Pages

Sunday, September 21, 2014

ခရီးလမ်း

လူ့ဘဝမှာ လျှောက်ရမယ့်ခရီးလမ်းက ရှည်လျားလွန်းတယ်
အဲဒီခရီးလမ်းမှာ တစ်ခါခါ ငါတို့ လမ်းမှားကြတယ်၊ ငါတို့ မောပန်းကြတယ်၊
ငါတို့ ပြေးလွှားကြတယ်၊ တစ်ခါတလေမှာတော့ ငါတို့ ရပ်နားကြတယ်
ဒါတွေက ဘာမှမဟုတ်သေးပါဘူး...

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်...
"လမ်းဆိုတာ နဂိုကတည်းကရှိနေတာ မဟုတ်ပါဘူး.. လမ်းဆိုတာ လူလျှောက်လို့ဖြစ်လာရတာပါ။
နှေးနှေးပဲလျှောက်လျှောက်၊ မြန်မြန်ပဲလျှောက်လျှောက်၊ တယိမ်းတယိုင်ပဲလျှောက်လျှောက်၊ ရှေ့ကို ကြိုးစားပြီးလျှောက်ရင် ထူးခြားလှပတဲ့ရှုခင်းတော့ တွေ့ရမှာပါပဲ"

လူ့ဘဝမှာ ဘာအရာပဲဖြစ်ဖြစ် အသစ်တစ်ဖန်စဖို့ မကြောက်ပါနဲ့
သေးငယ်နိမ့်ကျတဲ့ စမှတ်ဟာလည်း အမြင့်ဆုံးထိအရောက်သွားနိုင်ပါတယ်
လမ်းခရီးဝေးမှာ မကြောက်ပါဘူး.. ရည်မှန်းချက် တိုတောင်းမှာပဲ စိုးတာ...

 နိုင်းနိုင်းစနေ

No comments:

Post a Comment