Pages

Thursday, October 30, 2014

လူတွေ့အင်တာဗျူး ဖြေတဲ့အခါ ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေကို ဆင်မြန်းသွားသင့်သလဲ

မေသော်

အလုပ်အတွက် လူတွေ့အင်တာဗျူးဖြေတော့မယ်ဆိုရင် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်စဉ်းစားထားရမယ့်အရာတွေထဲမှာ ကိုယ့်ကိုကြည့်လိုက်တာနဲ့ တန်းပြီးအမှတ်ပေးချင်စိတ်ပေါ်သွားစေမယ့် ဖက်ရှင်ပိုင်းကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ သင့်ရွေးချယ်ဝတ်ဆင်လာတဲ့ ဖက်ရှင်က သင်ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာ ပြသနိုင်တာမို့ လူတွေ့အင်တာဗျုးဖြေဆိုတော့မယ်ဆိုရင် ဘယ်လိုဒီဇိုင်းတွေက ခေတ်လည်းမှီ၊ အဆင့်အတန်းလည်းရှိ တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။အနက်ဗြောင်ဝတ်မယ့်အစား ပွင့်ရိုက်ဒီဇိုင်း၊ ဒါမှမဟုတ် ဒီဇိုင်းတစ်ခုခုပါတဲ့ ဖက်ရှင်မျိုးကို စဉ်းစားပါ။

အင်တာဗျူးလို့ဆိုလိုက်ရင် ဘယ်သူမဆို အနက်ရောင်ကုတ်အင်္ကျံ၊ ဘလေဇာ၊ ဒါမှမဟုတ် စတိုင်ဘောင်းဘီ အနက်ရောင်တို့ကိုသာ ရွေးချယ်ဝတ်ဆင်တတ်ကြပါတယ်။ အဲ့ဒီလိုဝတ်မယ့်အစား ကိုယ်ဝတ်သွားမယ့် ကုတ်၊ ဘလေဇာ ဒါမှဟုတ် ဘောင်းဘီတွေမှာ မျက်စိလည်း မနောက်ဘူး၊ ကြည့်ရတာလည်း အဆင်ပြေစေမယ့် အကွက်၊ အပွင့် စတဲ့ ဒီဇိုင်းတစ်ခုခုပါတဲ့ ဖက်ရှင်မျိုးက သင့်ကို ပိုသတိထားမိစေနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပုံမှာပြထားသလို အဖြူကို အနီရောင်ဘောင်းဘီနဲ့ တွဲဝတ်တာ၊ အဖြူကို အညိုရောင်ဘောင်းဘီနဲ့ တွဲဝတ်တာမျိုးကလည်း အမြင်ဆန်းစေပါတယ်။

၂။Dress ၀တ်မယ်ဆိုရင်တော့ သူနဲ့တွဲမယ့် အစစအရာရာကို ဂရုစိုက်ရွေးချယ်ပါ။

အရမ်းမတိုလွန်း၊ မရှည်လွန်းတဲ့ Dress မျိုးဝတ်မယ်ဆိုရင်တော့ ကိုယ်ရွေးချယ်လိုက်တဲ့အရာက ဒင်နာပါတီပွဲသွားတဲ့ ၀တ်စုံမျိုးမဖြစ်စေဖို့နဲ့ ကလေးဆန်လွန်းတဲ့ Dress မျိုးမဖြစ်အောင် သတိထားပါ။ သူနဲ့တွဲပြီး ဆင်မြန်းမယ့် ဖိနပ်ကလည်း ဒိတ်အာက်လွန်းတဲ့ ဖိနပ်မျိုး မဖြစ်စေဖို့ စဉ်းစားရမှာဖြစ်ပါတယ်။

၃။စကတ်ဝတ်မယ်ဆိုရင်လည်း အရောင်လွင်ပြီး ကြည့်ကောင်းစေမယ့် စကတ်မျိုးရွေးချယ်ပါ။

ဟိုးအရင်တုန်းက pencil စကတ်လို စကတ်အကျပ်မျိုးလေးတွေကိုသာ အင်တာဗျူးဖြေဆိုတဲ့အခါ ၀တ်ဆင်တတ်ကြပေမယ့် ခုခေတ်မှာတော့ ကိုယ်ကြိုက်တဲ့အမိုက်စား ကာလာနဲ့ ဒီဇိုင်းမျိုး ရွေးချယ်ဝတ်ဆင်နိုင်ပါပြီ။ သိပ်မတိုလွန်း၊ သိပ်မရှည်လွန်းတဲ့ စကတ်၊ သိပ်မကားလွန်းတဲ့ စကတ်မျိုးကို ဒေါက်အမြင့်လေးနဲ့ တွဲစီးသွားလိုက်ပါ။

၎။သင့်ဖက်ရှင်ကို အပြည့်အ၀ထောက်ပံ့ပေးနိုင်မယ့် လက်ကိုင်အိတ် ဖိနပ်စတာတွေကို အလေးထား ရွေးချယ်ပါ။

လက်ကိုင်အိတ်က အကြီးကြီးတွေထက် သိပ်မကြီး ၊ သိပ်မသေးတဲ့ အနေတော်အိတ်မျိုး ရွေးချယ်ပါ။ အရောင်ရော ဒီဇိုင်းပါ ကိုယ်ဝတ်မယ့် ဖက်ရှင်နဲ့ လိုက်ဖက်ပါစေ။ ပုံမှာပြထားသလို ခရင်မ်အရောင်ကိုမှ Leopard print ဒီဇိုင်းမျိုးက ရိုင်းလည်းမရိုင်းသလို ဘယ်လိုဖက်ရှင်မျိုးနဲ့ တွဲတွဲ အဆင်ပြေပါလိမ့်မယ်။

၅။လည်ပင်းမှာ scarf စည်းတဲ့ ဖက်ရှင်ကလည်း ခုချိန်ထိ အသုံးဝင်ဆဲပါ။

ကိုယ်ဝတ်မယ့် စတက်၊ ဘောင်းဘီ၊ အင်္ကျံစတာတွေက အရင်ကွဲထွက်နေတာမျိုး မဟုတ်ပဲ၊ အတူတူဆိုရင် လည်ပင်းမှာ scarf စည်းတာကလည်း ဖက်ရှင်ကျပါတယ်။ ဒီလိုမျိုးဝတ်ဖို့ စဉ်းစားထားရင်တော့ ဖိနပ်နဲ့ လက်ကိုင်အိတ်ကိုလည်း အရောင်ကွဲတာမျိုး မရွေးချယ်ပါနဲ့။

Ref:cosmopolitan.com
trend

No comments:

Post a Comment