Pages

Monday, August 25, 2014

လျှော့မတွက်ပါနဲ့

သင့်မေမေဟာ သင့်ကို သူ့ဗိုက်ထဲမှာ ကိုးလလွယ်ခဲ့တယ်။ သူမဟာ လေးလကြာအောင် ပျို့အန်ခဲ့ရတယ်။
သူမ ခြေထောက်တွေ ဖောရောင်ခဲ့တယ်။
သူမ အရေပြားတွေ ဆွဲဆန့်ခံခဲ့ရတယ်.။
သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ရတယ်။
သူမ နည်းနည်းလှုပ်တိုင်း အသက်ရှူမ၀ ဖြစ်ခဲ့ရတယ်။
သူမ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်။
သူမ သင့်ကို လူ့လောကထဲရောက်အောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ရုန်းကန်ခဲ့ရတယ်။
အဲဒီနောက်မှာ သူမဟာ သင့်ရဲ့..

* သူနာပြုဆရာမ
* စားဖိုမှူး
* အိမ်ဖော်
* ယာဉ်မောင်း
* ပရိသတ်
* ဆရာမ
* သူငယ်ချင်း ဖြစ်ခဲ့တယ်။
သူမဟာ သင့်အတွက်…
* ရုန်းကန်ခဲ့ရတယ်။
* ငိုခဲ့ရတယ်။
* မျှော်လင့်ခဲ့ရတယ်။
*** ဆုတောင်းခဲ့ရတယ်။
ကျွန်တော်တို့ အများစုဟာ ကျွန်တော်တို့ရဲ့ မိခင်တွေကို မြင်ခွင့်ရခဲ့တယ်။
မိခင်တွေကို ဆုံးရှုံးခဲ့ရသူတွေ၊ မိခင်တွေကို လုံးဝမြင်တွေ့ခွင့်မရခဲ့တဲ့သူတွေလည်း ရှိကြတယ်။
တကယ်လို့ သင့်မှာ မိခင်တစ်ယောက်ရှိသေးတယ်ဆိုရင်
သင်ဟာ အရမ်း ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်။
တစ်နေ့မှာ သူမ မရှိတော့တဲ့အခါ သူမကို တမ်းတနေရမှာ မို့လို့
သူမကို ဘယ်တော့မှ တန်ဖိုးလျှော့မတွက်ပါနဲ့။
(အမေ့မေတ္တာကို သိရှိခံစား နားလည်နိုင်ကြပါစေ.)

No comments:

Post a Comment