Pages

Sunday, October 12, 2014

ဆရာတော်ဦးဗုဓ်နှင့် ဦးပေါ်ဦး

ကုန်းဘောင် ဘကြီးတော် ဘုရားလက်ထက်၌ ဆရာတော် ဦးဗုဓ်သည် နှုတ်နည်းသည်။ သမာဓိအရာ၌ လက်ဖျားခါရ၏။ ကျောင်းဒါယကာ မင်းနှင့် မိဖရားကိုပင် စကားအပိုမပြော။ အချိန်ရှိသရွေ့ သူစာသူ ကြည့်နေတတ်၏။ အထူးသဖြင့် မည်သူ့ကိုမျှ စတင်၍ နှုတ်ဆက်ခြင်း၊ မေးမြန်းခြင်း အလေ့မရှိ။ တစ်နေ့ ဦးပေါ်ဦးသည် ထိုအကြောင်းကိုကြားသဖြင့်
" ...ကျုပ်ကိုယ်တိုင် သွားပြီး စကားလျှောက်ထားမယ်..ကြည့်နေ ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင် စကားပြန်ပြောမှာဗျ" ဟူ၍ ပြောဆိုပြီး ဆရာတော်ဦးဗုဓ် သီတင်းသုံးရာ ကျောင်းသို့ သွားပါလေတော့၏။
ဆရာတော်အပါးသို့ ရောက်လေသော် ပြောစရာမရှိ ပြောစရာစကားကိုရှာရင်း အနီးအပါးရှိ ရေကန်ကြီးကို မြင်လိုက်ရကာ...

" ဟောဒီရေကန်ကြီးဟာ အတော်လေး ကောင်းလှပါလား ဘုရား"
" အေးကောင်းတယ်"

" ရေကလည်း သိပ်ကိုကြည်နေတာပါပဲလား ဘုရား"
" အေး ကြည်တယ်"

"ဒါထက် ဒါထက် ဒီရေကန်ကြီး ဘယ်လောက်များ နက်ပါသလဲ ဘုရား"
" ငါမသိဘူး"

" ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မယ် အထင်နဲ့ လျှောက်ထားမိတာပါ ဘုရား"
" ဒီမှာ ဒကာ၊ နီးတိုင်းသာသိရမယ်ဆိုရင် ဒကာရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ နှုတ်ခမ်းမွေး အပင်ဘယ်နှစ်ပင်ရှိမလဲ"
" ဒါ...ဒါတော့ သတိမထားမိလို့ မ...မသိကြောင်းပါဘုရား"
" အေး....ဒကာကြီးရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ အမွေးကိုတောင် ဘယ်နှပင်ရှိမှန်းမသိရင် ကျုပ်ဘည်း ရေကန်ရဲ့ အနက်ကိုမသိနိုင်ဘူး..သွားတော့..."
" တင်ပါ့...ဘုရား"

သို့ဖြင့် ပညာရှိအမတ်ကြီး ဦပေါ်ဦးလည်း မသက်မသာ ခံစားရပြီး လာလမ်းအတိုင်း ပြန်လှည့်ခဲ့ရလေသတည်း။

express times

No comments:

Post a Comment