ။ စာသင်ခန်းတစ်ခု ကြည့်လိုက်မယ်။ ငြိမ်နေတယ်ဆိုရင် ဟာ ဒီဆရာ သူ့ဘာသာသူ ထိန်းနိုင်တယ် ဒါဟာ ဆရာရဲ့
ဂုဏ်သိက္ခာဘဲ။ အခု တော်တော် လွဲသွားပြီ။ class-room ကို ကြည့်လိုက်မယ်။ ငြိမ်နေမယ်။ ဆရာကဘဲ အသံထွက်နေမယ်။ ကျောင်းသားတွေက ငြိမ်နေမယ်ဆိုရင် ဟာ ဒီဆရာ ဘယ်လိုလုပ်တာလဲ။
ကျောင်းသားကို ပါအောင် မခေါ်နိုင်ဘူး။ အသက်မဝင်ဘူး။ သိပ်မကြိုက်တော့ဘူး။ ဒီလိုဖြစ်လာတယ်။ အရင်တုန်းက စကားပုံကလည်း ဆရာ oriented ခေတ်က ဘာလဲဆိုတော့ "ပညာရှာ ပမာ သူဖုန်းစား" လို့
ဆိုတယ်။ ပညာရှာတဲ့အခါမှာ ဆရာကို သူတောင်းစားလို အောက်ကျို့ရိုသေရမယ်။ အခုမဟုတ်တော့ဘူး "ပညာရှာ ပမာ ကလေးကလား" လို့ ဖြစ်နေပြီ။ ကလေးဆိုတာကတော့ မေးသင့်မမေးသင့် ချိန်မနေဘူး။
မေးချင် မေးပစ်လိုက်တာဘဲ။ ကျောင်းသားက အဲဒီလို ဖြစ်နေဖို့ လိုတယ်။ သူဖုန်းစားလို သိပ်ရိုကျိုးနေရုံလောက်နဲ့ မလုံလောက်တော့ဘူး။ ဒီလိုပြောလို့ ဆရာတွေကို ကော်ဆဲနေဖို့ ပြောတာမဟုတ်ပါဘူး။
အရိုသေတန်ဖို့ ပြောတာမဟုတ်ဘူး မေးရအောင် ပြောတာပါ။ ပြောချင်တာကတော့ teacher oriented နဲ့ လိုက်လျောညီတဲ့ obedient အမိန့်နာခံတတ်တဲ့ ဆိုဆုံးမလွယ်တဲ့ ကျောင်းးသားက ဟိုတုန်းက
ကျောင်းသားကောင်းဘဲ။ အခုမလုံလောက်တော့ဘူး။ မေးခွန်းထုတ်တတ်တဲ့ ဝေဖန်ဆန်းစစ်တဲ့ အမြင်ရှိမှ တစ်နည်းပြောရရင် ဝိဘဇ္ဇအမြင်ရှိတဲ့ ကျောင်းသားမျိုးမှ ပိုပြီးတော့ ပညာရေးစနစ်သစ်နဲ့
အံဝင်ခွင်ကျဖြစ်မယ်။
ဒီနေရာမှာ ကျွန်တော် ဘာသာရေးထဲက ကြားဖူးနားဝတစ်ခုကို ပြောချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဗုဒ္ဓဘာသာကို ကျွန်တော်တို့ မြန်မာပညာရှိတွေနဲ့ မြန်မာဘုန်းတော်ကြီးတွေ ရေးတာနဲ့
အနောက်တိုင်းသုတေသီတွေ ရေးတာမတူတာလေးတွေ သွားတွေ့တယ်။ ယခု ကျွန်တော် ပြောချင်တဲ့ဟာက နိုင်ငံခြားက ပညာရှင်တစ်ယောက်ရေးတဲ့ ဗုဒ္ဓဝင်စာအုပ်ထဲက ကျွန်တော်တို့ ဗုဒ္ဓဘာသာသမိုင်းထဲမှာ
အတော်များများ၊ ဗုဒ္ဓဝင်သမိုင်းထဲမှာ ဗမာတွေရေးတာ ကြည့်လိုက်တယ်ဆိုရင် အရှင်နှစ်ပါးပေါ့ အဂ္ဂသာဝကနှစ်ပါး ရှင်သာရိပုတ္တရာနဲ့ ရှင်မေဂ္ဂလာန် သူတို့က ရှင်အသဇ္ဇိက တစ်ဆင့် ဘုရားနဲ့တွေ့တယ်။ ဘုရားနဲ့
တွေ့ပြီးတော့ ဘုရားရဲ့တရားကို နာရတာ တစ်ပြိုင်နက်။ ဒါပေမယ့် ကျွန်တော်တို့ သမားရိုးကျ အတွေ့ရများတဲ့ ကျမ်းထဲမှာကျတော့ ဘယ်သူက အရင်ရဟန္တာဖြစ်သလဲ။ တပြိုင်တည်း တရားနာရင်းက
ရှင်သာရိပုတ္တရာက အရင်ရဟန္တာဖြစ်တယ်။ ပြီးမှ ရှင်မောဂ္ဂလန် ဖြစ်တယ်။ ဒါကြောင့်လည်း ပညာ ဧတဒဂ်ပေးတော့ အရင်ဖြစ်တဲ့ ရှင်သာရိပုတ္တရာကို ပေးတယ်။
ကျွန်တော် ဖတ်ဖူးတဲ့ Leonard ဝတ္ထု အဲဒီစာအုပ်ထဲကျတော့ တစ်မျိုးဖြစ်နေတယ်။ တပြိုင်နက်တည်းဘဲ နားထောင်တယ်၊ ဘုရားရဲ့ တရားကိုနာတာ။ ပထမဦးဆုံး ရဟန္တာဖြစ်တာ မောဂ္ဂလန် ဖြစ်တယ်။ ပြီးတော့မှ
ရှင်သာရိပုတ္တရာ ဖြစ်တယ်။ အဲ ဧတဒဂ်ပေးတော့ နောက်မှဖြစ်တဲ့ ရှင်သာရိပုတ္တရာကို ပညာဧတဒဂ်ပေးတယ်။ အဲဒီမယ် ညီတော် အာနန္ဒာက ဝင်ပြီးတော့ စောဒကတက်တယ်။ အရှင်ဘုရားပေါ့ ရဟန္တာ စဖြစ်တဲ့
မောဂ္ဂလန်ကို ပယ်ပြီးတော့ ဘာကြောင့် သာရိပုတ္တရာကို ပညာဧတဒဂ်ပေးသလဲဆိုတော့ ဘုရားပြန်ပြောတဲ့ စကားလေးက ယခုပြောချင်တာနဲ့ ကိုက်နေလို့ပါ။ မှားခဲ့လို့ရှိရင်လည်း ဗုဒ္ဓဘာသာပညာရှင်တွေ
တောင်းပန်ပါတယ်။ ကျွန်တော် ဖတ်ဖူးတာတစ်ခုပါ။ အဲတော့ ဘုရားက ဘာပြန်ပြောလဲ ငါ့သားငယ် မောဂ္ဂလန်ဟာ သွက်တယ် ထက်တယ် ဒါကြောင့် ငါပြောတာကို နားလည်ပြီး တန်းရဟန္တာဖြစ်တယ်။ အေး
ငါ့သားကြီး သာရိပုတ္တရာကတော့ နက်တယ်။ ဟုတ်မှ ဟုတ်ကဲ့လားလို့ ဝိဘဇ္ဇနဲ့ ချိန်နေတဲ့အတွက် အချိန်ယူရတယ်။ ဒါပေမယ့် အဲဒီလို ဝိဘဇ္ဇကရတဲ့ ပညာက ပိုနက်တယ်။ ငါက ထက်တာထက် နက်တာကို
ပိုနှစ်သက်တယ်။ ဒါကြောင့် ပညာဧတဒဂ်ကို သာရိပုတ္တရာကို ပေးတယ်။ ယခုခေတ် စကားနဲ့ပြောရရင်တော့ deep and smart ပေါ့။ ရှင်မောဂ္ဂလန်က smart ဖြစ်တယ်။ ရှင်သာရိပုတ္တရာက deep ဖြစ်တယ်။
ဘုရားက deep ကို ပိုဦးစားပေးတယ်လို့ အဓိပ္ပါယ်ပေါက်တယ်။ ကျွန်တော့်ဟဒယနဲ့ တွေ့လို့ မှတ်မိနေတာပါ။ မှားကောင်း မှားနိုင်ပါတယ် နော် ဒါတွေကိုလည်း ကြိုပြောပါရစေ။
ဟိုတုန်းက စာအုပ်ထဲက ပညာကို ကျောင်းသားခေါင်းထဲ ထည့်တဲ့ function ဆရာရဲ့တာဝန်က memorize ဖြစ်အောင် လုပ်ရတာ။ အဲဒီတော့ အလွတ်ကျက်ခိုင်းတန်လည်း ခိုင်းရတာပေါ့ဗျာ။ ကျွန်တော်တို့လည်း
ကျက်ခဲ့ရတာပါဘဲ။ ဒါကလည်း အလွတ်ကျက်တာကို ပယ်ဖို့ တရားသေပြောလို့ သိပ်မရဘူး။ ဥပမာ အလီမှ ရမထားရင်၊ အလီမှ မကျက်ရင်တော့ ဂဏန်းက မတွက်တတ်ဘူးဗျ။ အဲဒီလိုမျိုးကိုပြောတာ။
ဟိုတုန်းကတော့ memorize နဲ့ သွားတာ။ အလွန်အကျွံဆိုရင်တော့ မကောင်းဘူး။ ယခုဟာက မူကြိုကနေ Ph.D အထိ ကျက်နေရတော့ သိပ်မနိပ်ဘူးပေါ့လေ နော်။ အဲဒီတော့ memorize လုပ်ဖို့နဲ့ knowledge မှာ
ဖြစ်ကောင်း ဖြစ်ပေမယ့် anti-knowledge ကြတော့ memorize ထက်အရေးကြီးတာ analyse လုပ်ဖို့ဘဲ။ ခွဲခြားစိတ်ဖြာဖို့။ နော် ဒီသဘောတွေကလည်း ဝိဘဇ္ဇဝါဒတို့ ကာလာမသုတ်(ကေသမုတ္တိသုတ်)တို့မှာ
ဟောပြီးသားတွေပါ။ ဒါတွေလည်း ရှိပြီးသားတွေပါ။
နောက်ထပ်အရေးကြီးတာကတော့ specialize နဲ့ universal အရင်က ကျွန်တော်တို့က specialisation သိပ်အားသန်တာ။ အခုက မရတော့ဘူး။ ပြဿနာတစ်ရပ်ကြုံရင် စီးပွားရေးပြဿနာဆို
ဘောဂဗေဒပညာရှင်တွေ ခေါ်မယ်။ အဖြေရှာခိုင်းမယ်။ မလုံလောက်တော့ဘူး။ အကုန်ချိတ်နေတာ။ စီးပွားရေးကလည်း နိုင်ငံရေးနဲ့ ချိတ်တယ်။ ဥပမာ စောစောက ကျွန်တော်ပြောခဲ့တဲ့ ၂၀၀၁ နဲ့ ၂၀၀၂ မှာ ခွရှိတဲ့
double-dip recession ပေါ့။ w-shape နဲ့ သွားတဲ့ဟာ ပထမဟာက ဘောဂဗေဒနဲ့ ပတ်သက်တယ်။ ဒုတိယ recession က နိုင်ငံရေးနဲ့ ပတ်သက်တယ်။ ၉/၁၁ ပေါ့။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနဲ့
ပတ်သက်တယ်။ အဲတော့ တစ်ခုတည်း ကန့်လို့ မရဘူး။ ဘာသာရပ်တွေ ကိုယ်တိုင်ကလည်း overlap ဖြစ်လာပြီ။ အဲဒီတော့ ဒီမှာ specialize သက်သက်နဲ့တော့ မရတော့ဘူး။ universalize အထိ သွားဖို့ လိုလာပြီ။
အဲသလို စဉ်းစားတာ ရှိပါတယ်။

အပိုင်း(၂) ကို ဆက်လက်ဖတ်ရှုပါရန်

No comments:

Post a Comment