Pages

Wednesday, August 27, 2014

“မေတ္တာစာ”

ရွှေစင်တမျှ မြတ်နိုးရသည့်
ငယ်ကကျွမ်းသူ ကြင်သည်းအူကို
သက်တူထပ်နှင်း ရင်ကိုရင်း၍
ချစ်ခြင်းဋီကာ ဖွဲ့ဆိုပါလျင်
ကမ္ဘာပျက်ဆုံး မိုးမြေသုဉ်းလည်း
ဘုန်းမောင့်မေတ္တာ ချစ်သက်လျာတွင်
တည်ကာတည်မြဲ တည်နေဆဲမို့
တွဲလက်တူယှဉ် ချစ်ကျွမ်းဝင်၍
ချစ်ကြင်ပေါင်းဖက် နှလုံးအပ်ကာ
ထွက်သက်ကွယ်ငြား ဘဝခြားလည်း
သက်ထားနှမ မောင့်ငွေလကို
ကြောင့်ကြမဲ့ကင်း သစ္စာနှင်း၍
မယွင်းတည်ကြည် ချစ်ဦးမည်ဟု
သည်မြေပံသု သက်သေပြု၍
ချစ်သူ့လင်္ကာ ဖွဲ့ဆိုပါ၏။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

No comments:

Post a Comment