Pages

Tuesday, September 23, 2014

ငုံ့မကြည့်နဲ့

ဟို........ရှေးခေတ်
ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ ခေတ်က. . . . တနေ့မှာ. . . . . ပင်လယ်ထဲမှာ သင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။ဒီအချိန်မှာ သင်္ဘော ကပတိန်က သင်္ဘောသား လူငယ်လေးတဦးကို  ရွက်မတိုင်ကြီးပေါ်တက်ပြီး (ရွက်တိုင်ကိုခုတ်ဖြတ်မှ ဖြစ်တော့မယ်)လို့ပြောတော့ လူငယ်လေးဟာ ရွက်တိုင်ကြီးပေါ်ကို ချက်ချင်းတက်သွားပြီး၇ွက်တိုင်ကို ဖြတ်ပါတယ်။လေက သိပ်ထန်လို့နေပေမဲ့ သင်္ဘေား လူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီးပေါ်ကိုတက်သွား ပြီးရွက်ကြိုးတွေကိုဖြုတ်လိုက် ပါတယ်။ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံ့ကြည့်လိုက်တော့.............


သဘောင်္တစ်စင်းလုံးဟာ ဒေါသထန်နေတဲ့ လှိုင်းလေတွေ ထဲမှာ ရပ်တည်ရာမရ လးလိမ့်နေတာမြင်ရတယ်။
ဒါကိုအပေါ်စီးကနေမြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့် နဲ့မူးမိုက်မေ့သလိုဖြစ်သွားတယ်။ ဒါနဲ့သင်္ဘောကုန်းပတ်ပေါ်ကသူ့သူငယ်ချင်းဆီလှမ်းပြီး“ဟေ့.....ငါတော့လိမ့်ကျတော့မယ်၊လုပ်ပါအုံး” လှို့ လှမ်းအော်ပြောလိုက်တယ်။ ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့ သူငယ်ချင်းက “အောက်ကိုမကြည့်နဲ့ သူငယ်ချင်း၊ ငုံ့မကြည့်နဲ့၊ အပ်ါကိုဘဲကြည့်”လို့ တအားကုန် လှမ်းအော်ပြီး သတိပေးလိုက်တယ်။ဒီအခါမှာလူငယ်ဟာ သူ့ သူငယ်ချင်းသတိပေးတဲ့ အတိုင်း အပေါ်ကိုပဲကြည့်ဖို့ မျက်နှာမူထားတယ်။ဒီအခါမှာအောက်ကမူးဝေ ထိတ်လန့်စရာ မြင်ကွင်း တွေကို မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်၊စိတ်ငြိမ်လာတယ်၊အားမာန်သတ္တိလဲ ပြန်ဝင်လာတယ်။ဒီတော့မှ သင်္ဘောသား လူငယ်ဟာ ရွက်မတိုင်ကြီး ပေါ်ကနေ သတိဝီရိယထားဆင်းယင်း သင်္ဘောကုန်းပတ်ပေါ်ကို အော်မြင်စွာပဲ ရောက်လာတော့တယ်။

ဒီလိုပါပဲ ဘ၀ခရီးလမ်းမှာလည်း အရှုံးများစွာ ဖြတ်ကျော်ခဲ့ဖူးကြတယ်တစ်ခါတစ်လေ ထိုအရှုံးတွေကို ပြန်ပြီး သင်ခန်းစာယူရသလို တစ်ခါတစ်လေကျတော့လည်း အရှုံးတွေကို ပြန်ပြန်တွေးပြီး ရှေ့မဆက်ဝံ့တဲ့အခါတွေရှိတတ်ပါတယ် ဒါကြောင့် ထိုအခါမျိုးမှာတော့ အရှုံးတွေကိုပြန်တွေးမနေ ငုံ့ကြည့်မနေဘဲ ထပ်မံသွားရမယ့် လိုရာပန်းတိုင်သို့ ရောက်ရှိအောင် အားသစ်တွေနဲ့ ဆက်လက်လျှောက်လှမ်းသွားရမှာပဲ မဟုတ်ပါလား

Credit - Original Writer

No comments:

Post a Comment