-၃-
အဲဒီတော့ ကျွန်တော်တို့က အစကထင်တာ Ph.D ဆိုရင် ဒါ
specialize ရဲ့ အမြင့်ဆုံးထင်တာ။ အခု ထားပါတော့ Larry Diamond ပေါ့။ ဒီ
Standford က ပါမောက္ခတစ်ယောက်ပေါ့။ မေးကြည့်တော့
သူပြောတာ ကျွန်တော်တော့
တော်တော်ဖျားတယ်။ ကိုယ်မသိတာလည်း ပါမှာပေါ့။ သူက ဘာပြောလဲဆိုတော့
generalisation လည်း လိုတယ်ဗျ၊ specialisation လည်း လိုတယ် တဲ့။ Ph.D
အဆင့်ကြတော့ general ကို ပြန်သွားရတာ ရှိတယ်။ Ph.D မတိုင်ခင် နော်
ဒုတိယဘွဲ့မှာပေါ့ မဟာအဆင့်လောက်မှာပေါ့ specialisation လိုပါတယ် တဲ့။
specialisation base ချည်းပါ။ သို့သော်
specialisation နဲ့
မလုံလောက်တဲ့အတွက် Ph.D level ကြတော့ generalisation ကို ပြန်သွားရတာ
ရှိပါတယ်။ ဆိုလိုတာက ဘာသာရပ် တစ်ခုနဲ့တစ်ခု ဆက်ထုံးကို သိပ်ပြီးတော့
အမြင်မကျဉ်းအောင်ပေါ့၊
ကိုယ့်မှန်းပြောင်းနဲ့ကိုယ် ဇွတ်မှန်တယ်
သိပ်ငြင်းနေမယ့်သူတွေ ဖြစ်မှာစိုးလို့ သူက universalize ပါ
ဖြည့်ပေးဖို့လိုတယ်လို့ ပြောလာတာပါ။ ဒါကလည်း ကျွန်တော် တွေ့ဘူးလို့
မေးမြန်းခဲ့တာလေးနဲ့
ဆက်စပ်ပြီး စဉ်းစားနိုင်အောင် ပြောကြည့်တာပါ။
အမှားအမှန် စိစစ်ဝေဖန် ပိုင်းခြားနိုင်တဲ့အဆင့် ကျွန်တော်တို့ မရှိပါဘူး။
ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ဖို့ ပြောကြည့်တာပါ။
နောက်ဆုံးတစ်ခုကတော့ silo ကျီပေါ့။ အရင်ကတော့ ကျွန်တော်တို့က
ကိုယ်တတ်တဲ့ပညာကို မေးတဲ့သူမရှိရင် ဖြေစရာမလိုဘူး။ ပညာရှင်ဆိုတာ
ခပ်တည်တည်ဘဲ။ ဗဟိုစည်ကြီးလို တီးမှမြည်ရတယ်။
ဒီလိုလာတာကိုး။
ပညာရှိဆိုတာ ဗဟိုစည်လို တီးမှ မြည်ရတယ်။ မမေးဘဲနဲ့ လျှောက်ဖြေနေလို့ မရဘူး။
ဒီလိုလာတယ်။ ယခု မလုံလောက်တော့ဘူး။ ပညာကို ကျီထဲ လှောင်ထားလို့ မရဘူး။
ပညာကို
ကျီထဲလှောင်ထားရင် အပြောင်းအလဲတွေ၊ ပြင်ပ ကျီရဲ့ပြင်ပ
အပြောင်းအလဲတွေက သိပ်မြန်တဲ့အတွက် လှောင်ထားတဲ့ပညာက ကန်းသွားနိုင်တယ်။
ကောသွားနိုင်တယ်။ ဒါကြောင့်မို့ ကျီတွေကို ဖောက်ပြီး ပညာတွေအားလုံးကို ဖလှယ်ပစ်လိုက်ပါ။ sharing လုပ်ပါ။ အဲဒီလောက်အထိ သူတို့ စဉ်းစားလာကြတာ ရှိပါတယ်။