Pages

Thursday, October 30, 2014

ဘ၀အတွက် အရေးကြီးဆုံးရက်နှစ်ရက်

တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီရက်တွေက "ပထမဆုံးရက်"နဲ့ "နောက်ဆုံးရက်"ဖြစ်တယ်။

"တကယ်လို့ ဒီနေ့ဟာ ငါ့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိ

ရင် ဒီနေ့မှာ ငါဘာတွေလုပ်မလဲ?"

Steve Paul Jobsက ဒီမေးခွန်းတွေဟာ သူ သူမနက်
မှန်ကြည့်တိုင်း မေးနေကျမေးခွန်းဖြစ်တယ်လို့ဆိုတယ်


Jobsဟာ သူ့ကိုယ်သူ အဲဒီလိုမေးပြီး အဖြေချက်ချင်းထုတ်တယ်။
Jobsရဲ့ အဆိုတချို့က ဒီလိုဆိုပါတယ်။ "ဘ၀မှာ ဆုံးဖြတ်ချက်ကြီးကြီး ချရခါနီးမှာ ကိုယ့်ကိုယ့်ကို သေဆုံးတော့မယ်လို့ ကျွန်တော်သတိပေးတတ်တယ်။
ဒါဟာ ကျွန်တော်သုံးခဲ့ဖူးသမျှ နည်းတွေထဲက အရေးပါဆုံးနည်းပေါ့။
ဘာလို့လဲဆိုတော့ အရာတိုင်းလိုလို--- ရှိသမျှမျှော်လင့်ချက်တွေ၊
နာမည်ကောင်းတွေ၊ အခက်အခဲတွေ ဒါမှမဟုတ် ရှုံးနိမ့်ခြင်းရဲ့ကြောက်ရွံ့မှု
စတာတွေက သေမင်းနဲ့ ရင်ဆိုင်ရချိန် ပျောက်ဆုံးကုန်တယ်။ တကယ့်အရေးပါတဲ့ အရာတွေပဲ ကျန်ရစ်ခဲ့တယ်"
"ကိုယ့်ကိုယ့်ကို သေဆုံးတော့မယ်လို့ သတိပေးတာဟာ ကျွန်တော်သိသလောက် ကျရှုံးမှုထောင်ချောက်ထဲတိုးဝင်ချိန် မကြောက်ရွံ့ဖိုတားဆီးပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ လူတွေဟာ မွေးတုန်းက
ဘာမှပါမလာသလို၊ သေတော့လည်း ဘာမှပါမသွားဘူး။ ဒါကြောင့်
ကိုယ့်စိတ်အတိုင်းမဖြစ်ဘူးဆိုတာ မရှိဘူး"
ကျွန်တော်တို့လည်း စိတ်ငြိမ်ငြိမ်ထားပြီး ဒီနေ့ဟာ ကိုယ့်ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့
မယ်ဆိုရင် ဒီနေ့မှာ ကိုယ်ဘာလုပ်မလဲ?လို့ မေးကြည့်ပါ။
"ပထမဆုံးရက်"ဆိုတာ ကျောင်းဖွင့်တဲ့ပထမရက်မှာ ကျွန်တော်တို့ဟာ ကျောင်း၊ ဖတ်စာအုပ်၊ ကျောင်းသူကျောင်းသား စတာတွေကို စိတ်ဝင်တစားရှိကြတယ်။ ပထမဆုံးရက်
အလုပ်စ၀င်တဲ့နေ့မှာ ကိုယ့်ကိုယ်နှိမ့်ချပြီး ကျွန်တော်တို့
ကြိုးကြိုးစားစား သင်ယူချင်ကြတယ်။
ပထမဆုံး ချိန်းတွေ့တဲ့ရက်မှာ တွေ့ဆုံချိန် တစ်မိနစ်၊ တစ်စက္ကန့်ကိုတောင် ကျွန်တော်တို့ တန်ဖိုးထားတယ်။
ပထမဆုံး ရာထူးတိုးတဲ့ရက်မှာ တာဝန်ကျေကျေ ထမ်းဆောင်ဖို့ ရည်မှန်းချက်ရှိကြတယ်။
ပထမဆုံးရက်တိုင်းဟာ ကျွန်တော်တို့ အင်အားအရှိဆုံး၊ အသွက်လက်ဆုံး၊ အတက်ကြွဆုံးရက်ဖြစ်ခဲ့တယ်။
တစ်သက်မှာ နှစ်ရက်ထဲနဲ့ အရာရာကို နေ့တိုင်းပိုင်ဆိုင်စေပါတယ်။
ပထမဆုံးရက်အတိုင်း ခွန်အားသစ်တွေ ပြည့်ဖြိုးမယ်၊ တက်ကြွမယ်။
နောက်ဆုံးရက်အတိုင်း ကြောက်ရွံ့မှုကင်းမယ်၊ အတွယ်တာကင်းမယ်။
"ပထမဆုံးရက်" ကို အသုံးပြုပြီး စိတ်သစ်၊ ခွန်အားသစ်တွေနဲ့ အရာတိုင်းကို
တက်တက်ကြွကြွလုပ်ဆောင်ခဲ့ရင် အောင်မြင်မှုပန်းတိုင်းဆီ မုချရောက်ပါတယ်။
"နောက်ဆုံးရက်"ကို အသုံးပြုပြီး နောက်ခြေတစ်လှမ်းအတွက် ခံစားချက်ကို
ရွေးမယ်ဆိုရင် ရှေ့သို့ပိုလှမ်းမယ့် အားအင်တွေကိုရပါတယ်။
တစ်သက်မှာ ရက်နှစ်ရက်ပဲရှိတယ်။ အဲဒီနှစ်ရက်နဲ့ အရာရာတိုင်းကို သင်နေ့တိုင်းပိုင်ဆိုင်နိုင်ပါ တယ်။

Ref: Congratulations
express times

No comments:

Post a Comment