Wednesday, November 18, 2015

‎မညီမျှသောချစ်ခြင်းမှညီမျှခြင်းသို့‬

ယောက်ျားတစ်ယောက်၏ တန်ဖိုးသည် သူ၏ သစ္စာတရားပင်ဖြစ်သည်။ မိန်းမတစ်ယောက်၏ တန်ဖိုးသည် သူ၏ စောင့်ထိန်းမှုပင်ဖြစ်သည်။ အိမ်ထောင်တစ်ခု၏ တန်ဖိုးသည်ကား ထိုအိမ်ထောင်ကို တည်ဆောက်သူတို့၏ မျှော်မှန်းချက်ပင်ဖြစ်ပေလိမ့်မည်။ အိမ်ထောင်ဦးစီးနှင့် အိမ်ရှင်မတို့က မိမိတို့အိမ်ထောင်ရေးအား မည်သို့ ပုံဖော်ခြယ်မှုန်းမည်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ တန်ဖိုးရှိသော ယောက်ျားနှင့် မိန်းမတို့သည် မိမိ အိမ်ထောင်ဖက်အား နားလည်မှုဖြင့် ထိန်းကျောင်းလမ်းပြပေးမည်ဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး အရာရာကို ရင်ဆိုင် အဖြေရှာ ဖြေရှင်းသွားကြမည်မှာ မလွဲဧကန်ဖြစ်ပေမည်။

Other points of View


1. ခင်ဗျားပြောတာကိုသာ ကျွန်တော်သဘောတူလိုက်ရင် နှစ်ယောက်စလုံး မှားကုန်ကြမပေါ့
2. တကယ်တော့ ကျွန်တော်တို့တွေက အရွယ်ရောက်ရင့်ကျက်လာတာမဟုတ်ပါဘူး။လူကြားထဲမှာ ကျွန်တော်တို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပဲ သိလာကြတာပါ။
3. စစ်ပွဲဆိုတာ ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။ဘယ်သူကျန်ခဲ့သလဲဆိုတာကိုပဲ ဆုံးဖြတ်ပေးတာပါ.ကျန်တဲ့လူက သူမှန်တယ်ဆိုတာကို လိုရာဆွဲပုံဖော်ခဲ့တာပါပဲ။
4. ဗဟုသုတက ဘာလဲဆိုတော့ ရုံးပတီသီးဟာ စားစရာတမျိုးဆိုတာကိုသိတာပါပဲ။ပညာဆိုတာကတော့ ရုံးပတီသီးကိုမင်္ဂလာဦးညမှာ မစားသင့်ဘူးဆိုတာကို သိတာပါပဲ။
5. နှစ်နှစ်သားထိတော့ ဘယ်လိုလမ်းလျှောက်ရမယ်.စကားဘယ်လိုပြောရမယ်ဆိုတာကို ခင်ဗျားသင်ပေးနေရမယ်.အဲ.ကျန်တဲ့ ၁၆နှစ်မှာတော့ သူ့ကို ထိုင်နေဖို့ စကားမများဖို့ ပြောနေရတာကို ကလေးလို့ ခေါ်ပါတယ်

ဆိုကရေးတီး ကို လွမ်းတယ်

ဆိုကရေးတီး ဆိုလို့ ကျနော်တို့တိုင်းပြည်မှာခေတ်စားခဲ့တဲ့ ကြေးကြိုးသားရေလေလက်ခုပ်၊နဲ့ အဆိုအက တွေဂီတအဖွဲ့အနွဲ့ပြိုင်ပွဲတွေကိုလွမ်းတယ်ပြောတာမဟုတ်ပါဘူး၊ ဒီမိုကရေစီက ပေးတဲ့အဆိပ်ခွက်ကို မက်မက်စက်စက်သောက်ပြရင်းဒီမိုကရေစီကိုချစ်ပြသွားတဲ့နိုင်ငံတော်သားတယောက်အကြောင်းပါ၊ကျနော်တို့ဒသနိကဗေဒဒုတိယနှစ်မှာသင်ခဲ့ရပြီး အနောက်တိုင်းအတွေးအခေါ်သမိုင်း မှာ ထင်ရှားတဲ့အတွေးအခေါ်ပညာရှင်တယောက်အကြောင်းပါ
ခွဲခွာရန်အချိန်ကားရောက်လာချေပြီ
ကျွန်ုပ်တို့သည် ကိုယ့်လမ်းကိုယ်သွားကြသည်
ကျွန်ုပ်သည် သေခြင်းလမ်းမ ပေါ်မှသွားသည်
သင်တို့က ရှင်ခြင်းလမ်းမ ပေါ်မှသွားသည်
ဘယ်လမ်းကမြင့်မြတ်သည်ကို ဘုရားသခင်သာသိသည်------

ကျွန်မသာ မိဘဖြစ်ခဲ့လျှင်

ကျွန်မသားသမီးကို ၃နှစ်နဲ့စာမသင်ခိုင်းပါ။ ၄နှစ်ကျော်မှသင်ပါမည်။ သူ့ဆော့တဲ့အချိန်ထဲက
ဖဲ့ပြီး ကျွန်မစာမသင်ခိုင်းပါ ။
င်္ဂလိပ်ကျောင်း မြန်မာကျောင်း တရုတ်ကျောင်း
တွေနဲ့ ရှုပ်နေတဲ့ကလေးတွေကို သနားပါသည်။
အချိန်တန် အဲ့စာတွေပြန်သင်လို့ရပါသည် ။
ကြီးလာမှ ပြန်ဆော့ခိုင်းလို့မရပါ အဲ့တော့ဆော့တဲ့အရွယ်မှာဆော့ခိုင်းပါမည် ။
•••••••••••••••••••••••••••••••••••


Tuesday, May 26, 2015

○○○ နပိုလီယံရဲ့ ချီးကျူးသံ ○○○

တစ်ခါက နပိုလီယံ စစ်ချီတဲ့အခါမှာ ရန်သူတပ်က လမ်းမှာပိတ်ဆို့နေတယ် ရပ်သူတပ်ရဲ့ အင်အားကလဲ သူ့ရဲ့ အင်အားထက်များနေတယ် ရန်သူ့အင်အားက
( 300 ) လောက်ရှိတယ် သူတို့က အင်အား ( 70 ) လောက်ပဲရှိတယ် အဲဒီအချိန်မှာ ရှေ့ ကိုတက်ပြီး ရန်သူ့သတင်းရယူတဲ့ ကင်းထောက်တပ်သားက နပိုလီယံကို " ရှေ့ မှာ ရန်သူ့အင်အား ( 300 ) လောက်နဲ့ လမ်းကို ပိတ်ဆို့ထားတယ် '' လို့ သတင်းပို့လိုက်တယ် အဲဒီအခါမှာ နပိုလီယံက သူရဲ့ တပ်သားတွေဘက်လှည့်ပြီး " အတော်ပဲဟေ့ ........... သတင်းကောင်းတော့ ရပြီ ရှေ့ မှာ ရန်သူ့ရိက္ခာ ( 300 ) လောက် ရောက်နေပြီတဲ့ ငါတို့မှာလဲ ရိက္ခာပြတ်နေပြီ ...... မင်းတို့ဟာ စစ်တိုက်စွမ်းရည် ကောင်းကြတဲ့သူတွေဖြစ်တယ်ဆိုတာ အရင်ကတည်းက ငါသိခဲ့တယ် အဲဒီတော့ ရိက္ခာအတွက် ဘာမှ မပူရတော့ဘူး ဒီကောင်တွေဆီမှာ သွားလုရမယ် '' လို့ ပြောလိုက်တယ် ။ နပိုလီယံဟာ သူ့ရဲ့ တပ်သားတွေကို မှတ်မှတ်သားသား ချီးကျူးလိုက်တဲ့အချက်ကတော့ " စစ်တိုက်စွမ်းရည်ကောင်းကြတယ် '' ဆိုတဲ့အချက်ပဲ နောက်တစ်ခုက ရန်သူ ( 300 ) ကို ရန်သူအနေနဲ့ မပြောပဲ ရိက္ခာ ( 300 ) စာလို့ လှည့်စားပြီး ပြောလိုက်တယ် စစ်တိုက်မယ်ဆိုတာကို တိုက်မယ် မပြောပဲ ရိက္ခာတွေ တက်လုမယ်လို့ ပရိယာယ်သုံးလိုက်တယ် အဲဒီမှာ သူ့ရဲ့ တပ်သား
( 70 ) လောက်ဟာ တအားသွေးကြွပြီး လုမယ် ......... လုမယ် ဆိုပြီး အင်အားခြင်းမမျှတဲ့ ရန်သူတွေကို တိုက်ပြီး ရိက္ခာတွေကို လုယူလိုက်ကြတယ် ။ ဒါ့ကြောင့် .. ခေါင်းဆောင်လုပ်သူတိုင်း မချီးမွမ်းတတ် မချီးကျူးတတ်ရင် အောင်မြင်မှု မရနိုင်ဘူးဆိုတာ သတိထားကြရမဲ့ အချက်ပဲဖြစ်ပါတယ်ဗျာ ။

#Hunterayeess

Monday, May 25, 2015

ဆရာဦးကျော်ဝင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်များအား ဟောပြောချက် (အပိုင်း - ၂)

-၃-

အဲဒီတော့ ကျွန်တော်တို့က အစကထင်တာ Ph.D ဆိုရင် ဒါ specialize ရဲ့ အမြင့်ဆုံးထင်တာ။ အခု ထားပါတော့ Larry Diamond ပေါ့။ ဒီ Standford က ပါမောက္ခတစ်ယောက်ပေါ့။ မေးကြည့်တော့
သူပြောတာ ကျွန်တော်တော့ တော်တော်ဖျားတယ်။ ကိုယ်မသိတာလည်း ပါမှာပေါ့။ သူက ဘာပြောလဲဆိုတော့ generalisation လည်း လိုတယ်ဗျ၊ specialisation လည်း လိုတယ် တဲ့။ Ph.D
အဆင့်ကြတော့ general ကို ပြန်သွားရတာ ရှိတယ်။ Ph.D မတိုင်ခင် နော် ဒုတိယဘွဲ့မှာပေါ့ မဟာအဆင့်လောက်မှာပေါ့ specialisation လိုပါတယ် တဲ့။ specialisation base ချည်းပါ။ သို့သော်
specialisation နဲ့ မလုံလောက်တဲ့အတွက် Ph.D level ကြတော့ generalisation ကို ပြန်သွားရတာ ရှိပါတယ်။ ဆိုလိုတာက ဘာသာရပ် တစ်ခုနဲ့တစ်ခု ဆက်ထုံးကို သိပ်ပြီးတော့ အမြင်မကျဉ်းအောင်ပေါ့၊
ကိုယ့်မှန်းပြောင်းနဲ့ကိုယ် ဇွတ်မှန်တယ် သိပ်ငြင်းနေမယ့်သူတွေ ဖြစ်မှာစိုးလို့ သူက universalize ပါ ဖြည့်ပေးဖို့လိုတယ်လို့ ပြောလာတာပါ။ ဒါကလည်း ကျွန်တော် တွေ့ဘူးလို့ မေးမြန်းခဲ့တာလေးနဲ့
ဆက်စပ်ပြီး စဉ်းစားနိုင်အောင် ပြောကြည့်တာပါ။ အမှားအမှန် စိစစ်ဝေဖန် ပိုင်းခြားနိုင်တဲ့အဆင့် ကျွန်တော်တို့ မရှိပါဘူး။ ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ဖို့ ပြောကြည့်တာပါ။
နောက်ဆုံးတစ်ခုကတော့ silo ကျီပေါ့။ အရင်ကတော့ ကျွန်တော်တို့က ကိုယ်တတ်တဲ့ပညာကို မေးတဲ့သူမရှိရင် ဖြေစရာမလိုဘူး။ ပညာရှင်ဆိုတာ ခပ်တည်တည်ဘဲ။ ဗဟိုစည်ကြီးလို တီးမှမြည်ရတယ်။
ဒီလိုလာတာကိုး။ ပညာရှိဆိုတာ ဗဟိုစည်လို တီးမှ မြည်ရတယ်။ မမေးဘဲနဲ့ လျှောက်ဖြေနေလို့ မရဘူး။ ဒီလိုလာတယ်။ ယခု မလုံလောက်တော့ဘူး။ ပညာကို ကျီထဲ လှောင်ထားလို့ မရဘူး။ ပညာကို
ကျီထဲလှောင်ထားရင် အပြောင်းအလဲတွေ၊ ပြင်ပ ကျီရဲ့ပြင်ပ အပြောင်းအလဲတွေက သိပ်မြန်တဲ့အတွက် လှောင်ထားတဲ့ပညာက ကန်းသွားနိုင်တယ်။ ကောသွားနိုင်တယ်။ ဒါကြောင့်မို့ ကျီတွေကို ဖောက်ပြီး ပညာတွေအားလုံးကို ဖလှယ်ပစ်လိုက်ပါ။ sharing လုပ်ပါ။ အဲဒီလောက်အထိ သူတို့ စဉ်းစားလာကြတာ ရှိပါတယ်။

ဆရာဦးကျော်ဝင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်များအား ဟောပြောချက် (အပိုင်း - ၁)


အစ အဆုံးမဟုတ်ပါဘူး။ အစက ကျွန်တော်လည်း ကြောင်ပြီး အသံဖမ်းမထားမိလိုက်လို့ပါ။ အသံ file တင်ပေချင်ပေမယ့် အသံသိပ်မကြည်လင်တာရယ်၊ တိုးတိမ်နေတာရယ်ကြောင့် နာထောင်လို့ ရသမျှ စာရိုက်ပြီး တင်ပေးလိုက်ပါတယ်။ ဒါဟာ အသံဖမ်းထားတဲ့ 29 min ကျော်ကျော်ရှိတာမှာ ပထမ 6 min ကျော်ကျော်ပါ။ နောက်ရက်တွေမှာ ဆက်ပြီး တင်ပေးနိုင်အောင် ကြိုးစားပါမယ်။ ဆရာဦးကျော်ဝင်း အဆိုကို သဘောတူမျှသည် ဖြစ်စေ၊ သဘောမတူမျှသည် ဖြစ်စေ အသိပညာ တိုးတက်စေဖို့ ဖတ်သင့်တယ်လို့ ထင်ပါတယ်။
ဟောပြောချက်နှင့် ကွဲလွဲချက်များ ပါရှိပါက အသံမကြည်လင်မှုအတွက်သာ မှားယွင်းရပါကြောင်း ခွင့်လွှတ်ကြပါ။

-၁-
ပွင့်ပွင့်လင်းလင်းပြောရရင် ယခု အမျိုးသားပညာရေး ဥပဒေထွက်တယ်။ ဘဝင်ကျတာတွေလည်း အများကြီးပါ။ သို့သော် အဲဒီမှာ အမျိုးသားပညာရေး ရည်မှန်းချက် ပြောတော့ ခုနှစ်ချက်လား ကိုးချက်လား မသိဘူး တွေ့တယ်။ အဲဒီ ကိုးချက်လုံးမှာ behaviour changes ကို ဦးတည်တယ်။ capacity building ဦးတည်တာ အတော်ကောင်းပါတယ်။ ဒါပေမယ့် to discover ကို ချိန်ရွယ်တဲ့အချက်တော့ ကျွန်တော်ဖြင့် သိပ်မတွေ့မိဘူး။ ဒါလည်း ကြုံလို့ပြောတာပါ။ နော် ဒါကို အပြစ်တင် ဝေဖန်တဲ့သဘော မပြောပါဘူး။
ဒါပေမယ့် သူတို့ ဒီပညာရေး defination ကို ထုတ်ခဲ့တဲ့ UNESCO ကတော့ to discover ကို တော်တော် ဦးစားပေးပုံပါဘဲ။ discover မလုပ်နိုင်ရင် အသစ်မရှာနိုင်ရင် ဒီပညာရေးဟာ life ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ကောက်ချက်အထိလည်း ရှိပါတယ်။ အခု တစ်ဆက်တည်း knowledge, anti-knowledge နော် new-knowledge ဆိုတဲ့ ဖြစ်စဉ်ကို ဘယ်လိုပညာရေးပုံစံနဲ့ သွားမလဲ။ အဲ သမားရိုးကျ ကျွန်တော်တို့ ပညာရေးပုံစံမှာ learning ဆိုတာ ရှိပါတယ်။ သင်ယူခြင်း။ learning ဆိုတာ ဘာလဲဆိုတော့ သိပြီး ရှိပြီး ပညာတွေ knowledge တွေကို စုပေးလိုက်တာ။ ဒါတွေ စုပေးရင် ဒါ ပညာဘဲ။ နော် သင်ယူတာ။ အဲတော့ ဆိုလိုတာက ဆရာတစ်ယောက်ရဲ့ တာဝန်ဆိုရင် ဆရာက စာအုပ်ထဲရှိတဲ့ ပညာကို ကျောင်းသားခေါင်းထဲ ရောက်အောင် ပို့ပေးတာ။ ဒါဆို ဆရာ့ရဲ့ teaching တာဝန်ကျေပြီ။ ကျောင်းသားကလည်း ဆရာသင်သလောက်ကို ခံယူနိုင်မယ်ဆိုရင် ကျောင်းသားရဲ့ learning တာဝန်ကျေပြီ။ ဒီအထိ OK တယ်။ knowledge ကို learning နဲ့ သွားလို့ သူ့ဟာနဲ့သူ OK တယ် ပြဿနာ မရှိဘူး။