လူသားတို့ သင်ယူလေ့လာနေသည့် သိပ္ပံပညာရပ်သည် သဘာဝတရား၏ လျှို့ဝှက်ချက်
မေးခွန်းများကို အဖြေရှာနေသည့် အားထုတ်မှုများဟု ယူဆနိုင်မည် ဖြစ်သည်။
သို့သော်လည်း လက်တွေ့တွင် ထင်ထင်ရှားရှား ဖြစ်တည်နေသော်လည်း
သိပ္ပံပညာရှင်များ ဖြေရှင်းပြ၍ မရနိုင်သည့် သဘာဝ လျှို့ဝှက်ချက်
အများအပြားလည်း ရှိနေဆဲဖြစ်သည်။ ယင်းတို့အနက်မှ အထင်ရှားဆုံး အခြေအနေ (၁၀)ခုကို Daily Mail သတင်းစာက ကောက်နုတ် ဖော်ပြခဲ့သည်။
၁။ ငလျင်အလင်းတန်းများ
လျှို့ဝှက်သော၊ တိုင်းတာအဖြေထုတ်ရန် ခက်ခဲသော အခြေအနေ တစ်ရပ်အဖြစ်
သိပ္ပံပညာရှင်များ ဝန်ခံထားသည့် အရာတစ်ခုမှာ ငလျင်တစ်ခု မလှုပ်ခတ်မီနှင့်
လှုပ်ခတ်နေစဉ် အချိန်များအတွင်း ကောင်းကင်ယံ၌ ထွန်းလင်းပေါ်ပေါက်လာတတ်သည့်
အလင်းရောင်တန်းများ ဖြစ်ကြသည်။ (၂၀၀၀)BC ကာလများ ကတည်းက
ငလျင်အလင်းတန်းများကို စတင်တွေ့ရှိဖူးကြောင်း အီတလီ ရူပဗေဒ ပညာရှင်
ခရစ္စတီယာနို ဖူရီဂီရာက နောက်ကြောင်းပြန် မှတ်တမ်းပြုစုထားသော်လည်း
အကြောင်းရင်းကိုမူ ရှာမတွေ့နိုင်သေးချေ။ (၁၉၆၆)ခုနှစ်ကမူ ဂျပန်နိုင်ငံတွင်
လှုပ်ခတ်ခဲ့သည့် မတ်ဆူရှီရို ငလျင်ကြီး အတွင်း၌ အဆိုပါ
ငလျင်အလင်းတန်းများကို ပထမဆုံးအကြိမ် ဓာတ်ပုံမှတ်တမ်း ရယူလာနိုင်ခဲ့သည်။
ယနေ့ခေတ်တွင် အင်တာနက်မှတစ်ဆင့် ငလျင်အလင်းတန်းများ၏ ဓာတ်ပုံများစွာကို
ရှာဖွေတွေ့ရှိနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ ဖြစ်ပေါ်လာသည့်
အကြောင်းရင်းကိုမူ ပညာရှင်များ တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။
၂။ နက်ဇ်ကာမျဉ်းကြောင်းများ
ပီရူးနိုင်ငံ တောင်ပိုင်းရှိ ကမ်းရိုးတန်းနှင့် ဆက်စပ်သော
လွင်ပြင်ဒေသများတွင် သဲကန္တာရဆန်ဆန် ကျယ်ပြန့်သည့် မြေပြန့်များ ရှိနေသည်။
စတုရန်းကီလိုမီတာ (၄၅၀)မျှ ကျယ်ဝန်းသော အဆိုပါ ဒေသတွင် ဂျီဩမေတြီ
ပညာရပ်ဆန်သော ဒီဇိုင်းပုံများကို ကျယ်ပြန့်စွာ ရေးဆွဲထားသည်။ အဆိုပါ
ပုံများတွင် တိရစ္ဆာန်၊ သစ်ပင်နှင့် လူသားသဏ္ဍန်တူသော ပုံရိပ်များပါ ပါဝင်သည်။
ယင်းတို့ကို ကောင်းကင်အမြင့်မှ စီးမိုးကြည့်ပါက ထင်ရှားစွာ
တွေ့မြင်နိုင်မည် ဖြစ်သည်။
ကုလသမဂ္ဂသည် ယင်းဒေသကို
(၁၉၉၄)ခုနှစ်တွင် စတင်၍ သမိုင်းအမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။
ပညာရှင်များက ထိုမျဉ်းကြောင်းပန်းချီများကို (၅၀၀)BCမှ (၅၀၀)ADကြား
ရှင်သန်ခဲ့သည့် နက်ဇ်ကာ လူမျိုးစုများ ရေးဆွဲခဲ့သည်ဟု ယုံကြည်ထားသည်။
သို့သော်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ကျယ်ပြန့်စွာ
ဖန်တီးရေးဆွဲထားသည် ဆိုခြင်းမှာမူ ယနေ့တိုင် အဖြေရှာမရသည့် ပဟေဠိတစ်ခုအဖြစ်
တည်ရှိနေဆဲပင်။
၃။ လိပ်ပြာတို့၏ လမ်းပြစနစ်
လိပ်ပြာကြီး
မျိုးနွယ်တစ်ခုဖြစ်သော လိပ်ပြာဘုရင်တို့သည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော
ခရီးလမ်းကို အမှားအယွင်းမရှိ မှတ်သား သွားလာလေ့ ရှိကြသည်။
နှစ်စဉ်နှစ်တိုင်း မြောက်အမေရိကတိုက်မှ လိပ်ပြာဘုရင်များသည် ဆောင်းရာသီ
အချိန်ကာလတွင် တောင်ပိုင်းဒေသသို့ ပြောင်းလဲ ကျက်စားကြသည်။
ထိုအချိန်များတွင် အဆိုပါ လိပ်ပြာကြီးများသည် မိုင်ပေါင်း(၂၀၀၀)ကျော်မျှ
ခရီးနှင်လေ့ရှိသည်။ ထို့နောက်တွင်မူ ၎င်းတို့၏ မူလဇာတိ တောင်တန်းဒေသများထံ
အမှားအယွင်း အတိမ်းအစောင်းမရှိ ပြန်လာနိုင်ကြသည်။ မည်သို့သော
လမ်းပြစနစ်မျိုးဖြင့် ၎င်းတို့ ခရီးရှည် သွားလာနိုင်သည် ဆိုခြင်းကို ဇီဝဗေဒ
ပညာရှင်များကိုယ်တိုင် နားမလည်နိုင်သေးချေ။
၎။ လျှပ်စီးဘောလုံး
လျှပ်စစ်လှိုင်းများက ဘောလုံးတစ်လုံးသဖွယ် ထုထည်ယှက်ဖြာမှုမျိုးသည်
သုတေသီများ ခေါင်းစားသည့် အခြေအနေ တစ်ရပ်ဖြစ်သည်။ ACလျှပ်စစ်စီးကြောင်းကို
စတင်တီထွင်သည့် သုတေသီ နစ်ကိုလာ တက်စ်လာသည် (၁၉၀၄)ခုနှစ်က အဆိုပါ
လျှပ်စီးဘောလုံးမျိုးကို ၎င်း၏ သုတေသန ဓာတ်ခွဲခန်းထဲတွင်
တုပဖန်တီးနိုင်ခဲ့သည်ဟု ယူဆရသည်။ "လျှပ်စစ်ဘောလုံးတွေကို မမြင်ဖူးခဲ့ဘူး။
ဒါပေမဲ့ လျှပ်စစ်ဘောလုံးတွေရဲ့ ဖွဲ့စည်းပုံကို မှန်းဆပြီး အတုအပ
ဖန်တီးနိုင်လိမ့်မယ်"ဟု တက်စ်လာက ရေးသားခဲ့ဖူးသည်။
ယနေ့ခေတ်
သုတေသီများ အနေဖြင့်မူ ယင်းဖန်တီးမှုမျိုးကို တက်စ်လာ မည်သို့ ပြုလုပ်ခဲ့သည်
ဆိုခြင်းကို မခန့်မှန်း မတွေးဆတတ်ချေ။ သို့သော်လည်း သဘာဝအတိုင်း
ကောင်းကင်ယံတွင် ဖြစ်တည်နေသည့် လျှပ်စီးများ၌ လုံးဝန်းသော ပုံစံထုထည်
ဖြစ်ပေါ်မှုမျိုး ရှိနေသည်ကို မျက်မြင်အများအပြားက တွေ့ရှိဖူးသည့်နောက်
တက်စ်လာ၏ အဆိုကို ယနေ့ခေတ် သုတေသီများက မည်သို့မျှ မပယ်ချရဲချေ။
ထို့ကြောင့်လည်း လေထုထဲတွင် ထူးဆန်းစွာ လျှပ်စစ်လှိုင်းများ
ယှက်ဖြာပေါင်းစုသွားသည့် အဆိုပါ ဖြစ်စဉ်သည် အဖြေရှာမရသော
မေးခွန်းတစ်ခုအဖြစ် မှတ်တမ်းဝင်နေဆဲဖြစ်သည်။
၅။ ရွေ့လျားသွားလာနေသော ကျောက်တုံးများ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ သေမင်းတောင်ကြား သဘာဝ
ဥယျာဉ်ကြီးအတွင်း ခြောက်သွေ့သော ကန္တာရမြေပြင်တွင် ယင်းကျောက်တုံးများ
တည်ရှိသည်။ အလွန်လေးလံသော ကျောက်တုံးကြီးများသည် အမြဲတမ်းလိုလို
ရွေ့လျားသွားလာနေကြသည်။ ကျောက်တုံးများ၏ အလေးချိန်သည်
များပြားလွန်းခြင်းကြောင့် လေတိုက်နှုန်းဖြင့် မျောပါခြင်းမျိုး
လုံးဝမဖြစ်နိုင်ဟု ပညာရှင်များက အခိုင်အမာ လက်ခံထားသည်။ ရေကန်ကြီးတစ်ခု
ခန်းခြောက်သွားသည့် အခြေအနေမှ မြေပေါ်စတင် ရောက်ရှိလာသည့် ကျောက်တုံးများသည်
ယနေ့တိုင် ထိုဒေသတွင် တရွေ့ရွေ့ နေရာပြောင်းလဲ သွားလာနေဆဲ ဖြစ်သည်။
(၁၉၆၀)ပြည့်လွန် နှစ်များတွင် သုတေသီများသည် ယင်းဒေသမှ ကျောက်တုံးကြီး
(၃၀)ကို လေ့လာခဲ့ကြသည်။ ယင်းတို့၏ အလေးချိန်သည် (၂၅)ကီလိုဂရမ်ထိ ရှိနေသည်။
ကျောက်တုံးကြီးများကို (၇)နှစ်အကြာတွင် ပြန်လည်တိုင်းတာရာ (၂၈)တုံးသည်
မူလနေရာမှ ကွာဝေးစွာ နေရာပြောင်းရွှေ့နေပြီ ဖြစ်သည်။ ယင်းတို့အနက် အချို့သည်
မီတာ(၂၀၀)မျှထိ ခရီးရောက်နေခဲ့သည်။ ကျောက်တုံးကြီးများ ခရီးတာ ကွာဝေးစွာ
ရောက်ရှိမှုကို ရာသီဥတုကြောင့်ဟု ယူဆထားသော်လည်း ယင်းသည် အကောင်းဆုံးအဖြေ
မဟုတ်ကြောင်း ပညာရှင်များကိုယ်တိုင် ဝန်ခံထားသည်။
၆။ ပဟေဠိဆန်သည့် ကြိမ်နှုန်းနိမ့် အသံလှိုင်းများ
ဘရစ္စတိုလ်မှ ဘွန်ဒီထိ ဒေသခံများကြား အငြင်းပွားစရာ အခြေအနေ တစ်ရပ်ကို
ဖန်တီးနေသည့် အသံလှိုင်းများ ရှိနေသည်။ အဆိုပါ အသံလှိုင်းများသည်
ကြိမ်နှုန်းနိမ့်လွန်းသည့် အခြေအနေမျိုးတွင် ဖြစ်တည်နေကြသည်။ ဒေသခံ
အချို့သည် ထိုအသံကို ကြားနိုင်ပြီး အများစုက မကြားနိုင်ချေ။ လူ(၂၀)တွင်
(၁)ဦးပင် ယင်းအသံကို ကြားနိုင်ခြေ မရှိဟု သုတေသီများက ဆိုသည်။ အစောပိုင်းက
တဝီဝီမြည်သော အသံသည် ရေပိုက်စနစ်များကြောင့်ဟု အိုင်ယာလန်နိုင်ငံ၊
ကောင်တီကယ်ရီမှ ဒေသခံများက ပြစ်တင်ပြောဆိုခဲ့သည်။ ထို့ကြောင့်
အာဏာပိုင်များက ရေပိုက်စနစ်များကို ပိတ်ထားကာ စမ်းသပ်ကြည့်ခဲ့သည်။ အဖြေက
ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ အဆိုပါ ဒေသတွင် ယနေ့တိုင် ယင်းအသံများ
ကြားနေရဆဲ ဖြစ်သည်။ အချို့က ရေလှိုင်းများ ကျောက်ဆောင်နှင့်
ရိုက်ခတ်ခြင်းကြောင့်ဟု ဆိုသည်။ အချို့ကလည်း စက်ရုံများမှ ထွက်ပေါ်ခြင်းဟု
ယူဆသည်။ အချို့ကလည်း သဲတောင်ပူစာများမှ ထွက်ပေါ်သည့် အသံဟု သတ်မှတ်သည်။
မည်သူမျှ ဖြစ်ရပ်မှန်ကို တိတိကျကျ ဆွဲထုတ်မပြနိုင်သေးချေ။
(၂၀၀၉)ခုနှစ်ကမူ ဂျပန်နိုင်ငံ နာနာအိုနှင့် ဟာကူဆန်တို့တွင် ဖားလောင်းမိုးများ ရွာခဲ့ဖူးသည်။
ထိုစဉ်က ငှက်ပျောစိုက်ခင်းများအတွက် မြေရှင်းရင်း ယင်းတို့ကို အမှတ်မထင်
ဖော်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ အချို့သည် (၂)မီတာ အချင်းမျှ ကျယ်ဝန်းသည်။
သုတေသီများက (၆၀၀)ADမှ (၁၀၀၀)ADကြားတွင် ယင်းစက်လုံးကြီးများကို
တည်ဆောက်ခဲ့ခြင်းဟု ကောက်ချက်ချထားသည်။ ဒေသခံတို့က လော့စ်ဘိုလက်စ်ဟု
ခေါ်ဝေါ်သည့် စက်လုံးကြီးများကို မည်သူတို့က မည်သည့်ရည်ရွယ်ချက်ဖြင့်
တည်ဆောက်ခဲ့သည် ဆိုခြင်းမှာမူ အဖြေမဲ့နေဆဲဖြစ်သည်။
၁၀။ ယုတ္တိကင်းမဲ့သော ရုပ်ကြွင်းများ
(၁၉)ရာစုနှစ်တွင် ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ စတင်ပေါ်ပေါက်လာခဲ့သည်။
ထို့နောက်ပိုင်းတွင် သုတေသီတို့ အနေဖြင့် အံ့ဩစရာ သမိုင်းမှတ်တမ်း
တွေ့ရှိချက် အချို့ကိုလည်း ဖော်ထုတ်လာနိုင်ခဲ့သည်။ အဓိက ပြဿနာမှာ
လူသားရုပ်ကြွင်းများ ဖြစ်ကြသည်။ ယင်းတို့သည် မှားယွင်းသော နေရာတွင်
ရောက်ရှိနေကြောင်း ပညာရှင်များက ဆိုသည်။ ဒါဝင်၏ သီအိုရီတွင်
ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေများနှင့် လက်တွေ့တူးဖော် ရရှိသော
ရုပ်ကြွင်းများသည် အချိန်ကာလနှင့် နေရာဒေသ ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။
ထို့ကြောင့် လူအများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသည့် ယင်းသီအိုရီကို
ကာကွယ်ရန် သုတေသီများအတွက် ရုန်းကန်လာရသည်။
(၁၉၁၁)ခုနှစ်က
ဦးနှောက်အရွယ်အစား ကြီးမားသည့် လူသားမျိုးရင်း ရှေးပရိုင်းမိတ်
ရုပ်ကြွင်းတစ်ခုကို အက်ဆက်စ်တွင် တွေ့ရှိခဲ့သည့်နောက်ပိုင်း ဒါဝင်၏
သီအိုရီနှင့် အစပ်အဟပ် မတည့်မှုများ စတင်လာသည်။ လွန်ခဲ့သည့်
နှစ်ပေါင်း(၅၀၀၀၀၀)ခန့်က အဆိုပါ မျိုးနွယ်သည် ကမ္ဘာပေါ်တွင် ရှင်သန်နေပြီဟု
ယူဆရသည်။ ထို့အပြင် တူးဖော်တွေ့ရှိမှုများတွင် အတုအပ လိမ်လည်မှုများ
ရှိနေခြင်းကလည်း သုတေသီတို့အတွက် ပြဿနာ တစ်ရပ်ဖြစ်သည်။ ယနေ့အချိန်ထိ
လူသားမျိုးနွယ်ဆိုင်ရာ ရှေးကျသော အထောက်အထားများကို
တူးဖော်တွေ့ရှိနေဆဲဖြစ်သည်။ ထို့အတူ ယနေ့အချိန်ထိလည်း ယင်းတို့နှင့်
ပတ်သက်ပြီး တိကျသော ကောက်ချက်တစ်ခု ဆွဲယူရန် ပညာရှင်များအတွက်
အခက်ကြုံနေဆဲဟု သိရသည်။
Credit: အံ့ဖွယ်သုတ
No comments:
Post a Comment