လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း
မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး
ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊
အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊
စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။
ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---
Monday, September 8, 2014
သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ
-ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ ရာထူးဆုံးရှုံးခြင်း စတာတွေဟာအကြီးမားဆုံး
ဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲက အမြင့်မြတ်ဆုံး စိတ်ထား
ဆုံးရှုံးသွားတာကမှသာ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်။
-တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။
-ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။
-တန်ဖိုးအရှိဆုံးအရာဆိုတာ မျက်လုံးနဲ့မမြင်ရဘူး။
-ခွင့်လွှတ်ခြင်းသည် စိတ်ကျန်းမာရေးနှင့် ပျော်ရွှင်မှုအတွက် အလွန်အရေးပါသော အချက်ဖြစ်သည်။
စကားများခြင်း အပြစ်ငါးမျိုး
၁။ မဟုတ်မမှန်တာကို ပြောမိတတ်ခြင်း။
( ပြောပါများရင် အပိုအလိုတွေ ပါလာတတ်သည် )။
၂။ ကုန်းစကားကို ပြောမိတတ်ခြင်း။
(မိမိ ပိုကောင်းကြောင်း သိစေလိုသဖြင့်
သူများရဲ့ မကောင်းကြောင်း ပြောရင်း ကုန်း
စကား ဖြစ်မှန်းမသိ ဖြစ်သွားတတ်သည် )။
( ပြောပါများရင် အပိုအလိုတွေ ပါလာတတ်သည် )။
၂။ ကုန်းစကားကို ပြောမိတတ်ခြင်း။
(မိမိ ပိုကောင်းကြောင်း သိစေလိုသဖြင့်
သူများရဲ့ မကောင်းကြောင်း ပြောရင်း ကုန်း
စကား ဖြစ်မှန်းမသိ ဖြစ်သွားတတ်သည် )။
"ကိုယ်ဟာ သံလိုက်တစ်တုံး"
ကိုယ်ဟာ သံလိုက်တစ်တုံးဆိုတာကို ယုံပါသလား။
ကိုယ့်စိတ်ပျော်ရွှင်တယ်၊ ကိုယ့်ကိုယ့်ကိုနှစ်သက်တယ်၊ လောကကြီးကို အကောင်းစိတ်တွေနဲ့ ဖြည့်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်ဆွဲငင်ယူမိမှာပဲ။
အဲဒီလိုပဲ ဝမ်းနည်းမယ်၊ ပိတ်လှောင်မယ်၊ ဘယ်အရာကိုမဆို ကိုယ်ကြည့်မရဖြစ်နေခဲ့ရင် မကောင်းတဲ့အရာတွေက ကိုယ့်ဆီရောက်လာမှာဖြစ်တယ်။
ကိုယ်ဟာ သံလိုက်တစ်တုံးဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲ ကိုယ်ဆွဲငင်မိမှာဖြစ်တယ်။

ရှေးက ယောက်ျားတို့ တတ်အပ် အဌာရသ (၁၈)ရပ်
၁။ အကြားအမြင်သုတ အတတ်၊
၂။ ဓမ္မသတ်တတ်ကျွမ်းမှု အတတ်၊
၃။ သချာင်္ဆိုင်ရာ အတတ်၊
၎။ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်၊
၅။ လောကနီတိ အတတ်၊
၂။ ဓမ္မသတ်တတ်ကျွမ်းမှု အတတ်၊
၃။ သချာင်္ဆိုင်ရာ အတတ်၊
၎။ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်၊
၅။ လောကနီတိ အတတ်၊
တွင်းထဲကဖား မဖြစ်စေနဲ့
တွင်းထဲကဖားတစ်ကောင်လို တွင်းဝကမိုးကောင်းကင်ကိုပဲ ကိုယ်တွေ့နေခဲ့သလား၊
ဒီကောင်းကင်နေထွက်တာနဲ့ တစ်လောကလုံး လင်းသွားပြီလို့ထင်ပြီး မိုးရွာတာနဲ့ တစ်လောကလုံး မှောင်မိုက်သွားပြီလို့ ကိုယ်ထင်နေသလား၊
တကယ်တော့ တွင်းဝပတ်လည်ကို ကိုယ့်ရဲ့တစ်လောကလို့ထင်ပြီး တွင်းဝလောက်ပဲကျယ်တဲ့ကောင်းကင်က ကိုယ့်အတွေးကို လွှမ်းမိုးသွားတာဖြစ်တယ်။ လောကကြီးက အဆုံးသတ်အနား မရှိဘူးဆိုတာကို ကိုယ်မေ့သွားလို့ဖြစ်တယ်။ ဒါမှမဟုတ် တွင်းဝရဲ့ကောင်းကင်အပြင် ဒီ့ထက်ကြီးမားတဲ့ ကောင်းကင်ကြီးမရှိတော့ဘူးလို့ ကိုယ်ထင်နေလို့လည်း
ဖြစ်တယ်။

အချစ်အက္ခရာ A to Z
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေလိုအပ်ပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင်
နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Subscribe to:
Posts (Atom)