Pages

Wednesday, November 18, 2015

Other points of View


1. ခင်ဗျားပြောတာကိုသာ ကျွန်တော်သဘောတူလိုက်ရင် နှစ်ယောက်စလုံး မှားကုန်ကြမပေါ့
2. တကယ်တော့ ကျွန်တော်တို့တွေက အရွယ်ရောက်ရင့်ကျက်လာတာမဟုတ်ပါဘူး။လူကြားထဲမှာ ကျွန်တော်တို့ ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပဲ သိလာကြတာပါ။
3. စစ်ပွဲဆိုတာ ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ဆုံးဖြတ်ပေးတာမဟုတ်ပါဘူး။ဘယ်သူကျန်ခဲ့သလဲဆိုတာကိုပဲ ဆုံးဖြတ်ပေးတာပါ.ကျန်တဲ့လူက သူမှန်တယ်ဆိုတာကို လိုရာဆွဲပုံဖော်ခဲ့တာပါပဲ။
4. ဗဟုသုတက ဘာလဲဆိုတော့ ရုံးပတီသီးဟာ စားစရာတမျိုးဆိုတာကိုသိတာပါပဲ။ပညာဆိုတာကတော့ ရုံးပတီသီးကိုမင်္ဂလာဦးညမှာ မစားသင့်ဘူးဆိုတာကို သိတာပါပဲ။
5. နှစ်နှစ်သားထိတော့ ဘယ်လိုလမ်းလျှောက်ရမယ်.စကားဘယ်လိုပြောရမယ်ဆိုတာကို ခင်ဗျားသင်ပေးနေရမယ်.အဲ.ကျန်တဲ့ ၁၆နှစ်မှာတော့ သူ့ကို ထိုင်နေဖို့ စကားမများဖို့ ပြောနေရတာကို ကလေးလို့ ခေါ်ပါတယ်


6. နိုင်ငံရေးသမားနဲ့ ကလေးသေးခံအဝတ်မှာ တူညီတဲ့အချက်တခုရှိပါတယ်.ဘာလဲဆိုတော့ သူတို့ကို ပုံမှန်လဲလှယ်ပေးနေရမယ်ဆိုတာပါပဲ.အဲ.လဲလှယ်ရတဲ့အကြောင်းရင်းကလည်း တူတူပါပဲ
7. လူတစ်ဦးတယောက်ရဲ့စိတ်ကူးကို ကူးယူတာကတော့ စာခိုးချတာပါပဲ။အဲ.လူအများကြီးရဲ့စိတ်ကူးကို ခိုးယူမယ်ဆိုရင်တော့ ခင်ဗျားက သုတေသနလုပ်နေတာပါပဲ
8. ကားတွေစုပြုံရပ်နားတဲ့နေရာကို ကားကြီးဝင်းလို့ခေါ်မယ်..…ရထားတွေစုပြုံရပ်နားတဲ့နေရာကိုဘူတာရုံလို့ ခေါ်မယ်ဆိုရင် အလုပ်တွေစုပုံနေတဲ့ ခင်ဗျားရဲ့အလုပ်စားပွဲကို ဘယ်လိုခေါ်ကြမလဲ..
9. တကယ်တော့ လင်းပိုင်တွေလောက် ပါးနပ်တဲ့သတ္တဝါ သိပ်မရှိပေဘူး။သူတို့ကိုလူတွေက ဖမ်းမိထားလည်း သူတို့က လူတွေကိုရက်အနဲငယ်အတွင်း ပြန်ခိုင်းနိုင်တယ်.လူတွေကို ရေကန်ထိပ်မှာ မတ်တပ်ရပ်ပြီး လက်မြှောက်ခိုင်းတယ်.ငါးတွေကို ပုံးထဲကနေ သူတို့ဆီ ပစ်ပေးအောင်လုပ်နိုင်တာ လင်းပိုင်အပြင် တခြားဘယ်သတ္တဝါ လုပ်နိုင်သေးလို့လဲလေ..
10. ဘဏ်ဆိုတာ ခင်ဗျားမှာ ငွေအမြောက်အများရှိတယ်ဆိုတာကိုပြနိုင်ရင် ခင်ဗျားကိုပိုက်ဆံချေးပေးတဲ့ နေရာတခုပါပဲ
11. ကျွန်တော်အလုပ်တခုလိုချင်တယ်လို့ ထင်ခဲ့မိပေမယ့် တကယ်တမ်းလိုချင်တာက လစာငွေဖြစ်နေတယ်ဆိုတာ ခုမှ သဘောပေါက်တော့တယ်
12. ကွန်ပျုတာနဲ့ စစ်တုရင်ထိုးတာ ကျွန်တော်ရှုံးသွားတာကိုမကျေနပ်တာနဲ့ သူ့ကိုပြန်စိမ်ခေါ်တော့ သူအရှုံးပေးလိုက်ရတယ်.ဘာရယ်မဟုတ်ပါဘူး.ကွန်ပျုတာနဲ့ကြိုးဝိုင်းထဲမှာ လက်ဝှေ့ထိုးဖို့လေးပြောမိတာပါ.
13. ကောင်းကင်ပေါ်မှာ ကြယ်တွေသန်းပေါင်းလေးထောင်လောက်ရှိတယ်လို့ နာဆာက ပြောတော့ လူတော်တော်များများက ရေတွက်မကြည့်ပဲ ယုံလိုက်ကြပေမယ့် ခုံကိုဆေးသုတ်ထားတယ်လို့ သူတို့အမေတွေက သတိပေးရင် ခုံကို သွားသွားကိုင်ကြည့်ကြတာ ဘာကြောင့်လို့ ထင်သလဲဗျ
14. တကယ်တော့ ဘုရားက လူတော်တွေကို မချစ်ပါဘူး။ငထုံငအငညံ့ငဖျင်းတွေကိုပဲ ဘုရားက ချစ်တာပါ။ဒါကြောင့်လည်း အဲဒီလိုလူတွေကိုအများကြီးဖန်တီးခဲ့တာပေါ့
15. အောင်မြင်တဲ့လူတော်တွေနောက်မှာ မိန်းမတယောက် အမြဲတမ်းရှိတယ်.အဲဒီလူတွေပြန်ကျရှုံးတာကို ပြန်ကြည့်ရင်တော့ တခြားမိန်းမတယောက် သူတို့နောက်မှာ ပေါ်လာလို့ပါပဲ
16.တကယ်တော့ လေယာဉ်ပေါ်ကနေခုန်ချပြီးလေဟုန်စီးဖို့အတွက် လေထီးလုံးဝမလိုပါဘူး။နောက်တကြိမ် လေဟုန်စိးချင်မှသာ လိုအပ်တာပါ.

Critical thinking topicအောက်က တွေ့တာလေးတွေ ဘာသာပြန်ထားတာပါ

No comments:

Post a Comment